“၂၀၁၀ ကမ္ဘာ့ လူအခွင့်အရေး၏ တိုက်ပွဲနှစ်” မြန်မာ့သွေးအနီရောင် မညစ်စေနဲ့ ။ စစ်ကျွန်ဘ၀လွှတ်မြောက်ကြဖို့  တော်လှနှ်ရေးသို့ အသင့်ပြင်

Wednesday, September 29, 2010

ဒီမိုကရေစီ နှင့် မြန်မာပြည်

အချို့လူတွေက ပြောကြတယ် မြန်မာလူမျိုးတွေ စည်းကမ်းမရှိတော့ဘူးတဲ့ ။ အဲဒီလို လူမျိုးတွေကို ပြန်မေးလိုက်ချင်ပါသေးတယ် ။
ဘာကိုများကြည့်ပြီး ပြောကြတာလဲ လို့ ။ မြန်မာလူမျိုးတွေ နိုင်ငံတကာမှာ သွားရောက် အလုပ်လုပ်ကိုင်နေကြတာ ဘယ်နိုင်ငံကမှ
မြန်မာလူမျိုးတွေ စည်းကမ်းမရှိပါဘူးလို့ မပြောပါဘူး ။ အမှိုက်ပုံးမထားပေးဘဲနဲ့ စည်းကမ်းမဲ့ အမှိုက်ပစ်တယ်လို့ ပြောတာ တရားမျှတမှု ရှိရဲ့လား ။
တကယ်ဆို အမှိုက်ပစ်ရမည့် နေရာတွေမှာ အမှိုက်ပုံးတွေ ထားပေးမယ် ။ အဲဒီအမှိုက်ပုံးကိုလည်း ပုံမှန် သိမ်းဆည်းမယ် ။ အဲဒီလို လုပ်ထားပေးတာတောင်
စည်းကမ်းမဲ့ အမှိုက်ပစ်ရင် သတ်မှတ်တဲ့ ဒဏ်ငွေ ပေးဆောင်ရမယ် ။ အဲဒီ ဥပဒေဆိုတာကလည်း တနိုင်ငံလုံးမှာ ရှိတဲ့ လူအားလုံးလိုက်နာ့ရမည့် ဥပဒေဘဲဖြစ်ရမယ် ။ ဒီလို အဘက်ဘက်က ပြည့်စုံအောင် မဖြည့်စည်းပေးပါဘဲနဲ့တော့ မြန်မာတွေ စည်းကမ်းမရှိလို့ ဒီမိုကရေစီ နဲ့ မထိုက်တန်ဘူးဆိုတဲ့ စကားလုံးတွေ နဲ့ပြောနေတာ ဘယ်သူတွေလဲ ။ ဘာကြောင့်ဒီလိုမျိုးတွေ ပြောနေကြတာလည်း အရှင်းလေးပါဘဲ ။ သူတို့တွေ အာဏာမြဲစေဖို့အတွက် ပြည်သူလူထုကို ဒီမိုကရေစီနဲ့ မထိုက်တန်ပါဘူးလို့ပြော အာဏာရှင်စနစ်ကို ကျင့်သုံးချင်တဲ့လူတွေရဲ့စကားပါ ။

အချို့က ပြောကြပြန်သေးတယ် ။ ၀န်ထမ်းမှန်သမျှ သူခိုး နဲ့ ဒါးမြ ၊ သူတောင်းစား တွေ ဖြစ်ကုန်ပြီတဲ့ ။ ဒီမိုကရေစီ ရရင်တောင်သူတို့ အကျင့်တွေကို ပြောင်းလဲဖို့ မလွယ်ဘူးတဲ့ ။ သေချာစဉ်းစားကြည့် ၊ ဘာကြောင့် ၀န်းထမ်းတွေ အခုလို ဖြစ်ကုန်ရတာလဲ့ ။ရတဲ့ လစာက အခြေခံစား ၀တ်နေရေး အတွက် မလောက်ငတော့ ရရာ နည်းလမ်းတွေ သုံးပြီး ကြံဖန်လာကြတယ် ။ အဲဒါတွေကို အရေးယူမယ့်လူလည်း မရှိဘူး ။ အားပေးမယ့် လူတွေက တော့တပြုံကြီး ။ ဘာဖြစ်လို့လဲ ခေါင်းဆောင်တွေလေ ၊ သူတို့ကိုယ်တိုင်ကိုက တိုင်းပြည်ဘဏ္ဍာ ခိုးဆိုးလုယက်နေမှတော့ ဘယ်သူကို သွားအရေးယူလို့ရမှာလဲ ။ သူခိုးကြီးတွေက သူခိုးလေးတွေကို မြှောက်ပေးတာ သဘာဝလေ ။ လုံလောက်တဲ့ စားနပ်ရိက္ခာပေး ၊ အဲဒါကို မှ လဘ်စားရင် ထိုက်သင့်တဲ့ အပြစ်ပေး အရေးယူရင် ဘယ်သူမှ မဟုတ်တာလုပ်လို့ မရပါဘူး ။ မြန်မာပြည် ဒီမိုကရေစီ နိုင်ငံရောက်အောင် သာ အရင် ချီတက်ပါ ။ အမှန်တရားကို လက်ကိုင်ထားပြီး ပြည်သူလူထု အကျိုးစီးပွားကို ရှေးရှုမဲ့ ပုဂ္ဂိုလ်တွေ က လုပ်ဆောင်ပြသွားပါလိမ့်မယ် ။ အုပ်ချုပ်ရေး အာဏာဆိုတာ ပြည်သူလူထု လက်ထဲကို အပ်နှင်းထားတဲ့ ဒီမိုကရေစီ စနစ်မှာ ပြည်သူလူထုက အဓိကပါ ။ ကျွန်တော်တို့လိုလားတောင့်တ နေတဲ့ အုပ်ချုပ်ရေးကို ကျွန်တော်တို့ ကိုယ်တိုင်ဘဲ ဖန်တီးကြရမှာ ။

အချို့ကပြောကြတယ် ။ မြန်မာလူငယ်တွေ က ပျင်းကုန်ကြပြီတဲ့ ။ အလကား လမ်းပေါ်မှာ အချိန်ဖြုန်းနေကြတယ်တဲ့ ။
ဒါတွေကြားတော့ မနေနိုင်ဘူး ။ ကိုယ့်ဟာကိုဘဲ လိုက်ပြီး သုတေသန လုပ်ကြည့်တယ် ။ အဲဒီလူငယ်တွေကို လိုက်မေးကြည့်လိုက်တယ် ။ တော်တော်များများက ဘွဲ့ရပြီးသားတွေ ။ သူတို့တတွေ အရမ်း အလုပ်လုပ်ချင်ကြတယ် ။ ပြည်တွင်းမှာ အလုပ်မရှိတော့ ပြည်ပကို ထွက်ခွာဖို့ ကြိုးစားနေကြတယ် ။ အဲဒီအခါကြတော့ ဘာပြောကြပြန်လည်း ဆိုတော့ နိုင်ငံခြားကို အထင်ကြီးလွန်း နေတယ်တဲ့ ။
နောက်ထပ်တစ်ခုရှိပါသေးတယ် ၊ လုပ်ချင်ရင် မြန်မာပြည်မှာ အလုပ်မရှားပါဘူး တဲ့ ။ ကောက်စိုက်ပျိုးနှုတ် ၊ တံငါသည် အလုပ်တွေ
ပေါမှပေါတဲ့ ။ ပြည်ပထွက်ပြီး လုပ်စရာ မလိုပါဘူးတဲ့ ၊ ပြည်ပရောက် မြန်မာတွေတောင် ပြန်လာကြဖို့ ဖိတ်ခေါ်နေသေးတယ် ။ ဘယ့်နှယ်ဗျာ အဆင့်အတန်းမှီမှီ အလုပ်အကိုင် အခွင့်အလမ်းတွေ လိုချင်လို့ ပညာသင်ထားပါတယ်ဆိုနေမှ ဒီအလုပ်တွေ လာလုပ်ခိုင်းနေတယ် ။ ဘယ်လို အတွေးအခေါ် ပိုင်ရှင်ကြီးလည်း မသိပါဘူး ။ အဲဒါ မြန်မာပြည်က ၀န်ကြီးချုပ်ရဲ့ စကားတဲ့ ။ ဘယ်လောက်များ အတွေးအခေါ် အောက်တန်းကျလဲ သေချာ စဉ်းစားကြည့်ပါဗျာ ။ အဲဒီလိုလူမျိုးတွေ အုပ်ချုပ်နေမှတော့ ဘယ်လို လုပ်ပြီး တိုင်းပြည်တိုးတက်မှာလဲ ။
ဒို့တိုင်းပြည် နိုင်ငံခြားငွေတွေ သူတို့ ရှာပေးနေတယ် ဆိုပြီး ပြောလာတဲ့ သူတွေလည်းရှိတယ် ။ ထုတ်ကုန်ဆိုတာ နတ္တိ ၊ တိုင်းပြည် သယံဇတ ကို လက်ညိုးထိုး ၊ မတန်တဆ ဈေးနဲ့ ရောင်းတာတော့ ဈေးသည်တွေ တောင် သူတို့ထက်တော့ ပိုနားလည်ပါအုံးမယ်ဗျာ ။
လူငယ်တွေ အတွက် အလုပ်အကိုင် အခွင့်လမ်းတွေတော့ မဖန်တီးပေးထားဘဲနဲ့ လုပ်စရာမရှိတော့ လူငယ်သဘာဝ
ပျော်ချင်ပါးချင်ကြတာ သူတို့ အပြစ်လား ။ အလုပ်အကိုင်တွေ ဖန်တီးမပေးနိုင်တဲ့ လူတွေရဲ့ အပြစ်လား ။ သေသေချာချာ စဉ်းစားကြလိုပါတယ် ။
ကိုယ့်နိုင်ငံက အမှားကို ကောက်စားနေတဲ့ အိမ်နီးချင်းနိုင်ငံတွေ အတွက်ကတော့ သဘောတွေကျပြီး သြဘာတွေ ပေးနေတာ အဟုတ်မှတ်နေကြတုန်းပါဘဲ ။

အချို့ကလည်း ပြောကြပြန်သေးတယ် ၊ မြန်မာလူငယ်တွေက မြန်မာ့ယဉ်ကျေးမှု အမွေကို မထိန်းသိမ်းနိုင်ကြဘူးတဲ့ ။ အဲဒါနဲ့ ဟုတ်မဟုတ် လိုက်ပြီး သူတို့သားသမီးတွေကို လေ့လာကြည့်တယ် ။ ဟုတ်တာဘဲ ။ သူတို့သားသမီးတွေ ၀တ်တာစားတာကို ပြန်ပြောနေကြတာပါလားလို့ အဲဒီအခါကျမှ သိလာရတယ် ။ တက်တော့ နိုက်ကလပ် ၊ ၀တ်တော့စကတ် ၊ သောက်ထားတာက နိုင်ငံခြားဖြစ် အရက် ၊ ကျော်မကောင်းကြားမကောင်းတွေ ဖြစ်ပြန်ဆို လိုက်ကြည့်လိုက် ။ တော်သလင်းဇတ် တွေတောင်ပါသေးတယ် ။ အဲဒီလို သုံးဖြုန်းနိုင်တာ မြန်မာပြည်မှာ ဘယ်သူတွေ ရှိလို့တုန်း ။
သူတို့တွေ ဖွင့်ထားတဲ့ ကုမ္မဏီမှာ အလုပ်လုပ်သွား လျှောက်ကြည့်ပါအုံး ။ ရုပ်မလှရင် အလုပ်မရ ၊ စာရေးမအလုပ်ဘဲဗျာ ရုပ်လှစရာလိုလို့လား ။
ဘယ်ဈေးဝယ်သူမှ အရောင်းစာရေးလှလို့ ဈေးဝယ်တာ မရှိပါဘူး ။ ကုန်ပစ္စည်း ရဲ့ အရေအသွေးနဲ့ ဈေးနှုန်းပေါ်မှာ မူတည်ပြီး ၀ယ်ကြတာ မဟုတ်ဘူးလား ။ သြော် လူသာအိုလာကြလို့ တဏှာတွေ ပြိုရမယ့်အစား တဏှာတွေ ပျိုနေပုံက မော်ဒယ်တွေတောင် ကိုယ်တိုင်ရွေးသတဲ့ ။
သူတို့အသိုင်းအ၀ိုင်းလေး ကြည့်ပြီး ပြောနေကြတော့ လည်း ဟုတ်သလိုလို ဖြစ်နေတာပေါ့ ။ အမျိုးသား ဇတ်ရုံလို နေရာမျိုးမှာတောင် စင်သွင်းပြီး လုပ်စားနေကြတာလည်း သူတို့ အသိုင်းအ၀ိုင်းပါဘဲ ။

တကယ်စာရွက်ပေါ်က ဇယားတွေမှာတော့ မြန်မာနိုင်ငံရဲ့ ချမ်းသာ ကြွယ်ဝနေပုံက ပြောပြလို့ မကုန်စရာပါဘဲ ။ ပညာရှင်အမည်ခံထားတဲ့ လူတွေကလည်း ကြံကြံဖန်ဖန် နည်းပညာပေးတယ် ။ နိုင်ငံတကာမှာ လျှပ်စစ်ကို နည်း အမျိုးမျိုးနဲ့ ထုတ်နေကြတဲ့ အချိန်မှာ မြန်မာပြည်က နွားနဲ့လှည့်ပြီး လျှပ်စစ်ထုတ်မလို့တဲ့ ။ အဲဒီလို အတွေးအခေါ်ကို မြှောက်စားပေးလိုက်ပုံက ဆုတံဆိပ်တွေတောင် ပေးဖို့ ကြံစည်နေပြန်သတဲ့ ။
ဒီကြားထဲ ရူးကြောင်ကြောင်နဲ့အပ်တစ်ချောင်းတောင် မထုတ်နိုင်သေးနဲ့ လူတွေက နူးကလီးလက်နက် ထုတ်လုပ်အုံးမလို့တဲ့ ။ သေချာ ပြန်စမ်းစစ်ကြည့်ကြပါအုံး ။ နာဂစ် မုန်တိုင်း တိုက်ခိုက်မှာကို နိုင်ငံတကာက လူတွေ သိသလို မြန်မာပြည်က မိုးလေ၀သ ပညာရှင်တွေ မသိဘူးလို့ ထင်နေကြရင် မှားမယ် ။ ဘယ်သူသေသေ ငတေမှာရင် ပြီးရော ဆိုတဲ့ စိတ်ဓါတ်တွေက ပြည်သူလူထု အသက်ပေါင်းများစွာ ကို သတ်ပစ်လိုက်ကြတယ် ။ အဲဒီလို ပညာရှင် အမည်ခံ ကိုယ်ကျိုးရှာတဲ့ လူတွေ ရှိနေသမျှလည်း တိုင်းပြည်က ပျက်စီးသထက် ပျက်စီးလာအုံးမှာပါဘဲ ။ တကယ်တော့ သူတို့တွေက လက်နက် မသုံးဘဲ လူတွေကို အလွယ်ဆုံနည်းလမ်း နဲ့ သတ်ပြလိုက်တာ မမေ့စေချင်ဘူးဗျာ ။ မုန်တိုင်းတိုက်လို့ မသေတဲ့လူတွေကို စားနပရိက္ခာ ဖြတ်ပြီး ထပ်သတ်ကြလို့ သေကြတာ နည်းတယ်မှတ်လို့လား ။ သိန်းပေါင်း သောင်းနဲ့ချီပြီး တန်တဲ့ အိမ်တွေ အရောင်းအ၀ယ် အကြောင်းတွေ ရေးသူများသလောက် လှိုင်သာယာမှာ ကြမ်းခင်းမကောင်းလို့ ရေထဲပြုတ်ကျ သေရတဲ့ တကယ့်အဖြစ်မှန်တွေကို ကျတော့ ဘယ်သူမှ အရေးမလုပ်ကြဘူး ။ အိမ်လို့ပြောလို့သာ ယုံရတာပါ ၊ စလေ ဦးပုည တောင် နှိုင်းစရာ စကားလုံးရှာရမလို့ ငိုသွားလောက်တယ် ။ အဲဒီလောက် ဆင်းရဲတဲ့လူတွေ ရှိတဲ့ ရှိတယ်ဆိုတာ ပြောရင် ယုံကြမှာ မဟုတ်ဘူး ။ ကိုကျော်သူက သက်သေ အထောက်အထားနဲ့ သေချာကို ပြသွားတာပါ ။ တကယ်ပါဗျာ ။ ကျွန်တော်တို့ တိုင်းပြည်ကြီး အဘက်ဘက်က ယိုယွင်းပျက်စီးနေပါပြီ ။ ငတ်လို့မသေပါဘူးလို့ ကြွေးကြော်ခဲ့တဲ့ ကျွန်တော်တို့ နိုင်ငံမှာ ငတ်လို့ သေတဲ့လူတွေ များလာပါပြီ ။ ဒီလူတွေ ဒီအတိုင်းဆက်သွားကြရင်တော့ တကယ့်ကို မတွေးဝံ့စရာပါဗျာ ။

အခု ကျင်းပမည့် ရွေးကောက်ပွဲဆိုတာ ကို တကယ့်ကို ကျွန်တော့်တို့ တိုင်းပြည်နဲ့လူမျိုးအတွက် ဘာအကျိုးကျေးဇူးမှ မရှိပါဘူး ။ အရေခွံလဲပွဲ သက်သက်ပါ ။ ပြည်သူလူထု အားလုံးလည်း သိပြီးသားပါ ။ ဒီရွေးကောက်ပွဲကို ၀င်ပြိုင်တဲ့လူတွေ အားလုံးကို လိုက်မေးကြည့် ၊ ဒီရွေးကောက်ပွဲက တရားမျှတမှု မရှိဘူးဆိုတာ သူတို့အားလုံးသိတယ် ။ တရားမျှတမှု မရှိတဲ့ ဥပဒေကို လက်ခံလိုက်တဲ့လူတွေ ဆိုတာ သူတို့ကိုယ်တိုင် မတရားမှုတွေကို မြတ်နိုးခုံမင်လို့ပါဘဲ ။ အဲဒီလို မတရားမှု ကို မြတ်နိုးတဲ့ သူတွေဟာ သူတို့ ကိုယ်ကျိုးစီးပွား အတွက် တိုင်းပြည်နဲ့ လူမျိုးကို ကောင်းကောင်းဒုက္ခပေးကြလိမ့်မယ်ဆိုတာ မမေ့ကြပါနဲ့။ ဒီလောက် ရှင်းနေတဲ့ အရေခွံလဲပွဲကို ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ NLD က လက်မခံတာ အပြစ်လား ။ တိုင်းပြည် အကျိုးအတွက် အမှန်တကယ် လုပ်ဆောင်တဲ့လူတွေဆိုရင် အားပေးရမယ် ၊ ပြည်သူလူထု ဆန္ဒနဲ့ ဆန့်ကျင်ပြီး ငါကောင်းစားရေး ၀ါဒသမားတွေ ၊ အာဏာရှင် အလိုကျ ကပြအသုံးတော်ခံတဲ့လူတွေကို ရှုံ့ချတာ အပြစ်လား ။
တိုင်းပြည်နဲ့လူမျိုး အကျိုးကို အမြဲရှေးရှုတဲ့ ခေါင်းဆောင်ဆိုတာ ပြည်သူလူထု အကျိုးများမည့် ကိစ္စတွေမှာ စိတ်အားထက်သန်သလောက်
ပြည်သူလူထု ဒုက္ခရောက်မယ့် ကိစ္စတွေကြရင် ရဲရဲဝင့်ဝင့် အမှန်တရား ကို လက်ကိုင်ထားပြီး စဉ်းစားဆုံးဖြတ်လေ့ရှိတယ် ။

မြန်မာတွေ လူငယ်တွေ ညံ့တယ်လို့ပြောနေကြတဲ့ လူတွေကို တစ်ခုလောက် နှိုင်းယှဉ်ပြချင်ပါသေးတယ် ။ နအဖ က နိုင်ငံခြားရေး ၀န်ကြီးတဲ့ မိန့်ခွန်းပြောတာလေးကို ကြည့်ဖူးကြလား ။ စားလုံးပေါင်းမှား မှာဆိုးလို့ စာရွက်ကို အသဲအသန်ကြည့်ပြီး ပြောနေတဲ့ အချိန်မှာ ၂၁ နှစ်အရွယ်ကောင်မလေးက သူ့ရင်ထဲက အမှန်တရားကို အများရှေ့မှာ ကမ္ဘာသိအောင် ပြောသွားတာ နှိုင်းယှဉ်ကြည့်စေချင်တယ်ဗျာ ။ ကျွန်တော်တို့ မျိုးဆက်သစ်တွေတကယ် မညံ့ပါဘူး ဆိုတာ သက်သေ ပြရမယ့် အချိန်ကိုလည်း ရောက်လာပါပြီ ။ လူငယ်တွေကို နိုင်ငံရေး နဲ့ ဝေးသထက်ဝေး အောင်
အာဏာရှင်တွေ ယုတ်မာစွာ ကြံစည်ကြပေမယ့် ကျွန်တော်တို့တွေ ရင်ဘတ်ထဲမှာ ဒီမိုကရေစီ စနစ်ကို ချစ်မြတ်နိုးတဲ့ စိတ်တွေရှင်သန်နေဆဲ ပါဘဲဆိုတတာကို လက်တွေ့ကျကျ သရုပ်ဖော်ပြ ကြရအောင်လား ။ ဒို့ ဘိုးဘွားတွေ နယ်ချဲ့ လက်အောက် က လွတ်မြောက် အောင် ရုန်းထွက် ပြခဲ့ပြီးပြီ ။ ဒို့ခေတ်မှာတော့ အာဏာရှင်စနစ်ဆိုးအောက် က ရုန်းထွက်ပြကြဖို့ အမြန်ဆုံးလုပ်ဆောင်ကြရမယ် ။ ဒီမိုကရေစီ နဲ့ မထိုက်တန်ပါဘူးလို့ ပြောနေကြတဲ့ လူတွေကို ဒီမိုကရေစီ နိုင်ငံရဲ့ အနှစ်သာရကို ပြကြဖိုက ငါတို့တွေ ကြိုးစားလုပ်ဆောင်ကြဖို့ အတွက် သမိုင်းဝင်မည့် ဒီတိုက်ပွဲမှာ ဒို့လူငယ်တွေ အစွမ်းကို ပြကြပါရင်းနဲ့ ဒီမိုကရေစီ နိုင်ငံတော်ကြီးဆီသို့ တွဲလက်တွေ ညီညာစွာ နဲ့ ချီတက်ကြပါစို့ .......။
Rest of your post

အပြည့်အစုံသတင်းဖတ်ရန်....

ဘီဘီစီ(BBC) ကဘာပြောနေလဲ


အပြည့်အစုံသတင်းဖတ်ရန်....

