“၂၀၁၀ ကမ္ဘာ့ လူအခွင့်အရေး၏ တိုက်ပွဲနှစ်” မြန်မာ့သွေးအနီရောင် မညစ်စေနဲ့ ။ စစ်ကျွန်ဘ၀လွှတ်မြောက်ကြဖို့  တော်လှနှ်ရေးသို့ အသင့်ပြင်

Tuesday, April 27, 2010

လူကြားကောင်းရုံ အရေခြုံသီလ..

ရှမ်းပြည်မှာတော့..လူသတ် နေကြပြီးမှ အော် ကိုးပါးသီလတဲ့..ဗျာ
ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ၉ ပါးသီလ စောင့်ထိန်း
ကိုထွေး Tuesday, April 27, 2010 .ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့်ဇနီး ဒေါ်ကြိုင်ကြိုင်တို့ ၉ ပါးသီလကိုခံယူ ဆောက်တည်ခြင်းသည် အဓိကအားဖြင့် ယတြာ ချေခြင်း ဖြစ်ကြောင်း သံဃာတော်များက ဆိုသည်။

နေပြည်တော် ဥပ္ပါတသန္တိ စေတီတော် အတွင်းရှိ သာသနာ့ မဟာ ဗိမာန်တော်၌ ယမန်နေ့က ကျင်းပသည့် ဆရာတော်ကြီးများနှင့် ဘွဲခံ ဆရာတော်များကို ဆွမ်း ဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားတွင် ယင်းသို့ ဆောက်တည်ခြင်းဖြစ်ကြောင်း အစိုးရပိုင် သတင်းစာ များတွင် ယနေ့ ရေးသားထားသည်။

ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် ဇနီး ဒေါ်ကြိုင်ကြိုင် နေပြည်တော် ဥပ္ပါတသန္တိ စေတီတော် အတွင်းရှိ သာသနာ့ မဟာ ဗိမာန် တော်၌ ယမန်နေ့က ဆရာတော် သံဃာတော်ကြီးများကို လှူဖွယ် ၀တ္ထုပစ္စည်းများ ဆက်ကပ်နေစဉ် (ဓာတ်ပုံ - မြန်မာ့အလင်း)
၉ ပါး သီလတွင် မေတ္တာပွားများမူ ကျင့်သုံးခြင်း ဟူသော အချက်တခုသာ ၈ ပါး သီလထက်ပိုကြောင်း၊ ၉ ပါးသီလကို ရဟန်း သံဃာ သီလရှင်မှလွဲ၍ အားလုံးစောင့်ထိန်းနိုင်ကြောင်း၊ တရားရိပ်သာများ၌ ရက်ရှည် တရားအားထုတ်သော ယောဂီများက အဓိကထား ကျင့်သုံး စောင့်ထိန်းကြကြောင်း ရန်ကုန်မြို့ရှိ ဓမ္မာစရိယ သံဃာတော် တပါးက ရှင်းပြသည်။

မလေးရှား သံဃာ့ ဥသျှောင်အဖွဲ့ အတွင်းရေးမှူး ဦးဥဇ္ဇောတက“သူတို့လုပ်ချင်တဲ့ အဓိပ္ပာယ်ကဘာလဲ ဆိုတော့ ၉ ဂဏန်းကို အဓိကယူထားတယ်၊ တကမ်းတမ်း သတ္တ၀ါတွေ အပေါ်မှာ မေတ္တာထားစေချင်လို့ လုပ်တာ မဟုတ်ဘူး၊ အဲဒီရည်ရွယ်ချက်နဲ့ ဆောက်တည်တာမဟုတ်ဘူး၊ ဗေဒင်ဆရာက ၉ ပါးသီလဆောက်တည်ရမယ် ပြောလိုက်တာကို လိုက်လုပ်တာဖြစ်မှာပါ” ဟု ဆိုသည်။

ဗိုလ်ချုပ်မှူးကြီးသန်းရွှေ မိသားစုသည် နက္ခတ်ဗေဒင်လက္ခဏာ ယုံကြည်မှုလွန်ကဲရုံမက မိသားစု ဆွေမျိုးများအကြား ထီးသုံး၊ နန်းသုံးစကားများကို ပြောဆို ခေါ်ဝေါ်သုံးစွဲကြသည်ဆိုသော သတင်းများလည်း ထွက်ပေါ်လျက်ရှိသည်။

သုတေသန သရုပ်ပြ အဘိဓာန်တွင် ၉ ပါးသီလကို စကြာမင်းနှင့် မိဖုရားကြီးများ သားတော် သမီးတော် ဆွေးတော်မျိုးတော် တိုင်းသူ ပြည်သား တို့က စောင့်ထိန်းသော သီလဖြစ်ကြောင်းရေးသားထားသည်။

