“၂၀၁၀ ကမ္ဘာ့ လူအခွင့်အရေး၏ တိုက်ပွဲနှစ်” မြန်မာ့သွေးအနီရောင် မညစ်စေနဲ့ ။ စစ်ကျွန်ဘ၀လွှတ်မြောက်ကြဖို့  တော်လှနှ်ရေးသို့ အသင့်ပြင်

Monday, April 26, 2010

သေခြင်ရင် စိန်မစားနဲ့ ကရင်ပြည်ကိုသွား

ကျွန်တော် KNU တော်လှန်ရေးနယ်မြေက ဗိုလ်မှူးကြီးဟောင်း ဖူးဒို (ဖူးကီးဒို) ခေါ် ပဒို မန်းရောဘတ် ဘဇန် နဲ့ ဆုံတော့ စကားပြောဖြစ်ကြတယ်။ သူ့ရဲ့ တော်လှန်ရေးဖြတ်သန်းလာတဲ့တိုက်ပွဲအတွေ့အကြုံ၊ ကရင်လူမျိုးအပေါ်မှာ သူထားတဲ့ မျှော်မှန်းချက်တွေအကြောင်း တော်တော်လေးပြောဖြစ်ခဲ့ကြတယ်။ အဲ့ဒီအထဲမှာ သနားစရာကောင်းသလို အူတက်အောင် ရယ်ခဲ့ရတဲ့အကြာင်းလေးတစ်ခု ပါရှိခဲ့တယ်။ နအဖ သတ္တိခဲ့စစ်ဗိုလ်တွေ အကြောင်းဘဲ တချိန်တုန်းကတော့ ခွေးအိပ်တောင်တိုက်ပွဲမှာ နအဖ စစ်ဗိုလ်တွေက ဖူးဒို တို့ကို အော်ပြောခဲ့တဲ့ စကားတခွန်းရှိခဲ့တယ်။ အဲ့ဒါကတော့ မင်းတို့ကရင်တွေ ထမင်းဝအောင်စားထား မကြာခင် ပြတိုက်ထဲရောက်တော့မယ်တဲ့ အမှန်တကယ်ကို သူတို့စိတ်ထဲမှာ ကရင်တိုင်းရင်းသားတွေကို နအဖက မျိုးတုန်းအောင် သတ်ဖြတ်ခြင်နေတာလဲဖြစ်နိုင်ပါတယ်။ နောက်တစ်ခုကတော့ ကိုယ့်ကို ကိုယ် အော်ပြီး ရဲဆေး တင်တာလည်းဖြစ်တယ်။

ဥပမာ ဘယ်လိုမျိုးလဲဆိုတော့ - သင်္ချိုင်းကုန်းကို ညဖက်ဖြတ်လျှောက်လာတဲ့လူတစ်ယောက် သီချင်းအော်ဆိုပြီးဖြတ်လာသလိုဘဲ မသိ ရင်တော့ သင်္ချိုင်းကုန်း ဖြတ်တာတောင် သီချင်းဆိုနိုင်တယ်လို့ အများက ထင်ကောင်းထင်ကြမယ်။ တကယ်တော့ အဲ့ဒီလူဟာေ ကြာက် လို့ သီချင်းအော်ဆိုပြီးဖြတ်လာနေတာဖြစ်တယ် ကိုယ့်ကိုကိုယ် သိန္ဒိတင်နေတာပေါ့။ နအဖ စစ်ဗိုလ်တွေလဲ အဲ့ဒီလိုဘဲ နောက်တန်းမှာ နေတုန်းကတော့ လက်အောက်က ရဲဘော်တွေကို ဟောက်လိုက် ငေါက်လိုက်၊ ပါးရိုက်လိုက်နဲ့ လမ်းလျှောက်ရင်လည်းထောင်ထောင် ထောင်ထောင် ပြောလိုက် ဒူးမထောက်လက်မမြှောက် ယောက်ျားဇာနည်ဖွား၊ တိုင်းပြည်အတွက် အသက်ပေးရမှာကိုတောင် မနှမျှောဘူး၊ သေရဲတယ်။ အမျိုးမျိုး လူအထင်ကြီးအောင် ပြောကြတာပေါ့ဗျာ။ နောက်တန်းမှာတော့ ခွတ်မယ် ဆိုတဲ့ ကြက်ဖကြီးပေါ့၊ ရှေ့တန်းလဲရောက်ရော ကြက်မကြီးလုံးလုံးဖြစ်သွားရော ... ရှေ့တန်းရောက်တာနဲ့ သေမှာကြောက်တာ ဖင်တုန်းနေတာဘဲ KNU Sniper သေနတ်တွေကလည်း ပြန်ပြီး Modify လုပ်ထားတဲ့ Sniper တွေလေ။ ဟိုဖက်တောင် ဒီဖက်တောင်လောက်ကိုတော့ ကောင်းကောင်း ပစ်လို့ရတယ်။ နောက်ပြီး ကျည်ဆံတစ်ထောင့်ခြင်း အတူတူ တပ်သားကိုပစ်မဲ့အစား အကောင်ကြီးတွေကို ဘဲရွေးပစ်တာပေါ့။ အဲ့ဒီတော့ နောက်တန်းမှာ ဆူလား ငေါက်လားလုပ်တဲ့ကောင်တွေ သတ္တိသိပ်ရှိပါတယ် ဆိုတဲ့ကောင်တွေ... ဇာတိသွေးအမှန်ပြတော့တာဘဲ.. ရှေ့တန်းရောက်တာနဲ့ ပခုံးက အပွင့်တွေဖြုတ်၊ နောက်တန်းမှာ လက်ဆွဲအိတ်တောင် ဘေးက ရဲဘော် ကိုဆွဲခိုင်းတဲ့ သတ္တိခဲကြီးတွေ ရဲဘော်တွေရဲ့ အထုတ်တွေအတင်းလိုက်ယူထမ်း။ ခေါင်းမှာလဲ ကြိုးနဲ့ ချည်ထားတဲ့ပလိုင်းတွေကို သိုင်းထားနဲ့ ပေါ်တာထမ်းတဲ့လူ ပုံစံဖြစ်အောင်ကို လုပ်တဲ့ဘဝရောက်သွားရော။ ဒါမှာမသေမှာလေ စစ်ဗိုလ်ပုံပေါက်ပြီး နောက်တန်းမှာလို ထောင်ထောင် ထောင်ထောင် ပုံစံ လုပ်ပြီး သူများကို အထုပ်ထမ်းခိုင်းရင် သေမှာ.. ဒီတော့ နောက်တမ်းမှာတုန်းက သတ္တိခဲ့ကြီးတွေ ဆိုတဲ့ စစ်ဗိုလ်ကြီးတွေ ရှေ့တန်း ရောက်တော့ အထမ်းသမားဘဝ လုံးလုံးဖြစ်သွားရော။ နောင်ဆိုရင် ရှေ့တန်းသွားရင် မထမီတွေယူသွားပြီး ထမီပါဝတ်မလားမသိဘူး။ သို့သော်ငြားလဲ Sniper တွေကလည်း ဒီလောက်တော့လူရွေးပစ်တတ်တာ ပေါ့ တပ်သားရုပ်ရည်နဲ့ စစ်ဗိုလ်ရုပ်ရည်က ဘယ်လိုပုံ ဖျက်ဖျက် အသိသာကြီးဘဲလေ။ အော် တယ်လဲ သတ္တိရှိပါ သကိုး။ အခုနောက်ဆုံး နအဖ တပ်ထဲမှာ ပြောနေတဲ့ စကားတစ်ခွန်းကတော့ သေခြင်ရင် စိန်မစားနဲ့ ကရင်ပြည်ကိုသွားတဲ့ .....