ဒီလိုပြော မှလည်း မိသားစုရေးချောင်လည်တာမို့ 

မြန်မာသတင်း RSS Feeds RSS Feed
နိုဝင်ဘာ ရွေးကောက်ပွဲကိစ္စ နိုင်ငံခြားရေးဝန်ကြီး ကာကွယ် By ဦးကျော်ကျော်သိန်း အင်္ဂါ, 28 စက်တင်ဘာ 2010

မောင်ဥာဏ်ဝင်း ဖြီးနေပုံ

နိုဝင်ဘာလ ၇ ရက်နေ့ကျရင် ကျင်းပမယ်လို့ ကြေညာထားတဲ့ ရွေးကောက်ပွဲတွေမှာ ကိုယ်စားလှယ်လောင်း ၃,၀၀၀ ကျော် ၀င်ရောက် ယှဉ်ပြိုင်ကြမှာ ဖြစ်တဲ့အတွက် ရွေးကောက်ပွဲတွေမှာ အားလုံး ပါဝင်မှုရှိတယ် ဆိုတာ ထင်ရှားနေပါတယ်လို့ မြန်မာစစ်အစိုးရ၊ နိုင်ငံခြားရေးဝန်ကြီးက ပြောလိုက်ပါတယ်။ ဒါပေမဲ့လည်း မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှားသူတွေကတော့ ဒီ ရွေးကောက်ပွဲတွေကနေ ဘယ်လို အပြောင်းအလဲမျိုးမှ ဖြစ်လာမှာ မဟုတ်ဘူးလို့ နိုင်ငံတကာကသိအောင် ပြောဆို လှုံ့ဆော်နေကြပါတယ်။ အပြည့်အစုံကို ကိုကျော်ကျော်သိန်းက အစီရင်ခံထားပါတယ်။

အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့၊ ကုလသမဂ္ဂ ဌာနချုပ်မှာ ကျင်းပနေတဲ့ ၆၅ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေ ညီလာခံမှာ မြန်မာစစ်အစိုးရ နိုင်ငံခြားရေးဝန်ကြီး ဦးဉာဏ်ဝင်းက စက်တင်ဘာလ ၂၈ ရက်၊ အင်္ဂါနေ့က မိန့်ခွန်းပြောကြားခဲ့တာပါ။ ဦးဉာဏ်ဝင်းရဲ့ မိန့်ခွန်းထဲမှာ တခြား အကြောင်းအရာတွေနဲ့ အတူ ကျင်းပမယ့် ရွေးကောက်ပွဲတွေ ကိစ္စကိုလည်း အဆုံးသတ်မှာ ထည့်သွင်း ပြောကြားသွားတာ ဖြစ်ပါတယ်။

ရွေးကောက်ပွဲတွေမှာ အားလုံး ပါဝင်နိုင်ခွင့်ရှိတဲ့ အခြေအနေတွေ ဖန်တည်းပေးမထားဘူး၊ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲတွေ ဖြစ်လာမှာ မဟုတ်ဘူးလို့ ဝေဖန် ပြောဆိုနေကြတာတွေကို မြန်မာစစ်အစိုးရ နိုင်ငံခြားရေးဝန်ကြီးက ချေပ ပြောဆိုခဲ့ပုံရပါတယ်။ နိုင်ငံရေး ပါတီပေါင်း ၃၇ ပါတီ၊ ကိုယ်စားလှယ်ပေါင်း ၃,၀၀၀ ကျော် ၀င်ရောက် ယှဉ်ပြိုင်ကြမှာ ဖြစ်တဲ့အတွက် အားလုံး ပါဝင်မှု ရှိပါတယ်လို့ သူက ဆိုပါတယ်။

မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဉာဏ်ဝင်း ကုလသမဂ္ဂ အထွေထွေညီလာခံတွင် မိန့်ခွန်း ပြောကြားနေစဉ်။
AP
မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဉာဏ်ဝင်း ကုလသမဂ္ဂ အထွေထွေညီလာခံတွင် မိန့်ခွန်း ပြောကြားနေစဉ်။ စက်တင်ဘာ ၂၈၊ ၂၀၁၀။

“ဒီယှဉ်ပြိုင်မှု ပမာဏကိုကြည့်ရင် ရွေးကောက်ပွဲဟာ အားလုံး ပါဝင်မှုရှိတယ် ဆိုတာ ထင်ရှားပါတယ်။ နိုင်ငံရေးပါတီများ အနေနဲ့ သူတို့ရဲ့ မဲဆွယ်စည်းရုံးမှု လုပ်ငန်းစဉ်များကို စတင် ဆောင်ရွက်နေပြီ ဖြစ်ပါတယ်။ ပြည်သူများ အနေနဲ့ သူတို့အတွက် ပိုမို အကျိုးပြုမယ့် ကိုယ်စားလှယ်လောင်းတွေကို စိတ်ကြိုက်ရွေးချယ်ဖို့ ဒီမိုကရေစီ အခွင့်အလမ်းများ ရရှိကြမှာ ဖြစ်ပါတယ်။”

အရင်တုန်းကလည်း မြန်မာနိုင်ငံမှာ ပါတီစုံ ရွေးကောက်ပွဲတွေ ကျင်းပခဲ့ဖူးတဲ့ အတွေ့အကြုံ ရှိခဲ့တဲ့အတွက် အခု ရွေးကောက်ပွဲတွေကိုလည်း အစီအစဉ်တကျ အောင်မြင်အောင် ကျင်းပသွားနိုင်မယ်ဆိုတာ ယုံကြည်တယ်လို့လည်း မြန်မာစစ်အစိုးရ နိုင်ငံခြားရေးဝန်ကြီးက ပြောသွားပါတယ်။ တဆက်တည်းမှာပဲ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲတွေ ဖြစ်မယ် ဆိုတာကိုလည်း သူက အာမခံ ပြောကြားခဲ့ပါတယ်။

“ကျနော်တို့ အနေနဲ့ ဘယ်လို အခက်အခဲမျိုးနဲ့ ရင်ဆိုင်ရသည်ဖြစ်စေ မိမိတို့နိုင်ငံ ပြည်သူများရဲ့ အကျိုးစီးပွားကို အကောင်းဆုံး ဖော်ဆောင်နိုင်မယ့် လွတ်လပ်ပြီး မျှတတဲ့ အထွေထွေ ရွေးကောက်ပွဲကို အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ကြိုးပမ်း ဆောင်ရွက်သွားဖို့ စိတ်ပိုင်းဖြတ်ထားပြီး ဖြစ်ပါတယ်။”

မြန်မာစစ်အစိုးရ နိုင်ငံခြားရေးဝန်ကြီး ကုလသမဂ္ဂ အထွေထွေ ညီလာခံမှာ မိန့်ခွန်းပြောကြားခဲ့တဲ့ တနေ့တည်းမှာပဲ ဆွစ်ဇာလန်နိုင်ငံ၊ ဂျီနီဗာမြို့မှာ မြန်မာနိုင်ငံ လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီရေး လှုပ်ရှားသူတွေကလည်း လူ့အခွင့်အရေးဆိုင်ရာ အခမ်းအနားတခုမှာ စကားပြောခဲ့ကြပါတယ်။

ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ အစည်းအဝေးတွေနဲ့ အချိန်ကိုက်ပြီး ကမ္ဘာ့ ခရစ်ယာန် ဘုရားကျောင်းများ ကောင်စီက ကြီးမှူးပြီးတော့ လူ့အခွင့်အရေးဆိုင်ရာ စုဝေးပွဲတခု လုပ်ခဲ့ကြတာပါ။ အဲဒီမှာ မြန်မာနိုင်ငံက ရွေးကောက်ပွဲတွေနဲ့ ပတ်သက်ပြီး ပြောဆိုခဲ့သူကတော့ အကျဉ်းကျ ၈၈ မျိုးဆက် ကျောင်းသားအဖွဲ့ ခေါင်းဆောင်တဦးဖြစ်သူ ကိုမြအေးရဲ့သမီး မဝေနှင်းပွင့်သုန်ပါ။ သူက ဗြိတိန်အခြေစိုက် မြန်မာ့အရေး လှုပ်ရှားမှုအဖွဲ့ Burma Campaign UK ရဲ့ စည်းရုံးလှုပ်ရှားရေးမှူးတဦး အနေနဲ့ စကားပြောခဲ့တာ ဖြစ်ပါတယ်။

“လူတော်တော်များများရဲ့ စိတ်ထဲမှာ သူတို့စဉ်းစားတာက ရွေးကောက်ပွဲ ပြီးတဲ့အခါကြရင် အခြေအနေတွေ အားလုံး ကောင်းသွားမယ်၊ ကျမတို့နိုင်ငံ အကုန်လုံး ကောင်းသွားမယ်လို့ ထင်ကြတယ်ဆိုတော့ သူတို့ကို အဓိကထားပြီး ပြောပြတာ ဒီရွေးကောက်ပွဲ ပြီးသွားရင် နိုင်ငံ့အခြေအနေ ကောင်းလာဖို့ ဆိုတာ လုံးဝမရှိဘူး။ ဘာဖြစ်လို့လဲဆိုတော့ စစ်အစိုးရဆိုတဲ့ ဥစ္စာကို ပြောင်းလဲသွားမယ့်ဟာ တခုက အင်္ကျီပဲ ပြောင်းလဲသွားမှာ။ စစ္အစုိးရ အက်ႌကေန အရပ္သားအက်ႌ ပြောင်းလဲရုံပဲရှိမယ်။ ဘာမှ ပြောင်းလဲဖို့ မရှိဘူးဆိုတဲ့အကြောင်း၊ ပြီးတော့ အခြေခံဥပဒေမှာပါတဲ့ ဥပဒေတွေ အကုန်လုံးက နိုင်ငံရေး အကျဉ်းသားတွေကို ထောင်ထဲမှာ ထည့်ထားဖို့၊ ဒေါ်အောင်ဆန်းစုကြည်ကိုလည်း အမြဲ အကျဉ်းချထားဖို့ဆိုတဲ့ဟာ ရှိပြီးသားဆိုတာ သူတို့ကို သေချာ ပြောပြခဲ့တယ်။”

မဝေနှင်းပွင့်သုန်ဟာ စက်တင်ဘာလ ၂၇ ရက်နေ့က ဗြိတိန်နိုင်ငံ၊ မန်ချက်စတာမြို့မှာ ကျင်းပခဲ့တဲ့ အတိုက်အခံ လေဘာပါတီရဲ့ ပါတီညီလာခံမှာလည်း မြန်မာနိုင်ငံ အခြေအနေတွေကို ပြောဆိုခဲ့ပါသေးတယ်။ အဲဒီညီလာခံမှာ သူစကားပြောပြီးတဲ့အခါ တက်ရောက်လာကြတဲ့ ဗြိတိန် လေဘာပါတီ ခေါင်းဆောင်တွေ၊ ပါတီဝင်တွေက မတ်တပ်ရပ်ပြီး လက်ခုပ်သြဘာ ပေးခဲ့ကြပါတယ်။

ကမ္ဘာ့ ခရစ်ယာန် ဘုရားကျောင်းများ ကောင်စီကတော့ လူ့အခွင့်အရေး ကိစ္စတွေကို အဓိက ဦးတည်ချက်ထား လုပ်ဆောင်နေတဲ့ ဘာသာရေးဆိုင်ရာ အဖွဲ့အစည်းတခုဖြစ်ပြီး စက်တင်ဘာလ ၂၈ ရက်နေ့က ဂျီနီဗာမှာလုပ်တဲ့ အစည်းအဝေးကို ကမ္ဘာတ၀န်း ခရစ်ယာန် ဘုရားကျောင်းတွေက ကိုယ်စားလှယ်တွေ တက်ရောက်ခဲ့ကြပါတယ်။ ဒီအဖွဲ့ တာဝန်ရှိသူတွေက မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေး ကိစ္စတွေကို အားစိုက်ပြီး တွန်းအားပေး လုပ်ဆောင်သွားမယ့်အကြောင်း ကတိပေးခဲ့ကြတယ်လို့ မဝေနှင်းပွင့်သုန်က ပြောပါတယ်။

“သူတို့က လူ့အခွင့်အရေးနဲ့ ပတ်သက်တဲ့ ကိစ္စတွေကို လုပ်နေတဲ့အခါကြတော့ မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီးတော့ သူတို့အနေနဲ့ အရမ်းလည်း နားလည်မှုရှိတယ်။ ကျမတို့ စကားပြောပြီးတဲ့ အချိန်မှာ သူတို့တုံ့ပြန်တာ ဘာလဲဆိုတော့ သူတို့အနေနဲ့ အရင်က သူတို့ လုပ်သင့်သလောက် မလုပ်တဲ့ဟာကို အရမ်းဝမ်းနည်းတဲ့အကြောင်း ကျမတို့ကို တောင်းပန်တယ်။ အဲဒီအတွက်လည်း သူတို့ ကတိပေးတယ်။ သူတို့ ရှေ့မှာ ပိုပြီးတော့ လုပ်သွားမယ်၊ ပြီးတော့ ပိုပြီးတော့ နားလည်အောင် နေ့တိုင်း ဖြစ်နေတဲ့ကိစ္စတွေ အကုန်လုံးကို သူတို့ စဉ်ဆက်မပြတ် လေ့လာပြီးတော့ နားထောင်နေမယ်၊ သတင်းမှာပဲဖြစ်ဖြစ်။ ပြီးတော့ အမြဲတမ်း လေ့လာနေမယ်၊ တခုခုလုပ်ဖို့ အမြဲတမ်း ကြိုးစားနေမယ်လို့ သူတို့ဘက်က ကတိတခုတော့ ကျမတို့ ရခဲ့တယ်။”

Burma Campaign UK အဖွဲ့က စည်းရုံး လှုပ်ရှားရေးမှူး မဝေနှင်းပွင့်သုန် ပြောသွားတာ ဖြစ်ပါတယ်။

သူနဲ့အတူ အဲဒီအစည်းအဝေးမှာ စကားပြောခဲ့သူ နောက်တဦးကလည်း Burma Campaign UK အဖွဲ့ကပဲ စည်းရုံးလှုပ်ရှားရေးမှူး တဦးဖြစ်တဲ့ မမေရီလှပါ။ သူကတော့ မြန်မာနိုင်ငံ၊ လူမျိုးစု တိုင်းရင်းသား ဒေသတွေ၊ အထူးသဖြင့် ကရင်လူမျိုးစုတွေရဲ့ ဒေသတွေမှာ မြန်မာစစ်အစိုးရ ကျူးလွန်နေတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို အဓိက ပြောခဲ့တယ်လို့ မမေရီလှက ဗွီအိုအေကို ပြောပါတယ်။Rest of your post

အပြည့်အစုံသတင်းဖတ်ရန်....

တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ ဒုတိယအကြိမ် လျှို့ဝှက်စည်းဝေး

Submitted by Karen Information Center on Tuesday, 28 September 2010
စက်တင်ဘာလ ၂၈ရက်။ စောသိန်းမြင့် (ကေအိုင်စီ)

စစ်အစိုးရကို တော်လှန်တိုက်ခိုက်နေသော တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များနှင့် နယ်ခြားစောင့်တပ် ဖွဲ့စည်းရေးကို ငြင်း ဆန်နေသော တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့ စုစုပေါင်း (၆)ဖွဲ့ စက်တင်ဘာလ ၂၄ရက်နေ့မှ ၂၆ရက်နေ့အထိ ဒုတိယအ ကြိမ် လျှို့ဝှက်အစည်းအဝေးတရပ် ပြုလုပ်ခဲ့သည်ဟု သိရသည်။

အဆိုပါ အစည်းအဝေးတွင် ကရင်အမျိုးသားအစည်းအရုံး(KNU) အပါအ၀င် ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP)၊ ချင်းအမျိုးသားတပ်ဦး(CNF)၊ မွန်ပြည်သစ်ပါတီ(NMSP)၊ ကချင်လွတ်မြောက်ရေးအဖွဲ့နှင့် ရှမ်းပြည်တပ်မတော်-မြောက်ပိုင်း (SSA-N)တို့ တက်ရောက်ဆွေးနွေးခဲ့ကြသည်ဟု သိရသည်။

တိုင်းရင်းသားအဖွဲ့များအနေဖြင့် အမြဲတမ်း တွေ့ဆုံနိုင်ရန်နှင့် ပိုမိုကျစ်လစ်သည့် အဖွဲ့အစည်းတခုဖြစ်ရန် အစည်းအဝေးတွင် ဆုံးဖြတ်ချက်ချနိုင်ခဲ့သည့်အပြင် စစ်အစိုးရက နယ်ခြားစောင့်ဖွဲ့စည်းရေးကို ငြင်းဆန်နေသည့် အပစ်ရပ် တိုင်းရင်းသားအ ဖွဲ့များအပေါ် စစ်ရေးအရ တိုက်ခိုက်လာမည်ဆိုပါက တပ်ပေါင်းစုကြီးအနေဖြင့် စစ်ရေးအရ ၀ိုင်းဝန်းကူညီသွားကြရန် သဘော တူညီမှုရရှိခဲ့သည်ဟု နီးစပ်သူများက ပြောသည်။

ထိုကိစ္စနှင့် ပတ်သက်၍ အသေးစိတ်သိရန် အစည်းအဝေးတွင် ပါဝင်သည့် အဖွဲ့တချို့ကို ဆက်သွယ်သော်လည်း ဖြေဆိုရန် ငြင်းဆန်ခဲ့သည်။

၎င်းတိုင်းရင်းသားအဖွဲ့များ၏ ပထမအကြိမ် အစည်းအဝေးကို ပြီးခဲ့သည့် မေလ ၂၂ရက်နေ့မှ ၂၃ရက်နေ့အထိ ထိုင်းနိုင်ငံ၊ ချင်း မိုင်မြို့၌ပင် ကျင်းပခဲ့ပြီး ကရင်အမျိုးသားအစည်းအရုံး(KNU) ၊ ချင်းအမျိုးသားတပ်ဦး(CNF)၊ ကရင်နီအမျိုးသားတိုးတက်ရေး ပါတီ (KNPP)၊ စစ်အစိုးရနှင့် အပစ်ရပ်ထားသည့် မွန်ပြည်သစ်ပါတီ(NMSP)၊ ကချင်ပြည်လွတ်မြောက်ရေးအဖွဲ့(KIO)တို့မှ စစ် ရေး၊ နိုင်ငံရေးဆွေးနွေးခဲ့ပြီး ရှမ်းပြည်တပ်မတော်-မြောက်ပိုင်း(SSA-N)သည် ယခုအကြိမ်တွင် ပထမဦးဆုံးအကြိမ် တက် ရောက်ဆွေးနွေးခဲ့ခြင်း ဖြစ်သည်။

ယခုတကြိမ် အစည်းအဝေးတွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့(၆)ဖွဲ့မှ စစ်ရေးအတွေ့အကြုံရှိသည့် ထိပ်ပိုင်းခေါင်းဆောင် များ တက်ရောက်ဆွေးနွေးခဲ့ကြသည်ဟု သိရသည်။Rest of your post

အပြည့်အစုံသတင်းဖတ်ရန်....

နွားလှည်းတော့ ယောင်လို့ တောင် မတက်လိုက်နဲ့ တခါတည်း အိမ်မက်ဆိုး မက်သွားမယ်

တာယာ(Tyre) ကို တခဏနဲ့ ပါးသွားစေမည့် ကွန်ကရစ်(concrete)လမ်း ..သေပြည်တော်သို့ ။

နေပြည်တော် ခရိုင်အတွင်းရှိ ကွန်ကရစ် လမ်းမကြီးများပေါ်တွင် မော်ဒယ်နိမ့်ကားများ မောင်းနှင်ပါက အရေးယူသွားမည်ဟု သိရ
နေပြည်တော်ခရိုင် အတွင်းရှိ ကွန်ကရစ်လမ်းမကြီးပေါ်တွင် မြို့တော်အင်္ဂါရပ်နှင့်မညီသည့် မော်ဒယ်နိမ့်ကားများ မောင်းနှင်ပါက မော်တော်ယာဉ်ဥပဒေအရ အရေးယူသွားမည်ဖြစ်ကြောင်း နေပြည်တော်ယာဉ်ထိန်း ရဲတပ်ဖွဲ့တာဝန်ရှိသူ တစ်ဦးထံမှ သတင်းရရှိသည်။


နေပြည်တော်ခရိုင် အတွင်းရှိ ကွန်ကရစ်လမ်းမကြီးများပေါ်တွင် မော်ဒယ်နိမ့်ကားများဖြစ်သည့် နေပြည်တော် တည်ဆောက်ရေးခွင် အတွင်း အလုပ်ဝင်နေသည့် အုတ်၊ သဲ၊ ကျောက်၊ မြေသယ်ယာဉ် အစရှိသည့်ကားများနှင့် ထော်လာဂျီများ မောင်းနှင်အသုံးပြုပါက မော်တော်ယာဉ် ဥပဒေအရ အရေးယူမည်ဖြစ်ပြီး ယခုလက်ရှိအချိန်တွင် ၎င်းကားများအား နေပြည်တော် စည်ပင်သာယာရေးကော်မတီမှ လမ်းမကြီးများပေါ်တက်မလာ စေရန် ပညာပေးဆောင်ရွက်မှုများ ပြုလုပ်လျက်ရှိကြောင်း သိရှိရသည်။


"အခုလက်ရှိကာလမှာ မော်ဒယ်နိမ့်ကားတွေ၊ ကုမ္ပဏီကြီးတွေက အုတ်၊ သဲ၊ ကျောက်၊ မြေကြီးသယ် ယာဉ်တွေ ဥပမာ TE 11 တို့၊ ချက်ပလက်ကားတို့ နောက်ပြီး အိတ်ဇောက မီးခိုးတအားထွက်နေတဲ့ ကားတွေ၊ အင်္ဂါမစုံလင်တဲ့ ကားတွေကို ကျွန်တော်တို့နေပြည်တော်ရဲ့ ကွန်ကရစ်လမ်းမကြီးတွေပေါ် တက်လာရင် ဥပဒေအရ အရေးယူသွားမှာပါ။ ၂၀၁၀ ပြည့်နှစ် နိုဝင်ဘာလမှာ ပြုလုပ်မယ့် ကျောက်မျက်ပြပွဲမှာလည်း နိုင်ငံခြားသားတွေ ပါ လာရောက်မှာဖြစ်တဲ့အတွက် ပုံစံမကောင်းတဲ့ကားတွေကို လမ်းမကြီးတွေပေါ် တက်မလာအောင်လည်း နေပြည်တော်စည်ပင်သာယာရေး ကော်မတီက ပညာပေးမှုတွေ ပြုလုပ်နေပါတယ်"ဟု နေပြည်တော်ယာဉ်ထိန်းတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ဆက်လက်ပြောကြားခဲ့သည်။Rest of your post

အပြည့်အစုံသတင်းဖတ်ရန်....

နအဖလက်အောက်ခံ ပြည်သူ့စစ်များသည် မြန်မာပြည် မူးယစ်ဆေးဝါးဘုရင်သစ်များ အဖြစ် ပေါ်လာနေသည်။

Wednesday, 29 September 2010 00:00 Press Release

ရှမ်းပြည်ရှိ နအဖလက်အောက်ခံ ပြည်သူ့စစ်များသည် မူးယစ်ဆေးဝါးကုန်ကူးမှု လုပ်ငန်း တွင် အဓိက လုပ်ကိုင်နေသူများ ဖြစ်ကြောင်း ရှမ်းသတင်းဌာန လေ့လာတွေ့ ရှိချက် အသစ်က ဆိုသည်။

ယနေ့ထုတ်ဝေသော ရှမ်းမူးယစ်ဆေးဝါးစောင့်ကြည့်ရေး စာစောင်တွင် မြန်မာစစ် အစိုးရ၏ မူးယစ်ဆေးဝါးတိုက်ဖျက်ရေး အစီအစဉ်မှာ သတ်မှတ်ထားသည့်အချိန်အတိုင်း မဖြစ်ဘဲ များစွာ နောက်ကျနေကြောင်း၊ ရှမ်းပြည်တွင် ၅၅ မြို့နယ်ရှိရာ ၄၆ မြို့နယ်တွင် ဘိန်းများဆက်လက်စိုက်ပျိုးနေဆဲ ဖြစ်သည်ဟုဆိုသည်။ ဒေသခံများက အစိုးရဆန့် ကျင်ရေး လှုပ်ရှားမှု မလုပ်လာနိုင်ရန်အတွက် မြန်မာစစ်တပ်က ဘိန်းခွန်များ ကောက်ယူကာ၊ ဒေသခံပြည်သူ့စစ်တို့ကို စိတ်ကြွဆေးများ အပါအ၀င်ဘိန်းကုန်ကူး ခွင့်ပေး ထားသည်။

ယခင်က တိုင်းရင်းသားလက်နက်ကိုင် အပစ်ရပ်အဖွဲ့များသည် အခွင့်ထူးခံများ အဖြစ်ဖြင့် ရှမ်းပြည်နယ်တ၀ှမ်းမူးယစ်ဆေး အဓိက ထုတ်လုပ်သူများ ဖြစ်ခဲ့သည်။ ယခုအခါတွင်မှု နအဖစစ် အစိုးရ၏ လက်အောက်ခံ ပြည်သူ့စစ်အဖြစ်ကိုငြင်းဆန် သော ၀သပ အဖွဲ့အပါအ၀င် အပစ်ရပ်ရေးအဖွဲ့တို့သည် စစ်အစိုးရ၏ ကန့်သတ်ချုပ်ချယ်မှုနှင့် ဖိအားများပေးမှုများကို ခံနေကြရသည်။

“၀တွေရဲ့ လေဟာနယ်မှာ နအဖ ပြည်သူ့စစ်တွေက နေရာဝင်ယူပြီး ထိုင်း-မြန်မာနယ်ခြားတလျှောက်မှာ ဘိန်းချက်စက်ရုံ အသစ်တွေတည်ကြတယ်။ ဒါတွေက နိုင်ငံရေးအရ အညံ့ခံလို့ နအဖက ပေးတဲ့ ဆုလာဘ်တွေပေါ့။ ဟုရှမ်းမူးယစ်ဆေးဝါး စောင့်ကြည့်ရေးအဖွဲ့မှ ခင်းဆိုင်ကျိုင်ရင်က ရှင်းပြတယ်။

ယခင်က မသိသေးသော မူးယစ်ဆေးဝါးကုန်ကူးသူများနှင့် ဒေသများသည် တိုးပွါး လာပြီး ပြည်သူ့စစ်များရှိရာ ဒေသ၊ ပြည်သူ့စစ်ခေါင်းဆောင်တို့၏ ဘိန်းချက်စက်ရုံများ၊ နေရာ၊ သူတို့နှင့် နီးစပ်သည့် နအဖစစ်အရာရှိ တို့ရှိရာကို မြေပုံတွင် ဖေါ်ပြထားသည်။ ရှမ်းပြည်မြောက်ပိုင်း တခုတည်းတွင် ပြည်သူ့စစ် အဖွဲ့မျိုးစုံ ၄၀၀ ခန့် ရှိသည်။

ဘိန်းစိုက်ပျိုးမှုတွေ တိုးလာသော်လည်း လွန်ခဲ့သည့် ၂၀၀၉ -၂၀၁၀ ဘိန်းရာသီတွင် ရာသီဥတုပြောင်းလဲပြီး ထူးထူးခြား ခြား ခြောက်သွေ့သော ကြောင့် ဘိန်းထွက်မှု ကျဆင်းခဲ့ရသည်။

ရှမ်းမူးယစ်ဆေးဝါး စောင့်ကြည့်ရေးစီမံကိန်းကို ရှမ်းသံတော်ဆင့်သတင်းဌာနမှ ဆောင်ရွက်လျက်ရှိသည်။ ၎င်းမှ ရှမ်းပြည် အတွင်း မူးယစ်ဆေးဝါးအခြေအနေနှင့် ပတ်သက်၍ အချိန်အခါအလိုက် အစီရင်ခံစာများ၊နှစ်ပတ်လည်စာစောင် များ ထုတ်ဝေသည်။Rest of your post

အပြည့်အစုံသတင်းဖတ်ရန်....

