“၂၀၁၀ ကမ္ဘာ့ လူအခွင့်အရေး၏ တိုက်ပွဲနှစ်” မြန်မာ့သွေးအနီရောင် မညစ်စေနဲ့ ။ စစ်ကျွန်ဘ၀လွှတ်မြောက်ကြဖို့  တော်လှနှ်ရေးသို့ အသင့်ပြင်

Wednesday, April 21, 2010

ရင်ခွဲရုံမှ အဖြစ်အပျက် (နောက်ဆက်တွဲ)

Posted by မြစ်ကျိုးအင်း
at 5:36 AM

ဒီပို့စ်ကို အရှေ့ပို့စ်မှာ ဆက်မရေးဘဲ အသစ်သက် သက် အနေနဲ့ ရေးဖြစ်တာ အကြောင်းရှိပါတယ်။ ပထမပို့စ် တင်ပြီးထဲက အိမ်ကို ညတိုင်းဖုန်းထပ်ဆက်ဖြစ်တယ်။ ပိုတိကျတဲ့ သတင်းသိချင်သလို ကိုယ်ရေးထားတဲ့ စာအတွက်လည်း ခိုင်လုံမှု ရှိမရှိ သိချင်တာ အဓိကပါပဲ။ မြစ်ကျိုးအင်းက ကောလဟာလ ရေးတယ်ဆိုပြီး မထင်မြင်စေချင်တာလည်း ပါ ပါတယ်။ ကျွန်တော်ကိုယ်တိုင်လည်း ဒီသတင်းတွေ အားလုံး မှားယွင်းနေတာ ဖြစ်ချင်ခဲ့ပါတယ်။ ဟိုဟာကြောက်ရ ဒီဟာကြောက်ရ အချိန်မှာ ထပ်ပြီး မထိတ်လန့်စေချင်တာ အမှန်ပါပဲ။ လူသားစားတယ်ဆိုတဲ့ အကျင့်ဆိုးကြီးလည်း တကယ်ကို မရှိစေချင်ပါဘူး။ ဒါကြောင့် ပိုတိကျတဲ့ အဖြေရဖို့ ညတိုင်းဖုန်းဆက်ဖြစ်ပါတယ်။

အရင်ညတွေမှာ ဖုန်းဆက်တော့ ကျွန်တော့်အစ်ကိုနဲ့ မဆုံတွေ့ဖြစ်ခဲ့ဘူး။ သူက အိမ်ပြန်လာတာ နောက်ကျတတ်တော့ စကားမပြောဖြစ်တာပါ။ ဒီတော့ အစ်မဖြစ်သူနဲ့ ပြောရင်း သူသိသလောက်တွေ ပြောပြတာကို ရေးခဲ့မိတယ်။ လူသေရင်ခွဲတဲ့ အဖွားကြီး ပြန်ပြောခဲ့တာတွေကိုလည်း ရေးဖြစ်ခဲ့တယ်။ မနေ့ညကတော့ အိမ်ကို ဖုန်းထပ်ဆက်ပြီး ပိုတိကျတာသိရအောင် ကျွန်တော့် အစ်ကိုကို ဒီနေ့ စုံစမ်းခိုင်းဖြစ်တယ်။ ဒါနဲ့ အစ်ကိုဖြစ်သူလည်း ထပ်စုံစမ်းပေးတယ်။ ဒီညထပ်ဆက်တော့ အစ်ကိုဖြစ်သူက သူသိသလောက် ပြောပြဖို့ စောင့်နေရှာတယ်။ သူပြောပြတဲ့ အကြောင်းအရာတွေ မရေးပြခင် အစ်ကိုဖြစ်သူရဲ့ စရိုက်ကို နည်းနည်း ရေးပြဖို့ လိုပါတယ်။


