“၂၀၁၀ ကမ္ဘာ့ လူအခွင့်အရေး၏ တိုက်ပွဲနှစ်” မြန်မာ့သွေးအနီရောင် မညစ်စေနဲ့ ။ စစ်ကျွန်ဘ၀လွှတ်မြောက်ကြဖို့  တော်လှနှ်ရေးသို့ အသင့်ပြင်

Thursday, September 16, 2010

NLD မြေအောက်လုပ်ငန်း များ လုပ်လျှင် အရေးတော်ပုံ အောင်မြင်မည် ဟု ပြည်သူတို့ ယူဆ

September 15, 2010 freedom news group

Quantcast

တင်ကျော်ကျော်စိုး၊
၊ယခင် က ဘေးကျပ်နံကျပ် အခြေအနေ ဖြင့် မြေပေါ်တရားဝင် ပါတီ အဖြစ်ရပ်တည်ကာ စစ်အစိုးရ ပြုတ်ကျရေး မြေအောက် အဖွဲ့ အစည်း အချို့ နှင့်တရားဝင် ပူးပေါင်းပြီး မလုပ် နိုင်ခဲ့သောအမျိုးသားဒီမိုကရေစီ အဖွဲ့ ချုပ်သည် စစ်အစိုးရ ၏ ယမန်နေ့ က တရားဝင် ပါတီ
အဖြစ်မှ ဖျက်သိမ်းသည် ဟူ သည့် ကြေညာချက် ကြောင့် အစိုးရ ဆန့် ကျင်ရေး လုပ်ငန်း များ ကို မြေအောက် အဖွဲ့ အစည်း တစ်ရပ် အနေဖြင့် ပေါ်ပေါ် ထင်ထင် လုပ်ခွင့် ရသွားပြီ ဖြစ်သည်။

တရားဝင် ပါတီ အဖြစ် ရပ်တည်နိုင်ခြင်း မရှိတော့ သည် အမျိုးသားဒီမိုကရေစီ အဖွဲ့ ချုပ်သည် အမှန် တကယ် ဒီမိုကရေစီ လိုလားလျှင် ယနေ့ မှစ၍ ပြည့်သူ့ အကျိုးကို ဖြည့်ဆည်းရန် အချိန် ကောင်း၊အခါကောင်း ကျရောက်ပြီ ဖြစ်သည် ဟု ပဲခူး ခရိုင် ကျောင်းသားများ သမဂ္ဂ မှ တာဝန်ရှိ သူ တစ်ဦးက Freedom News Group သို့ ပြောသည်။

ရန်ကုန်မြို့ မှ အထက်တန်းပြ ဆရာမ တစ်ဦးက လည်း NLD ကိုတရားမ၀င် ဘူး ကြေငြာ ရအောင် စစ်အစိုးရ ကိုယ်တိုင် က တရားမ၀င် ဘူး ..ဒီတော့ NLD တရားဝင်သေးတယ် ဟု သူ့ အမြင်ကို ပြောသည်။

မန္တလေးမြို့ မှ နိုင်ငံရေး အကျဉ်းသားဟောင်း နှင့် စာရေးဆရာ တစ်ဦး ဖြစ်သူ က မူ ၂၂ နှစ်လုံး လုံး ဒီ/ချုပ်က လိမ်ဖယ် လိမ်ဖယ် နဲ့  ရှေ့ တိုး မလို နောက်ဆုတ် မလို နေလာတာ အခု မြေအောက်ပါတီ ဆိုပြီး ခပ်ရှင်းရှင်း ဆော် လို့ ရပြီ အင်အား အကြီးဆုံး အတိုက် အခံ ပါတီ ကြီး ဒီတိုင်းပျောက် သွားမှာ နဲ့ နဲ့ အတူတူ မြေအောက်ဆင်းပြီး ဆော်ရင် ပြည်သူတွေ အုံ နဲ့ ကျင်း နဲ့ ပါလာနိုင်တယ်
ဟု သုံးသပ်သည်။

နိုဝင်ဘာ လ ၇ ရက်နေ့ ဉ် ရွေးကောက်ပွဲ ကျင်းပမည် ဟု ကြေငြာ ထားသည့် မြန်မာ စစ်အစိုးရသည် အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ် အား ယမန် နေ့ က ဖျက်သိမ်းလိုက်ပြီ ဟု ကြေငြာခဲ့သည်။

ရက်စက်ကြမ်းတမ်း လှသည့် စစ်အစိုးရ လက်အောက် တွင် ခံနိုင်ရည် အပြည့်အ၀ ရှိသည့်မြန်မာ ပြည်သူများ ကမူ အမျိုးသားဒီမိုကရေစီ အဖွဲ့ ချုပ် အနေဖြင့် ပြည်သူများ အား ဒီမိုကရေစီဆောင် ကျဉ်း ပေးလိမ့် မည် ဟု ယူဆဆဲ ရှိသည်။

ယခင် တရားဝင် ပါတီ အဖြစ် မလှုပ်သာ ၊ မလူးသား အခြေအနေ မှ ယခုဖျက်သိမ်းခံလိုက်ရပြီဖြစ်သဖြင့် မဲ မပေးရေး နှင့် စစ်အစိုးရ ဆန့် ကျင်ရေး လှုပ်ရှားမှု များ ကို ပိုမို မြန်ဆန်သွက်လက်စွာ လှုပ်ရှား နိုင်သည့် အခြေအနေ သို့ ရောက်ရှိပြီ ဖြစ်သည်။

စစ်အစိုးရက အမျိုးသားဒီမိုကရေစီ အဖွဲ့ ချုပ် ၏ တရားဝင် ရပ်တည်မှု ကို နိဂုံးချုပ်စေခဲ့သော်လည်း ခေါင်းဆောင် များ အား ဖမ်းဆီး သည့် သတင်း ကို မကြားသိရသေး ဟု ပါတီ အဖွဲ့ ဝင်တစ်ဦးက ပြောသည်။

http://freedomnewsgroup.com/

0 comments:

 
----------------------------------------- */ /* EOT ----------------------------------------- */