မြန်မာ့နိုင်ငံအရေး သတင်း အမှန်တင်နေသော အင်တာနက်စာမျက်နှာများ တိုက်ခိုက်မှူတွင် တရုတ်ပါဝင်နိုင်။


Cyber Attack တရုတ် လက်ချက်လား ဧရာဝတီ Tuesday, September 28, 2010
ပြည်ပအခြေစိုက် မြန်မာ သတင်းဌာနများ၏ ဝက်ဘ်ဆိုက်များ တိုက်ခိုက်ခံရမှုသည် တရုတ်နိုင်ငံမှ IP (ကွန်ပျူတာ ကိုယ်ပိုင် နံပါတ်) လိပ်စာများဖြင့် အများဆုံး တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။

under-attackဧရာဝတီ သတင်းဌာန၏ ဝက်ဘ်ဆိုက်များကို တရုတ်နိုင်ငံမှ တဆင့် အများဆုံး တိုက်ခိုက်ခဲ့ခြင်း ဖြစ်ပြီး အမေရိကန်နှင့် သြစတြေးလျ နိုင်ငံ တို့မှ IP လိပ်စာများလည်း ပါဝင်သည်ဟု မန်နေဂျာဖြစ်သူ ကိုဝင်းသူက ပြောသည်။

“၂၀၀၈ ခုနှစ် စက်တင်ဘာ လထဲမှာတုန်းက ပမာဏ 1 Gb နဲ့ အတိုက်ခံရတယ်၊ အခုတကြိမ်က 4 Gb ဆိုတော့ အရင်ထက် ၄ ဆ ပိုပြင်းတယ်”ဟု ဧရာဝတီ သတင်းဌာန၏ မန်နေဂျာက ပြောဆိုသည်။

မြန်မာသတင်းဌာနများဖြစ်သော ဧရာဝတီ၊ ဒီမိုကရက်တစ် မြန်မာ့အသံ (DVB) နှင့် မဇ္ဈိမ သတင်းဌာန များ၏ ဝက်ဘ်ဆိုက် များကို တနင်္လာနေ့ နံနက်ပိုင်း ၁၂ နာရီခွဲခန့်ကတည်းက DDoS (Distributed Denial of Service) နည်းစနစ်ဖြင့် တိုက် ခိုက်ခဲ့ခြင်းဖြစ်ကာ ၂၀၀၈ ခုနှစ်အတွင်း ပထမအကြိမ် တိုက်ခိုက်ခြင်းထက် ပိုမိုပြင်းထန်ကြောင်း သတင်းဌာနများက ပြော ဆိုသည်။

DDoS တိုက်ခိုက်ခြင်းသည် ပစ်မှတ်တခုတည်းကို မြောက်မြားစွာသော ကြားခံစနစ်များ အသုံးပြုကာ တိုက်ခိုက်ခြင်းဟု လည်းကောင်း၊ ဝက်ဘ်ဆိုက်၏ ခံနိုင်စွမ်းရည်ထက် ကျော်လွန်သော ဝင်ရောက်သူများ ဖန်တီးလိုက်သောကြောင့် တခါး ကျဉ်းကျဉ်းတွင် လူများ စုပြုံတိုးသကဲ့သို့ ဖြစ်သွားကာ မည်သူမှ ဝင်ရောက်၍ မရတော့ခြင်းဖြစ်ကြောင်း သတင်းဌာန များက ဥပမာပေး ပြောဆိုသည်။

ဧရာဝတီ သတင်းဌာန၏ အယ်ဒီတာဖြစ်သူ ကိုအောင်ဇော်က ယခုတိုက်ခိုက်မှုသည် နိုင်ငံရေးအရတွန်းအားပေးခြင်း ဖြစ်နိုင်ကြောင်း၊ ၎င်းတို့အနေဖြင့် သေချာစွာ ပြင်ဆင်ထားရန်လိုကြောင်း၊ ထို့အတွက် စွမ်းအားများ၊ အရင်းအမြစ်များလည်း ထပ်မံ လိုအပ်ဦးမည် ဖြစ်ကြောင်း ပြောဆိုသည်။

“အစိုးရရဲ့ နည်းပညာတွေက ပိုပြီးတော့မှ အဆင့်မြင့်လာတယ်၊ အဲဒါကြောင့် ကျနော်တို့ရဲ့ လုံခြုံရေး အစီအစဉ်တွေကို အသေအချာ စီစဉ်ထားရပါလိမ့်မယ်”ဟု ကိုအောင်ဇော်ကပြောသည်။

မဇ္ဈိမ သတင်းဌာနကိုလည်း ပမာဏ 6 Gb ဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး တရုတ်၊ ရုရှား၊ အမေရိကန် နှင့် တူရကီ နိုင်ငံတို့၏ IP လိပ်စာများဖြင့် တိုက်ခိုက်ခဲ့သည်ဟု အယ်ဒီတာဖြစ်သူ ကိုစိန်ဝင်းက ပြောသည်။

“တိုက်ခိုက်တဲ့သူတွေက ဝက်ဘ်ဆိုက်ကို အကြိမ်ပေါင်း သန်းနဲ့ချီတဲ့ ဝင်ရောက်မှုတွေ လုပ်လိုက်တယ်၊ အဲဒီအချိန်မှာ ကျနော်တို့ ဝက်ဘ်ဆိုက်ကြီး လေးပြီး ကျသွားတော့တာပဲ”ဟု ကိုစိန်ဝင်းက ဆိုသည်။

အလားတူ တိုက်ခိုက်မှုမျိုး ခံခဲ့ရသည့် DVB သတင်းဌာနကိုမူ ရုရှား၊ ဂျော်ဂျီယာ၊ အစ္စရေး၊ ကာဇက်စတန်၊ ယူကရိန်း နှင့် ဗီယက်နမ်နိုင်ငံတို့၏ IP လိပ်စာများဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ထိုင်းဌာနခွဲ တာဝန်ခံ ကိုတိုးဇော်လတ်က ပြောသည်။

“အခုတကြိမ် တိုက်တာက လာမယ့်ရွေးကောက်ပွဲမှာ တိုက်ဖို့အတွက် စမ်းသပ်နေတဲ့သဘောပဲဗျ၊ ဘယ်လောက် အထိ သူတို့ဘက်က တိုက်နိုင်လဲ၊ ကျနော်တို့ဘက်က ဘယ်လောက် တောင့်ခံနိုင်လဲဆိုတာ စမ်းတဲ့သဘောပဲ”ဟု ကိုတိုးဇော်လတ် က ဆိုသည်။

ရွေးကောက်ပွဲကို နိုဝင်ဘာလ ၇ ရက်နေ့တွင် ကျင်းပမည်ဟု စစ်အစိုးရက ကြေညာထားပြီး နိုင်ငံတကာ ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာသူများကို နိုင်ငံအတွင်း ဝင်ခွင့်ပိတ်ပင်ထားသည်။

၂၀၀၈ ခုနှစ် ရွှေဝါရောင်တော်လှန်ရေး၏ ပထမ နှစ်ပတ်လည်ကာလတွင်လည်း မြန်မာသတင်းဌာနများကို ယခုကဲ့သို့ တိုက်ခိုက်ခြင်းမျိုးများ ရှိခဲ့ကြောင်း ယခုအကြိမ်တိုက်ခိုက်မှုသည်လည်း ရွှေဝါရောင်တော်လှန်ရေး သုံးနှစ်မြောက် ကာလ အဖြစ် တိုက်ခိုက်ခြင်းလည်း ဖြစ်နိုင်သည်ဟု လေ့လာသူများက ပြောဆိုကြသည်။Rest of your post

အပြည့်အစုံသတင်းဖတ်ရန်....

ရန်ကုန်မြို့တွင် မဲပေးခွင့်မရသူ သိန်းချီရှိနိုင်

မျိုးဝင်းဇော် / ၂၈ စက်တင်ဘာ ၂၀၁၀
စစ်အစိုးရ ရွေးကောက်ပွဲကော်မရှင်၏ မဲစာရင်းပြုစုပုံ မမှန်ကန်ခြင်း၊ နိုင်ငံရေးပါတီများ စစ်ဆေးခွင့် မရခြင်းတို့ကြောင့် ရန်ကုန်မြို့တွင်ပင် မဲပေးခွင့်မရသူ သိန်းချီ ကျန်ရစ်နိုင်ကြောင်း ရွေးကောက်ပွဲ စောင့်ကြည့်သူများနှင့် နိုင်ငံရေးသတင်းအယ်ဒီတာများက ပြောသည်။

ပြည်တွင်းမှ ရွေးကောက်ပွဲ စောင့်ကြည့်သူတဦးက “အလုံမြို့နယ်က ဘီယာဆိုင်ကြီးတဆိုင် ဆိုပါတော့၊ သူ့မှာ နယ်က အလုပ်လာလုပ်နေတဲ့ အလုပ်သမားပေါင်း (၆ဝ) ကျော်ရှိတယ်။ စားပွဲထိုး၊ မီးဖိုချောင်၊ သန့်ရှင်းရေး၊ လုံခြုံရေး အားလုံးပါတယ်။ အဲဒီလူတွေက ဧည့်စာရင်းနဲ့ နေကြတယ်။ သူတို့တွေအားလုံး တယောက်မှ မဲပေးပိုင်ခွင့်ရှိသူ စာရင်းထဲမှာ မပါဘူး။ ဒီမှာရောက်နေတော့ သူတို့ ရပ်ရွာ မဲစာရင်းမှာလည်း မပါဘူး။ ပိုင်ရှင် သူဌေးကလည်း စီးပွားရေး လုပ်နေသူဆိုတော့ အဲဒီကိစ္စ ကော်မရှင်မှာ သွားပြောရကောင်းမှန်း မသိဘူး။ သိလည်း သွားမပြောရဲဘူး။ အလားတူ စားသောက်ဆိုင်တွေ၊ အလုပ်ရုံတွေ၊ စက်ရုံတွေ ရန်ကုန်ဧရိယာမှာ အများကြီးရှိတယ်။ ကျနော်တို့ စုံစမ်းလို့ ရသမျှ နယ်က အလုပ်လာလုပ်တဲ့ အဲဒီ သိန်းနဲ့ချီတဲ့ အလုပ်သမားတွေ မဲစာရင်းထဲမှာ မပါဘူး” ဟု ပြောသည်။

စစ်အစိုးရက စက်တင်ဘာ (၂ဝ) ရက်နေ့၌ မဲစာရင်း ထုတ်ပြန်ပေးခဲ့ပြီး မဲစာရင်းတွင် မပါသည့် ပြည်သူများအနေဖြင့် လူကိုယ်တိုင် သက်ဆိုင်ရာ ကော်မရှင်ထံသွားပြီး ပုံစံ (၃) ဖြင့် လျှောက်ထားရမည် ဖြစ်သည်။

မဲစာရင်းထဲတွင် ထည့်သွင်းပေးရန် အချိန်ကာလကို စက်တင်ဘာ (၂၆) ရက်နေ့ နောက်ဆုံး အချိန်ပေးထားသော်လည်း အမြို့မြို့ အနယ်နယ်ရှိ ရပ်ကွက် ကော်မရှင်ရုံးတို့တွင် လာရောက်လျှောက်ထားသူ မရှိသလောက်ဖြစ်ကြောင်း သိရသည်။

ပြည်တွင်း နိုင်ငံရေးသတင်းအယ်ဒီတာ တဦးက “အရင်ခေတ်တုန်းကဆို မဲစာရင်း မှန်မမှန် နိုင်ငံရေးပါတီတွေက စစ်ဆေးခွင့် ရှိကြတယ်။ အခု ရွေးကောက်ပွဲ နည်းဥပဒေမှာ အဲလို ပြဋ္ဌာန်းတာမျိုး မပါဘူး။ ဒါကြောင့် ဘာလုပ်မလဲလို့ နိုင်ငံရေးပါတီတွေကို မေးတဲ့အခါ ပါတီ (၃) ခု လောက်က မဲစာရင်းတွေကို ရွေးကောက်ပွဲကော်မရှင်ထံကနေ အခမဲ့ တောင်းတယ်လို့ ဖြေတယ်။ ဒါပေမယ့် ဘယ်သူမှ မရကြဘူး။ မဲစာရင်းကို ကိုယ့်ဘာသာကိုယ် ကူးပြီး စာရင်းတိုက်ဖို့ဟာလည်း လူ (၁) သိန်းလောက်ရှိတဲ့ မဲဆန္ဒနယ်မြေ တခုတည်းတင် ငွေကျပ် သိန်း (၂ဝ) လောက် ကုန်မှာမို့ ဘယ်ပါတီမှ မလုပ်နိုင်ကြဘူး” ဟု ပြောသည်။

ထို့အပြင် မဲစာရင်းတွင် မပါသည့် ပြည်သူများက မဲစာရင်းပါစေရန် အကူအညီ လာတောင်းပါက လုပ်ပေးမည်ဟု နိုင်ငံရေးပါတီများက ကြေညာထားသော်လည်း (၂၆) ရက်နေ့ ကျော်သွားသည်အထိ အကူအညီ သွားတောင်းသည့်ပြည်သူ တယောက်မှ မရှိကြောင်း၊ မဲရုံတို့တွင် ကိုယ့်နာမည် ပါမပါ သွားကြည့်သည့် ပြည်သူ အလွန်နည်းကြောင်းလည်း ၎င်းက ပြောသည်။

ရွေးကောက်ပွဲကော်မရှင်ကလည်း တိုင်းနှင့်ပြည်နယ်အလိုက် မဲပေးပိုင်ခွင့်ရှိသူ စာရင်း၊ တနိုင်ငံလုံး အတိုင်းအတာ မဲပေးပိုင်ခွင့်ရှိသူ စာရင်းတို့ကို လူသိရှင်ကြား ထုတ်ပြန်ကြေညာခြင်း မလုပ်သည့်အပြင် တနိုင်ငံလုံးတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် အမတ်လောင်းများနှင့် ပတ်သက်သည့် အချက်အလက်များကိုလည်း ထုတ်ပြန်ပေးခြင်း မရှိကြောင်း သိရသည်။

ပြည်သူများအနေဖြင့် ၎င်းတို့အမည် မဲစာရင်းထဲ ပါမပါ လာရောက်ကြည့်ရှုသူ အလွန်နည်းခြင်းကြောင့် ယခု ရွေးကောက်ပွဲတွင် စိတ်ဝင်စားမှု မရှိသည်ကို ဖော်ပြနေကြောင်း ရန်ကုန်မြို့ခံ အသိုင်းအဝိုင်းက ဝေဖန်ပြောဆိုနေကြသည်။ Rest of your post

အပြည့်အစုံသတင်းဖတ်ရန်....

Tuesday, September 28, 2010

မယ်လဒုက္ခသည်စခန်းမှ မိသားစုဝင်တချို့ ဂျပန်ရောက်ပြီ

ဂျပန်အစိုးရနှင့် နိုင်ငံတကာရွှေ့ပြောင်းနေထိုင်ရေးအဖွဲ့ (IOM)တို့၏ စီစဉ်ဆောင်ရွက်ပေးမှုဖြင့် တတိယနိုင်ငံ(ဂျပန်)တွင် အခြေချနေထိုင်ခွင့်ရသော ထိုင်း-မြန်မာ နယ်စပ်ဒုက္ခသည်စခန်းမှ မိသားစု ၅ စု (လူဦးရေစုစုပေါင်း ၂၇ ဦး) အနက် အိမ်ထောင်စု ၃ စု (လူဦးရေ ၁၈ ဦးသာ)ဂျပန်နိုင်ငံသို့ ပထမဦးဆုံးအသုတ်အနေဖြင့် ယနေ့နံနက် ၇:၁၀ မိနစ်တွင် JAL လေကြောင်းလိုင်းဖြင့် ရောက်ရှိလာပြီ် ဖြစ်ကြောင်း သိရှိရသည်။
ဂျပန်နိုင်ငံသို့လာရောက်အခြေချနေထိုင်ခွင့်ရှိသော ကရင်မိသားစုများ (ဓါတ်ပုံ-မျိုးမြင့်ဆွေ)

မူလအစီအစဉ်အရ မိသားစု ၅ စုစလုံး လာရောက်ဖို့စီစဉ်ထားသော်လည်း၊ မိသားစု ၂ စုမှာ နေထိုင်မကောင်းဖြစ်နေသောကြောင့် တပါတည်းလိုက်ပါလာနိုင်ခြင်းမရှိပဲ ကျန်ရှိခဲ့ခြင်း ဖြစ်ကြောင်း သွားရောက်ကြိုဆိုရေးအဖွဲ့တွင် ပါဝင်သူတစ်ဦးဖြစ်သည့် ကိုမျိုးမြင့်ဆွေ၏ ပြောပြချက်အရသိရှိရသည်။
ဂျပန်နိုင်ငံသို့ လာရောက်အခြေချနေထိုင်ခွင့်ရှိသော ကရင်မိသားစုများ(ဓါတ်ပုံ-မျိုးမြင့်ဆွေ)

ဂျပန်သို့လာရောက်အခြေချသည့်သူများမှာ မယ်လဒုက္ခသည်စခန်းမှ ကရင်မိသားစုများဖြစ်ပြီး၊ အဆိုပါ မိသားစုများကို ဂျပန်အစိုးရပိုင်းမှ တာဝန်ရှိသူများကလည်း ကြိုဆိုကြပြီး ကြိုဆိုရေးအဖွဲ့ တာဝန်ခံများ စီစဉ်ထားသည့်နေရာတွင် နေထိုင်ကြမည်ဖြစ်သည်။ အခြေချနေထိုင်ခွင့်ရသည့် ကရင်ဒုက္ခသည် မိသားစုများ၏ စားဝတ်နေရေးအတွက် ဂျပန်အစိုးရမှ (၆လ သာ တာဝန်ယူမည်ဖြစ်ပြီး သတ်မှတ်ကာလ ကျော်သွားပါက မိမိအစီအစဉ်ဖြင့်ဂျပန်တွင်ရပ်တည်သွားကြရမည်ဖြစ်ကြောင်း သိရှိရသည်။

ကရင်ဒုက္ခသည် မိသားဝင်တွေနဲ့ကိုမျိုးမြင့်ဆွေ(အင်္ကျီပန်းရောင်နှင့်အိတ်ကိုင်ထားသူ)

မိုးသောက်ကြယ်စာကြည့်တိုက်ကထုတ်ပြန်တဲ့ သတင်းကိုပြန်ပွားသည်။
Rest of your post

အပြည့်အစုံသတင်းဖတ်ရန်....

မလွတ်လပ်သေးသော မြန်မာနိုင်ငံ

(ဗွီဒီယို လင့်ကို ဆက်ကြည့်)


The issue of Political Prisoners and Burma has taken centre stage today at the annual British Labour Party conference being held in Manchester, UK. The short film made about this political prisoner work was shown as an introduction to the most incredible speech ever given in this country by anyone at any political conference or meeting about Burma. Waihnin Pwint Thon, daughter of jailed 88 Generation Student leader Ko Mya Aye, and one of the leading campaigners for Burma and political prisoners in her own right, gave an extraordinarily powerful speech that not only defied her young age, but deserved the lengthy standing ovation it received.
waihnin speech labour party conference 2010.mov.temp

waihnin speech labour party conference 2010.mov.temp

This movie requires Adobe Flash for playback.

Dressed in white out of memory for her father and his colleagues of the 88 Generation Students, she brought back memories of the famous speech Daw Aung San Suu Kyi delivered at the west gates of the Shwedagon Pagoda on 26th August 1988. Today Waihnin delivered a powerful speech that elevated the issue of Burma to centre stage of the newly formed Labour Party at this most crucial time with elections fast approaching and on the day the UN General Assembly meets to discuss Burma.

Please forward this link to everyone, everywhere.

Waihnin Pwint Thon demands the release of her father Mya Aye

Copyright © ENIGMA IMAGES and not to be reproduced without permission.
All Rights ReservedRest of your post

အပြည့်အစုံသတင်းဖတ်ရန်....

"အကုန်ထအုံကြွ" မယ်ဆိုတဲ့ တောင်ကိုရီးယားက မျိုးချစ်မြန်မာများ


တောင်ကိုရီးယားမှ ထုတ်လုပ်ဖြန့် ချီမည့် “အကုန်ထအုံကြွ”တေးသီချင်းစီဒီကြော်ငြာ

ကိုရီးယားနိုင်ငံရောက် မျိုးချစ်မြန်မာများအတူတကွ ပူးပေါင်းပြီးစီစဉ်တင်ဆက်ထားသည့် အကုန်ထအုံကြွဟုအမည်ပေးထားတဲ့ ပြည်သူ့ရင်ဖွင့်သံတေးစု(၂)တေးသီချင်းစီဒီကိုနအဖစစ်အုပ်စုရဲ့ ၂၀၁၀ ရွေးကောက်ပွဲမတိုင်ခင် လာမည့် အောက်တိုဘာလ (၃)ရက် တနင်္ဂနွေနေ့တွင် စတင်ထုတ်ဝေ ဖြန့်ချီမည်ဟု စီစဉ်ထားကြောင်းသိရပါတယ် ။
ထိုတေးသီချင်းစီဒီထဲတွင် တချိန်ကနာမည်ကြီးလူကြိုက်များပြီးအများပါးစပ်ဖျားဝယ် ရေပန်းစားခဲ့သည် မြန်မာ့ခေတ်ဟောင်းတေးသီချင်းများဖြစ်သည့်သုံးပန်လှ ၊ရိုင်းတဲ့စင်ယော်၊ ဥုံဖွ၊ ရွှေသုန္ဒရီ၊ လည်လည်သွားမယ်၊ မမပုသိမ်သူ၊ ရောင်ပေစူး၊ ရန်ကုန်သူ၊ အစရှိသည့်တေးသီချင်း(၈)ပုဒ်ရဲ့ တေးသွားသံစဉ်နှင့်အလိုက်ကိုယူပြီးအထူးသဖြင့် နအဖစစ်အုပ်စုရဲ့ ကလိမ်စေ့ငြမ်းဆင် လိမ်ညာလှည့်စား ထားပြီး မကြာခင်လပိုင်းအတွင်း ကျင်းပပြုလုပ်ရန် ပြင်ဆင်ထားသည့် ၂၀၁၀ ရွေးကောက်ပွဲကို ကန့်ကွက်ရှုတ်ချထားကာလှောင်ပြောင် သရော်ထားသည့် စာသားများဖြင့်ထည့်သွင်းကာ ပြန်လည် သီကုံးထားပြီး တင်ပြသီဆိုထားခြင်းဖြစ်ပါတယ်သီချင်းစာသားများကိုရဲနိုင်ဝင်း(ရွှေကျွန်း)မှ တကိုယ်တော်ပင်တိုင် ရေးသားသီကုံးထားပြီး ၊ တေးသီချင်း များကိုအာကြယ်၊၀င်းလှိုင်(နန်းတော်ရှေ့)နှင့် အာဗြဲတို့ကအထူးခံစား သီဆိုသရော်ထားကြပြီး တောင်ကိုရီးယားနိုင်ငံဆိုးလ်မြို့တော်ရှိ Sound 21စတူဒီယိုတွင် ခေတ်မီအသံဖမ်းစက်ကရိယာများဖြင့် အကောင်းဆုံးဖြစ်အောင် အသံသွင်းဖမ်းယူထားကြောင်းသိရပါတယ်။
တေးရေးဆရာရဲနိုင်ဝင်း(ရွှေကျွန်း)နှင့်အဆိုရှင်များဖြစ်ကြသည့်အာကြယ်နှင့် အာဗြဲတို့အတွဲဟာ လွန်ခဲ့ သည့် ၂၀၀၇ ခုနှစ်ကလည်း ခြစားယို့ယွင်းမြန်မာ့ရှု့ခင်းလို့အမည်ရှိတဲ့ ပြည်သူ့ရင်ဖွင့်သံတေးစု(၁)ကို စတင်ထုတ်ဝေဖြန့်ချီခဲ့ပြီး နအဖစစ်အုပ်စုကိုအကွက်ကျကျအချက်ကျကျဖြင့် လှောင်ပြောင်သရော်ထားသည့် သူတို့ရဲ့တေးသီချင်းများသည် ကမ္ဘာအနှံအပြားရှိ မြန်မာနိုင်ငံသားများအတွင်းမှာ အောင်မြင်ကျော်ကြား ရေပန်းစားခဲ့သည့် တေးသီချင်းများအဖြစ် မှတ်တမ်းတင်ထားနိုင်သူများဖြစ်ခဲ့ပါတယ်၊
ယခုတကြိမ် "အကုန်ထအုံကြွ" ပြည်သူ့ရင်ဖွင့်သံတေးစု(၂)အား စီဒီတစ်ချပ်လျှင်တောင်ကိုရီးယား နိုင်ငံအတွင်းမှာ ကိုရီးယားဝမ်(၅၀၀၀)နှုန်းဖြင့် ဖြန်ချီရောင်းချပေးမှာ ဖြစ်ပြီးကမ္ဘာအနှံအပြားမှာ ရောက်ရှိနေထိုင်နေကြသည့် မြန်မာနိုင်ငံသားများမှ အလိုရှိလျင် စီဒီတချပ်လျင် အမေရိကန်ဒေါ်လာ (၅)ဒေါ်လာ နှုန်းဖြင့် ရောင်းချပေးသွားမှာဖြစ်ပါတယ်၊ ပေးပို့ရမည့် နိုင်ငံအလိုက် စာတိုက်ပို့ခကြေးကို ထည့်ပေါင်းပေးဆောင်ရမည်မှာဖြစ်ပါတယ်၊ ရရှိလာမည့် အကျိုးအမြတ်အားလုံးကိုမြန်မာပြည်တွင်းရှိ မြန်မာပြည်သူများအကျိုးကို ဆောင်ရွက်နေသည့် လူမှုရေးအဖွဲ့အစည်းများအားပေးပို့လှုဒါန်းကူညီ သွားမှာ ဖြစ်သည့်အတွက်ကြောင့် မြန်မာပြည်သူ ပြည်သားများအနေဖြင့် ၀ယ်ယူအားပေးခြင်းဖြင့် အတူတကွ ကုသိုလ်ပါဝင်ကြပါရန်လည်းတိုက်တွန်းနှိုးဆော်အပ်ပါတယ်
တောင်ကိုရီးယားနိုင်ငံရောက် မျိုးချစ်မြန်မာတွေစီစဉ်တာဆိုရင် သူများတွေနဲ့မတူတမူထူးခြားတတ်တာမို့ ကမ္ဘာအနှံအပြားက မြန်မာတို့အနေနဲယခု "အကုန်ထအုံကြွ" လို့အမည်ပေးထားသည့် တေးသီချင်းစီဒီကို အမြဲတမ်းနားဆင်ဖို့နှင့် အမှတ်တရသိမ်းဆည်းထားဖို့ စိတ်ဝင်စားတယ်ဆိုရင်တော့ ကိုရန်နိုင်ထွန်း (ဖုံးနံပါတ်+၈၂+၁၀-၈၇၂၃-၄၇၇၃)ကို အချိန်မရွေးဆက်သွယ်နိုင်ပြီး အီးမေလ်းအနေနဲ့ဆိုရင် yannainghtunkorea@gmail.comကိုစာရေးမှာကြားနိုင်သလို "အကုန်ထအုံကြွ" ပြည်သူ့ရင်ဖွင့်သံ တေးစုနှင့်ပတ်သက်၍ အသေးစိတ် သိရှိလိုသူများအနေဖြင့် တေးရေးဆရာရဲနိုင်ဝင်း(ရွှေကျွှန်း) (ဖုံးနံပါတ်+၈၂+၁၀-၄၇၉၉-၄၃၂၂)နှင့် တေးသံရှင်ဝင်းလှိုင်(နန်းတော်ရှေ့) (ဖုံးနံပါတ်+၈၂+၁၀-၅၁၈၀- ၂၂၀၈) တို့ကိုလည်းဆက်သွယ် မေးမြန်းနိုင်ပါတယ်လို့ သိရှိရပါသည်၊Rest of your post

အပြည့်အစုံသတင်းဖတ်ရန်....