ကျွန်တော်နဲ့ ဆန့်ကျင်ဘက် စရိုက်ရှိတဲ့ အစ်ကို ဖြစ်သူက အကြောက်အရွံ့လည်း နည်းပါတယ်။ ရပ်ကွက်ထဲမှာ လူသေလို့ ကျွန်တော် အိမ်ပြင်မထွက်ရဲတဲ့ အချိန် သူက အဲဒီလူသေကို ရေချိုးပေးတာ အခေါင်းဝိုင်းသယ် ပေးတာက အစ လုပ်ပါတယ်။ လိုအပ်ရင် အသုဘ အစအဆုံး ကူညီပေးတယ်။ အိမ်ကတော့ သူ့ကို ရွာဆော်ကြီး လို့ ရွဲ့ခေါ်ကြတယ်။ အပေါင်းအသင်းလည်း စုံပါတယ်။ ဆေးသမားနဲ့ သိသလို ရဲစခန်းနဲ့လည်း ရင်းနှီးပါတယ်။ ဒါကြောင့် ရင်ခွဲရုံထဲအထိ လိုက်ကြည့်နိင်တာပါ။ ဒါတွေကို ရေးပြနေရတာက သူ့ရဲ့ အကြောက်အရွံ့ကင်းတဲ့ စရိုက်ကို သိစေချင်တာပါ။

အဲဒီစရိုက်ကြောင့်ပဲ သန်လျင်မှာ အလောင်းတွေ ပျက်တဲ့ ကိစ္စဖြစ်တော့ သူကိုယ်တိုင် ရင်ခွဲရုံထဲထိ သွားကြည့်ခဲ့တယ်။ ရင်ခွဲရုံထဲ အပြင်လူဝင်ဖို့မလွယ်ပေမယ့် သူဝင်ကြည့်တဲ့ပုံစံက သူ့သူငယ်ချင်း တစ်ယောက်နဲ့ ကပ်လိုက်သွားတာပါ။ သူ့သူငယ်ချင်းက တာဝန်ရှိသူ တစ်ယောက် ဆိုပါတော့။ အစ်ကိုဖြစ်သူ ပြောပြတဲ့အတိုင်း အစီအစဉ်တကျ ရေးရင် ဒီလိုပါ...



သန်လျင်မှာ ဒီကိစ္စ စဖြစ်တာက လွန်ခဲ့တဲ့ တစ်လကျော်လောက်ကပါ။ အခုဆိုရင် ၁၄ လောင်း ၁၅ လောင်း ရှိလာပါပြီ။ ဒါပေမယ့် ၇ လောင်းမြောက် အလောင်းတွေ ပျက်စီးသွားချိန်ရောက်မှ မြို့နေလူထုထဲမှာ သတင်းပြန့် စပြုလာတယ်။ ဒါပေမယ့် တော်တော်များများ ကတော့ ကောလဟာလ အဖြစ်ထင်ခဲ့ကြတယ်။ ထိခိုက်မှု တစ်ခုခုကြောင့် သေတဲ့ သူတွေမှာပဲ ကိုယ်အင်္ဂါ အစိတ်အပိုင်းတွေ ပျက်တာပါ။ ပုံမှန် နာမကျန်းဖြစ်ပြီး သေဆုံးသူတွေမှာတော့ မဖြစ်ပါဘူး။ ရှင်းအောင်ပြောရရင် လတ်လတ်ဆတ်ဆတ် အလောင်းတွေမှာပဲ ဖြစ်တယ်လို့ ဆိုပါတယ်။ ဆေးရုံဘက်ကလည်း သတင်းမပြန့်အောင် ကြိုးစားတာကြောင့် တော်တော်နဲ့ မြို့နေလူထုတွေ မသိရသေးပါဘူး။

