“၂၀၁၀ ကမ္ဘာ့ လူအခွင့်အရေး၏ တိုက်ပွဲနှစ်” မြန်မာ့သွေးအနီရောင် မညစ်စေနဲ့ ။ စစ်ကျွန်ဘ၀လွှတ်မြောက်ကြဖို့  တော်လှနှ်ရေးသို့ အသင့်ပြင်

Tuesday, April 27, 2010

အင်္ဂပူမြို့နယ်အတွင်း ဗုံးဖောက်ခွဲမှုနှင့် ကျေးရွာအာဏာပိုင်များ လာဘ်စားမှု များပြားနေ

Tuesday, 27 April 2010 12:00 ကောင်းမြတ်ကျော် .

ဧရာဝတီတိုင်း၊ အင်္ဂပူမြို့နယ်အတွင်းရှိ ကျေးရွာများတွင် ဗုံးဖောက်ခွဲမှုများနှင့် ကျေးရွာအာဏာပိုင်များမှလည်း ငွေကြေးကောက်ခံ လာဘ်စားမှုများ များပြားနေကြောင်း ဒေသခံရွာသာတဦးက ပြောသည်။

“(၁၀-၂-၁၀) ရက်နေ့၊ ည (၇း၃၀) လောက်က စေတီကုန်းအုပ်စု၊ ဆုံးပင်ချောင်းရွာက ကိုဖိုးလုံးဆိုသူက ရွာနဲ့ ၁၀ မိုင် ဝေးတဲ့ Asia World Company ကျောက်ထုတ်လုပ်ရေးစခန်းကနေပြီး ဗုံးကို ယူလာတယ်။ ပြီးတော့ ရွာလယ်မှာ ခွဲလိုက်ပါတယ်။ ဗုံးမခွဲခင်ကတော့ ရွာကို အသိပေးထားတယ်လို့ တခြားသူတွေ ပြောတာပဲ။ ဒါပေမယ့် ဘာရည်ရွယ်ချက်နဲ့ ခွဲတာလဲတော့ မသိဘူး” ဟု အဆိုပါ ရွာသားက ပြောသည်။

ကိုဖိုးလုံးသည် အဆိုပါ ကျောက်ထုတ်လုပ်ရေးစခန်းမှ အလုပ်သမားတဦးဖြစ်ပြီး ထိုသို့ ဖောက်ခွဲရာတွင် တရွားတည်းနေ ဒေါ်ခွေးမဆို သူ၏ ခြေထောက်နှစ်ဖက်စလုံးတွင် ဗုံးစများ ထိမှန်သွားခဲ့ကြောင်း သူက ဆက်ပြောသည်။

“စေတီကုန်းအုပ်စု ဥက္ကဌ ဦးခိုင်မောင် ကိုဖိုးလုံးနဲ့ Asia World Company တို့ကို ဒဏ်ငွေ ကျပ် ၂ သိန်း ရိုက်ပြီး ဒီကိစ္စကို ဖျောက်ထား လိုက်တယ်။ ဒါပေမယ့် ဒီငွေတွေကို ဒေါ်ခွေးမကို တပြားမှ မပေးဘူး၊ ဒါကို မကျေနပ်လို့ ဒေါ်ခွေးမနဲ့ ရွားသားတချို့က မယကနဲ့ မြို့နယ် မှူးတွေဆီ တိုင်ထားတာလည်း အခုထိ ဘာအရေးယူမှုမှ မရှိသေးဘူး” ဟု ပြောသည်။

ထို့အပြင် ကျေးရွာအုပ်စုဥက္ကဌ ဦးခိုင်မောင်၊ စာရေးနှင့် တိုင်းဗဟို အမှတ် (၅) စစ်သင်တန်းကျောင်းမှ အရာရှိများ ပူးပေါင်း၍ အခြား ငွေကြေးကောက်ခံ လာဘ်စားမှုများလည်း ရှိနေကြောင်း သိရသည်။

ထို့သို့ ငွေကြေးကောက်ခံ လာဘ်စားမှုများတွင် (၁၇-၃-၁၀) ရက်နေ့မှစ၍ ပြည်သူ့စစ်သင်တန်းကြေးဟုဆိုကာ တအိမ်ထောင်ကို ၁၅၀၀ ကျပ်နှင့် (၈-၄-၁၀) ရက်နေ့မှစတင်၍ အိမ်ထောင်စုစာရွက်တရွက်ကို ၁၀၀၀ ကျပ်နှုန်းဖြင့် ရောင်းချကောက်ခံခြင်းများလည်း ပါဝင် ကြောင်းနှင့် အင်္ဂပူမြို့နယ်တွင် ကျေးရွာအုပ်စုပေါင်း ၇၂ အုပ်စု ရှိကြောင်း ဒေသခံရွာသားက ဆက်လက်ပြောဆိုသွားခဲ့သည်။
http://www.yoma3.org/index.php?option=com_content&view=article&id=536:2010-04-27-05-02-50&catid=41:2008-09-21-07-44-45&Itemid=124

0 comments:

 
----------------------------------------- */ /* EOT ----------------------------------------- */