ရေကြောင်းတက္ကသိုလ် ရေကြောင်းလျပ်စစ်အင်ဂျင်နီယာဌာနမှ ဌာနမှူး ဒေါ်လှိုင်သီရိအား အပြစ်မရှိအပြစ်ရှာပြီး အလုပ်မှထုတ်ပယ်လိုက် တဲ့ သတင်းပါ။ ဆရာမကြီးဟာ တပည့်တွေအပေါ် သားသမီးတွေလို စောင့်ရှောက်ပြီး မေတ္တာထားတဲ့ ဆရာမကြီးပါ။ သူစာသင်ပြီဆိုရင် တည်တည်ငြိမ်ငြိမ် ရယ်ရယ်မောမောနဲ့ အလွန်ပဲကျက်သရေရှိပါတယ်။ ကျောင်းသားအားလုံးကလဲ မေဂျာတူသူရော မတူသူရော လေး စားကြတဲ့ဆရာမကြီးပါ။ ရေကြောင်းတက္ကသိုလ်ကို မလာခင် ရန်ကုန်နည်းပညာတက္ကသိုလ်မှာ ကတည်းက ကျောင်းသားတိုင်း လေးစား ကြတဲ့ ဆရာမပါ။ အခုလို ဆရာမကြီးအား အပြစ်မရှိအပြစ်ရှာပြီး အလုပ်မှထုတ်လိုက်တဲ့ ကိစ္စနဲ့ပတ်သက်ပြီးကျောင်းသား အားလုံး က အတော်လေးစိတ်မကောင်းဖြစ်နေကြရပါတယ်။ ကျွန်တော်တို့ ရေကြောင်းတက္ကသိုလ်အနေနဲ့လည်း အစားထိုးမရတဲ့ ဆရာကောင်း တစ်
ယောက် ဆုံးရှုံးလိုက်ရပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး တာဝန်ရှိသူတွေ သိရှိအရေးယူပေးနိုင်ဖို့အတွက် အကြောင်းကြားလိုက် ရပါ တယ်။
မတရားမှုကင်းရှင်းစေလိုသူ ကျောင်းသားတစ်ဦး
Wednesday, April 21, 2010
ရေကြောင်းတက္ကသိုလ်က မတရားမှုအကြောင်း
Subscribe to:
Post Comments (Atom)
1 comments:
yeah it's unfair thing .. we all students feel sad for her
Post a Comment