ကလေးအလောင်းတခုမှာ အရေပြားတစ်ချို့ ပျက်စီးသွားလို့ ဂျုံနဲ့ အရေပြား အတုလုပ်ပြီး အသုဘ ချပေးခဲ့ရပါတယ်လို့ ဆိုပါတယ်။ အလောင်းတွေရဲ့ ကိုယ်အင်္ဂါ ပျက်စီးနေတဲ့ ဓါတ်ပုံတွေကို ကိုယ်တိုင် မြင်ခဲ့ရပေမယ့် သူ့အနေနဲ့ ရယူဖို့တော့ မလွယ်ဘူးလို့ ပြောပါတယ်။ ခင်မင်မှုအရ ကြည့်ခွင့်ရပေမယ့် သူရယူဖို့တော့ အဆင်မပြေပါဘူး။ သူ့အတွက်လည်း ရှော့ ရှိနိင်တယ်လေ

ဒီလိုနဲ့ မြို့နေလူထု ပိုသတိထားမိသွားတဲ့ အချိန်က ဗိုလ်ချုပ်ကျေးရွာက ဆိုက်ကားသမား ကားတိုက်ပြီး သေဆုံးသွားချိန်မှာပါ။ နောက်တစ်နေ့ အသုဘချတော့ အလောင်းက တစ်ချို့နေရာတွေ ပျက်စီးနေပါတယ်။ ဗိုလ်ချုပ်ရွာ ဆိုတာက သန်လျင်မှာ နာမည်ကြီးပါတယ်။ ရန်ပွဲအဖြစ်အများဆုံး နေရာလို့ဆိုရမယ်။ သွေးကြွသူများပြီး စရိုက်ကြမ်းတဲ့သူတွေလည်း ရှိတော့ သူတို့ အရပ်က အလောင်း ဒီလိုဖြစ်တာကို လက်မခံဘဲနဲ့ ပြောကြဆိုကြရင်း မြို့နေလူထုတွေ ပိုသိသွားရတယ်။ ဒါပေမယ့် သိပ်ကြောက်ဖို့ မကောင်းသေးဘူးလို့ပဲ ထင်မှတ်ထားကြတုန်း အားလုံး ထိတ်လန့်ရတဲ့ အဖြစ်တစ်ခု ထပ်ဖြစ်ပါတယ်။

ဆေးရုံအုပ်ကြီး အပါအဝင် တာဝန်ရှိသူတွေက ဒါဟာ တိရိစ္ဆာန် တစ်ကောင်ကောင်ကိုက်တာ ထင်ကြပါတယ်။ အဲဒီအချိန်မှာ ၂ လောင်းပြိုင် ထိခိုက်သေဆုံးမှု တစ်ခုဖြစ်လာခဲ့တယ်။ မိန်မနဲ့ ယောကျာ်း အလောင်းပါ။ ဒီတော့ တရားခံ သိရအောင်ဆိုပြီး သန်လျင် နာရေးကူညီမှုအသင်းထံက အလူမီနီယံ အခေါင်းငှားပြီး သေဆုံးတဲ့ အလောင်းတွေကို အခေါင်းထဲထည့်ထားခဲ့တယ်။ ကြွက် သို့မဟုတ် မြွေပါ ကြောင့်ဆိုရင် အလူမီနီယံ အခေါင်းကို ဖောက်ဝင်လို့ မရတာကြောင့် မနက်မိုးလင်းလည်း အကောင်းပကတိ ရှိမယ်လို့ ထင်မှတ်ထားကြပါတယ်။ ဒါနဲ့ အခေါင်းကို ပိတ်၊ ရင်ခွဲရုံရဲ့ အပေါက်ကိုပါ သော့ခတ်ပြီး တစ်ညတာ ထားထားလိုက်တယ်။

နောက်တစ်နေ့ အခေါင်းဖွင့်လိုက်ပြီး အုပ်ထားတဲ့ အဝတ်ဖြူဖယ်လိုက်တဲ့ အချိန်မှာ မိန်းမအလောင်းရဲ့ပေါင်နဲ့ ခြေသလုံး နေရာမှာ ဓါး(သို့) ထက်မြတဲ့အရာနဲ့ ပါးပါးလှီး(မွှန်း)ထားသလို တွေ့ရပြီး ယောကျာ်းအလောင်း မှာတော့ ဇက်နေရာ ဂုတ်ပိုးက အသားတွေလည်း ပွန်းပဲ့နေတာကို တွေ့လိုက်ရပါတယ်။ ဒီအလောင်း တွေကိုတော့ အစ်ကို ဖြစ်သူကိုယ်တိုင် မြင်ခဲ့ရပါတယ်။ သူဝင်ကြည့်ခဲ့တယ် ဆိုတာ အဲဒီအလောင်း တွေပါပဲ။