Monday, September 27, 2010

ဗမာနိုင်ငံ ဒီမိုကရေစီရေး တက်ကြွလှုပ်ရှားသူများ တပ်ပေါင်းစု ကြေငြာချက်

အပြည့်အစုံသတင်းဖတ်ရန်....

မှန်တာလေးတွေ အပြောခံရတော့ ရှက်ရမ်းလေးရမ်းတာပါ ။Mass cyber-attack paralyses Burmese media

နအဖ မမှန်ကြောင်း ၊ လိမ်နေကြောင်း၊ အမှန်တွေကို နအဖက ဖုံးကွယ်ထားကြောင်း ကို ပွင့်ပွင့်လင်းလင်းတင်ပြတဲ့ မြန်မာ့ အင်တာနက်သတင်းဌာနတွေ မနေ့ က အတိုက်အခိုက်ခံရပါတယ်။ အထက်လမ်းနည်းနဲ့ လည်း အကြမ်းဖက်တယ် အောက်လမ်းနည်းနဲ့ လည်း ထမိန်ခြုံတိုက်နေတဲ့ နအဖပါ။

Mass cyber-attack paralyses Burmese media thumbnail
Location of top 20 sources for 20 Sept attack on DVB, with the main source being Georgia (DVB)
By FRANCIS WADE
Published: 27 September 2010

Websites belonging to exiled Burmese media organisations have been hit with cyber-attacks on the anniversary of the September 2007 uprising.

It mirrors a similar incident in 2008 on the first anniversary of the uprising, also known as the Saffron Revolution, which became Burma’s biggest show of defiance since the 1988 student protests.

Websites belonging to The Irrawaddy magazine, Mizzima and DVB – all exiled media groups founded by former activists – were today attacked using DDoS, or distributed denial-of-service, which fires thousands of malformed web connections against the site.

The strategy has become the Burmese junta’s key weapon of cyber warfare, despite many countries outlawing it – in the UK, conviction of DDoS can carry a 10-year prison sentence. But the laws are comparatively relaxed in a number of other countries, and a similar, but less serious, attack on the DVB website on 20 September used equipment in Russia, Georgia, Vietnam, Israel and Kazakhstan, amongst others.

Concerns will arise as to possible tactics used to control the flow of information around the 7 November elections, with the country already tightening its borders to restrict journalists and observers from entering during the politically sensitive polling time – the government-appointed Election Commission (EC) has already made it clear that foreign election monitors are banned from the country.

But with much of the scenes and details of the Saffron Revolution already in the public sphere, not to mention the Oscar-nominated Burma VJ documentary that covered media and the protests, questions are being asked of the motive behind today’s assault.

“We don’t know why they attacked today,” said Kyaw Zwa Moe, managing editor of The Irrawaddy. “It’s more serious because of the elections in five or six weeks, and this attack is much more powerful than previous ones.

“I think they organised this attack in advance to prepare for the elections. Exiled media will cover extensively the elections so they’re testing the water with the exiled media.”

It appears part of a coordinated effort to bring down the websites, and today’s attack was “very big”, according to the executive director of DVB, Aye Chan Naing, who warned that more are likely to come.
Author: FRANCIS WADE Category: Elections, News, Politics Rest of your post

အပြည့်အစုံသတင်းဖတ်ရန်....

ဒါလေးဖတ်ကြည့်ပါဦး

ပြန်ပေးဂိုဏ်းခေါင်းဆောင် တရားသူကြီး Monday, 27 September 2010 13:45 စစ်ထက်နိုင်

၂၀၁၀ ခုနှစ် ဇူလိုင်လ ( ၂၁ ) ရက်နေ့တွင် မူဆယ်မြို့ ၊ ခရစ်ယာန်ရပ်ကွက် ( ၀က်သတ်ကုန်း ) ၊ အမှတ် ( ၂၂၅ ) နေ ကိုတူးလွန် ( ခ ) ဖေါ်တူးဂမ် မှ ၄င်း၏အမဖြစ်သူ၏ သားနှင့်ချွေးမဖြစ်သော နော်လွမ် နှင့် ထူဆမ် တို့အား KIA မှ ဖမ်း ဆီးသွားကြောင်း မူဆယ်ရဲတပ်ဖွဲ့စခန်းတွင် အမှုဖွင့်တိုင်ကြားသည့် ဖြစ်ရပ် တခု ပေါ်ပေါက်ခဲ့ပါသည်။

ဖြစ်ပွားခဲ့ပုံမှာ ၂၀၁၀ ခုနှစ် ဖွန်လ ( ၂၂ )ရက်နေ့ နေ့လည် ( ၁ ) နာရီ အချိန်တွင် ကိုတူးလွန် ( ခ ) ဖေါ်တူးဂမ် ၏တူမ မထုဆမ် သည်တစ်ရပ်ကွက်တည်းနေ ဒေါ်ခေါင်ဆုပ်၏ နေအိမ်သို့ နေ့စဉ် အ၀တ်လျှော်နေကြအတိုင်း အ၀တ်လျှော်ရန် သွားရောက်ခဲ့ပြီး မထုဆမ်၏ ယောင်္ကျားဖြစ်သူ နော်လွမ် မှကလေးငိုနေသဖြင့်ကလေးနို့တိုက်ရန် ၄င်း၏ဇနီးထံသို့ သွား ရောက်ပို့ဆောင်ပေးခဲ့ပါသည်။

ကလေးနို့တိုက်အပြီး နော်လွမ် နှင့်ကလေး ပြန်သွားသည့်အချိန်တွင် နေအိမ်ပိုင်ရှင် ဒေါ်ခေါင်ဆုပ် မှ ၄င်းပိုင်ဆိုင်သော တရုတ်နိုင်ငံသုံးငွေ ယွမ် ( ၁၃၀,၀၀၀ ) ပျောက်ဆုံးသွားကြောင်းပြောဆိုပြီး ပျောက်ဆုံးငွေများအား ထုဆမ်တို့ လင်မ ယား ခိုးယူသည်ဟု ရပ်ကွက်လူကြီးများထံ စွပ်စွဲပြောဆိုသဖြင့် ချက်ချင်းပင် ထုဆမ်ကိုခေါ်၍ နော်လွမ် ရှိရာအိမ်သို့ လိုက်လံရှာဖွေရာ နော်လွမ်က လည်းသူမခိုးယူကြောင်း၊ သူလာရောက်သည့်အချိန် အိမ်ရှင် မိသားစုများရှိနေကြောင်း၊ ရပ်ကွက်လူကြီးမင်းများကြိုက်နှစ်သက်သလို ရှာဖွေနိုင်ပါကြောင်း ပြောဆိုရာ ၄င်းတို့နေအိမ် အနှံ့ရှာဖွေရာမည်သည့် သဲလွန်စမျှ မရှိသောကြောင့် ရပ်ကွက် လူကြီးမင်းများက အိမ်ရှင် ဒေါ်ခေါင်ဆုပ် အားမိမိအထားမှား/မမှား သေချာစွာ ပြန်လည်စဉ်းစားသင့်ကြောင်း ပြောဆို၍ နှစ်ဦးနှစ်ဖက် ညှိနှိုင်း ပြေလည်စေခဲ့ပါသည်။

ဤသို့ပြေလည်ပြီးနောက် ၃/၄ ရက်ခန့်အကြာ ခရစ်ယာန်ရပ်ကွက်နေ ကိုမာထွန်းဆိုသူမှ ယွမ်ငွေကိစ္စရှင်းလင်းရန်ဟု ဆိုကာ မထုဆမ် အားလာရောက်ခေါ် ဆောင်သွားခဲ့ပြီးနောက် ( ၁၄ ) ရက်ခန့်အကြာတွင်ကိုမာထွန်းမှ မထုဆမ်၏ ယောင်္ကျား နော်လွမ် အား မထုဆမ်က တွေ့ချင်၍ အခေါ်ခိုင်းလိုက်ကြောင်း လာရောက်ပြောပြသဖြင့် လိုက်သွားခဲ့ရာ ၄င်းတို့ဇနီးမောင်နှံနှစ်ယောက် ပြန်ရောက်မလာတော့ပေ။

၂၀၁၀ ခုနှစ် ဇူလိုင်လ ( ၂၀)ရက် နေ့တွင် ခရစ်ယာန်ရပ်ကွက်နေ ကချင်ဘာသာရေးအဖွဲ့ခေါင်းဆောင် ဆန်ခမ်းဆိုသူ ရောက်လာပြီး မထုဆမ်၏ အဒေါ်ဖြစ်သူ ဒေါ်မာဂျီး ထံသို့ အဘာပါရွာအခြေစိုက် KIA တပ်မဟာ ( ၃ )မှ ထုတ်ပြန်လိုက် သော ( ပူးတွဲပါ စာများ ) မထုဆမ်နှင့် နော်လွမ် တို့အား တရုတ်ယွမ်ငွေ ( ၁၃၀,၀၀၀ နှင့်လာရောက်ရွေးယူရန် အ ကြောင်း ကြားစာဖြစ်နေသောကြောင့် ၄င်းစာများအားယူဆောင်၍ မူဆယ်ရဲတပ်ဖွဲ့စခန်းသို့ ဤလူပြန်ပေးအဖွဲ့တစုအား အရေးယူပေးပါရန် တိုင်ကြားခဲ့ခြင်း ဖြစ်ပါသည်။

ဤအမှုအား မူဆယ်ရဲတပ်ဖွဲ့မှ ( ပ ) ၁၅၇/၂၀၁၀ ပုဒ်မ-၃၆၅ အရ အမှုဖွင့်လှစ်လက်ခံခဲ့ပြီး ခရိုင်ရဲတပ်မှူး ရဲမှူးကြီး မိုး မောင်သန်း ၏လမ်းညွှန်ချက်ခံယူကာ ကိုမာထွန်းဆိုသူအား လက်ရဖမ်းမိ နှင့် ဒေါ်ခေါင်ဆုပ် နှင့်ဆန်ခမ်းတို့အား ဖမ်းမိ ခြင်းမရှိခဲ့ပေ။ မူဆယ်မြို့နယ်ဥပဒေအရာရှိ ဦးတင့်ဝေ ထံမှ ဥပဒေအကြံတောင်းခံယူ၍ တရားရုံးသို့တရား စွဲဆိုခဲ့ရာ မြို့နယ်တရားသူကြီး ဦးတင်မောင်မြင့်မှ အမှုအားကြားနာစစ်ဆေးပြီး ပထမတရားခံအိမ်ရှင်နှင့် ဘာသာရေးအဖွဲ့ ခေါင်း ဆောင် ပြန်ပေးစာ ယူဆောင်လာသူ ဆန်ခမ်း တို့နှစ်ဦးအား ဖမ်းဝရမ်းထုတ်ရန်အမိန့်ချမှတ်ခြင်း မရှိသည့်အပြင် ဖမ်းမိ တရားခံကိုပါ ( ၁၉.၉.၂၀၁၀ )တွင်တရားသေ လွှတ်ပေးခဲ့လေသည်။

မူဆယ်တရားရုံးနှင့်ရဲတပ်ဖွဲ့စခန်းတို့မှ ဥပဒေဘောင်အတွင်းမှ ကူညီဆောင်ရွက်ပေးနိုင်ခြင်း မရှိသည့်နောက်ဆုံး အ ဒေါ်ဖြစ်သူ ဒေါ်မာဂျီးသည် ကချင်တပ်မဟာ( ၃ )ထံသို့ အကျိုးအကြောင်း မေးရန် သွားရောက်ရာ ၄င်းအားလည်း ပြန် လည်လွှတ်ပေးခြင်း မရှိတော့ပေ။ ဤကဲ့သို့ဖြစ်နေခြင်းကြောင့် မိသားစု များမှာ စိုးရိမ်ပူပန်လျက်ရှိနေကြပေသည်။

မူဆယ်ဒေသသည် ကချင်တပ်မဟာ ( ၄ ) ၏ အပိုင်နယ်မြေဖြစ်သည့်အပေါ် တပ်မဟာ ( ၃ ) ကဤကဲ့သို့လုပ်ဆောင် ခြင်းအား ကချင်တပ်မဟာ ( ၄ ) တပ်ဖွဲ့များနှင့်ဒေသခံကချင်များမှ များစွာမကျေမနပ်ဖြစ်နေကြပေသည်။ အကျိုးအ ကြောင်း ညှိနှိုင်းရန် လည်းနောက်ထပ်လူများက မလိုက်ရဲကြပေ။ မည်ကဲ့သို့ဖြေရှင်းရမည်မသိ ဖြစ်နေကြ ပေသည်။ ၂၀.၉.၂၀၁၀ နေ့နေ့လည် ( ၁၃း၀၀ ) နာရီ အချိန်တွင် တပ်မဟာ ( ၃ ) မှ နေ၍ဒေါ်မာဂျီး၏ မိသားစုထံသို့ တယ်လီ ဖုန်းဖြင့် ငွေလာရောက်ပေးဆောင်သော်လည်း ၄င်းတို့ ( ၃ ) ဦးအားပြန်လွှတ်ပေးမည် မဟုတ်ကြောင်း ပြောသည့်အ တွက် သတ်ပြစ်မည်ကို စိုးရိမ်နေကြပေသည်။

ဤအမှုဖြစ်စဉ်အား မူဆယ်ခရိုင်ရဲတပ်ဖွဲ့မှူး ၊ မြို့နယ်ဥပဒေအရာရှိနှင့် မြို့နယ်တရားသူကြီးတို့တိုင်ပင်ညှိနှိုင်း ငွေ လာဘ်စားပြီး တရားခံများအား လွှတ်ပေးခဲ့ပြီး ၄င်းတို့အဝေမတည့်ကြောင်း ၊မြို့နယ်တရားသူကြီး ဦးတင်မောင်မြင့် သည် ပြန်ပေးခိုင်းခေါင်းဆောင် တစ်ယောက်လိုဖြစ်နေကြောင်း ရဲတပ်ဖွဲ့နှင့် နီးစပ်သူတစ်ဦးက ပြောပြလေသည်။

မြို့နယ်တရားသူကြီး ဦးတင်မောင်မြင့်သည် အမှုများအားစစ်ဆေးရာတွင် ငွေမျက်နှာတစ်ခုတည်းကိုသာ ကြည့်သူ၊ ရှေ့ နေမလေးများနှင့်ရှုပ်ပွေသူ ဟု နာမည်ကြီးသော်လည်း တရားသူကြီးချုပ် ဦးအောင်တိုး၏ တူတော်စပ်သူဖြစ်သော ကြောင့် မည်သူမျှ အရေးယူဆောင်ရွက်နိုင်ခြင်း မရှိပေ။

ဒီအမှုဖြစ်စဉ်ကြောင့် မူဆယ်မြို့သူ/သားများ၏စိတ်ထဲဝယ် တရားဥပဒေသည် ပြည်သူ့ဘက်၌မရှိ။ လက်နက်ကိုင် အဖွဲ့ အစည်းဆိုတာ ဘယ်လက်နက်ကိုင်အဖွဲ့မဆို လက်နက်အားကိုးအနိုင်ကျင့်သူကြီးသာ ဖြစ်သည့်အတွက် ၂၀၁၀ ခုနှစ် နိုဝင်္ဘာလ ( ၇ ) ရက် ( ကရင်ပြည်နယ်နေ့ ) တွင် ကျင်းပမည့်ရွေး ကောက် ပွဲတွင် လက်နက်ကိုင်အဖွဲ့အား နောက်ခံပြု ထားသည့် မည်သည့်အဖွဲ့အစည်းအား ဆန္ဒပြုထောက်ခံရမည် ကို ဝေခွဲမရ ဖြစ်နေကြရပေသည်။Rest of your post

အပြည့်အစုံသတင်းဖတ်ရန်....

ကမ္ဘာပေါ်မှာ ကြားဖူးပေါင်

ဝန်ထမ်းများထံမှ ကြိုတင်မဲစာရင်း ကောက်ယူ ဧရာဝတီ Monday, September 27, 2010
နေပြည်တော်ရှိ ဝန်ထမ်းများနှင့် ရန်ကုန်တိုင်း လှည်းကူးမြို့နယ်ရှိ ဗဟိုဝန်ထမ်း တက္ကသိုလ် (ဖောင်ကြီး) တွင် တက်ရောက်နေသော သင်တန်းသား ဝန်ထမ်းများထံမှ သက်ဆိုင်ရာ ဌာနအလိုက် ကြိုတင်မဲများ ကောက်ယူနေကြောင်း သတင်းရရှိသည်။

USDP02နေပြည်တော်မှ အစိုးရဝန်ထမ်း အားလုံးနှင့် ဗဟိုဝန်ထမ်း တက္ကသိုလ်မှ သင်တန်းသားများထံမှ သက်ဆိုင်ရာ ဌာန အကြီးအကဲများက စက်တင်ဘာလ ၁၄ ရက်မှ ၁၈ ရက်အတွင်း ကောက်ယူခဲ့ခြင်းဖြစ်ကြောင်း နေပြည်တော် စစ်ဘက်၊ နယ်ဘက် ၀န်ထမ်း အသိုင်းအဝန်းနှင့် ဖောင်ကြီးမှ သင်တန်းသား ၀န်ထမ်းများက ပြောသည်။

“ရန်ကုန်မှာ သန်းခေါင်စာရင်းရှိပြီး နေပြည်တော်မှာ တာဝန်ထမ်းဆောင်နေတဲ့ ၀န်ထမ်းဆိုရင် ရန်ကုန်မှာ နေထိုင်တဲ့မြို့နယ်၊ ရပ်ကွက်၊ လိပ်စာကို သက်ဆိုင်ရာ ဌာနအကြီးအကဲတွေဆီ ပေးရတယ်။ တခြား ပြည်နယ်နဲ့တိုင်းမှာ သန်းခေါင်စာရင်းရှိတဲ့ နေပြည်တော် ၀န်ထမ်းတွေလည်း အတူတူပဲ။ နာမည်နဲ့ လိပ်စာတောင်းတာက ၀န်ထမ်းတွေရဲ့ မဲစာရင်းနံပါတ်ရှာဖို့နဲ့ ကြိုတင်မဲပေးဖို့” ဟု နေပြည်တော် ၀န်ကြီးဌာနတခုမှ ဦးစီးအရာရှိတဦး က ပြောသည်။

ဝန်ကြီးဌာန အကြီးအကဲများက ၀န်ထမ်းများ၏ အမည်နှင့် နေရပ်လိပ်စာများကို တိုက်ဆိုင်စစ်ဆေးကာ မဲစာရင်းနံပါတ်များ ရှာဖွေပြီး ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ကြံ့ဖွံ့) အတွက် ကြိုတင်မဲများအဖြစ် ပြင်ဆင်စုဆောင်းခြင်း ဖြစ်ကြောင်း နေပြည်တော်မှ လက်ထောက် ညွှန်ကြားရေးမှူးတဦးက ပြောသည်။

“ကျနော့်ရဲ့ သန်းခေါင်စာရင်းပါ လိပ်စာက တာမွေမြို့နယ်ထဲမှာ ပါတယ်။ ရွေးကောက်ပွဲနေ့ တာမွေပြန်ပြီး မဲပေးစရာ မလိုတော့ဘူး။ ကျနော့်နာမည်နဲ့ လိပ်စာ၊ မဲစာရင်းနံပါတ်နဲ့ ပြည်ခိုင်ဖြိုးပါတီအတွက် ကြိုတင်မဲစာရင်း ပါသွားပြီ” ဟု အဆိုပါ လက်ထောက် ညွှန်ကြားရေးမှူးက ရှင်းပြသည်။

ဗဟိုဝန်ထမ်း တက္ကသိုလ် (ဖောင်ကြီး) သင်တန်းသားတဦးက “ရွေးကောက်ပွဲကျင်းပမယ့် နိုဝင်ဘာ ၇ ရက်နေ့မှာ ဖောင်ကြီးသင်တန်း မပြီးသေးဘူး။ ဖောင်ကြီးမှာပဲ ရှိဦးမှာမို့လို့ ကြိုတင်မဲ ပေးလိုက်ရတာ။ ပြည်ခိုင်ဖြိုးပါတီကို ပေးလိုက်ရတာ။ ဖောင်ကြီးမှာတက်နေတဲ့ အစိုးရ၀န်ထမ်းအားလုံး ပြည်ခိုင်ဖြိုးကို ပေးရတာ” ဟု ပြောသည်။

ဗဟိုဝန်ထမ်းတက္ကသိုလ် (ဖောင်ကြီး) တွင် အစိုးရ၀န်ထမ်း အနည်းဆုံး ၁၅၀၀ ကျော်မှ ၃၀၀၀ ကြား ပုံမှန် တနှစ်ပတ်လုံး သင်တန်းတက်ရောက်နေကြောင်း အဆိုပါတက္ကသိုလ်မှ စုံစမ်းသိရှိရသည်။

ကြိုတင်မဲနှင့်ပတ်သက်ပြီး ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က တစုံတရာ ရှင်းရှင်းလင်းလင်း ပြောဆိုခြင်း မရှိကြောင်း နိုင်ငံရေးပါတီ တာဝန်ရှိသူများက ပြောသည်။

“ဥပဒေမှာ ပါတဲ့အတိုင်းဆိုရင် ဖျားနာသူ၊ ခရီးသွားမယ့်သူ၊ နိုင်ငံ့တာဝန် ထမ်းဆောင်ရင်း ရပ်ဝေး ရောက်နေတဲ့သူတွေသာ ကြိုတင်မဲပေးခွင့်ရှိမယ်။ ကြိုတင်မဲကို သံသယရှိတယ်။ ကြိုတင်မဲက ကြံ့ဖွံ့ပါတီရဲ့ ရွေးကောက်ပွဲမှာ အနိုင်ရမယ့် ၀ှက်ဖဲပဲ” ဟု ပြည်တွင်း နိုင်ငံရေးသမားတဦးက သုံးသပ်သည်။

လွှတ်တော် ကိုယ်စားလှယ်လောင်းများ အနေဖြင့် မဲဆန္ဒနယ်ရှိ မဲပေးခွင့်ရှိသူ အရေအတွက်စာရင်း မိတ္တူကို တမျက်နှာလျှင် ၂၀၀ ကျပ်ပေးပြီး မြို့နယ် ရွေးကောက်ပွဲ ကော်မရှင်ထံမှ ကူးယူရမည်ဖြစ်ရာ ငွေကြေးကုန်ကျမှု အလွန်များမည် ဖြစ်သောကြောင့် မဲစာရင်း မိတ္တူ မရယူနိုင်ကြောင်း၊ ထို့ကြောင့် ရွေးကောက်ပွဲနေ့တွင် ကြိုတင်မဲစာရင်းပေးသူ အရေအတွက်နှင့် မည်သူက ကြိုတင်မဲပေးသည်ကို မဲစာရင်းမိတ္တူနှင့် တိုက်ဆိုင်စစ်ဆေးရန် မဖြစ်နိုင်ကြောင်း အမျိုးသား ဒီမိုကရေစီ အင်အားစု (NDF) မှ လွှတ်တော် ကိုယ်စားလှယ်လောင်းတဦးက ပြောသည်။

“မြို့နယ်တခုမှာ မဲပေးနိုင်သူ အရေအတွက် သောင်းချီရှိတယ်။ မဲစာရင်းစာရွက်တရွက်မှာ မဲဆန္ဒရှင် ၁၀ ဦး နာမည်ပဲပါတယ်။ မြို့နယ်တခုလုံးရဲ့ မဲဆန္ဒရှင် သောင်းဂဏန်းစာရင်းကို မိတ္တူကူးရရင် အနည်းဆုံး ကျပ်သိန်း ၂၀ နဲ့ ၃၀ ကြားကုန်မယ်။ မဲစာရင်း မိတ္တူကူးဖို့ မဖြစ်နိုင်ဘူး” ဟု အဆိုပါ ကိုယ်စားလှယ်လောင်းက ဆိုသည်။

ရွေးကောက်ပွဲ ကော်မရှင်က ထုတ်ပြန်ထားသော လွှတ်တော်ရွေးကောက်ပွဲ နည်းဥပဒေပုဒ်မ ၁၅ (ခ) တွင် လွှတ်တော် ကိုယ်စားလှယ်လောင်းကဖြစ်စေ၊ ခိုင်လုံသော အကြောင်းပြချက် ပြနိုင်သူဖြင့် တခြားသူ တဦးဦးကဖြစ်စေ မဲစာရင်းမိတ္တူကို ကူးယူခွင့်ပြုရန် လျှောက်ထားပါက တစ်မျက်နှာလျှင် ငွေကျပ် ၂၀၀ နှုန်းဖြင့် သက်ဆိုင်ရာ မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲက စီစဉ်ပေးထားသည့်အတိုင်း ကူးယူခွင့်ပြုရမည်ဟု ဖော်ပြပါရှိသည်။

ရွေးကောက်ပွဲ၌ ပါဝင်ယှဉ်ပြိုင်မည့် နိုင်ငံရေးပါတီ ၃၇ ပါတီရှိပြီး ၃၅ ပါတီသည် ပါတီဝင်အင်အား စာရင်းကို ရွေးကောက်ပွဲ ကော်မရှင်ထံ တင်ပြထားပြီး ဖြစ်ကြောင်း သတင်းစာများတွင် ဖော်ပြထားသည်။Rest of your post

အပြည့်အစုံသတင်းဖတ်ရန်....

