“၂၀၁၀ ကမ္ဘာ့ လူအခွင့်အရေး၏ တိုက်ပွဲနှစ်” မြန်မာ့သွေးအနီရောင် မညစ်စေနဲ့ ။ စစ်ကျွန်ဘ၀လွှတ်မြောက်ကြဖို့  တော်လှနှ်ရေးသို့ အသင့်ပြင်

Tuesday, April 27, 2010

အရှက်မဲ့သူများရဲ့ ဘောင်းဘီချွတ်ပွဲ..

စစ်ဗိုလ်ချုပ်တွေ အရပ်ဝတ်လဲပြီ
27 April 2010

ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး သိန်းစိန်နဲ့ ၀န်ကြီး အနည်းဆုံး ၁၇ ယောက်တို့ဟာ စစ်ရာထူးတွေကနေ အနားယူလိုက်ကြပြီ ဖြစ်ပါတယ်။ အခုလို စစ်ရာထူးက အနားယူလိုက်တာဟာ လာမယ့် ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ကြမယ့် ခြေလှမ်း ဖြစ်တယ်လို့ စစ်တပ် သတင်းရပ်ကွက်က ပြောပါတယ်။ အနားယူကြတဲ့ အထဲမှာ ဗိုလ်ချုပ်ဌေးဦးလည်း ပါဝင်ပါတယ်။

စစ်ယူနီဖောင်းကနေ အရပ်ဝတ် ပြောင်းဝတ်တာသာဖြစ်ပြီး အခု အစိုးရအဖွဲ့ ရာထူးတွေကတော့ ဒီအတိုင်းပဲ ဖြစ်ပါတယ်လို့ အမည်မ ဖော်လိုသူ အစိုးရ အရာရှိတယောက်က ပြောပါတယ်။

အစိုးရ သတင်းမီဒီယာတွေကတော့ ဒီသတင်းကို အတည်ပြု ဖော်ပြတာ မတွေ့ရသေးပါဘူး။ စစ်ရာထူးတွေကနေ အနားယူတဲ့ သတင်း တွေ လာပါဦးမယ်၊ ဒါက ပထမအသုတ် ဖြစ်ပါတယ်လို့ သတင်းပေးသူက ဆိုပါတယ်။

စစ်ထွက် ပုဂ္ဂိုလ်တွေနဲ့ ဖွဲ့စည်းထားတဲ့ နိုင်ငံရေးပါတီ တရပ်ကို မကြာမီ မှတ်ပုံတင်မယ်လို့ အများက မျှော်လင့်ထားကြပါတယ်။
စစ်တပ်လိုလားတဲ့ အစိုးရတရပ်ဟာ ရွေးကောက်ပွဲနဲ့ ထွက်ပေါ်လာပြီး ဗိုလ်ချုပ်ကြီးတွေရဲ့ အာဏာချုပ်ကိုင်မှုကို ပိုမို ခိုင်မာစေလိမ့်မယ်လို့ ရွေးကောက်ပွဲကို ဝေဖန်သူတွေက ပြောကြပါတယ်။

ဒီနှစ်နှောင်းပိုင်းမှာ ကျင်းပမယ်လို့ ယူဆရတဲ့ ရွေးကောက်ပွဲတွေမှာ ဒေါ်အောင်ဆန်းစုကြည်ကို ပါဝင်ခွင့် မပေးတဲ့အတွက် နိုင်ငံတကာ အသိုက်အ၀န်းကလည်း စစ်အစိုးရကို ဝေဖန်နေကြပါတယ်။

တကယ်လို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အနေနဲ့ ရွေးကောက်ပွဲဝင်ဖို့ ပါတီမှတ်ပုံတင်မယ် ဆိုရင် ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ထုတ်ပစ်ရမယ်လို့ ရွေးကောက်ပွဲ ဥပဒေတွေက ပြဋ္ဌာန်းထားပါတယ်။ ဒါကြောင့် NLD ပါတီက ပါတီအဖြစ် မှတ်ပုံမတင်တော့ဘဲ ရွေးကောက်ပွဲကို သပိတ်မှောက်မယ်လို့ ပြောပါတယ်။
http://www.voanews.com/burmese/2010-04-27-voa1.cfm
Myanmar ministers quit military posts ahead of polls

Posted: 27 April 2010 0130 hrs

YANGON: Myanmar's prime minister and some 22 other ministers retired from their military posts on Monday, in a move seen as converting the leadership to civilian form ahead of elections due this year. An official who requested anonymity said that Prime Minister General Thein Sein and other figures in the government stepped down late Monday and that others would follow.

"About 23 ministers and deputy ministers retired from their military posts. They will just change their military uniform. Their positions will be still the same as before," the source said.

Prominent minister Major General Htay Oo, who is close to the top junta leadership, was included in the group along with deputy home affairs minister Brigadier General Phone Swe, he said.

"There will be more retirements later. This was the first set of retirements today," the source said.
Myanmar's leader Senior General Than Shwe is the head of the ruling junta.

The elections planned for later this year have been sharply criticised by the international community because of rules which effectively rule out opposition leader Aung San Suu Kyi from participating.

Her party, the National League for Democracy (NLD), would have had to expel its leader if it wanted to take part in the polls.
Foreign governments have urged the regime to take steps to ensure the vote - the first since a 1990 poll won in a landslide by the NLD but never recognised - is free, fair and credible. - AFP/de
http://www.channelnewsasia.com/stories/afp_asiapacific/view/1052749/1/.html

0 comments:

 
----------------------------------------- */ /* EOT ----------------------------------------- */