မကြာခင် သတင်းက ပြန့်သွားတော့ အားလုံး ထိတ်လန့် သွားကြရတယ်။ သူမြင်ခဲ့တဲ့ တခြား အလောင်းတွေရဲ့ ဓါတ်ပုံတွေမှာ တစ်ချို့အလောင်းတွေက အသီးအမှည့်ကို ကျီးထိုးထားသလို ဒဏ်ရာတွေ ဖွာနေပြီး တစ်ချို့အလောင်းတွေ မှာတော့ ထက်မြတဲ့ အရာနဲ့ လှီးဖြတ်ထားသလို ဖြစ်နေတာတွေ တွေ့ရပါတယ်။ များများစားစား ပြတ်ရှတာမျိုးလည်း မဟုတ်ဘူးတဲ့လေ။ နားရွက်အဖျားလေးတွေ ပဲ့တဲ့ အလောင်းလည်း ရှိပါတယ်တဲ့။

ဒါပေမယ့် အလောင်းတိုင်းမှာ ပဲ့တာတွေက အနည်းငယ်စီသာ ဖြစ်လို့ လူသားစားတယ် ဆိုတာတော့ ဖြစ်ဖို့မလွယ်တော့ပါဘူး။ ဒါကြောင့် လူသားစားအဘွားကြီး သတင်းက ဖြစ်ဖို့မလွယ်ပါဘူး။ ဒါပေမယ့် အဘွားကြီးကိုတော့ ရဲက ခဏခဏ ခေါ်စစ်တယ်လို့ ပြောပါတယ်။ ဒါ့အပြင် သက်ဆိုင်ရာ ဆရာဝန်တွေ မပါဘဲ သူ့သဘောနဲ့ခွဲစိတ်လို့ မရနိင်တာ ထပ်သိရတော့ ဒါဟာလည်း အဘွားကြီးကိုယ်တိုင် အကြောင်းတစ်ခုခုကြောင့် ပြောခဲ့တယ်လို့ ထင်ရမှာပါပဲ။ လူသေတွေကို သူရင်ခွဲပေးရတာတော့ အမှန်ပါလို့ ပြောပါတယ်။ သူ့သဘောနဲ့သူ ကြိုက်တဲ့အချိန်ခွဲတာတော့ မဟုတ်ပါဘူး။

ရေခဲတိုက်ရဲ့ ပြတင်းပေါက်တွေက အရင်တုန်းကတော့ မှန်ပြတင်းပေါက်တွေပါပဲ။ အခုလို ပြဿနာတွေ ဖြစ်လာပြီးနောက်ပိုင်း သစ်သားတွေနဲ့ အသေရိုက်ထားလိုက်ပါတယ်။ ဒီနေ့လည်း ဘိလပ်မြေတွေ ထပ်လောင်းတယ်လို့ သိရပါတယ်။ အပေါက်မှန်သမျှ ပိတ်ထားပေမယ့် စီစီတီဗီ ကင်မရာ မတပ်ထားသေးပါဘူး။ ဘာကြောင့်ဖြစ်တယ်ဆိုတဲ့ တရားခံကိုလည်း ရှာမတွေ့သေးပါဘူး။ နောက်ထပ် မတော်တဆ ထိခိုက်မှုကြောင့်သေတဲ့သူ ပေါ်လာမှ ကင်မရာတပ်မယ် ပြောပါတယ်။ အင်းဆက်ပိုးမွှားကြောင့် ဖြစ်တာလား ဆိုတာလည်း စစ်ဆေးနေဆဲပါပဲ။ ဒါပေမယ့် မကြာခင်မှာတော့ ဂျာနယ် တစ်ခုခုမှာ ကြွက်ကြောင့်ဆိုပြီး သတင်းထည့်ဖို့ ရှိတယ်လို့ ကြားရပါသေးတယ်။