Sunday, September 26, 2010

ဥာဏ်ဝင်းကတော့ ကမ္ဘာ့ခေါင်းဆောင်တွေ ရှေ့ မှာ ပေါ်တင်ကြီး ကြေငြာသွားပါတယ်

ဗမာပြည်နောက် ၅နှစ်မှာ အကုန်ချမ်းသာမယ်တဲ့ ။

အဲ့ဒီအတွက် ပြင်ဆင်ဆောင်ရွက်နေပါပြီတဲ့ခင်မျ။
အပြောတမျိုး အလုပ်တမျိုး လုပ်ခဲ့တဲ့အစိုးရ ဒီတကြိမ်တော့ မှန်ကောင်းပါရဲ့။ ပြည်သူအပေါင်းတို့ ရေ ဆရာကြီးဥာဏ်ဝင်းရဲ့ သမိုင်းဝင်စကားကို ဆက်လက်စောင့်ကြည့်ပါစို့ လား။
ဓါတ်ပုံ E11 မှတဆင့် ကူးယူ သရုပ်ဖေါ်ပါသည် Dtm

အပြည့်အစုံသတင်းဖတ်ရန်....

ဟုတ်ဘူး ဆိုဘဲ

ဟုတ်ပါဘူးတဲ့  ဆက်ဖတ်ရန်

အပြည့်အစုံသတင်းဖတ်ရန်....

မြောင်းမြနှင့် ၀ါးခယ်မတွင် ကြံ့ဖွံ့ပါတီ ပွဲကြမ်းနေ.....ဆက်ဖတ်ခင်မျ

မြောင်းမြနှင့် ၀ါးခယ်မတွင် ကြံ့ဖွံ့ပါတီ အဓမ္မစည်းရုံးရေး ဆင်းနေ
Submitted by Karen Information Center on Friday, 24 September 2010No Comment
စက်တင်ဘာလ ၂၅ရက်။ ကေအိုင်စီ

ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ(USDP)သည် ဧရာဝတီတိုင်း၊ မြောင်းမြမြို့နယ်နှင့် ၀ါးခယ်မမြို့နယ်များတွင် ယခု လလယ်ပိုင်း၌ မြို့နယ်စည်းရုံးရေးမှူးများသည် ကျေးရွာအချို့တွင် အဓမ္မ စည်းရုံးမှုများ ပြုလုပ်နေကြောင်း ဒေသခံများက ပြော ဆိုနေကြသည်။

မြောင်းမြမြို့နယ် စကမြားကျေးရွာအုပ်စုမှ ကြံ့ဖွံ့ပါတီ စည်းရုံးရေးမှူး ဦးဇော်မင်းသန်းသည် ၎င်းကျေးရွာအုပ်စုရှိ ရွာအချို့တွင် ရွာသားများအား မက်လုံးပေး၍ စည်းရုံးခဲ့သည့်အပြင် သဘောမတူဘဲ အိမ်ပေါ်တက်ကာ အိမ်သားများကို ဓာတ်ပုံရိုက်ယူခဲ့ ကြောင်းလည်း အမည်မဖော်လိုသူ ဒေသခံတစ်ဦးက ယခုလို ပြောသည်။

“ဒီလ ၁၈ရက်နေ့က ကြံ့ဖွံ့စည်းရုံးရေးမှူး ဦးဇော်မင်းသန်းက ရွာသူရွာသားတွေကို ကြံ့ဖွံ့တံဆိပ် တီရှပ်တွေပေးပြီး မက်လုံးပေး စည်းရုံးခဲ့တယ်။ နောက်ပြီး စကမြားကျေးရွာအုပ်စု သရက်ကုန်းရွာက ဦးတင်ဝင်းကိုလည်း အတင်းခေါ်ပြီး အစည်းအဝေးတက် ခိုင်းခဲ့တယ်လေ။ ဒါတောင်ကမဘူး။ ကရင်လူမျိုးတွေ နေထိုင်တဲ့ ချမ်းသာကုန်းရွာကိုသွားပြီး သူတို့ကြံ့ဖွံ့ပါတီကို လူဦးရေ ၅၀၀ ၀င်ရမယ်လို့ အတင်းစည်းရုံးတယ်။ နောက် အိမ်ထဲဝင်ပြီး အိမ်ရှင်သဘောမတူဘဲ အိမ်သားတွေကို အတင်းပဲ ဓာတ်ပုံရိုက်ယူ သွားတယ်လေ။”ဟု ဆိုသည်။

အဆိုပါစကမြားကျေးရွာမှ နေပြည်တော် ဆောက်လုပ်ရေးလုပ်ငန်းရှင် ဦးတင်ဆန်းက လာမည့် ရွေးကောက်ပွဲတွင် မြောင်းမြ မြို့နယ်၏ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ လွှတ်တော်ကိုယ်စားလှယ်အဖြစ် ၀င်ရောက်အရွေးခံမည်ဖြစ်ကြောင်း သိရသည်။

အလားတူ ၀ါးခယ်မမြို့နယ်၊ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ၏ စည်းရုံးရေးမှူး ဦးမြင့်ဇော်ကဦးဆောင်၍ တောင်အူသပြုကျေးရွာလူကြီး ဦးမောင်နီနှင့် စည်းရုံးရေးမှူး ဦးလှဦးတို့သည် ရွာသားများကို ပါတီသို့ဝင်ရောက်ရန် အတင်းအဓမ္မ လက်မှတ်ထိုးခိုင်းပြီး ဓာတ်ပုံ ရိုက်ယူခြင်းများ ပြုလုပ်ခဲ့သည်။

၎င်းအပြင် ကြံ့ဖွံ့ပါတီသို့ ၀င်သူတစ်ဦးလျှင် ငွေ ၂ကျပ်တိုးဖြင့် ငါးသောင်းကျပ်၊ ကျေးရွာဥက္ကဌနှင့် ကျေးရွာစည်းရုံးရေးမှူးများကို ငွေကျပ် ၄သိန်းစီ ဦးမြင့်ဇော်က ချေးပေးကြောင်းနှင့် အခြားပါတီများ လာရောက်စည်းရုံးပါက အကြောင်းကြားရန်လည်း မှာ ကြားသွားခဲ့သည်ဟု ရွာသားတစ်ဦးက ယခုလို ပြောပြသည်။

သူက “မြို့နယ်စည်းရုံးရေးမှူး ဦးမြင့်ဇော်က ရွာဥက္ကဌ ဦးမောင်နီ၊ ကျေးရွာစည်းရုံးရေးမှူး ဦးလှဦး၊ ဦးအုန်းသောင်း၊ ဦးမျိုးမြင့်နှင့် ဦးစိုးဝင်းတို့အား ငွေကျပ်လေးသိန်းစီ ချေးပေးတယ်လေ။ ပြီးတော့ သူတို့ပါတီကို ၀င်တဲ့သူဆိုရင် ၂ကျပ်တိုးနဲ့ ငွေ ငါးသောင်း ချေးပေးတယ်။ ဒါတောင်မကဘဲ အခြားပါတီတွေ ကျနော်တို့ကျေးရွာကို လာပြီး စည်းရုံးရေးဆင်းတာကို တွေ့ရင် သူတို့ကို အကြောင်းကြားဖို့လည်း အဲဒီ ဦးမြင့်ဇော်က မှာသွားခဲ့သေးတယ်။”ဟု ပြောဆိုသည်။

ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီသည် အလားတူ စည်းရုံးမှုမျိုးကို ကရင်ပြည်နယ်ရှိ ကျေးရွာများတွင်လည်း လိုက်လံ လုပ်ဆောင်နေ ကြောင်း သိရသည်။Rest of your post

အပြည့်အစုံသတင်းဖတ်ရန်....

မကြာမှီလာမည်...မျှော်

အပြည့်အစုံသတင်းဖတ်ရန်....

အမျိုးသား ရင်ကြားစေ့ရေးဖော်ဆောင်ရန် အိုဘားမား တိုက်တွန်း

ဧရာဝတီ Saturday, September 25, 2010
အမေရိကန် သမ္မတ ဘားရက် အိုဘားမားက မြန်မာ စစ်အစိုးရကို အမျိုးသား ရင်ကြားစေ့ရေး အကောင်အထည် ဖော်ရန် အတွက် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေး အကျဉ်းသားအားလုံး လွှတ်ပေးရန် ထပ်မံတိုက်တွန်းလိုက် ကြောင်း သိရှိရသည်။

ယမန်နေ့က သမ္မတ အိုဘားမား အာဆီယံ ခေါင်းဆောင်များ ရှေ့မှဖြတ်၍ စကားပြော စင်မြင့်ရှိရာသို့ လျှောက်လာ စဉ်။ အိုဘားမား ၏ ဘေးတွင် ကွယ်နေသူမှာ မြန်မာ နိုင်ငံခြားရေး ၀န်ကြီး ဦးဉာဏ်ဝင်း ဖြစ်သည်။(ဓာတ်ပုံ - Getty Images)
ယင်း တိုက်တွန်းချက်ကို ယမန်နေ့က အမေရိကန်နိုင်ငံ နယူးယောက်မြို့၌ ကျင်းပသည့် အမေရိကန်နှင့် အာဆီယံ ခေါင်းဆောင်များ အစည်းအဝေးတွင် ထုတ်ဖော် ပြောဆိုလိုက်ခြင်း ဖြစ်သည်။

၎င်းအစည်း အဝေးသို့ မြန်မာ နိုင်ငံခြားရေး ဝန်ကြီး ဦးဉာဏ်ဝင်း တက်ရောက်ခဲ့ သော်လည်း အမေရိကန် သမ္မတနှင့် မည်သို့သော တိုက်ရိုက်ပြောဆို ဆွေးနွေးမှုမျှ မရှိကြောင်း သိရှိရသည်။

လူ့အခွင့်အရေးများကို ကာကွယ်ရန်အတွက် အမျိုးသားရင်ကြားစေ့ရေးသည် အရေးပါသော အခန်းကဏ္ဍမှ ရပ်တည် လျက် ရှိပြီး ဒေါ်အောင်ဆန်းစုကြည် အပါအဝင်နိုင်ငံရေးအကျဉ်းသားများကို လွှတ်ပေးခြင်းဖြင့် စတင် အကောင်အထည် ဖော်ရမည်ဟု အိုဘားမားက ယုံကြည်ကြောင်း အစည်းအဝေးအပြီး သမ္မတ အိမ်ဖြူတော်မှ ထုတ်ပြန်သည့် ကြေညာချက် တွင်ပါရှိသည်။

အာဆီယံခေါင်းဆောင်များက အမေရိကန်မှ ကျင့်သုံးနေသည့် တိုက်ရိုက်ညှိနှိုင်း ဆောင်ရွက်ရေးမူဝါဒကို ကြိုဆိုကြောင်း၊ အာဆီယံ နိုင်ငံများအနေနှင့်လည်း အမေရိကန်နိုင်ငံ၏ တိုက်ရိုက်ညှိနှိုင်း ဆောင်ရွက်ရေးမူဝါဒနှင့် ပူးပေါင်းကာ မြန်မာနိုင်ငံ ၏ နိုင်ငံရေး၊ စီးပွားရေး ပြုပြင်ပြောင်းလဲမှုများနှင့် အမျိုးသားရင်ကြားစေ့ရေးကို ဖော်ဆောင်နိုင်လိမ့်မည်ဟု မျှော်လင့်မိ ကြောင်း အမေရိကန်-အာဆီယံ ပူးတွဲ အစီရင်ခံစာတွင် ဖော်ပြထားသည်။

ယမန်နှစ် နိုဝင်ဘာလက စင်္ကာပူနိုင်ငံ၌ ပြုလုပ်ခဲ့သည့် အမေရိကန်- အာဆီယံ အစည်းအဝေးတွင် ဆွေးနွေးခဲ့သည့် မြန်မာ့ ရွေးကောက်ပွဲကို လွတ်လပ်ပြီး တရားမျှတမှုရှိစေရန်၊ နိုင်ငံတကာ အသိုင်းအဝိုင်းက လက်ခံနိုင်သည့် ရွေးကောက်ပွဲဖြစ် စေရန် ဆိုသည့်အချက်ကိုလည်း ယမန်နေ့က ထပ်မံ တိုက်တွန်းထားသည်။

ထိုအစည်းအဝေးမှတဆင့် မြန်မာနိုင်ငံသည် အမျိုးသားရင်ကြားစေ့ရေး ဖော်ဆောင်ရာတွင် အာဆီယံ၊ ကုလသမဂ္ဂတို့နှင့် ဆက်လက် ဆက်ဆံသွားရန် လိုအပ်ကြောင်းလည်း ပူးတွဲ အစီရင်ခံစာတွင် ဖော်ပြထားသည်။

သို့သော် အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနကမူ နိုဝင်ဘာလတွင် စစ်အစိုးရက ကျင်းပမည့်ရွေးကောက်ပွဲသည် တရားဝင်ရွေးကောက်ပွဲဟု ယုံကြည်လက်ခံမှုမရှိကြောင်း ထပ်မံပြောဆိုသည်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူ မစ္စတာ မာ့ခ်တိုနာက“နိုဝင်ဘာ ၇ ရက်နေ့ကနေ ထွက်ပေါ်လာ မယ့် ရလဒ်ဟာ တရားဝင်မှု မရှိဘူးဆိုတာကို ကျနော်တို့ဘက်က ရှင်းရှင်းလင်းလင်း ပြောထားပြီးပါပြီ”ဟု ပြောသည်။

အမေရိကန်နိုင်ငံအနေဖြင့် မြန်မာ့နိုင်ငံရေး အတိုက်အခံများ၏ အခြေအနေကို စိုးရိမ်လျက်ရှိကြောင်း၊ ဒေါ်အောင်ဆန်း စုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသား ၂၁၀၀ ကျော်ကို လွှတ်ပေးရန် ထပ်မံ တိုက်တွန်းလိုက်ကြောင်း အဆိုပါ ပြောခွင့် ရ ပုဂ္ဂိုလ်က ဆိုသည်။

“ရွေးကောက်ပွဲက လွတ်လပ်ပြီး တရားမျှတလိမ့်မယ်လို့ ကျနော်တို့ မယုံကြည်ပါဘူး၊ အမျိုးသားရင်ကြားစေ့ရေးအတွက် ပထမ အဆင့်အနေနဲ့ ဒီမိုကရက်တစ် အတိုက်အခံတွေ၊ တိုင်းရင်းသားခေါင်းဆောင်တွေနဲ့ တွေ့ဆုံဆွေးနွေးပါလို့ ထပ်မံ တိုက်တွန်းလိုက်ပါတယ်”ဟု မစ္စတာ မာ့ခ်တိုနာက ပြောဆိုသည်။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန်သည်လည်း အောက်တိုဘာလ၌ ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့တွင် ကျင်းပမည့် အာဆီယံ ထိပ်သီးဆွေးနွေးပွဲ သို့ တက်ရောက်မည် ဖြစ်ကြောင်း သိရသည်။Rest of your post

အပြည့်အစုံသတင်းဖတ်ရန်....

သံဃာတော်များသွေးမြေကျခဲ့ရသည့် နှစ်ပတ်လည်နေ့တွင် ဂျပန်အန်အယ်လ်ဒီမှသီတင်းကျွတ်ပွဲတော် ကျင်းပမည်

သံဃာတော်များသွေးမြေကျခဲ့ရသည့် စက်တင်ဘာ ၂၆ ရက်နေ့တွင် ဂျပန်အန်အယ်လ်ဒီမှ ၁၁ ကြိမ်မြောက် သီတင်းကျွတ်ပွဲကို စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်မည်ဖြစ်ပြီး စင်တင်တေး ဂီတ၊ မြန်မာ့ရိုးရာအကများနှင့် ဖျော်ဖြေတင်ဆက်မည့်အပြင် ဈေးဆိုင်ခန်းများဖွင့်လှစ် ရောင်းချ၍ ပျော်ရွှင်စွာကျင်းပပြုလုပ်သွားမည်ဟု သိရှိရပါကြောင်း.....သာဓု... သာဓု...သာဓုပါ


အပြည့်အစုံသတင်းဖတ်ရန်....

Saturday, September 25, 2010

ဗိုလ်ချုပ်မှူးကြီး တရုတ်နိုင်ငံသို့ သွားရောက်ပြီး အပြန်တွင် အမည်ပြောင်း

အပြည့်အစုံသတင်းဖတ်ရန်....

မပြောင်းရင် ဒုက္ခရောက်သွားမယ်


သာယာဝတီ၌ ကြံ့ဖွံ့ပါတီက တစည ပါတီဝင်များကို အဓမ္မ ဘက်ပြောင်းခိုင်း
ရန်ပိုင် Saturday, September 25, 2010
E-mail Print
Share/Save/Bookmark ပဲခူးတိုင်း သာယာဝတီ မြို့နယ်ရှိ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး (တစည) ပါတီဝင်များကို ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံဖြိုးရေး ပါတီ (ကြံ့ဖွံ့ပါတီ) က ၎င်းတို့ ပါတီဘက်သို့ အဓမ္မ ပြောင်းခိုင်းသည့် အတွက် တစည ပါတီက အမှုဖွင့် တိုင်ကြား ထားကြောင်း သိရှိရသည်။

ကြံ့ဖွံ့ပါတီခေါင်းဆောင် ၀န်ကြီးချုပ် ဦးသိန်းစိန်
ပြီးခဲ့သည့် တနင်္ဂနွေနေ့က သာယာဝတီမြို့နယ် မြောက် ၀ါးလေးရုံရွာရှိ “တစည” ပါတီဝင် ၁၆ ဦး၏ ပါတီဝင် ကတ်ပြားများကို ကြံ့ဖွံ့ပါတီ စည်းရုံးရေးမှူး ဦးစန်းဝင်းက သိမ်းယူပြီး ပါတီပြောင်းခိုင်းသည့် အတွက် အမှုဖွင့် တိုင်ကြားရခြင်း ဖြစ်ကြောင်း သာယာဝတီ မြို့နယ် တစည ပါတီ စည်းရုံးရေးမှူး ဦးလှကြိုင်က ဧရာဝတီသို့ ပြောသည်။

“မင်းတို့ ကြံ့ခိုင်ရေးကလွဲရင် တခြားဘယ်ပါတီမှ မ၀င်ရဘူး၊ “တစညပါတီ” နိုင်လည်း ရှုံးမှာပဲ၊ ငါတို့ ကြံ့ဖွံ့ နိုင်ရင် “တစည” ဘာဖြစ် သွားမလဲ သိလား”ဟု ဦးစန်းဝင်းက ပြောကြောင်း ၎င်းက ဆိုသည်။

အဆိုပါ တစည ပါတီဝင်များသည် ၎င်းတို့ ပါတီဝင်ကတ်များကို ပြန်လည်တောင်းခံသော်လည်း ဦးစန်းဝင်းက သာယာဝတီမြို့နယ် ကြံ့ဖွံ့ပါတီ စည်းရုံးရေးမှူးထံ ပေးအပ်လိုက်ပြီဖြစ်ကြောင်း၊ ပြန်မပေးနိုင်ကြောင်း ခြိမ်းခြောက်ပြောဆိုမှုများ ရှိသည်ဟု သိရသည်။

လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲ ဆိုသော်လည်း ယခုအခါ ကြံ့ဖွံ့ပါတီ ၏ အနိုင်အထက် ပြုကျင့်မှုများပိုမို များပြားလာ သည့်အတွက် ခရိုင် ရွေးကောက်ပွဲကော်မရှင်၊ မြို့နယ် ရွေးကောက်ပွဲ ကော်မရှင် အပြင် သုံးဆယ်မြို့ ရဲစခန်းတွင်ပါ အမှုဖွင့်တိုင် ကြားရခြင်း ဖြစ်ကြောင်းလည်း ဦးလှကြိုင်က ဆက်လက်ပြောသည်။

သာယာဝတီခရိုင် ကော်မရှင်ရုံးမှ တာဝန်ရှိသူ တဦးကလည်း ယင်းအဖြစ်အပျက်နှင့် ပတ်သက်ပြီး အရေးယူပေးရန် တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ပါတီ အကြောင်းကြားထားသည်မှာ မှန်ကန်ကြောင်း၊ သို့သော် ယခုကိစ္စမှာ မိမိတို့ ကော်မရှင်မှ အရေးယူ၍ မရသည့်အတွက် ရဲစခန်းတွင်သာ အမှုဖွင့်တိုင်ကြားပါဟု တစည ပါတီကို ပြောကြားထားကြောင်း ဧရာဝတီသို့ ပြောသည်။

“တစည”ပါတီသည် မြန်မာဆိုရှယ်လစ် လမ်းစဉ်ပါတီကို အမည်ပြောင်းလဲပြီး ၁၉၈၈ ခုနှစ်က ပြန်လည်ဖွဲ့စည်းခဲ့ ခြင်းဖြစ်ပြီး ယင်း ပါတီတွင် ယခင် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ် အစိုးရ အဖွဲ့ဝင်ဟောင်းများ ဖြစ်သည့် ဦးထွန်းရီ၊ ဦးသန်းတင်၊ ဦးချစ်လှိုင်စသည့် ဗိုလ် ချုပ်ဟောင်းများနှင့် ဖွဲ့စည်းထား ခြင်းဖြစ်သည်။

သာယာဝတီမြို့နယ် ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသား နိုင်ငံရေးအဖွဲ့ချုပ် မှ တိုင်းစည်းရုံးရေးမှူး ဦးဝင်းသန်းကလည်း“ တခြား ပါတီတွေ စည်းရုံးရေး ဆင်းရင်၊ ဟောပြောပွဲလုပ်ရင် နယ်မြေမှာရှိတဲ့ အာဏာပိုင်တွေနဲ့ ပေါင်းပြီးတော့ အသံချဲ့စက် ငှားမရအောင် လုပ်တယ်၊ လူထုမလာ ရဲအောင် ရဲသတင်းဖွဲ့က ဗီဒီယိုရိုက်ပြီး အနှောင့်အယှက် ပေးတယ်”ဟု ဆိုသည်။

ရွေးကောက်ပွဲဝင်မည့် ပါတီများတွင် ကြံ့ဖွံ့ပါတီသည် ကျန်သည့် ပါတီများစည်းရုံးရေး မဆင်းနိုင်အောင် ပြုလုပ်နေကြောင်း၊ လွတ်လပ်ပြီး တရားမျှတစွာ ကျင်းပပေးမည်ဆိုသော လက်ရှိအာဏာရရှိနေသူများ ပါဝင်နေသည့် ပါတီ အနေဖြင့် ထိုသို့ မပြုလုပ်သင့်ကြောင်းလည်း ၎င်းက ဆက်လက်ပြောသည်။

သာယာဝတီခရိုင်တွင် ကြံ့ဖွံ့ပါတီ ၊ တစည ပါတီ၊ ဒီမိုကရက်တစ် ပါတီ( မြန်မာ) နှင့် ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသား နိုင်ငံရေး အဖွဲ့ချုပ်တို့ ၀င်ရောက် ယှဉ်ပြိုင်မည်ဖြစ်ကြောင်း သိရသည်။Rest of your post

အပြည့်အစုံသတင်းဖတ်ရန်....

