၂၀၁၀၊စက်တင်ဘာလ၊ ၁၂ရက်
စစ်အာဏာပိုင်တို့၏ပုဒ်မအမျိုးးမျိုးတပ် မတရားအကျဉ်းချဖမ်းဆီး၍ ထောင်ဒဏ်(၉၃)နှစ် ချခံထားရသော သျှမ်းတိုင်းရင်းသား ခေါင်း ဆောင် ဦးခွန်ထွန်းဦးဟာ စက်တင်ဘာလ ၁၁ရက်နေ့က (၆၇နှစ်)နှစ်တင်းတင်း ပြည့််ခဲ့ပြီဖြစ်ပါသည်။ ဦးခွန်ထွန်းဦးမွေးနေ့ပွဲတွေကို ပြည်တွင်းမှာကျယ်ကျယ်ပြန့်ပြန့် လွတ်လပ်စွာ မလုပ်ဆောင်နိုင်အောင် အာဏာပိုင်တွေကတားဆီး ပိတ်ပင်မှူတွေရှိနေသော်လည်း ပြည်ပနိုင်ငံမှာရောက်ရှိနေတဲ့ သျှမ်းအမျိုးသားတွေကတော့ ဦးခွန်ထွန်းဦးရဲ့ မွေးနေ့ပွဲတွေကို မိမိတို့ရောက်ရှိရာ နေရာဒေသ အသီးမှာ ပုံစံအမျိုးမျိုးနဲ့ကျင်းပပြုလုပ်ကြသည့်အတိုင်း ဂျပန်နိုင်ငံမှာရောက်ရှိနေတဲ့ သျှမ်းတိုင်းရင်းသားအဖွဲ့အစည်းဖြစ်တဲ့ သျှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့(ဂျပန်)SND(Japan)က ဂျပန်နိုင်ငံတိုကျိုမြို့၊တိုရှိမားမြို့နယ်၊ စုဂါမိုရပ်ကွက် မှာရှိတဲ့ သာ့သနာ့ဥသျှောင် အပြည်ပြည်ဆိုင် ရာ မြန်မာရဟန်းတော်များအဖွဲ့ချုပ် (ဂျပန်ဌာနခွဲ) ကျောင်းတိုက်မှာ ဦးခွန်ထွန်းဦးမွေးနေ့ကို ရည်စူးပြီး ဆရာတော်သံဃာတော် အရှင် သူမြတ်များအား အာရုံဆွမ်းကပ် လှူဒါန်းခဲ့တဲ့ မွေးနေ့ပွဲတခုကို ကျင်းပပြုလုပ်ခဲ့ကြပါသည်။
်
ဆရာတော်အရှင်သူမြတ်များမှ ဦးခွန်ထွန်းဦး ထောင်အတွင်း ကျမ်းမာချမ်းသာစေရန်နှင့် အချူပ်အနှောင်များမှ အမြန်ဆုံးလွတ်မြှောက်နိုင် ရန် ဆုတောင်းမေတ္တာပို့သခြင်းများ ပြုလုပ်ခဲ့ကြပြီး၊ ဦးထာဝရ မှ တရားနာရေစက်ချအပြီး သြ၀ါဒမိန့်ကြားရာတွင် ‘‘ဘယ်နိုင်ငံ၊ ဘယ်ဒေ သမှာဘဲရောက်ရောက် ကိုယ့်နိုင်ငံ၊ ကိုယ့်လူမျိုး၊ ကိုယ့်စာပေယဉ်ကျေးမှူတွေကို စောင့်ရှောက်နေကြတာကို မြင်တွေ့ရလို့ ၀မ်းသာမိပါ ကြောင်း၊ ဒီကနေ့ ဦးခွန်ထွန်ဦးရဲ့မွေးနေ့ပွဲကို ပြည်ပမှာ လုပ်ဆောင်တာဟာ အလွန်ကောင်းမွန်လှသလို၊ ဦးခွန်ထွန်းဦးကဲ့သို့ တ၇ားမျှတ ခြင်း၊ လွတ်လပ်ခြင်းတွေကို လုပ်ဆောင်နေကြတဲ့ ခေါင်းဆောင်တွေနဲ့ ကျဆုံးသွားကြတဲ့ အာဇာနည်သူရဲကောင်း ခေါင်းဆောင် တွေ ရဲ့ အကြောင်းကို မျိုးဆက်သစ်တွေပိုမိုသိရှိလာအောင် သူတို့နဲ့ပတ်သတ်တဲ့ အထိမ်းအမှတ်တွေ၊ ကိုယ်ရေးသမိုင်းမှတ်တမ်းတွေကို ရေးသား၊ ထုတ်ဝေ၊ ထိမ်းသိမ်းပြီး ပြန့်ပွားလာအောင် လုပ်ဆောင်ဖို့ အာလုံးမှာတာဝန်ရှိကြောင်း၊ လူသားအချင်းချင်း စိတ်ဓာတ်တွေနဲ့ ကိုယ်ကျင့် တရား တွေကို ကောင်းမွန်အောင် ထိမ်းသိမ်းစောင့်ရှောက်ကြရန်နှင့် နိုင်ငံရေးအကျဉ်းသားတွေမပါတဲ့ ၂၀၁၀ ရွေးကောက်ပွဲ ဟာလည်း လုံးဝတရားဝင် မဖြစ်သည့်အတွက် နိုင်ငံရေးအကျဉ်းသားတွေ အားလုံး သံတိုင်တွေကြားထဲကနေ ဆက်လက်အားမလျှော့ဘဲ တိုက်ပွဲဝင်နေကြသလို သူတို့စိတ်ဓာတ်တွေ မြှင့်တက်လာဖို့နဲ့ သူတို့မြင်တွေ့ချင်နေသည့် နိုင်ငံလွတ်လပ်ရေးနှင့် အေးချမ်းခြင်းအတွက် အားလုံတာဝန်သိသိလုပ်ဆောင်ကြဖို့လိုကြောင်း ပြည်တွင်းမှာ ပေးးဆပ်စွန့်လွတ်နေကြတဲ့ အာဇာနည်တွေကို ပြည်ပမှာရောက်ရှိနေတဲ့ မြန်မာနိုင်ငံ သားတိုင်းက လေးစားကြပါလို့‘‘ သြ၀ါဒမိန့်ကြား သွားခဲ့ပါသည်။
ဦးခွန်ထွန်းဦး၏ (၆၇နှစ်)မွေးနေ့ပွဲကို လွတ်လပ်ခြင်း၊ တရားမျှတခြင်းနှင့် ငြိမ်းချမ်းရေးလိုလားကြသည့် ဂျပန်ရောက် မြန်မာတိုင်းရင်းသား များ တက်ရောက်လာကြပြီး သျှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့(ဂျပန်) SND(Japan) က သျှမ်းခေါက်ဆွဲဖြင့် ဧည့်ခံကျွေးမွေး ခဲ့ကြ သည်။
ကျော်ကျော်နိုင်(သတင်း)
0 comments:
Post a Comment