ရင်ခွဲရုံထဲအထိ ဝင်ကြည့်ဖူးတယ်ဆိုလို့ ကြွက်သို့မဟုတ် မြွေပါ လိုအကောင်မျိုးကြောင့်လားဆိုပြီး ကျွန်တော် ဆက်မေးကြည့်တော့ လူသေအလောင်းတွေတင်တဲ့ ကျောက်ခုံက နှစ်ကာလကြာမြင့်မှုကြောင့် လူဆီတွေ အထပ်ထပ်ဝပြီး ပြောင်ချော နေတယ်တဲ့ ဒီတော့ အကောင်တစ်ကောင်ကောင် တက်ဖို့မလွယ်နိင်ဘူးလို့ ထင်မြင်ချက်ပေးပါတယ်။ သူ့ထင်မြင်ချက်သက်သက်ပါ (မှားနိင်ပါတယ်) ။

နောက်ထပ်ထူးဆန်းတာ တစ်ခုက အလောင်းတွေကို ပိတ်ဖြူအုပ်ထားတဲ့အတိုင်းပဲ နောက်တစ်နေ့တွေမှာ တွေ့ရပါတယ်။ ဒါပေမယ့် ပိတ်ဖြူကို ဖယ်ရှားလိုက်တဲ့အခါမှာ လူခန္ဓာက အစိတ်အပိုင်းတွေ ထိရှမှုတွေ ဖြစ်ရတာကို တွေ့ရတယ် ဆိုတော့ အင်မတန် ထူးဆန်းနေတာ အမှန်ပါပဲ။ ပိတ်ဖြူဖယ်ထားတာ မတွေ့ရဘဲ ဒဏ်ရာတွေ တွေ့ရတယ်ဆိုတာတော့ စဉ်းစားရခက်ပါတယ်။

လူသေတင်တဲ့ ကျောက်ခုံကို ခွဲပစ်လိုက်ဖို့ နတ်စင်တစ်ရာ ဆရာတော်ကြီးက ပြောပေမယ့် ဆေးရုံရဲ့ တာဝန်ရှိသူက မခွဲသေးဘူးလို့လည်း ဆိုပါတယ်။ အခု ပိုဆိုးလာတာကတော့ နောက်ဆုံး ဖြစ်တဲ့ အလောင်းမှာပါပဲ။ သင်္ကြန်ကာလအတွင်းက ထမလုံရွာမှာ ဓါးထိုးမှုကြောင့် သေသွားရတဲ့ အလောင်းမှာ ပျက်စီးမှုက ယခင်ကထက် ပိုများလာတယ်လို့ ဆိုပါတယ်။ ဒါတွေက ဓါတ်ပုံတွေ ကြည့်ခဲ့ရသူက ပြန်ပြောပြတာပါ။

အခုသိရသလောက် အတိုချုပ်ရရင် ဒီပြဿနာရဲ့ အကြောင်းရင်းကို သေသေချာချာ မသိရသေးပါဘူး။ ပျက်စီးသွားတဲ့ ခန္ဓာကိုယ် အစိတ်အပိုင်းတွေက အနည်းငယ်မျှသာ ပျက်စီးတယ် (လူတစ်ယောက် စားလောက်ရုံလောက်အထိ မရှိပါ) ဆိုတဲ့အတွက် လူသားကို ဟင်းလျာ အဖြစ်စားသောက်တယ် ဆိုတာတော့ ဖြစ်ဖို့မလွယ်ပါဘူး။ သတင်းတွေထွက်နေသလို ပရလောကသားရဲ့ ဝင်ရောက်ပူးကပ်မှု ကြောင့် ဖဲ့တာ လှီးတာမျိုး ဖြစ်မဖြစ်လည်း စုံစမ်းနေပါသေးတယ်။ နောက်ထပ် တစ်လောင်းမှာတော့ ကင်မရာတွေ တပ်မယ်ဆိုလို့ တစ်ခုခု သိလာရမလားလို့ ထင်မိပါတယ်။