မြေအောက် လူငယ်များ မဟာမိတ်ဖွဲ့

ဆလိုင်း ဟံသာစန်း | စနေနေ့၊ စက်တင်ဘာလ ၂၅ ရက် ၂၀၁၀ ခုနှစ် ၁၂ နာရီ ၅၀ မိနစ်
နယူးဒေလီ (မဇ္ဈိမ) ။ ။ ရွေးကောက်ပွဲကို ဝိုင်းသပိတ်မှောက်ရန် ၂ဝဝ၇ ဗကသ အဖွဲ့ချုပ် အပါအဝင် မြေအောက် ကျောင်းသားလူငယ် အဖွဲ့ ၅ ဖွဲ့ ရန်ကုန်တွင် မဟာမိတ် ဖွဲ့ခဲ့ကြသည်။

၂ဝ၁ဝ ရွေးကောက်ပွဲကို သပိတ်မှောက်နေသည့် ၂ဝဝ၇ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ် (ဗကသ)၊ New Generation ၊ Saffron Generation ၊ မြေလတ် ကျောင်းသားများအဖွဲ့နှင့် ရန်ကုန်တိုင်းအတွင်း ဒီမိုကရေစီရေး တက်ကြွလှုပ်ရှားနေသူ ကျောင်းသားလူငယ်များ အဖွဲ့တို့ ယခင်လ ၈ ရက် ရှစ်လေးလုံး ၂၂ နှစ်မြောက်နေ့တွင် လျှို့ဝှက် မဟာမိတ် ဖွဲ့ခဲ့သည် ဆိုသည်။

“အဓိက ဖွဲ့ရတဲ့ ရည်ရွယ်ချက်က ရွေးကောက်ပွဲ ဆန့်ကျင်ရေး လှုပ်ရှားမှုတွေ အရှိန်မြှင့် လုပ်သွားဖို့ပါ။ ရွေးကောက်ပွဲကာလ မတိုင်မီကနေ ပြီးတဲ့အထိ ဘယ်အချိန်မှာ ဘာတွေလုပ်မယ်ဆိုတာ အစီအစဉ်တွေ ဆွဲပြီးသွားပြီ” ဟု လူငယ် မဟာမိတ်အဖွဲ့ ပြောရေးဆိုခွင့်ရှိသူက မဇ္ဈိမကို ပြောသည်။

၎င်းတို့အစုအပေါင်းတွင် ရန်ကုန်၊ မန္တလေး၊ ပဲခူး၊ မြစ်ကြီးနား၊ မိုးကုတ်၊ ဧရာဝတီတိုင်းနှင့် ရခိုင်ပြည်နယ်တို့မှ ကျောင်းသား လူငယ် ၂ဝဝ ကျော် ပါသည် ဆိုသည်။

အရင်အပတ်က ရွှေဝါရောင်တော်လှန်ရေး ၃ နှစ်လည်အဖြစ် ရွေးကောက်ပွဲမဲမပေးရန် လှုံ့ဆော်သည့် ကြွေးကြော်သံ ပို့စကဒ် ၁,ဝဝဝ ကျော်ကို ရန်ကုန် စာတိုက်ပုံးများမှတဆင့် မြို့နယ်အသီးသီးရှိ အစိုးရရုံးများ၊ လုပ်ငန်းရှင်များထံသို့ ပို့ခဲ့သေးသည်ဟု ပြောသည်။

“နိုင်ငံတကာ အသိုင်းအဝိုင်းက ဒီရွေးကောက်ပွဲကို မထောက်ခံကြပါနဲ့။ ရွေးကောက်ပွဲဝင်တဲ့ ပါတီတွေ အားလုံးဟာ ရုပ်သေးပါတီတွေ ဖြစ်လာပြီ။ ပြည်တွင်းပြည်ပ ပြည်သူတွေ၊ တပ်မတော်သားတွေ၊ ရဟန်းရှင်လူတွေ ဒီပါတီတွေကို မထောက်ခံကြဖို့ တောင်းဆိုချင်ပါတယ်”ဟု အဖွဲ့ ပြောခွင့်ရ ပုဂ္ဂိုလ်က ဆိုသည်။Rest of your post

အပြည့်အစုံသတင်းဖတ်ရန်....

ဂျပန်တွင် နတ်ကန္ဒားပွဲကြီး ချိမ့်ချိမ့်သဲ ကျင်းပတော့မည်ဟု သတင်းများထွက်ပေါ်လျက်ရှိ

ဖူဂျီတောင်ခြေမှာ..
ဂျပန်ရောက် မြန်မာများ၏ စီစဉ်ကျင်းပမှုဖြင့် ဂျပန်နိုင်ငံ ဖူဂျီတောင်ခြေတွင် မြန်မာ့ရိုးရာ နတ်ကန္ဒားပွဲ တော်ကြီးကို ချိမ့်ချိမ့်သဲ ကျင်းပတော့မည်ဟု သိရှိရသည်။ ဂျပန်တွင် မြန်မာခေတ်ပေါ် စတိတ်ရှိုး၊ အငြိမ့်၊ ပြ ဇာတ်၊ ရုပ်သေးပွဲ စသည်တို့  မကြာခဏကျင်းပလေ့ရှိခဲ့ရာ ယခုကဲ့သို့  နတ်ကန္နားပွဲကျင်းပခြင်းမှာ ပထမဆုံး ဖြစ်သည်။
ဂျပန်ကတော့ ပထမပါပဲ
ဂျပန်ရောက်မြန်မာများသည် နိုင်ငံရေး၊ လူမှုရေး၊ ဘာသာရေး စသည့်ကိစ္စများတွက် အမြဲတမ်း လက်မနှေးပဲ ထိပ်ဆုံးက ရှိတက်သည့်အားလျော်စွာ ယခု နတ်ကန္ဒားပွဲကိုလည်း ၂၁ ရာစုအတွင်း ပြည်ပနိုင်ငံများတွင် ဟိုးလေးတကြော် ကျင်းပမည့် ပထမဆုံးပွဲဖြစ်ကြောင်း သိရှိရသည်။
နိပွန်းဘိရုမာ ဘန်ဆိုင်း
ထူးခြားချက်မှာ ယခုနတ်ကန္နားပွဲကို ဂျပန်မြန်မာချစ်ကြည်ရေးအဖြစ် ကျင်းပမည်ဖြစ်ရာ မြန်မာ အတွင်း ၃၇ မင်း၊ အတွင်း ၃၇ မင်း၊ အလယ် ၃၇ မင်း စသည့်နတ်များအပြင် ဂျပန်ရိုးရာနတ်များလည်း ပူးပေါင်းပါဝင်ကြမည်ဟု သိရသည်။
နတ်တွေ ဗီဇာရပြီးပြီလား
မြန်မာပြည်က နတ်လောကတွင် ပေါ်ပြူလာ ဖြစ်နေသည့် နတ်တပါးအား မိမိတို့ သတင်းဌာနမှ ဆက်သွယ်မေးမြန်း ကြည့်ရာ.. “ဟုတ်ပါတယ်။ ဂျပန်ကို သွားမှာလေ။ ဗီဇာတောင်ရပြီးပြီ.. အဲ.. ရွေးကောက်ပွဲ နီးနေတော့ မဲပေးပြီးမှ သွားခွင့်ရမယ်လို့ လည်းကြားတယ်..။ နတ်တွေလည်း ဒီရွေးကောက်ပွဲကြောင့် စိတ်ညစ်နေရတယ် ”ဟု ဆိုသည်။
တောင်ပြုံးဖက်တွင် ခရီးလွန်နေသည့် နတ်ကတော်တဦးက.. “ဒီမှာကလည်း ပွဲဆက်တွေများတဲ့ကြားက ဂျပန်က လှမ်းဖိတ်တော့လည်း သွားရမှာပေါ့။ သိတယ်မဟုတ်လား.. နတ်လောက စည်ပင်သာယာတိုးတက်ပြီး နိုင်ငံတကာ အဆင့်ရောက်ဖို့  သွားရမှာပေါ့..”ဟု နတ်သံနှော၍ ပြောပြသည်။
နတ်နောက်မှာ အရိပ်တွေပါတယ်
ယခုနတ်ကန္နားပွဲသို့ လာရောက်မည့် နတ်များနှင့်အတူ နတ်အလုပ်အကျွေး၊ နတ်ထိန်း၊ နတ်အဖေါ်၊ နတ် တပည့်။ နတ်စပယ်ယာ၊ နတ်အရံ စသည်တို့ လိုက်ပါလာမည်ဖြစ်ရာ အချို့ လည်း ဂျပန်တွင် နေခဲ့ပြီး မပြန်မည့် သူ များရှိနေနိုင်ကြောင်းလည်း ခန့် မှန်းပြောဆိုနေကြသည်။
“ဒီမှာက နေရတာ ရင်တမမလေ.. ဘယ်နေ့  ဗုံးပေါက်မလဲ။ ဘယ်နေ့ မီးလောင်မလဲနဲ့ စိုးရိမ်နေရတာ.. ဒီကြားထဲ မီးကပျက်၊ ရေကကြီး၊ ရောဂါကထူ၊ မဲပေးဖို့  ကလည်း တပူပူနဲ့ .. နိပွန်းမှာ ပန်းကန်ပဲဆေးရဆေးရ .. သန့် ရှင်းရေးပဲ လုပ်ရလုပ်ရ… ဒီမှာထက်တော့ စိတ်ချမ်းသာမယ်ထင်တယ်လေ.. ဒီတော့လည်း ဒါတွေရှိနိုင်တာပေါ့ …တချို့ ဆို ဟိုရောက် ရင် အာလျှောက်ဖို့  အခုထဲက “အာလျှောက်နည်းသင်တန်း” တောင် တက်နေပြီကြားတယ်“ဟု နတ်မယ်တော်ကြီးတဦးက တွေးတွေးဆဆ ပြောသည်။
ဂျပန်ထက် မြန်မာက သာပါတယ်
မြန်မာနတ်ကန္နားပွဲများမှာ “အိုးကလေးလှုပ်ပါဟေ့.. ရေအိုးလေး လှုပ်ပါဟေ့”ကဲ့သို့ ဟစ်ဟော့သီချင်းများပါ မကျန် ထည့်သွင်းတီးမှုတ်ကခုန်နေသည်ဖြစ်ရာ အလွန် ခေတ်မှီသည့်အတွက် ဂျပန်နတ်များမှာ နောက်ကောက် မကျန်ခဲ့ ရန် အပြင်းအထန် လေ့ကျင့်ပြင်ဆင်နေရသည်ဟုလည်း သတင်းရရှိသည်။
လက်မှတ်ဝယ်ရတာတော့ နာတယ်ရှင်
ပွဲတော်ကို သေသပ်ကျစွာ ကျင်းပနိုင်ရန် ပြင်ဆင်လျက်ရှိနေပြီး ကြိုတင်လက်မှတ်များလည်း ရောင်းချ လျက်ရှိရာ မြန်မာစတိုးဆိုင်များနှင့် မြန်မာများအဓိက စုရုံးရာ မြန်မာအခွန်ရုံးတ၀ိုက်တွင် ၀ယ်ယူနိုင်ကြောင်းလည်း သိရှိရသည်။ လက်မှတ်လေးတကိုင်ကိုင်နှင့် ငိုမဲ့မဲ့ဖြစ်နေသူ တဦးက..
“အခုပွဲမှာ တို့ ကလည်း ကမှာလေ။ တို့ ပါမယ့်ပွဲမှာ တို့ ကိုယ်တိုင်က လက်မှတ်ပေးဝယ်ရမယ်တဲ့။ ဟွန်း. ဒါတော့လွန်တာပေါ့နော်“ဟု ဆိုသည်။

အာရမလား သိချင်ရင်
နတ်ကန္နားပွဲတွင် “အလုပ်အကိုင်အဆင်ပြေပါ့မလား“ “အလုပ်ဘယ်တော့ပြန်ရမလဲ “ “ဘယ်တော့ အာကျမှာလဲ“ “အာကြီးလား။ အာလေးလား” .. စသည် စသည် တို့ ကိုလည်း နတ်မေးနိုင်ကြောင်း သတင်းရရှိသလို နတ်ကန္နားပွဲတွင် ဈေး ဆိုင်ဖွင့်လှစ်ရောင်းချလိုသူများလည်း ဆက်သွယ်နိုင်ကြောင်း သိရှိရသည်။

ဆက်ဆက်လာခဲ့ကြနော်
ယခုပွဲတော်မှာ တမူထူးခြားသဖြင့် ဂျပန်ရောက်မြန်မာများ အထူးစိတ်ဝင်တစား အားပေးလိမ့်မည်ဟု ပွဲစီစဉ်သူများ က မျှော်လင့်လျက်ရှိသည်။ သူမက…
“သမီးတို့ ခေါ်တဲ့နတ်တွေက ကြာဇာတ်လမ်း.. အဲ “အာရုံဦးမှာ ဟိုဒင်းဖြစ်သည့်ကြာ” ဇာတ်ကားထဲမှာ မပါဘူးလေ။ သန့် သန့် လေးတွေဆိုတော့ ဆန္ဒပြခံရမှာလည်း ပူစရာမလိုဘူး။ လက်မှတ်ပြန်အမ်းရမှာလဲ ပူစရာမလိုဘူး။ အေးဆေးပဲ “ ဟုလည်း ဆိုသည်။

ဘယ်နေ့ လဲ…
စနစ်တကျ ပြင်ဆင်နေလျက်ရှိနေသော ဂျပန်မြန်မာ ချစ်ကြည်ရေး ခြိမ့်ခြိမ့်သဲ နတ်ကန္နားပွဲကြီးကို ကျင်းပမည့်နေ့  မှာ ဂျပန်ရောက် မြန်မာအဖွဲ့အစည်းများ ညီညွတ်သည့်နေ့ ဖြစ်ကြောင်း သတင်းရရှိပါသည်။

ဒေါက်တာ ဂွတိုRest of your post

အပြည့်အစုံသတင်းဖတ်ရန်....

Friday, September 24, 2010

အိုပါးသီလ( သီလေးသီးအဖွဲ့)

သူရိန်ထက်ခံစားရေးဖွဲ့ထားတဲ့ ၀တ္ထူဇတ်ညွှန်းကို သီးလေးသီးးအဖွဲ့က ပန်းသီး၊ဇီးသီး၊ ကြယ်သီးတို့နဲ့ Peace Creation Group အဖွဲ့သားတို့က ပူးပေါင်းတင်ဆက်ထားတဲ့ အိုပါးသီလ ဗွီဒီယိုပါ။ ၂၀၁၀ခုနှစ်၊ နိုဝင်ဘာလမှာ ကျင်းပမယ့် စစ်အုပ်စုရဲ့ ရွေးကောက်ပွဲနဲ့ ၀န်ကြီးဆိုသူတွေရဲ့ အတုအယောင်ဘုရားတရား ကြည်ညှိကိုင်းရှိုင်းမှူတွေကြောင့် ဘုန်းကြီးထံ သီလတောင်းခံရာ မကောင်းတာမှန်သမျှ အကုန်ကျူးလွန်ထားကြလို့ ဘုန်းတော်ကြီး ခမြာ သီလပေးဖို့ခက်နေရင်း နောက်ဆုံးတော့ အိုပါးသီလဘဲ တောင်းခံကြပုံလေးကို သရော်ထားတဲ့ ဗွီဒီယိုကားတိုလေးပါ၊ ကားတိုလေးပေမယ့် အပိုင်းသုံးပိုင်းခွဲတင်ပေးထားတယ်၊ မျှဝေခံစားကြည့်ကြဖို့ပါ။မိမိတို့ ဘလော့ဂ်တွေမှာလည်း အခမဲ့ကူးယူဖော်ပြနိုင်ပါတယ်။






ဘလော့ဂ်မှာကြည့်လို့ အဆင်မပြေဘူးဆိုရင် Youtube မှာသွားကြည့်လိုက်ပါ။ အောက်မှာlinkတွေပေးထားတယ်၊ မိမိတို့ဘလော့ဂ်တွေမှာလည်း ကူးယူဖော်ပြနိုင်တယ် ။ကလစ်သာနှိပ်လိုက်ပါ။ all link
အိုပါးသီလအပိုင်း၂

အပြည့်အစုံသတင်းဖတ်ရန်....

အီရန် အာဏာရှင်သမ္မတ မိန့် ခွန်းကို ကမ္ဘာ့ နိုင်ငံတွေကန့် ကွက်

မမှန်တဲ့ အာဏာရှင်မည်သူထောက်ခံမလဲ?
ဆက်ဖတ်

အပြည့်အစုံသတင်းဖတ်ရန်....

ပျော်လို့ ထိုင်နေတာမဟုတ်၊ လူသားချင်း မငှဲ့ ညာခံရတဲ့ မြင်ကွင်းသာလျင် ၊ သင်လည်းအဲ့ဒီအထဲမှာ ထိုင်နေရလျင် ဘာကို တွေးနေမည်နည်း?


SummaryRest of your post

အပြည့်အစုံသတင်းဖတ်ရန်....

ဖြုတ် မျက်လုံးနဲ့ ရေတစက် ပင်လယ်ထင်နေ တော့ မခက်လား ?

ချင်းသမ္မတ ဖြစ်စေချင်လို့ ကြံ့ဖွံ့က ၀င်ပြိုင်မယ့်ဒေါက်တာ
ဆလိုင်းထွန်း | ကြာသပတေးနေ့၊ စက်တင်ဘာလ ၂၃ ရက် ၂၀၁၀ ခုနှစ် ၂၃ နာရီ ၀၅ မိနစ်

နယူးဒေလီ (မဇ္ဈိမ) ။ ။ ကြံ့ဖွံ့ပါတီ ရွေးကောက်ပွဲနိုင်လျှင် ချင်းအမျိုးသားများ သမ္မတဖြစ်လာရန် အခွင့်သာ၍ ယင်းပါတီအမတ်လောင်းအဖြစ် အရွေးခံရကြောင်း ဒေါက်တာမှုထန်က ပြောသည်။

အမတ်လောင်း ဦးရေ ၁,၁၀၀ ကျော်ဖြင့် တနိုင်ငံလုံးပြိုင်မည့် ပါတီမှာ ကြံ့ဖွံ့ပါတီဖြစ်သောကြောင့် ချင်းအမျိုးသားအရေး ပိုလုပ်နိုင်မည့်အပြင် သမ္မတအထိ တက်လှမ်းနိုင်သဖြင့် ချင်းပြည်နယ်လွှတ်တော်အတွက် ထန်တလန်မှ ကြံ့ဖွံ့ ကိုယ်စားပြု ၀င်ပြိုင်မည် ဆိုသည်။

ဒေါက်တာမှုထန်သည် ၁၉၇၃ တွင် မန္တလေး ဆေးတက္ကသိုလ်မှ ဘွဲ့ရကာ ၁၉၇၆-၈၆ တွင် ထန်တလန်ဆေးရုံတွင် အမှုထမ်းခဲ့သည်။ ၁၉၉၀ ရွေးကောက်ပွဲတွင် တသီးပုဂ္ဂလအနေဖြင့် ထန်တလန်မှပင် ရွေးကောက်ပွဲဝင်ရာ အနိုင်ရခဲ့သည်။ စစ်အစိုးရကျင်းပသည့် အမျိုးသားညီလာခံတွင် ပြုပြင်ပြောင်းလဲရေးအဆိုပြုချက်များ တင်သွင်းခဲ့သေးသည်။

“ချင်းတွေအတွက် အိပ်မက်မက်ချင်လို့။ ချင်းအမျိုးသားတယောက် ပါတီကြီးမှာ နိုင်ရင် တချိန်ချိန်မှာ ပြည်ထောင်စု အစိုးရထဲ ပါနိုင်မယ်။ သမ္မတတောင်မှ ချင်းလူမျိုးတွေ တက်ဖြစ်လောက်တယ်ဆိုတဲ့ ဆန္ဒရှိတယ်။ ဒါကြောင့် နောင်လာနောက်သားတွေအတွက် အကောင်းဆုံးပါတီ ထင်လို့ ၀င်ရတာပါ” ဟု ဒေါက်တာမှုထန်က မဇ္ဈိမကို ပြောသည်။

ချင်းတိုးတက်ရေးပါတီ CPP (၃၉ နေရာ) ၊ ချင်းအမျိုးသားပါတီ CNP (အရေအတွက် မသိရသေး) စသော ချင်း ပါတီ ၃ ခုအပြင် နေရာ ၉၈၀ ပြိုင်မည့် တစညတို့လည်း ချင်းပြည်နယ်တွင် ဝင်ပြိုင်ကြမည်။

CPP နှင့် CNP ပါတီ ခေါင်းဆောင်များကမူ ကြံ့ဖွံ့တွင် ပါဝင်ခြင်းထက် ချင်းပါတီ သီးသန့်ထောင်၍ ပြိုင်မှသာ သမ္မတဖြစ်နိုင်သည် ဟုဆိုသည်။

“ညွန့်ပေါင်းအစိုးရမှာ ကျနော်တို့လည်း သမ္မလောင်းဝင်မယ်၊ ကြိုက်လို့ မဲပေးရင် ပိုဖြစ်နိုင်တယ်။ ကြံ့ဖွံ့မှာဆိုရင် အများစုက ဗမာတွေဖြစ်တော့ ချင်းလူမျိုး ဘယ်တော့မှ သမ္မတလောင်း ဖြစ်မှာမဟုတ်ဘူး။ ကြံ့ဖွံ့ထက်တော့ ကျနော်တို့က ချင်းသမ္မတဖြစ်ဖို့ အခွင့်အရေး ပိုရှိတယ်” ဟု CPP အထွေထွေအတွင်းရေးမှူး ဦးဇုမ်လှဲထန်း (Zung Hlei Thang) က မဇ္ဈိမကို ပြောသည်။

သူကဆက်ပြီး “စစ်တပ်နဲ့ ကြံ့ဖွံ့ပေါင်းပြီး ပြည်ထောင်စု လွှတ်တော်ထဲမှာ ထက်ဝက်ကျော်ရရင်တော့ သူပြောတာ မှန်နိုင်တယ်။ ဒါပေမဲ့ ကြံ့ဖွံ့က မဲရမယ် မထင်ဘူး။ ကျနော်တို့လို တခြားပါတီတွေ မဟာမိတ်လုပ်ပြီး နိုင်ရင်တော့ သမ္မတလည်း ကျနော်တို့ပဲ ဖြစ်မယ်။ အလိုအလျောက် ပြည်နယ်ဝန်ကြီးချုပ် ဖြစ်မယ်ဆိုတော့ ကိုယ်လူမျိုး၊ ကိုယ့်ပြည်နယ်အတွက် ပိုလုပ်နိုင်မယ်” ဟု ပြောသည်။

CNP ပါတီ ဒုဥက္ကဋ္ဌ ဦးချမ်ဟရဲ (Chen Hre) ကမူ “ကျနော်တို့ကတော့ တကယ့်ဒီမိုကရေစီစနစ်ပဲ လိုချင်တယ်။ အခွင့်အရေးသမား ဖြစ်ရင်တော့ အခွင့်အရေးရနိုင်တဲ့ အဖွဲ့မှာပဲ နေမှာပဲ။ CNP ပါတီအနေနဲ့ သမ္မတမရနိုင်ရင်လည်း ဒီမိုကရေစီအရေးတွက် ရပ်တည်တယ်။ ချင်းတိုင်းရင်းသားအနေနဲ့ သမ္မတလုပ်နိုင်ရင်တော့ သိပ်ကောင်းပါတယ်” ဟု ပြောသည်။Rest of your post

အပြည့်အစုံသတင်းဖတ်ရန်....