ဗိုလ်ချုပ်မှူးကြီးသန်းရွှေ အပါအ၀င် ထိပ်တန်းစစ်ခေါင်းဆောင် ၅ ဦး အသုံးပြုသည့် သီးသန့် လေယာဉ် ၂ စီးကိုလည်း ဗေဒင်အလိုအရ “ဆင်ဖြူတော်” ဟု ခေါ်ဝေါ်နေရကြောင်း သိရသည်။

သံဃာ့ တပ်ပေါင်းစု နိုင်ငံခြားရေးရာ တာဝန်ခံ အရှင် ဣစရိယက“ဦးသန်းရွှေနဲ့ ဒေါ်ကြိုင်ကြိုင်တို့က ပတ္တနိက္ကုဇ္ဇန ကံထိုက် ထား တယ်၊ သံဃာတော်တွေကို ပြန်လည်ပြီးတော့ တောင်းပန်ခဲ့တာ မရှိတဲ့ အတွက် သာသနာတော်ကနေ ဒဏ်ခတ်ပြီးတော့ ကြဉ် ထားတဲ့ အတွက်ကြောင့် အခုလိုမျိုး သံဃာတော်တွေဆီမှာ သီလခံယူတာ ဆောက်တည်လုပ်လို့မရဘူး၊ အဲသလိုလုပ်ခဲ့ရင် သူတို့ ပိုပြီးတော့ အပြစ်ကြီးသွားတယ်”ဟု ပြောသည်။

ပတ္တနိက္ကုဇ္ဇန ကံထိုက် ထားသည့်အတွက် သံဃာတော်များကို ပြန်လည် တောင်းပန်၍ သံဃာတော်များက ကျေအေးပြီးမှ သာလျှင် သီလ ပြန်လည်ဆောက်တည်၍ ရကြောင်း၊ ယင်းသို့မဟုတ်ဘဲ အမိန့် အာဏာဖြင့် လုပ်ချင်ရာ လုပ်ပါက သာသနာကို စော်ကားရာ ရောက်သည့်အတွက် ပိုမိုကြီးလေးသည့် အပြစ်ဒဏ်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။

ပြည်ပရောက် သံဃာတော်တပါးက“သူတို့က အယောင်ဆောင်တွေပါ၊ ပါးစပ်က ဘုရားဘုရား လက်က ကားရားကားရား ဆိုတဲ့ စကားပုံ အတိုင်းလေ၊ တကယ့် တကယ်ကျတော့ ဘာမှ မဟုတ်ဘူး၊ ဘုန်းကြီးတွေကို သတ်ဖို့ပဲသိတယ်”ဟု ဆိုသည်။

ဧပြီလ ၁၇ ရက်နေ့တွင် ဆရာတော် သံဃာတော်များသည် ရဟတ်ယာဉ်ဖြင့် နေပြည်တော်ဝန်းကျင် လည့်လည်၍ ပရိတ် တရားတော်များ ရွတ်ပွား သရာဇ္ဈာယ်တော်မူကြပြီး သာသနာရေး ၀န်ကြီး ဌာန ဒုတိယ ၀န်ကြီး ဗိုလ်မှူးချုပ်အောင်ကိုနှင့် တာဝန်ရှိသူများက ရဟတ်ယာဉ်ပေါ်မှ ပရိတ်ရေများဖြင့် ဖျန်းပက်ပေးကြကာ မေတ္တာ ပို့သခဲ့ကြောင်း သိရသည်။

စစ်အစိုးရအနေဖြင့် သတင်းစာများတွင် ဘာသာရေး ဆိုင်ရာနှင့် ပတ်သက်၍ အလေးအနက်ထား ဆောင်ရွက်နေကြောင်း ဖော်ပြ နေသော်လည်း သံဃာတော်များ ဦးဆောင်ခဲ့သည့် ၂၀၀၇ ခုနှစ် ရွှေဝါရောင် သံဃာ လှုပ်ရှားမှုကို အကြမ်းဖက်ဖြိုခွင်းခဲ့သည်။

မြန်မာနိုင်ငံအတွင်းရှိ အကျဉ်းထောင်အသီးသီးတွင် သံဃာတော် ၂၅၃ ပါးခန့် ထိန်းသိမ်းခံထားရဆဲဖြစ်ကြောင်း ထိုင်းနိုင်ငံ အခြေစိုက် နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ထုတ်ပြန်ထားသည်။ http://www.irrawaddy.org/bur/index.php/news/1-news/3052-2010-04-27-08-50-40

0 comments:

 
----------------------------------------- */ /* EOT ----------------------------------------- */