ပထမပို့စ် တင်ခဲ့ရာမှာ သတင်းအမှားတွေ ဖြစ်မှာစိုးစိတ်နဲ့ ညစဉ်ဖုန်းဆက်မေးဖြစ်နေတာပါ။ ကျွန်တော်က လတ်တလော လူစိတ်ဝင်စားတာမျိုး ရေးလေ့မရှိပါဘူး။ လူအများရေးတဲ့ စာ လိုက်မရေးချင်လို့ Tag Post တွေတောင် ရေးခဲပါတယ်။ ဒီစာကို ရေးဖြစ်တာ ကိုယ့်မြို့က အကြောင်းအရာ ဖြစ်နေတာရယ် ၊ ကြားရ သလောက်က စိတ်ဝင်စားဖွယ်ရာလေးတွေ ရှိနေတာရယ်ကြောင့် ပထမပို့စ်ကို ရေးဖြစ်ခဲ့တယ်။ အငြင်းပွားဖွယ်ရာတွေ ဖြစ်စေချင်လို့ တင်တာမဟုတ်ပါဘူး။

ပထမပို့စ်တင်ပြီးမှ ကိုယ်တင်တဲ့စာက သတင်းအမှားကြီး ဖြစ်နေမှာ စိုးရိမ်လာမိတာနဲ့ ထပ်စုံစမ်းပြီး ပိုတိကျတာ ရေးဖြစ်တာပါ။ လူအများသာ ထိတ်လန့်ဖွယ် မဖြစ်ဘူးရဆိုရင် ကျွန်တော်တင်တဲ့ ပို့စ်တွေ မှားနေရင်တောင် ကျေနပ်မှာပါ။ ပထမပို့စ်နဲ့ ကွဲလွဲတာတွေ ရှိနေလို့ ဒီပို့စ်ကို သပ်သပ် ထပ်ရေးပြီး တင်လိုက်ပါတယ်။ ရင်ခွဲရုံထဲအထိ ရောက်ပြီး အလောင်းတွေကို တပ်အပ်မြင်ခဲ့သူ တခြားအလောင်းတွေရဲ့ ဓါတ်ပုံတွေကိုပါ မြင်ခဲ့သူဆီက ပြန်ကြားရတာမို့လို့ ဒီပို့စ်က အကြောင်းအရာ တွေကတော့ မှန်ဖို့များပါတယ်။

ပိုတိကျတာ ထပ်သိလာခဲ့ရင်တော့ တင်ပေးပါ့မယ်။
http://www.myitkyoeinn.com/2010/04/blog-post_21.html
မှတ်ချက်...
ဒီတခါတော့ ကျနော်တို့ ရဲ့ စုံထောက်ကြီိး မြစ်ကျိုးအင်းကနေ..လှို့ ဝှက်သဲဖို စုံထောက်ကြီး မြစ်ကျိုးဘွန်း ဘွဲ့ ရသွားပါပြီ နောက်နှစ် ဘလော့ဂါအကယ်ဒမီမှာ..ရင်ထိပ်သဲဖို ဖြစ်ရပ်မှန် မှူခင်းပြစ်မှု ဘလော့ဂါဆု သာရွေးခဲ့ရင်..ဒူဘိုင်းက .မြန်မာမကလေး အသတ်ခံရမှုရေးတဲ့
ကို ပီတာနဲ့ လူသေအသားပျောက်မှုရေူတဲ့ ကိုမြစ်ကျိုးအင်း..ဘယ်သူအနိုင်နင်းမလည်း..

0 comments:

 
----------------------------------------- */ /* EOT ----------------------------------------- */