“၂၀၁၀ ကမ္ဘာ့ လူအခွင့်အရေး၏ တိုက်ပွဲနှစ်” မြန်မာ့သွေးအနီရောင် မညစ်စေနဲ့ ။ စစ်ကျွန်ဘ၀လွှတ်မြောက်ကြဖို့  တော်လှနှ်ရေးသို့ အသင့်ပြင်

Friday, April 23, 2010

စိတ်ကြွဆေးဖျော်ရည်နဲ့  ရက်လွန် အဖျော်ရည်ဗူးများ..မသောက်ကြနဲ့ 

စိတ်ကြွဆေး နှင့် အလားတူများ ပါဝင်သည့် အချိုရည် အချို့ သက်ဆိုင်ရာမှ သိမ်းဆည်း

ရန်ကုန်မြို့ရှိ မြို့နယ်များ အတွင်း ဖွင့်လှစ် ရောင်းချလျက် ရှိသော ဈေးဝယ် စင်တာများ၊ စတိုး ဆိုင်များ၊ Mini-Mart များ၊ ဈေးကြီးများ၊ စားသောက် ကုန် အရောင်း ဆိုင်များ တွင် ရောင်းချလျက် ရှိသော စားသောက်ကုန် ပစ္စည်းများ တွင် သောက်သုံးရန် မသင့်သည့် ကျွဲရိုင်း နှင့် လစ်ပို အချို ရည်ဘူး များ ဆိုင်တင် ရောင်းချပါက လိုက်လံ သိမ်းဆည်းခြင်း ပြုလုပ်လျက် ရှိကြောင်း မြို့နယ် အဆင့် တာဝန်ရှိသူ အချို့ထံမှ သိရသည်။ ကျွဲရိုင်း နှင့် လစ် ပို အချိုရည် ဘူးများ အား စီမံချက် အသွင်ဖြင့် သက်ဆိုင်ရာ ဌာန၊ တပ်ဖွဲ့၊ အဖွဲ့အစည်းများ ပူးပေါင်း ပါဝင်သည့် အဖွဲ့များမှ လိုက်လံသိမ်း ဆည်း ခြင်း ဖြစ်ပြီး ရောင်းချ ခြင်းအား ခွင့်မပြုဘဲ ပစ္စည်း သိမ်းဆည်း ခြင်းသာ ဖြစ်၍ လက်ဝယ် တွေ့ရှိ သူများအား အရေးယူ ဆောင်ရွက်မှု မပြုလုပ် ကြောင်း သိရသည်။

“ကျွဲရိုင်းတို့၊ လစ်ပိုတို့ဆိုတာ ပြင်ပ နိုင်ငံက ဝင်လာတာ၊ အရင်တုန်းက အားပြည့် စေတယ်၊ အိပ်ချင်စိတ် ပျောက်စေတယ် ဆိုပြီး သောက်ကြတယ်။ နောက်ကျတော့ သက်ဆိုင် ရာက တင်သွင်း ရောင်းချမှုကို တားမြစ် လိုက်တယ်။ ပြီးခဲ့တဲ့ ၂၀၀၈ ခုနှစ် နှစ်လယ်လောက် ကစပြီး ဆိုင်တွေမှာ မသိ မသာနဲ့ ပြန်လည် ရောင်းချ လာတာ တွေ့ရတယ်” ဟု ဗိုလ်တထောင်မြို့နယ်နေသူ တစ်ဦးက ပြော၍ သိရသည်။ အဆိုပါ အချိုရည် များတွင် သောက်သုံးရန် မသင့်သော စိတ်ကြွ ဆေးနှင့် ဆင်တူသည့် အရာများဖြင့် ထည့်သွင်း ထားခြင်း ဖြစ်ပြီး လက်ရှိ သိမ်း ဆည်းခဲ့သည့် အချိုရည် ဘူးများတွင် သက်တမ်း ကာလပင် ကျော်လွန် နေသော အချိုရည် ဘူးများ ပါဝင် နေကြောင်း သိရသည်။

ရှာဖွေ ဖော်ထုတ် သိမ်းဆည်းခြင်း လုပ်ငန်းအား အဆိုပါ အချိုရည် ဘူးများ တင်သွင်း ဖြန့်ချိ ရောင်းချသည့် သတင်း ရရှိသည်နှင့် သက်ဆိုင်ရာ ပူးပေါင်း အဖွဲ့မှ လိုက်လံ သိမ်းဆည်းသည့် ပုံစံဖြင့် စဉ်ဆက် မပြတ် ဆောင်ရွက် သွားမည် ဖြစ်ကြောင်း သိရသည်။ ၂၀၀၈ ခုနှစ် အောက်တိုဘာ လဆန်းမှ စတင်၍ ယခု အချိန်ထိ စဉ်ဆက်မ ပြတ် ရှာဖွေ ဖော်ထုတ် သိမ်းဆည်းလျက် ရှိကြောင်း ၂၀၁၀ ခုနှစ် ဧပြီ ၂၈ ရက်နေ့ထုတ် News Watch Weekly ဂျာနယ် တွင် ဖော်ပြ ထားပါသည်။
ဟံသာဝတီ

0 comments:

 
----------------------------------------- */ /* EOT ----------------------------------------- */