သဘောထားကြီးကြီးနဲ့ သံဃာတွေတော့ သတ်မိပါတယ်၊ သေဒဏ်ကျ ငမိုက်သားတွေကို ဘေးမဲ့စဉ်းစားတဲ့ သန်းရွှေ

ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ကရုဏာ ကြီးမားကြောင်း ပြောဆို ရေးသားသူရှိ NEJ / ၂၄ စက်တင်ဘာ ၂၀၁၀
မြန်မာနိုင်ငံအတွင်း စစ်ခေါင်းဆောင်များ၏ လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇ၀တ်မှုများ၊ စစ်ရာဇ၀တ်မှုများနှင့် ပတ်သက်၍ ကုလသမဂ္ဂမှ စုံစမ်းစစ်ဆေးရေး ကော်မရှင်ဖွဲ့ပြီး စုံစမ်းစစ်ဆေးရန် နိုင်ငံတကာမှ ထောက်ခံပြောဆိုမှုများ တိုးပွားလာနေချိန်တွင် ပြည်တွင်းထုတ် ဂျာနယ်တခုမှနေ၍ နအဖစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေအား နိုင်ငံသားများအပေါ် သေဒဏ်အတည်ပြုမပေးသည့် ကရုဏာကြီးမားသူ တဦးအဖြစ် ချီးမွမ်းရေးသားထားသည်။

စက်တင်ဘာ (၁၇) ရက်ထုတ် အတွဲ (၃)၊ အမှတ် (၃)၊ လျှပ်တစ်ပြက် သတင်းဂျာနယ်ပါ မြတ်ခိုင်၏ တရားရှာထောင်မှာတွေ့ ဟူသည့် သတင်းဆောင်းပါးတွင် အကျဉ်းဦးစီးဌာန ညွှန်ချုပ်၏ ပြောစကားကို ကိုးကား၍ ရေးသားတင်ပြထားခြင်းဖြစ်သည်။

အဆိုပါ သတင်းဆောင်းပါးတွင် မြန်မာတနိုင်ငံလုံး၌ လက်ရှိ သေဒဏ်ကျ အကျဉ်းသား စုစုပေါင်း (၆၀၀) ကျော်ရှိကြောင်း၊ သို့သော် ယင်းသို့ သေဒဏ်ချမှတ်ခြင်းခံရသည့် အကျဉ်းသားများသည် အယူခံခွင့်၊ အသားနားခံစာ တင်ပြခွင့်ရှိပြီး အဆိုပါ အယူခံလွှာများမှာ နအဖဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး သန်းရွှေထံသို့ ရောက်ရှိကြောင်း၊ ဗိုလ်ချုပ်မှူးကြီးက ယင်းအယူခံလွှာများကို တခုမှချမပေးဘဲ တင်ပြလာသည့်အမှုတွဲများကို ၎င်းထံတွင်သာ သိမ်းဆည်းထားကြောင်း၊ ၁၉၈၈ ခုနှစ်နောက်ပိုင်းတွင် သေဒဏ်ပေး၊ ကြိုးပေးသတ်ခြင်းမျိုး သိပ်မရှိကြောင်း အကျဉ်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၏ ပြောကြားချက်ကို ရေးသားဖော်ပြထားသည်။

အကျဉ်းဦးစီးဌာန ညွှန်မှူးချုပ်က “ဒါတွေသည် နိုင်ငံသားတွေအပေါ်မှာထားတဲ့ နိုင်ငံတော်အကြီးအကဲရဲ့စေတနာ၊ မေတ္တာ၊ ကရုဏာ။ ဒါတွေနဲ့ကြည့်လိုက်မယ်ဆိုရင် သူ့ရဲ့နိုင်ငံသားတွေအပေါ်မှာ နိုင်ငံတော်အကြီးအကဲတွေအနေနဲ့ ဘယ်လောက်ထိတောင် စောင့်ရှောက်ထားတယ်ဆိုတာ ပေါ်လွင် ထင်ရှားတယ်။ တနိုင်ငံလုံးမှာရှိတဲ့၊ ထောင်အသီးသီးမှာရှိတဲ့ သေဒဏ်ချမှတ်ခြင်းခံရတဲ့ အကျဉ်းသားပေါင်း (၆ဝဝ) ကျော်ရှိပါတယ်” ဟု ပြောကြားသည်။

ထို့ကြောင့် အကျဉ်းဦးစီးဌာန ၀န်ထမ်းများပင်လျှင် ကြိုးပေးသတ်ခြင်းနှင့်ပတ်သက်၍ မကြားဝံ့သူများ အများကြီးရှိနေပြီး ကြိုးပေးသတ်ခြင်းနှင့်ပတ်သက်၍ အတွေ့အကြုံရှိသည့်လူ မရှိသလောက်ဖြစ်သွားပြီဟုလည်း ၎င်းက ပြောဆိုထားသည်။

ထိုသို့ ဂျာနယ်ပါ ပြောကြားချက်နှင့်ပတ်သက်၍ တပ်မတော်အရာရှိဟောင်းတဦးဖြစ်သူ ရန်ကုန်မြို့ ပြည်တွင်းအခွန်ဦးစီးဌာနတွင် တာဝန်ထမ်းဆောင်နေသည့် အခွန်ဦးစီးမှူးတဦးက “အကျဉ်းထောင်တွေထဲမှာ ကြိုးဒဏ်စီရင်လား မစီရင်လားတော့ မသိဘူး။ ကျနော် စစ်တပ်က အငြိမ်းစားမယူခင် အရှေ့တောင်တိုင်း စစ်ဌာနချုပ်မှာ တာဝန်ထမ်းဆောင်ခဲ့တုန်းကတော့ မော်လမြိုင် လေးထပ်ဈေးမှာ ရွှေဆိုင်ကိုသေနတ်နဲ့ဝင်ပြီး ဓားပြတိုက်တဲ့ ဒီကေဘီအေတပ်ထွက် တရားခံ (၃) ယောက်ကိုတော့ စစ်ခုံရုံးနဲ့ တရားစီရင်ပြီး အရှေ့တောင်တိုင်း စစ်ဌာနချုပ်မှာပဲ ကွတ်မျက်လိုက်တယ်။ ၁၉၈၈ ခုနှစ်နောက်ပိုင်း အကျဉ်းထောင်တွေထဲမှာ ကြိုးဒဏ်မစီရင်တော့တာ ဟုတ်ကောင်း ဟုတ်နိုင်တယ်။ ဒါပေမယ့် စစ်ခုံရုံးနဲ့ သေဒဏ်ပေးပြီး ကွတ်မျက်လိုက်တာမျိုးတွေကိုတော့ တပ်ရင်းတပ်ဖွဲ့တွေမှာ လုပ်တာတွေရှိတယ်” ဟု ပြောကြားသည်။

ယင်းကဲ့သို့ စစ်တပ်မှ ပစ်သတ်မှုနှင့်ပတ်သက်၍လည်း အမေရိကန်ပြည်ထောင်စု မြန်မာသံရုံးတွင် သံမှူးကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးသည့် ဗိုလ်မှူးအောင်လင်းထွဋ်က ပြည်ပသတင်းမီဒီယာများသို့ ထုတ်ဖော်ပြောကြားခဲ့ဖူးသည်။

မြန်မာနိုင်ငံ တောင်ပိုင်း တနင်္သာရီတိုင်း မြန်မာ့ပင်လယ်ပြင်အတွင်းရှိ ခရစ္စတီးကျွန်း (Cristie Island) ခေါ် ကျွန်းငယ်လေးတခုပေါ်တွင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏ အမိန့်ဖြင့် အပြစ်မဲ့ပြည်သူကျေးရွာသား (၅၉) ဦးနှင့် ထိုင်းရေလုပ်သား (၂၂) ဦးကို မြန်မာစစ်တပ်က ပစ်သတ်ခဲ့သည့် ကိုယ်တွေ့ဖြစ်ရပ်တခုကို ဗိုလ်မှူးအောင်လင်းထွဋ်က ဗွီအိုအေ သတင်းဌာနသို့ အသေးစိတ် ပြောကြားခဲ့ဖူးသည်။

ထိုသို့ပစ်သတ်ခံရသူများမှာ အဆိုပါကျွန်းပေါ်တွင် သစ်ခုတ်ဝါးခုတ်လုပ်နေသူများဖြစ်ပြီး ထိုကျွန်းပေါ်တွင် အရပ်သားများ မနေရဟုဆိုကာ ၎င်းတို့အား ဖမ်းဆီးသတ်ဖြတ်လိုက်ခြင်းဖြစ်ကြောင်း၊ ယင်းအချိန်က အဆိုပါနယ်မြေ၏ အဓိက တာဝန်ခံမှာ ဗိုလ်ချုပ်သူရမြင့်အောင်ဖြစ်ပြီး ဗျူဟာမှူးမှာ ဗိုလ်မှူးကြီးဇော်မင်း ဖြစ်ကြောင်း ဗိုလ်မှူးအောင်လင်းထွဋ်က ဗွီအိုအေသို့ ပြောကြားခဲ့သည်။

လျှစ်တစ်ပြက်ဂျာနယ်ကမူ ဗိုလ်ချုပ်မှူးကြီးသန်းရွှေသည် ကိုယ့်နိုင်ငံသားများ၊ ကိုယ့်တိုင်းရင်းသားများအပေါ် သနားကရုဏာ ကြီးမားခဲ့သူဖြစ်ကြောင်း၊ ၁၉၈၈ ခုနှစ်နောက်ပိုင်း ကြိုးပေးချမှတ်သည့်သေဒဏ် မရှိသလောက်ဖြစ်ကြောင်း ရေးသားထားသော်လည်း မြန်မာစစ်အစိုးရ၏ စစ်ရာဇဝတ်မှုများနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများကို စုံစမ်းစစ်ဆေးရေးကော်မရှင်ဖွဲ့ပြီး စုံစမ်းစစ်ဆေးရန်အတွက် ယမန်နေ့ စက်တင်ဘာ (၂၃) တွင် ပြင်သစ်နိုင်ငံက ထောက်ခံလိုက်သဖြင့် ယင်းအဆိုပြုချက်ကို ထောက်ခံသည့်နိုင်ငံပေါင်း (၁၀) နိုင်ငံ ရှိသွားပြီဖြစ်သည်။

အဆိုပါနိုင်ငံများမှာ ပြင်သစ်အပါအ၀င် အမေရိကန်၊ ကနေဒါ၊ ချက်၊ ဗြိတိန်၊ စလိုဗက်ကီးယား၊ သြစတြေးလျ၊ ဟန်ဂေရီ နယ်သာလန်နှင့် နယူးဇီလန်နိုင်ငံတို့ဖြစ်ကြသည်။

စုံစမ်းစစ်ဆေးရေးကော်မရှင် ဖွဲ့စည်းရန် အဓိက အဆိုပြုတိုက်တွန်းခဲ့သူမှာ မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် မစ္စတာ တောမတ်စ် အိုဟေး ကင်တားနား ဖြစ်သည်။

၎င်းသည် မြန်မာနိုင်ငံသို့ လူအခွင့်အရေးအခြေအနေများကို ကိုယ်တိုင် သွားရောက် လေ့လာခဲ့ပြီးသည့်နောက် မြန်မာနိုင်ငံ၌ လူမဆန်သည့် ရာဇ၀တ်မှုများနှင့် စစ်ရာဇ၀တ်မှုများ ကျူးလွန်နေမှုနှင့်ပတ်သက်၍ ကုလသမဂ္ဂက စုံစမ်းရေးကော်မရှင်ဖွဲ့ စုံစမ်းပေးရန် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ၏ (၁၃) ကြိမ်မြောက် အစည်းအဝေးတွင် တင်ပြတောင်းဆိုခဲ့ခြင်းဖြစ်သည်။ Rest of your post

အပြည့်အစုံသတင်းဖတ်ရန်....

ရွေးကောက်ပွဲပြီးရင် ပြည်တွင်းစစ်ကြီးလာတော့မယ် (ရန်နောင်)

ဝန်ပြီးရှုပ်သိန်းစိန်က ရွေးကောက်ပွဲပြီးရင် K I O အဖွဲ့ကိုတိုက်မယ်ဆိုတော့ ရွေးကောက်ပွဲပြီး
ရင် ပြည်တွင်းစစ်ကြီးပြန်စတော့မယ်လို့ ကြေငြာလိုက်တာဘဲ။ ဒီပုံတိုင်းဆိုသူတို့ ကုန်းကုန်းပြီး ကန့်တော့လိုက်ရတဲ့ဆင်ဖြူ တွေကလည်း မြန်မာပြည်အတွက် ငြိမ်းချမ်းရေးဆောင် ကျဉ်းပေးနိုင်ပုံမပေါ်ဘူး။

ပြောပုံကရွေးကောက်ပွဲပြီးရင် တိုက်မယ်ဆိုတော့ သူတို့ကရွေးကောက်ပွဲမှာ သူတို့အနိုင်ရ
မယ်လို့ အပိုင်တွက်ထား ပြီးရွေးကောက်ပွဲလွန်ကာလမှ ဘာတွေလုပ်မယ်ဆိုတာတောင် ကြိုတင်ပြင်ဆင် ထားပုံရတယ်။ ဒါကိုတော့ရွေးကောက်ပွဲဝင်မယ် တကဲကဲလုပ်နေတဲ့အသုးံတော်ခံအမတ်လောင်းတွေ သတိပြုသင့်တဲ့ အချက်လည်းဖြစ်တယ်။

ဒီစစ်ပွဲဟာ တရားတာ၊ မတရားတာထားလိုက်အုးံ ။ခုဒီကောင်ကြီး အာချောင်လို့ တဘက်လူက
ကြိုတင်ပြင်ဆင်ချိန်ရသွားပြီး ခုဆို KIO တပ်ဖွဲ့တွေ တပ်ပြင်နေတာတွေ အားလုးံအသိပါဘဲ။
ပြီးတော့ သူတို့က အနောက်ကနေပြီး အရှက်မရှိ ကလေးစစ်သားတွေကို အတင်းတိုက်ခိုင်းပြီး
သေခိုင်းအုးံမယ်။ ဒါကြောင့် ဒီပြောင်ကြီးကို နိုင်ငံတော်သတင်းပေါက်ကြားမှုနဲ့ အရေးယူသင့်တယ်။

ဗိုလ်ချုပ်ဟောင်းတဦး ဖြစ်ရုံသာမက ဝန်ကြီးချုပ်တာဝန်ထမ်းဆောင်နေတဲ့ကောင်က ရန်သူကို ဘယ်အချိန်မှာ တိုက်မယ်လို့ထုပ်ပြောတာကတော့ တာဝန်မဲ့ရာကြပါတယ်။ စစ်တိုက်တယ်ဆိုတာ အသက်နဲ့ရင်းနေရတာပါ။ စစ်တိုက်တဲ့နေရမှာ No Information , No Operationိုတဲ့အခြေခံစစ်ဗျုဟာကို ဗိုလ်ရှုပ်ကြီးဟောင်း နားလည်မယ်ဆိုရင်သူပြောလိုက်တဲ့စကားတခွန်းဟာ တဘက်လူအတွက်ဘယ်လောက်အသုးံဝင်မယ်၊ ကိုယ့်လူတွေအတွက် ဘယ်လောက်အတိုင်းတာအထိ အန္တရယ်ကြရောက်မယ်ဆိုတာ လေးလောက်တော့စဉ်းစားသင့်တယ်။

ဒါကြောင့်တပ်မတော်သားတွေ အနေနဲ့လည်း သေချာစဉ်းစားသင့်ပြီ။ တပ်မတော်သားတွေရဲ့ အသက်၊သွေး၊ ချွေးတွေကို ခွေးကလေး၊ ကြက်ကလေးလေးလောက်တောင်တန်ဖိုး မထားတဲ့ ဗိုလ်ရှုပ်တွေရဲ့ထားရာနေ၊ စေရာသွားဘဝကနေရုန်းထွက်ပြီး ကိုယ်ပိုင်အသိ ညဏ်နဲ့ စဉ်းစား၊ ဆင်ချင်၊ ဆုးံဖြတ်နိုင်ပြီး တိုင်းပြည်နဲ့ လူမျိုးအကျိုးကို ထမ်းရွက်မဲ့တပ်မတော် သားတွေဖြစ်အောင်ကြိုးပမ်းချိန် တန်ပါပြီလို့။Rest of your post

အပြည့်အစုံသတင်းဖတ်ရန်....

Thursday, September 23, 2010

စစ်ရာဇ၀တ်ကောင်တွေ ထုတ်ဖေါ်စုံစမ်းရေးအတွက် ပြင်သစ်ထောက်ခံ

မြန်မာပြစ်မှု စုံစမ်းရေး ပြင်သစ်ထောက်ခံ
မြန်မာနိုင်ငံက လူ့အခွင့်အရေး ချိုးဖောက်မှုတွေဟာ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ပြစ်မှု၊ စစ်ရာဇ၀တ်မှု မြောက်မမြောက် ကုလသမဂ္ဂက ကော်မရှင်တရပ် ဖွဲ့စည်း စုံစမ်းမှုတွေ လုပ်ဖို့ တိုက်တွန်းနေရာမှာ ပြင်သစ်နိုင်ငံလည်း ပါဝင်လာပါတယ်။

ဒါပေမဲ့လည်း ပြင်သစ်နိုင်ငံသာမက ဥရောပသမဂ္ဂ (EU) အနေနဲ့ပါ အားပေးထောက်ခံသွားဖို့ နိုင်ငံတကာ လူ့အခွင့်အရေး အဖွဲ့တွေက တိုက်တွန်းလိုက်ကြတာပါ။

EU ရဲ့ တညီတညွတ်တည်း ရပ်တည်ချက်ဟာ ကျန် ကုလသမဂ္ဂ အဖွဲ့ဝင် နိုင်ငံတွေကို အလားတူ ဆောင်ရွက်ကြဖို့ ခိုင်မာတဲ့ သတင်းစကား ပေးပို့ရာ ရောက်စေမယ်လို့ ဗုဒ္ဓဟူးနေ့က ပြင်သစ်နိုင်ငံ ပဲရစ်မြို့မှာ ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲအတွင်း လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ (Human Rights Watch)၊ ပြင်သစ် လူ့အခွင့်အရေး အဖွဲ့ချုပ်နဲ့ နိုင်ငံတကာ လူ့အခွင့်အရေး အဖွဲ့ချုပ် (FIDH) တို့က ၀ိုင်းဝန်း တိုက်တွန်းလိုက်ကြတာ ဖြစ်ပါတယ်။

ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် တိုမာ့စ် အိုဟေး ကင်တားနား (Tomas Ojea Quintana) က မြန်မာနိုင်ငံက လူ့အခွင့်အရေး အခြေအနေတွေကို ကော်မရှင်တရပ် ဖွဲ့စည်း စုံစမ်းဖို့ ပြီးခဲ့တဲ့ မတ်လက အစီရင်ခံစာ တင်သွင်းရာမှာ အကြံပြုခဲ့တဲ့နောက် အခုလို နိုင်ငံတကာ အသိုင်းအ၀န်းက ၀ိုင်းဝန်း တိုက်တွန်းမှုတွေ ထွက်ပေါ်လာတာပါ။

ဂျီနီဗာမြို့မှာ ကျင်းပနေတဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီရဲ့ ၁၅ ကြိမ်မြောက် ညီလာခံအတွင်း ပြင်သစ်နိုင်ငံ ကိုယ်စားလှယ်ကလည်း ဒီအဆိုပြုချက်ကို ထောက်ခံကြောင်းနဲ့ မြန်မာအစိုးရက ဒီအစီအစဉ်ကို အပြည့်အ၀ ပူးပေါင်းဖို့လည်း တိုက်တွန်းခဲ့တာ ဖြစ်ပါတယ်။

အမေရိကန် ပြည်ထောင်စု နယူးယောက်မှာ ကျင်းပနေတဲ့ ကုလသမဂ္ဂ အထွေထွေ ညီလာခံကို တက်ရောက်လာတဲ့ မြန်မာ နိုင်ငံခြားရေးဝန်ကြီး ဦးဉာဏ်ဝင်းကတော့ တိုင်းပြည် ဖွံ့ဖြိုးရေးအတွက် ကုလသမဂ္ဂရဲ့ ထောင်စုနှစ် ရည်မှန်းချက်နဲ့အညီ ဖြစ်အောင် ကြိုးပမ်းနေတယ်လို့ ပြောဆိုခဲ့တာပါ။ ဒီအတွက် နိုင်ငံတကာ အကူအညီတွေ လိုအပ်တယ်လို့လည်း အင်္ဂါနေ့တုန်းကပဲ ပြောဆိုခဲ့တာ ဖြစ်ပါတယ်။Rest of your post

အပြည့်အစုံသတင်းဖတ်ရန်....

အော် ...ဒုက္ခ

အပြည့်အစုံသတင်းဖတ်ရန်....

ဖမ်းဆီးကျောင်းသားတွေ ပြန်လွှတ်ပေး

Statement for Spot Student_s

အပြည့်အစုံသတင်းဖတ်ရန်....

လူ့ အခွင့်အရေးချိုးဖေါက်မှု(လူမဆန်တဲ့ ရက်စက်မှု အတွက် ကုလသမဂ္ဂ ၏ စုံစမ်းရေးကော်မရှင်ဖွဲ့ ရန် ထောက်ခံကြပါ။

မြ န်မာနိုင်ငံအတွင်း အာဏာရှင်တွေက ကျူးလွန်ခဲ့တဲ့ လူ့ အခွင့်အရေးချိုးဖေါက်မှု(လူမဆန်တဲ့ ရက်စက်မှု) တွေကို ကုလသမဂ္ဂ ကစုံစမ်းရေးကော်မရှင်ဖွဲ့ ဘို့  နယူးဇီလန်အစိုးရကလည်း သဘောတူလိုက်ကြောင်း ထပ်မံကြားသိရတဲ့အတွက် ပိုမိုအားရမိပါတယ်။
ရှေ့ ဘက်က သဘောတူခဲ့တဲ့နိုင်ငံတွေမှာ ကြိုးစားခဲ့တဲ့ မြန်မာ့ဒီမိုကရေစီ ရရှိစေလိုကြတဲ့ နိုင်ငံတကာရောက်မြန်မာတွေနဲ့ ပူးပေါင်းကူညီနေကြတဲ့ နိုင်ငံခြားသားတွေကိုလည်းကျေးဇူးတင်စရာပါဘဲ၊နိုင်ငံတကာကနေ မြန်မာ့ဒီမိုကရေစီရရှိရေးအတွက် ရတဲ့အခြေအနေ မှာ အတတ်နိုင်ဆုံးနဲ့  အကောင်းဆုံးဖြစ်အောင်ကြိုးစားပေးနိုင်တဲ့၊ ပေးချင်တဲ့၊ နိုင်ငံရေးသဘောတရားကိုအဆင့်မြင့်မြင့် နားလည်တဲ့၊ ရိုးရိုးသားသားသူတွေကလည်း နည်းပါးလာပါပြီ။
(နိုင်ငံရေးအဆင့်ကို အင်တာနက်တွေမှာဖတ်ကြည့်၊ရေဒီယိုတွေမှာနားထောင်ကြည့်ရင် သဘောပေါက်နိင်ပါတယ်၊)
ခက်မယ်၊ကြာမယ်၊ဒါပေမဲ့ လောလောဆယ် နိုင်ငံတကာအခြေအနေမှာ ဒါလောက်ဘဲ အကောင်းဆုံးဖြစ်နိုင်ဘွယ်ရှိတယ်လို့  ကြားသိမြင်နေတဲ့ ဆရာဦးဝင်းတင်ကလည်း ၂၀၊၉၊၂၀၁၀ RFA မနက်ပိုင်းရေဒီယိုအစီအစဉ်မှာ US Campaign for Burma က
ကိုအောင်ဒင်နဲ့ ဒီအကြောင်းတွေကိုဘဲဆွေးနွေးတာကြားလိုက်ရပါတယ်၊
အာဏာရူးတွေရဲ့ လူမဆန်မှုတွေကို ဖြစ်နိုင်တာကစပြီး နိုင်ငံတကာက အရေးယူနိုင်အောင်ကြိုးစားရပါမယ်၊ အာဏာရူး စနစ်မရှိအောင် အခြားထိရောက်မယ့်နည်း တွေကိုလည်း ကြံစည်လုပ်ဆောင်သင့်ကြပါတယ်၊ပြည်တွင်းမှာ ရွေးကောက်ပွဲဝင်ကြမယ့် ယခင်က အဖမ်းခံ အဆီးခံ စွန့် စားလုပ်ခဲ့ကြသူတွေရဲ့ ရေဒီယိုမေးမြန်းခန်းတွေမှာ နှစ်ပေါင်းများစွာ ပြည်ပက ကူညီမှုတွေကိုပြည်တွင်းက စောင့်မျှော်ခဲ့ကြပေမဲ့ ထိရောက်မှုတွေ မရခဲ့တာကြောင့် ရွေးစရာမရှိလို့  ပြောင်းလိုပြောင်းငြားဝင်ရတဲ့သဘော မကြာခဏ ကြားရပါတယ်။

ပြည်ပကနေ ထိရောက်မယ့်ဖိအားတွေ မပေးနိုင်ကြတော့ တွေ့ဆုံဆွေးနွေးမှုတွေလည်းဖြစ်မလာ၊ ခုတော့ ဒီမိုကရေစီသမား တွေလည်း ရွေးကောက်ပွဲဝင်တဲ့အဖြစ်ရောက်ကြရတာ သင်ခန်းစာပါ။
(နိုင်ငံတကာ မီဒီယာများကိုလည်း အသုံးပြုတတ်ကြပါစေ)

နေမင်း

အပြည့်အစုံသတင်းဖတ်ရန်....

ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ ရပ်တည်တိုက်ပွဲဝင်ကြ

ယနေ့မြန့်မာနိုင်ငံရေးအလှည့်အပြောင်းသည် စစ်အာဏာရှင်သက်ဆိုးရှည်ရေး အတွက် နိုင်ငံတကာ၏အသိအမှတ်ပြုမှုနှင့် စစ်အုပ်စု အပေါ် နိုင်ငံတကာ၏သဘေားထားများသည် လွန်စွာအရေးပါလှ သောအချိန်ဖြစ်ပါတယ်။

ကုလသမဂ္ဂ၏၂၀၁၀ အထွေထွေညီလာခံတွင်၊ စက်တင်ဘာလ(၂၇) တနင်္လာနေ့မှာ ကုလသမဂ္ဂမြန်မာ့မိတ်ဆွေများအစည်းအဝေး ကို အထွေထွေအတွင်းရေးမှူးချုပ် ဘန်ကီမွန်းမှ ကမကထ ပြုကျင်းပမှာဖြစ်ပါတယ်။ သို့သော်လည်း ၄င်းကိုယ်တိုင် မြန်မာ့အရေးကို ပျော့ညံ့ လျော့ရဲသောရပ်တည်ချက်များဖြင့်သာ မရေမရာမူဝါဒကိုစွဲကိုင်ဆောင်ရွက်လျက်ရှိနေပါတယ်။

လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်နှင့် ကိုမင်းကိုနိုင်အပါအ၀င်၊ နိုင်ငံရေး အကျဉ်းသား၂၁၀၀ကျော် ကိုလွှတ်ပေးရန်ဖိအားပေးဆောင်ရွက်မှုများသည်လည်း ထိရောက်မှုမရှိသလို။ ဥပဒေအရ အကျဉ်းကျခံရက်ပြည့်သည့် နိုဝင်ဘာလ(၁၃)ရက်နေ့ တွင်ဒေါ်အောင် ဆန်းစုကြည်ကို လွှတ်ပေးရမည်ကိုပင် မသေမချာသည့် အခြေအနေတွင်ရှိနေပါတယ်။

ထို့ကြောင့် အောက်ပါတောင်းဆိုချက်(၃)ရပ်ကို ၂၀၁၀ ကုလသမဂအထွေထွေညီလာခံကြီးတွင် ဆုံးဖြတ်ဆောင်ရွက်သွားကြပါရန် တောင်းဆိုဆနွုပြသွားမည်ဖြစ်ပါသည်။

၁။ စစ်ခေါင်းဆောင်များ၏ လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် လူသားအရင်းအမြစ်ဆိုင်ရာပြစ်မှုကျူးလွန်ဖောက်ဖျက်မှုများကို စုံစမ်းစစ်ဆေးရေးကော်မီရှင်ဖွဲ့စည်းပြီး စုံစမ်းဖော်ထုတ် အရေးယူဆောင်ရွက်သွားရေး။

၂။ စစ်အုပ်စု၏ အတုအယောင်၂၀၁၀ ရွေကောက်ပွဲအား အသိအမှတ်မပြုရေး။

၃။ ဒေါ်အောင်ဆန်းစုကြည်နှင့် ကိုမင်းကိုနိုင် အပါအ၀င်နိုင်ငံရေးအကျဉ်းသားအားလုံး ချွှင်းချက် မရှိလွှတ်ပေးရေး။
အောက်ပါအစီအစဉ်အတိုင်း ပါဝင်ပူးပေါင်းကြပါရန် အလေးအနက်ဖိတ်ကြားအပ်ပါတယ်။

အချိန်၊ စက်တင်ဘာလ(၂၅)ရက်၊ စနေနေ့ (နေ့လည် ၁၂း၃၀ မှ ၃း၀၀)

နေရာ၊ Dag Hammarskjold Plaza, 47th Street and 1st Ave., New York, NY (ကုလသမဂ္ဂ ရုံးရှေ့ )

ဆက်သွယ်ရန်၊ မောင်မောင်(၂၆၀) ၄၁၈ ၉၀၃၉ ။ မိုးချမ်း (၆၄၆) ၆၄၃ ၈၆၈၉

အပြည့်အစုံသတင်းဖတ်ရန်....

