“၂၀၁၀ ကမ္ဘာ့ လူအခွင့်အရေး၏ တိုက်ပွဲနှစ်” မြန်မာ့သွေးအနီရောင် မညစ်စေနဲ့ ။ စစ်ကျွန်ဘ၀လွှတ်မြောက်ကြဖို့  တော်လှနှ်ရေးသို့ အသင့်ပြင်

Wednesday, April 28, 2010

ပြည်သူတွေကြောက်အောင် တမင်ခွဲတာ စစ်တပ်ဗုံး..

ပါရမီတက္ကစီ ယာဉ်များအား ဗုံးသတိပေးချက်ထုတ်ပြန်
ပါရမီတက္ကစီ ယာဉ်များအား ငှားစီး၍ယာဉ်၏ နောက်ဖုံးအတွင်း(သို့မဟုတ်) ကားထိုင်ခုံအောက်တွင် ဗုံးဖောက်ခွဲရန် စီစဉ်နေကြောင်း သတင်းရရှိထားသည်ဟု သတိပေးချက်ထုတ်ပြန်

ပါရမီတက္ကစီယာဉ်မောင်းများ ယာဉ် အတွင်းလုံခြုံရေး အထူးဂရုပြုရှာဖွေစစ်ဆေး ဆောင်ရွက်မှုများပြုလုပ်လာကြောင်း ပါရမီတက္ကစီ ယာဉ်မောင်းများထံမှသိရှိရသည်။
ယင်းမှာ ဗန္ဓုလ သယ်ယူပို့ဆောင်ရေး ကုမ္ပဏီလီမိတက် လက်အောက်ရှိ ပါရမီတက္ကစီယာဉ်ဂိတ် တွင် ပါရမီတက္ကစီယာဉ်များ အားလုံး လုံခြုံရေးသတိပေးချက်များ ထုတ်ပြန်ထားကြောင်း သိရှိရသည်။ ထုတ်ပြန်ထားသော လုံခြုံရေးသတိပေးချက်များတွင် ပြည်သူ့ပျောက်ကျား တပ်ဦးအဖွဲ့မှ ဖောက်ခွဲရေးသမားများသည် ပါရမီတက္ကစီယာဉ်များအား ငှားစီး၍ ယာဉ်၏နောက်ဖုံး အတွင်း(သို့မဟုတ်)ကားထိုင်ခုံအောက်တွင် 'ဗုံး'ဖောက်ခွဲရန် စီစဉ်နေကြောင်း စစ်ဆေးဖော်ထုတ်သတင်း ရရှိထားသဖြင့် လုံခြုံရေးအထူးဂရုပြု၍ ယာဉ်အားရှာဖွေစစ်ဆေးကြရန်နှင့် ခရီးသည်ဆင်းတိုင်း ယာဉ်အတွင်း/အပြင်စစ်ဆေးရန်၊ ခရီးသည် မှတ်တမ်းထားရှိရန် စသည့်အချက် များပါရှိကြောင်း သိရသည်။

အဆိုပါ လုံခြုံရေးသတိပေး ချက်နှင့်ပတ်သက်၍ ပါရမီတက္ကစီယာဉ် မောင်းတစ်ဦးက''အခုလုံခြုံရေးအခြေ အနေအရ ကိုယ့်ကားကို ငှားတဲ့ခရီး သည်တွေမှာ အပိုပစ္စည်းတွေအိတ် တွေ ပါလာတယ် မပါလာဘူး ဆိုတာ အမြဲတမ်းသတိထားပြီး စောင့်ကြည့်ရပါတယ်။ အကယ်၍ အပို ပစ္စည်းတွေ ပါလာရင်လည်း ခရီး သည်ဆင်းသွားတဲ့အခါမှာ သူတို့ပစ္စည်းတွေ စုံမစုံကို စောင့်ကြည့်ရပါတယ်။ အခုအချိန်မှာက ဘယ်သူ့ကိုမှမယုံကြည်ရဘူး။ အဲဒါကြောင့် မို့လို့ ခရီးသည်အားလုံးကို ဂရုစိုက် ပြီးစောင့်ကြည့်နေရတာပါ''ဟုပြောကြားခဲ့သည်။
မူရင်းသတင်း http://www.first-11.com/

0 comments:

 
----------------------------------------- */ /* EOT ----------------------------------------- */