4 comments:

လေပြေ said...

ဟဟ ဒီမိုဘလော့ကလဲ စီဘောက်ကို အခုအခံလေးတွေနဲ့ အာဇာနည်အမည်ခံသူကြီးက ဝေဖန်ခံဖို.တောင် သတ္တိမရှိရှာဘူး ထင်တယ်..ဒါဆိုလဲ နအဖ စစ်ဗိုလ်တွေ စနိုက်ပါကို ရှောင်တာ မင်းမရီသင့်ပါဘူးလေ.."ရှေ့ပြေးနံကာ ကာပါဦးကင်း
နောက်ရံခြင်းဖြင့် စစ်မင်းလိုရာ သွားလေပါတဲ့"
တိုက်ပွဲမှာ ခေါင်းဆောင်အလွယ်လေး မကျအောင်
သတိပေးထားတဲ့ လင်္ကာပဲ။ မင်းမိတ်ဆွေ သူပုန်အိုကြီးကို ဘာဆိုလိုသလဲလို့ ထပ်မေးလိုက်ဦး။ အေး...သူများ တိုက်ပွဲမှာ သေမှာကြောက်တာ ရီရဲရင် မင်းမြန်မာပြည်ပြန်ပြီး နိုင်ငံရေးလုပ်ရဲလား ပြန်စဉ်းစားလိုက်ဦး...ဒါတောင် ထောင်ကျမှာပဲ ရှိသေးတယ်နော်။ ဟဲ..ဟဲ...
နအဖ ဗိုလ်တွေ ရုပ်ဖျက်ပီး ကြောက်တယ်လို့ မင်းပြောလဲ သူတို့ ရှေ့တန်းသွားဖို့ ငြင်းတယ် မင်းကြားဖူးသလား..
ကိုယ်အခြေအနေ ကိုယ်သိစမ်းပါကွာ...အေး တိုက်ပွဲမှာ ရင်ဆိုင်တိုက်လာတဲ့ သူပုန်ဗိုလ်က ရေးရင် လက်ခံပေးလိုက်မယ်....မင်းလိုကောင် ရေးတာတော့ ဟာသမြောက်လွန်းလို့ပါ။

Unknown said...

ဟုတ်ပါ့ကွာ...ငါတို့လိုပြည်သူတွေလည်း အဲလောက်တော့ မတုံးသေးပါဘူးကွာ..

Tun Lin said...
This comment has been removed by the author.
Tun Lin said...

ဒါဖတ်ပြီးမှတော်လှန်ရေးလုပ်ပါ။

မောင်ဘုန်း ( ABSDF ) ရင်ဖွင့်သံ - http://www.scribd.com/doc/28123594/MB-absdf
၈၈၈၈မျိုးဆက်များ၊ မျိုးဆက်သစ်များ နှင့် မိဘပြည်သူရဟန်ရှင်လူများအားလုံးသို့  http://www.scribd.com/full/27376496?access_key=key-1ge5sbdqnyhpkrisg3ch
Open Letter to Naing Aung and Moe Thee Zun - http://www.scribd.com/doc/26704762/Open-Letter-to-Naing-Aung-and-Moe-Thee-Zun
http://www.scribd.com/doc/26934623/
http://www.scribd.com/doc/26936721/“ဋ္ဌေးနိုင်”ဘယ်လို-အသတ်ခံခ့ရသလဲ-ဲ

 
----------------------------------------- */ /* EOT ----------------------------------------- */