ရွှေဝါရောင်တော်လှန်ရေး အမှတ်တရ ရေစက်ချကြွပါ။



၂၀၀၇ စက်တင်ဘာ ၊ တွင်ကျဆုံးခဲ့ကြသော ရဟန်းရှင်လူများကို ကျွတ်လွတ်ပါစေခြင်းအကျိုးငှာ ဆွမ်း၊ဆေး၊ကျောင်း၊သင်္ကန်း ဆက်ကပ် လှုဒါန်းအမျှပေးဝေမည်ဖြစ်ပါသဖြင့် အထက်ပါလိပ်စာအတိုင်းကြွရောက်ကြပါရန်လေးစားစွာဖိတ်ကြားအပ်ပါ
သည်။

လေးစားဦးညွှတ်
ဘားမားပါပါရာဇီ

အပြည့်အစုံသတင်းဖတ်ရန်....

ABMA ဂျာနယ် အတွဲ(၁) အမှတ်(၁၆)

ABMA Journal Volume 1 No 16

အပြည့်အစုံသတင်းဖတ်ရန်....

ယုံချင်ယုံ မယုံချင်နေ..ယုံသူ အရူး..ဥာဏ်ဝင်း ငပြူး

အရှက်မရှိ မျက်နှာပြောင် အထစ်အထစ်နဲ့ ငပြူးက ပြဲပြနေပါတယ်

အပြည့်အစုံသတင်းဖတ်ရန်....

ကမ္ဘာငြိမ်းချမ်းရေး နေ့ ကျင်းပပုံ သတင်းမှတ်တမ်း

၂၀၁၀ ခုနှစ် စက်တင်ဘာလ ၂၁ ရက် အပြည်ပြည်ဆိုင်ရာ ကမ္ဘာ့ငြိမ်းချမ်းရေးနေ့ အထိမ်းအမှတ်အခမ်းအနားကို အလုံမြို့နယ် NLD လူငယ် ခေါင်းဆောင် ကိုလူမော်လတ် နေအိမ်တွင်ကျင်းပရာ NLD ပါတီ ဥက္ကဌကြီး ဘဘဦးတင်ဦး ကြွရောက်ချီးမြှင့်အားပေး

ယနေ့ စက်တင်ဘာလ ၂၁ ရက် အပြည်ပြည်ဆိုင်ရာကမ္ဘာ့ငြိမ်းချမ်းရေးနေ့အထိမ်းအမှတ်အခမ်းအနားကို အမှတ်(၁၄) နွယ်နီလမ်း စောရန်ပိုင် တောင် ရပ်ကွက်ရှိ အလုံမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လူငယ်ခေါင်းဆောင် ကိုလူမော်လတ်နေအိမ်တွင်ဒီမိုက ရေစီအင်အား စုများစွာဖြင့်ကျင်းပခဲ့ပါသည်။
နံနက် (၁၀) နာရီအချိန်တွင် ပင့်ဖိတ်ထားသော ဆရာတော်သံဃာတော်အရှင်သူမြတ်(၅) ပါးမှ (၅)ပါးသီလပေးပြီး၊ မေတ္တာသုတ် နှင့်ဗော ဇ္ဈင်သုတ်ပရိတ်တရားတော်များကိုရွတ်ဖတ်သရဇ္ဈာယ်ချီးမြှင့်တော်မူခဲ့ကြပါသည်။၊ထို့နောက် ဆရာတော်အရှင်သူမြတ်များ ကို ကိုလူမော် လတ်၊မ၀င်းမော်ဦး(၈၈ကျဆုံး)၏အဖွားဒေါ်နီနှင့်NLD ပါတီဝင်များကလှုဖွယ်ဝတ္ထုနှင့်သင်္ကန်းများကို ဆက်ကပ် လှုဒါန်းခဲ့ပါသည်။ ဒီမိုက ရေစီတိုက်ပွဲအတွင်းကျဆုံးသွားကြကုန်သော ရဟန်းရှင်လူ၊ကျောင်းသား/သူအပေါင်းကိုအမျှပေးဝေပြီး၊ မြန်မာနိုင်ငံတ၀ှမ်းရှိ အကျဉ်း ထောင်များ၌မတရားဖမ်းဆီးအကျဉ်းချထားခြင်းခံနေရသော ရဟန်းသံဃာတော်များ၊နိုင်ငံရေးသမားများနှင့် ကျောင်းသား လူငယ်မျိုး ဆက်သစ်များကိုအမြန်လွတ်ငြိမ်းချမ်းသာရပါစေခြင်းငှာဆုတောင်းမေတ္တာပို့သခဲ့ကြပါသည်။အဲ့ဒီနောက်မှာတော့ သံဃာတော်အ ရှင်သူ မြတ်များကို နေ့ဆွမ်းဆက်ကပ်လှုဒါန်းခဲ့ကြပါသည်။ကြွရောက်လာကြသောဒီမိုကရေစီအင်အားစုဧည့်ပရိတ်သတ်ကို
ကြက်သား၊၀က်သား၊ငါးဟင်း၊အသီးအရွက်အစိမ်းကြော်များ၊ ငါးပိကြော်၊တို့စရာမျိုးစုံတို့ဖြင့်တည်ခင်း ဧည့်ခံကျွေးမွေးခဲ့ပါသည်။ အဆိုပါကမ္ဘာ့ ငြိမ်းချမ်းရေးနေ့အထိမ်းအမှတ်ဆွမ်းကျွေးကပ်လှုပွဲအခမ်းအနားသို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌကြီး ဘဘ ဦးတင်ဦး၊ဒေါက်တာမျိုးအောင် (NLD ရန်ကုန်တိုင်းစည်းရုံးရေးမှုး)၊ ရဲရဲတောက်ဦးသိန်းအောင်(ရွှေပြည်သာ)၊ဦးအေး၊ ကဗျာဆရာ ဦးသူရဇ္ဈာန်၊ ကဗျာဆရာ ဦးဘုန်းကျော် နှင့် NLD ပါတီ(အင်္ဂါဝတ်ပြုဆုတောင်းအဖွဲ့ဝင်)များ၊ မ၀င်းမော်ဦး(၈၈ ကျဆုံး)၏ အဖွား ဒေါ်နီနှင့်သူမ၏ မိသားစုဝင်များ၊ လှိုင်သာယာမြို့နယ် NLD ပါတီဝင်များ၊ ရှေ့နေကြီး ဘဘဦးအုန်းမောင်၊ မမာမာဦး NLD ပါတီဝင်(ဗန်းမော်အကျဉ်းထောင်၌ထောင်ကျနေသူ)၏ဖခင်ဦးသိန်းမောင်၊ဒေါ်ရှုNLD၊ ကျောက်တန်းမြို့နယ် NLD ပါတီဥက္ကဌနှင့်ပါတီဝင်များ၊ စမ်းချောင်းမြို့နယ် NLD ပါတီဥက္ကဌ ဦးသက်ဝေ နှင့်ပါတီဝင်များ၊ရှေ့နေလေးကိုဖိုးဖြူ(အလုပ်သမားအကျိုးဆောင်)၊ ကြည့်မြင် တိုင်မြို့ နယ် NLD ပါတီဝင်များ၊ကုန်ဈေးနှုန်းကျဆင်းရေးလှုပ်ရှားမှုအဖွဲ့ဝင်များ၊ရန်ကုန်တိုင်း NLD အမျိုးသမီးအဖွဲ့များ နှင့် အခြားသောဒီမိုကရေ စီ အင်အားစုများက တက်ရောက်ချီးမြှင့်အားပေးခဲ့ကြပါသည်။ထို့နောက် အလုံမြို့နယ် NLD လူငယ်ခေါင်းဆောင် ကိုလူမော်လတ်မှ တစ်ကမ္ဘာလုံး၊ မြန်မာတစ်နိုင်ငံလုံးငြိမ်းချမ်းပါစေခြင်းအတွက် ဂျိုးငှက်လေးများကို အဆုံးအဆမဲ့ကောင်းကင်ထက် သို့လွှတ်ပေး ခဲ့ပါသည်။ယင်းအပြည်အပြည်ဆိုင်ရာ ကမ္ဘာ့ငြိမ်းချမ်းရေးနေ့အထိမ်းအမှတ်ပွဲတွင် ရဲရဲတောက်ဦးသိန်းအောင်(ရွှေပြည်သာ)က(ငြိမ်းချမ်း တေးနဲ့ ရွှေဂျိုးဖြူကူပါမှလေး)အမည်ရှိကဗျာကိုလည်း ကောင်း၊ ကဗျာဆရာဦးသူရဇ္ဈာန်က (ငြိမ်းချမ်းရေးတမန်တော်)အမည်ရကဗျာ ကိုလည်းကောင်း၊ကဗျာဆရာဘုန်းကျော်မှ(ပြည်သူတွေကိုညှာတာပါ)အမည်ရကဗျာ(၃)ပုဒ် ရွတ်ဖတ်ပြီးဂုဏ်ပြုခဲ့ပါသည်။
အပြည်ပြည်ဆိုင်ရာကမ္ဘာ့ငြိမ်းချမ်းရေးနေ့အထိမ်းအမှတ်ကျင်းပရခြင်းအကြောင်းနှင့်ပတ်သက်ပြီး၎င်းပွဲကိုဦးစီးကျင်းပ ပြုလုပ်သူ ကိုလူမော်လတ် ကို အနည်းငယ်မေးမြန်းခဲ့ပါတယ်။
BP။ ။ ကိုလူမော်လတ်ခင်ဗျား၊စက်တင်ဘာလ ၂၁ ရက်အပြည်ပြည်ဆိုင်ရာကမ္ဘာ့ငြိမ်းချမ်းနေ့အထိမ်း အမှတ်ပွဲကို ဘယ်လိုရည်ရွယ်ချက်နဲ့ကျင်းပပြုလုပ်ခဲ့တယ်ဆိုတာလေးသိပါရစေ။
ကိုလူမော်။ ။ ဟုတ်ကဲ့ ကျွန်တော်ဒီ ငြိမ်းချမ်းရေးပွဲလေးကို အကြောင်းမဲ့၊ရည်ရွယ်ချက်မရှိပဲလုပ်တာမဟုတ်ပါဘူး။ တစ်ကမ္ဘာလုံး မှာရှိတဲ့လူတွေ၊ မြန်မာပြည်အတွင်းမှာရှိနေကြတဲ့ပြည်သူပြည်သားတွေ၊နောက်ပြီးတော့ ဒီမိုကရေစီတိုက်ပွဲအတွင်းမှာ ကျဆုံးသွားခဲ့ကြတဲ့ညီအစ်ကို မောင်နှမတွေ၊နောက် ကျွန်တော်တို့အားလုံးရဲ့အမေလို့ သတ်မှတ်ပြီး၊ဒီမိုကရေစီလမ်းပြကြယ်လို့ နှလုံးသားထဲမှာစွဲမြဲနေတဲ့အန်တီ ဒေါ်အောင်ဆန်းစုကြည်နှင့်တကွ၊ မြန်မာနိုင်ငံတစ်နိုင်ငံလုံးမှာရှိတဲ့ အကျဉ်းထောင်တွေမှာ ဒီမိုကရေစီအတွက်တိုက်ပွဲဝင်ရင်း အကျဉ်းချခံထားရတဲ့နိုင်ငံရေးအကျဉ်းသားတွေကို အမြန်ဆုံးလွတ်မြောက်ငြိမ်းချမ်းစေချင်တဲ့ဆန္ဒနဲ့ သံဃာတော်တွေကိုပင့်ဖိတ်ဆွမ်းကပ်လှုပြီး မေတ္တာပို့သ၊အမျှပေးဝေချင်လို့ပါ။ကျွန်တော့်အဖေလည်းခု ဗန်းမော်ထောင်မှာ အနှစ်(၂၀) အကျဉ်းချခံထားရပါတယ်။ကျွန်တော့်အဖေ က အလုံမြို့နယ် အမျိုးသားဒီမိုကရေစီဥက္ကဌ ဦးဘမြင့်ပါ။ ခုဒီပွဲကို ကျွန်တော် မဖြစ်ဖြစ် အောင်လုပ်မယ် လို့ဆုံးဖြတ်ခဲ့တယ်။အဲ့အတွက် ကျွန်တော့်အဖေဆီတောင်၊ထောင်ဝင်စာသွားမတွေ့ရသေးပါဘူး။ ကျွန်တော် ပြောချင်တာ က ခုလက်ရှိအုပ်ချုပ်နေတဲ့ နိုင်ငံတော်လူကြီးများကို အန်တီဒေါ်အောင်ဆန်းစုကြည်နှင့်တကွ နိုင်ငံရေးအကျဉ်းသားများကို အမြန်ဆုံး လွှတ်ပေးပါလို့တောင်းဆိုပါတယ်။သူတို့တွေက အကြမ်း ဖက်သမား တွေလည်းမဟုတ်၊ နိုင်ငံတော်ကို လုပ်ကြံကြတဲ့သူတွေ လည်းမ ဟုတ်ဘူး၊သူပန်သူကန်တွေလည်းမဟုတ်ပါဘူး။
ကျွန်တော့်ဆန္ဒကထောင်ချထားခံရတဲ့သူတွေအမြန်ဆုံးပြန်လွတ်ပြီးမိသားစုတွေနဲ့နွေးထွေးစွာပြန်လည်တွေ့ဆုံစေဆန္ဒပါ။ကျွန်တော်
တို့မိသားစု လည်း တကွဲတပြားဖြစ်နေတော့ ကျွန်တော်ကိုယ်တိုင်ခံစားနေရတာကိုစာနာပြီး သူတို့တွေအတွက်၊အားလုံးအတွက်ရည်ရွယ်
ပြီး ကျင်းပခဲ့တာပါဗျာ။
(ကိုလူမော်လတ်ဟာသူရေစက်ချနေစဉ် ဘဘဦးတင်ဦးရောက်လာချိန်မှာ မျက်ရည်တွေ၊တွေတွေကျခဲ့သလို၊ ကျွန်တော် အင်တာဗျူး နေစဉ် မှာလည်း မျက်ရည် များကျခဲ့ပါတယ်။ မြန်မာနိုင်ငံသူနိုင်ငံသား အားလုံးအမြန်ငြိမ်းချမ်းမှုရပါစေ လို့ကျွန်တော်ဒီနေရာကပဲ ဆုတောင်းမေတ္တာပို့သ လိုက်ပါတယ်။)

လေးစားဦးညွှတ်လျှက်
Burma Paparazi

အပြည့်အစုံသတင်းဖတ်ရန်....

Tuesday, September 21, 2010

လူတယောက်၏ဂုဏ်ရည်သည် အနုမြူဗုံးမဟုတ်၊အာဏာ မဟုတ် ၊စစ်မှန်သောလူ့ နှလုံးသားပိုင်ရှင်သာလျင်ဖြစ်၏

ဒေါ်စုအတွက် အာရှလစ်ဘရယ် ဒီမိုကရေစီဆု -By မခင်ဖြူထွေး တနင်္လာ, 20 စက်တင်ဘာ 2010

အာရှနိုင်ငံတွေက လစ်ဘရယ်နဲ့ ဒီမိုကရက်များ ကောင်စီက မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို သူတို့ရဲ့ ဂုဏ်ထူးဆောင် အဖွဲ့ဝင်အဖြစ် ဂုဏ်ပြုချီးမြှင့်တဲ့ အခမ်းအနားတရပ်ကို မနေ့က ဗြိတိန်နိုင်ငံ လီဗာပူးမြို့မှာ ပြုလုပ်ခဲ့ကြပါတယ်။ စက်တင်ဘာလ ၁၉ ရက်နေ့ကစပြီး လီဗာပူးမြို့မှာ ကျင်းပနေတဲ့ ဗြိတိန် လစ်ဘရယ် ဒီမိုကရက်ပါတီရဲ့ ညီလာခံ နောက်ဆုံးနေ့မှာ သီးခြား အခမ်းအနားတရပ် ကျင်းပပြီး အခုလို ဂုဏ်ပြုပွဲကို လုပ်ခဲ့ကြတာ ဖြစ်ပါတယ်။ အပြည့်အစုံကို မခင်ဖြူထွေးက တင်ပြပေးထားပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကိုယ်စား ဆုလက်ခံယူခဲ့တဲ့ ဗြိတိန်အခြေစိုက် မြန်မာ့အရေး လှုပ်ရှားမှုအဖွဲ့ Burma Campaign UK အဖွဲ့က နိုင်ငံတကာ လုပ်ငန်းတာဝန်ခံ မဇိုယာဖန်းက ဒီဆုဟာ ဒေါ်အောင်ဆန်းစုကြည် အတွက်ရော မြန်မာနိုင်ငံသားတွေ အတွက်ပါ အကျိုးရှိတဲ့ ဆုတဆုလို့ ပြောပါတယ်။

“ဒီဆုက Council of Asian Liberals and Democrats အဖွဲ့ကြီးက ဂုဏ်ထူးဆောင် အဖွဲ့ဝင်အဖြစ် ဒေါ်အောင်ဆန်းစုကြည်ကို ဒီဆု ပေးလိုက်ပါတယ်။ အဲဒါ တကယ့်ကို အရေးကြီးပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီလိုမျိုးဆုဟာ ပထမဆုံးဆု ဖြစ်ပါတယ်။ ပြီးတော့ ဒါလည်း ဒေါ်စုက ရသွားတယ်ဆိုတော့ မြန်မာပြည်အတွက် အင်မတန် ကောင်းပါတယ်။

“နိုင်ငံတကာမှာလည်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ အကြောင်းကို လူတွေက ပိုသိလာမယ်၊ ပြီးတော့ အခု ဒီဆုကို ကြော်ငြာလုပ်တာကလည်း ဗြိတိန်နိုင်ငံ လီဗာပူးမြို့မှာ အခုလက်ရှိ လုပ်နေတဲ့ UK ရဲ့ လစ်ဘရယ် ဒီမိုကရက် အစည်းအဝေးကြီးမှာဆိုတော့ တက်ရောက်လာတဲ့ ကိုယ်စားလှယ်တွေလည်း မြန်မာပြည် အကြောင်းကို ပိုသိလာမယ်၊ ပြီးတော့ ဒေါ်အောင်ဆန်းစုကြည် အကြောင်းကိုလည်း သူတို့ ပိုပြီးတော့ စိတ်ဝင်စားလာမယ်ပေါ့။ အဲဒါကြောင့် ဒေါ်အောင်ဆန်းစုကြည် အတွက်လည်း ကောင်းတယ်၊ မြန်မာပြည် တခုလုံး အတွက်လည်း ကောင်းပါတယ်။”

ဆုပေးပွဲ မတိုင်ခင်မှာလည်း အာရှဒေသတွေက တက်ရောက်လာကြတဲ့ လစ်ဘရယ်နဲ့ ဒီမိုကရက် ကိုယ်စားလှယ်တွေ အကြား မြန်မာ့အရေး ဆွေးနွေးခဲ့ကြတာတွေ ရှိတယ်လို့လည်း မဇိုယာဖန်းက ပြောပြပါတယ်။

“ဒီဆုပေးပွဲ မတိုင်မီမှာတော့ ကိုယ်စားလှယ်တွေ ကြားထဲမှာ မြန်မာပြည်အကြောင်း ဆွေးနွေးတာ ရှိပါတယ်။ ဥပမာ အခုလက်ရှိ နိုင်ငံရေး အခြေအနေ၊ လူ့အခွင့်အရေး အခြေအနေ၊ ပြီးတော့ စစ်အာဏာရှင်တွေ လုပ်မယ့် ၂၀၁၀ ရွေးကောက်ပွဲက မြန်မာပြည်အတွက် ဒီမိုကရေစီအရေးနဲ့ လူ့အခွင့်အရေးအတွက် ပြောင်းလဲမှုတွေ မရှိနိုင်ဘူး၊ အဲဒီလိုမျိုး ဆွေးနွေးတာမျိုး ရှိပါတယ်။ ဒါပေမဲ့ ဆုံးဖြတ်ချက် ချတာတော့ မရှိပါဘူး။

“ပြီးတော့ ဆုပေးပွဲ အခမ်းအနားထဲမှာ ဆိုရင် ဆုပေးတဲ့ CALD ရဲ့ ကိုယ်စားလှယ် လူကြီးကတော့ မြန်မာပြည်ကို ဒီ့ထက်ပိုပြီးတော့ ထောက်ပံ့ပေးနိုင်အောင်၊ ကူညီပေးနိုင်အောင် သူ့ဘက်ကနေ တတ်နိုင်သလောက် လုပ်ပေးမယ်၊ ပြီးတော့ တဆက်တည်းမှာပဲ ဒေါ်အောင်ဆန်းစုကြည်နဲ့ သူ့ရဲ့ လှုပ်ရှားမှုတွေကို သူ အမြဲတမ်းပဲ Support လုပ်နေတယ်ပေါ့။ သူ့ရဲ့ပါတီလည်း မြန်မာပြည် အရေးအတွက်၊ လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီ အရေးအတွက် သူတို့ဘက်က တတ်နိုင်သလောက် ဆက်လက်ပြီးတော့ ကူညီမယ်လို့ ပြောပါတယ်။”

ဗြိတိန်အခြေစိုက် မြန်မာ့အရေး လှုပ်ရှားမှုအဖွဲ့ Burma Campaign UK ရဲ့ နိုင်ငံတကာ လုပ်ငန်းတာဝန်ခံ မဇိုယာဖန်း ပြောပြသွားတာ ဖြစ်ပါတယ်။

အခမ်းအနား တက်ရောက်လာကြတဲ့ ဒီမိုကရက်နဲ့ လစ်ဘရယ် ပါတီတွေက ကိုယ်စားလှယ်တွေ အနေနဲ့ မြန်မာနိုင်ငံ ဒီမိုကရေစီရေးနဲ့ လူ့အခွင့်အရေး ကိစ္စတွေအတွက် အခုထက်ပိုပြီး ပံ့ပိုးကူညီမှုတွေ လုပ်သွားဖို့ ကြိုးစားသွားမယ့် အကြောင်း ပြောဆိုခဲ့ကြတယ်လို့လည်း မဇိုယာဖန်းက ပြောပြပါတယ်။

စက်တင်ဘာလ ၁၉ ရက်နေ့ကနေ ၂၀ ရက်နေ့အထိ လီဗာပူးမြို့မှာ ကျင်းပခဲ့တဲ့ ဗြိတိန် လစ်ဘရယ် ဒီမိုကရက်ပါတီ ညီလာခံ အတွင်းမှာ မြန်မာနိုင်ငံကိစ္စကို ထည့်သွင်း ဆွေးနွေးခဲ့ကြတာပါ။ မြန်မာစစ်အစိုးရ ကျင်းပဖို့ စီစဉ်နေတဲ့ ရွေးကောက်ပွဲဟာ တရားမျှတမှု မရှိသလို ဒီရွေးကောက်ပွဲကနေ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုတွေ အတွက် လမ်းစ မမြင်ဘူးလို့ ဗြိတိသျှ အာဏာရပါတီ ညွန့်ပေါင်းအဖွဲ့ထဲက လစ်ဘရယ် ဒီမိုကရက် ပါတီရဲ့ နိုင်ငံခြားရေးဝန်ကြီး ဂျရယ်မီ ရစ်ချာ့ဒ် ဘရောင်း (Jeremy Richard Browne) ကလည်း ပြောပါတယ်။

ဒါ့ကြောင့် စစ်အစိုးရ ပြုလုပ်မယ့် ရွေးကောက်ပွဲကို လက်မခံသလို အတိုက်အခံတွေ ကြိုးစားနေကြတဲ့ ရွေးကောက်ပွဲ ဆန့်ကျင်ရေး ကိစ္စတွေမှာ ဘယ်လို ကူညီပေးရမလဲ ဆိုတာကိုလည်း လစ်ဘရယ် ဒီမိုကရက် ပါတီရဲ့ နိုင်ငံခြားရေးဝန်ကြီးက ကမ်းလှမ်းလိုက်တယ်လို့ ဒီညီလာခံကို တက်ရောက်ခဲ့တဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်-လွတ်မြောက်နယ်မြေရဲ့ နိုင်ငံခြားရေး တာဝန်ခံ ဦးညိုအုန်းမြင့်က ပြောပြခဲ့ပါတယ်။Rest of your post

အပြည့်အစုံသတင်းဖတ်ရန်....

 
----------------------------------------- */ /* EOT ----------------------------------------- */