“၂၀၁၀ ကမ္ဘာ့ လူအခွင့်အရေး၏ တိုက်ပွဲနှစ်” မြန်မာ့သွေးအနီရောင် မညစ်စေနဲ့ ။ စစ်ကျွန်ဘ၀လွှတ်မြောက်ကြဖို့  တော်လှနှ်ရေးသို့ အသင့်ပြင်

Wednesday, April 28, 2010

ကာတွန်းဟန်လေးကို ဆုချပြီ


ကာတွန်းဟန်လေးကို HRW အဖွဲ့ ဂုဏ်ပြု

နယူးယောက် အခြေစိုက် လူ့အခွင့် အရေး လေ့လာ စောင့်ကြည့်ရေး အဖွဲ့ (HRW) က ချီးမြှင့်သည့် ယခုနှစ်အတွက် ဂုဏ်ပြုဆုရရှိသူ စာပေ အနုပညာရှင် များထဲတွင် ကာတွန်းဆရာ ဟန်လေး ပါဝင်သည်ဟု သိရသည်။
Hellman/Hammett အမည်ရှိသော ဆုအတွက် ဆုရွေးချယ်ရေး ကော်မတီက ကာတွန်းဆရာ ဟန်လေးနှင့် ပတ်သက်ပြီး စဉ်းစား ကြရာတွင် များစွာ ဆွေးနွေးစရာ မလိုဘဲ သဘောတူခဲ့ ကြကြောင်း ကော်မတီဝင် တဦးဖြစ်သူ Marcia Allina က ဧရာဝတီသို့ ပြောသည်။

“အစိုးရ ဖိနှိပ်မှုအကြောင်းတွေ ဖွင့်ချတဲ့အတွက် ပစ်မှတ်ထား ခံရသူကို ပြပါဆိုရင် ကာတွန်း ဟန်လေးကို ပြရမှာ ဖြစ်ပါတယ်” ဟု သူက ဆက်ပြောသည်။

Hellman/Hammett ဆုသည် လူ့အခွင့်အရေး မြှင့်တင်ရန် အတွက် တက်ကြွစွာ ပါဝင် လှုပ်ရှားသူများကို နှစ်စဉ် ချီးမြှင့်သော ဆုဖြစ် သည်။ လွတ်လပ်စွာ ထုတ်ဖော်နိုင်ခွင့်ကို အလေးထားသည့် စာရေးဆရာ၊ အယ်ဒီတာများ ပါဝင်သော ကော်မတီက ၎င်းတို့ထံ ရောက်ရှိ လာသည့် အဆိုပြုလွှာများကို လေ့လာဆွေးနွေးပြီး ဂုဏ်ပြုဆုရှင်များကို ရွေးချယ်ခြင်းဖြစ်သည်။
ထိုဆုသည် အမေရိကန် ပြဇာတ်ရေးဆရာမတဦးဖြစ်သူ Lillian Hellman ကြောင့် ပေါ်ပေါက်လာခြင်းဖြစ်ကြောင်း သိရသည်။ ယုံကြည် ချက် အမြင်များကို ဖော်ထုတ်သည့် စာပေအနုပညာရှင်များကို ကူညီရေးအတွက် သူ၏ ပိုင်ဆိုင်မှုများကို အသုံးပြုရန် ပြဇာတ်ရေးဆရာမ က သေတမ်းစာ ရေးသား မှာကြားခဲ့သည်။ ဆုပေးသည့် အစီအစဉ်ကို ၁၉၈၉ ခုနှစ်တွင် အစပြုခဲ့ခြင်းဖြစ်သည်။

ယခုနှစ်အတွက် ဆုရသူ ကာတွန်းဆရာက သူ၏ ကာတွန်းများက လူ့အခွင့်အရေး လှုပ်ရှားမှုကို တဘက်တလမ်းက အထောက်ကူပြု ကြောင်း အသိအမှတ်ပြုခံရသည့် အတွက် ဂုဏ်ယူမိသည်ဟု ပြောပြသည်။

“မြန်မာပြည်သူတွေက လူ့အခွင့်အရေး ဆုံးရှုံးနေကြတာပါ။ လူတိုင်းမှာ မွေးရာပါ အခွင့်အရေး ရှိပါတယ်။ အဲဒီ အခွင့်အရေးတွေကို လူတိုင်း အမြန်ဆုံးရ စေချင်ပါတယ်” ဟု ကာတွန်းဟန်လေးက ပြောသည်။

ယခုကဲ့သို့ နိုင်ငံတကာက အသိအမှတ် ပြုသောဆု ချီးမြှင့်ခံရခြင်းမှာ ပထဆုံး အကြိမ် ဖြစ်ကြောင်း ကာတွန်းဟန်လေးက ပြောသည်။ ဂုဏ်ပြုဆုနှင့် အတူ ငွေသားဆု အမေရိကန် ဒေါ်လာ ၁၀၀၀ ပါဝင်မည်ဟု ဆိုသည်။

ကာတွန်း ဟန်လေးသည် ၁၉၈၈ နောက်ပိုင်းမှ စတင်ပြီး ပြည်ပရှိ စာနယ်ဇင်းများအတွက်ကာတွန်းများ ရေးဆွဲခဲ့သည်။ယခုအခါ ဧရာဝတီ မဂ္ဂဇင်းတွင် ပင်တိုင် ကာတွန်း ဆရာ အဖြစ် မြန်မာပြည်ဆိုင်ရာ နိုင်ငံရေး ကာတွန်းများ၊ သရုပ်ဖော်ပုံများ ရေးဆွဲလျက်ရှိသည်။

Hellman/Mammett ဆုရှင် ကာတွန်းဟန်လေးသည် ပန်းချီပညာကို ၁၉၈၂ ခုနှစ်က ရန်ကုန် ပန်းချီ ပန်းပု အနုပညာကျောင်းတွင် တက်ရောက် သင်ကြားခဲ့သည်။ လက်ဦးဆရာများမှာ ပန်းချီ ဦးသုခ၊ ဦးဘလုံလေး၊ ဦးဘကြည်၊ ဦးတင်အေးတို့ ဖြစ်သည်။

ယခင်နှစ်ကHellman/Mammett ဆု ရရှိသူများထဲတွင် အကျဉ်းကျနေသူ ကဗျာဆရာစောဝေလည်း ပါဝင်သည်။

ထို့ပြင် ကွယ်လွန်သူ ကဗျာဆရာကြီး တင်မိုး၊ ဇာဂနာ၊ နိုင်ငံရေး အကျဉ်းသားများအရေး ဆောင်ရွက်သူ ကိုဘိုကြည်၊ ဘလော့ဂါ နေဘုန်းလတ် စသည့် မြန်မာပြည်သားများလည်း ယခင်နှစ်များက Hellman/Mammett ဆုကို ရရှိခဲ့ကြသည်။
မူရင်းသတင်း http://www.irrawaddymedia.com/bur/

0 comments:

 
----------------------------------------- */ /* EOT ----------------------------------------- */