“၂၀၁၀ ကမ္ဘာ့ လူအခွင့်အရေး၏ တိုက်ပွဲနှစ်” မြန်မာ့သွေးအနီရောင် မညစ်စေနဲ့ ။ စစ်ကျွန်ဘ၀လွှတ်မြောက်ကြဖို့  တော်လှနှ်ရေးသို့ အသင့်ပြင်

Thursday, April 29, 2010

နူနေကာမှ စွဲတဲ့ ၀ဲ..လဲနေသူကိုမှ ထောင်းရက်တဲ့ သူခိုး..ဘယ်သူလဲဟဲ့ လူဆိုး

နာဂစ်သင့်ဒေသတွင် အာဏာ အလွဲသုံးစားလုပ် ကိုယ်ကျိုးရှာ
စိုးမိုး/ ၂၉ ဧပြီ ၂ဝ၁ဝ

နာဂစ်ဒဏ်သင့်ကျေးရွာများတွင် တာဝန်ကျရဲများနှင့် ကျေးရွာ အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ ဥက္ကဋ္ဌများက အာဏာအလွဲသုံးစားလုပ် ကိုယ်ကျိုးရှာနေကြသောကြောင့် ဒေသခံများ အိုးအိမ်နှင့် စီးပွားရေးလုပ်ငန်းများ ဆုံးရှုံးနေကြကြောင်း သိရသည်။

နာဂစ်ဒဏ်သင့် ဧရာဝတီ မြစ်ဝကျွန်းပေါ်ဒေသ ကျေးရွာများတွင် လောင်းကစားဝိုင်းများကို သက်ဆိုင်ရာ ရဲတပ်ဖွဲ့များက ဆက်ကြေးယူကာ အကာအကွယ်ပေးထားပြီး နာဂစ်ကြောင့် ပျက်စီးခဲ့သည့် အိမ်ရာများ ပြန်လည်ဆောက်လုပ် အခြေချသူများကိုလည်း ငွေရှင်များနှင့် ကျေးရွာအာဏာပိုင်တို့က ပူးပေါင်းကာ ဆောက်လုပ်ခွင့် ချမပေးကြကြောင်း နာဂစ်လေဘေးဒုက္ခသည်များထံမှ သိရသည်။

“နာဂစ် မဖြစ်ခင်တုန်းက ကျနော့်အဒေါ်ရယ် ကျနော်တို့ မိသားစုရယ် မိသားစု (၂) စုနေခဲ့တာခင်ဗျ။ နာဂစ်ဖြစ်တော့ မိသားစု (၂) ခုလုံးမှာ ကျနော်တယောက်ပဲ အသက်ရှင်ကျန်ခဲ့ပါတယ်။ အဲဒါ ကျနော် အလုပ်လှည့်လုပ် ပိုက်ဆံစုပြီး အခု ကျနော့်ခြံမှာ အိမ်ပြန်ဆောက်တာကို ဘေးခြံချင်းကပ်လျက် အိမ်က သူတို့ခြံပါဆိုပြီး ရွာလူကြီးကလည်း ကျနော့်ခြံမှန်း သိလျက်နဲ့ စာထုတ်ပေးတယ်။ ဥက္ကဋ္ဌ ဦးစိန်လွင်က အိမ်ကို တံဆိပ်တုံးရိုက်ပြီး ဖျက်ပေးရမယ်ဆိုပြီးတော့ အဲလိုတွေ လုပ်နေပါတယ်” ဟု နာဂစ်ဒဏ်သင့် ဘိုကလေးမြို့နယ် ပျဉ်ဖိုးကြီးရွာ ဒေသခံတဦးက ပြောသည်။

ယင်းကဲ့သို့ ဖြစ်ရပ်များ နာဂစ်သင့်ဒေသ ကျေးရွာများတွင် ဖြစ်ပေါ်နေသော်လည်း ဒေသခံ ငွေကြေးချို့တဲ့ အားနည်းသူများမှာ သက်ဆိုင်ရာမြို့နယ် မြေစာရင်းဦးစီးဌာန၊ မြို့နယ် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ၊ မြို့နယ်တရားရုံးတို့မှ တရားရေးဆိုင်ရာဌာနများသို့ အကူအညီ မတောင်းတတ်ဘဲ ရှိနေသည်ဟု သိရသည်။

“ကျနော် အခု အိမ်ဆောက်ပြီးကာစမှာ ဖျက်ပေးရမယ်ဆိုတဲ့ စာရတော့ ဘာလုပ်ရမှန်း မသိဘူးခင်ဗျ။ ဖျက်တော့မဖျက်ဘူး ဆိုပြီး အခု အသိတွေကို လျှောက်မေးနေတာ။ ဘာလုပ်ရမလဲဆိုတာ။ ရွာလူကြီးကတော့ တံဆိပ်တုံးရိုက်ပြီး အိမ်ဖျက်ရမယ် ပြောတယ်။ ကျနော့်မှာ အဲဒီစာရှိတယ်” ဟု ဘိုကလေးမြို့နယ် ပျဉ်ဖိုးကြီးကျေးရွာ ဒေသခံက ပြောသည်။

ထို့အပြင် နာဂစ်အပြီး ပြန်လည်ထူထောင်ကာစ ကျေးရွာများတွင် တာဝန်ကျ ရဲတပ်ဖွဲ့များက ဆက်ကြေးကောက်ကာ ချဲဒိုင်၊ နှစ်လုံးထီဒိုင် များ လုပ်ကိုင်လာမှုကြောင့် ဒေသခံများက တပိုင်တနိုင် မွေးမြူထားသည့် ကျွဲ၊ နွား၊ ၀က်၊ ဘဲများကို ရောင်းချကာ နှစ်လုံးထီထိုးမှု များပြားလာနေကြောင်း ဘိုကလေးမြို့နယ် ကျွန်းညိုကြီးကျေးရွာအုပ်စု ဒေသခံက ပြောသည်။

၎င်းက “နယ်ထိန်းရဲ ဦးအောင်ဘနဲ့ ရယကပေါင်းပြီး နှစ်လုံးထီ ဒိုင်တခုကို တလ ကျပ် (၄) သောင်း တောင်းတယ်ခင်ဗျ။ ဒိုင် (၅) ခုရှိတယ် ခင်ဗျ။ ရဲတွေကိုယ်တိုင် လုပ်နေတာဆိုတော့ ကျနော်တို့ရွာကလည်း ဘယ်သူ့ကို တိုင်ရမှန်း မသိဘူး” ဟု ပြောသည်။

ယင်းသို့ အာဏာအလွဲသုံးစားလုပ် စီးပွားရှာနေမှုများကို နာဂစ်ဒဏ်မှ ပြန်လည်ထူထောင်ကာစ ကျေးရွာဒေသခံများအနေဖြင့် မြို့နယ်ရဲတပ်ဖွဲ့သို့လည်း မတိုင်ရဲဘဲ အခက်အခဲများ ဖြစ်နေကြောင်း သိရှိရသည်။
www.khitpyaing.org သတင်း

0 comments:

 
----------------------------------------- */ /* EOT ----------------------------------------- */