“၂၀၁၀ ကမ္ဘာ့ လူအခွင့်အရေး၏ တိုက်ပွဲနှစ်” မြန်မာ့သွေးအနီရောင် မညစ်စေနဲ့ ။ စစ်ကျွန်ဘ၀လွှတ်မြောက်ကြဖို့  တော်လှနှ်ရေးသို့ အသင့်ပြင်

Monday, September 27, 2010

ကမ္ဘာပေါ်မှာ ကြားဖူးပေါင်

ဝန်ထမ်းများထံမှ ကြိုတင်မဲစာရင်း ကောက်ယူ ဧရာဝတီ Monday, September 27, 2010
နေပြည်တော်ရှိ ဝန်ထမ်းများနှင့် ရန်ကုန်တိုင်း လှည်းကူးမြို့နယ်ရှိ ဗဟိုဝန်ထမ်း တက္ကသိုလ် (ဖောင်ကြီး) တွင် တက်ရောက်နေသော သင်တန်းသား ဝန်ထမ်းများထံမှ သက်ဆိုင်ရာ ဌာနအလိုက် ကြိုတင်မဲများ ကောက်ယူနေကြောင်း သတင်းရရှိသည်။

USDP02နေပြည်တော်မှ အစိုးရဝန်ထမ်း အားလုံးနှင့် ဗဟိုဝန်ထမ်း တက္ကသိုလ်မှ သင်တန်းသားများထံမှ သက်ဆိုင်ရာ ဌာန အကြီးအကဲများက စက်တင်ဘာလ ၁၄ ရက်မှ ၁၈ ရက်အတွင်း ကောက်ယူခဲ့ခြင်းဖြစ်ကြောင်း နေပြည်တော် စစ်ဘက်၊ နယ်ဘက် ၀န်ထမ်း အသိုင်းအဝန်းနှင့် ဖောင်ကြီးမှ သင်တန်းသား ၀န်ထမ်းများက ပြောသည်။

“ရန်ကုန်မှာ သန်းခေါင်စာရင်းရှိပြီး နေပြည်တော်မှာ တာဝန်ထမ်းဆောင်နေတဲ့ ၀န်ထမ်းဆိုရင် ရန်ကုန်မှာ နေထိုင်တဲ့မြို့နယ်၊ ရပ်ကွက်၊ လိပ်စာကို သက်ဆိုင်ရာ ဌာနအကြီးအကဲတွေဆီ ပေးရတယ်။ တခြား ပြည်နယ်နဲ့တိုင်းမှာ သန်းခေါင်စာရင်းရှိတဲ့ နေပြည်တော် ၀န်ထမ်းတွေလည်း အတူတူပဲ။ နာမည်နဲ့ လိပ်စာတောင်းတာက ၀န်ထမ်းတွေရဲ့ မဲစာရင်းနံပါတ်ရှာဖို့နဲ့ ကြိုတင်မဲပေးဖို့” ဟု နေပြည်တော် ၀န်ကြီးဌာနတခုမှ ဦးစီးအရာရှိတဦး က ပြောသည်။

ဝန်ကြီးဌာန အကြီးအကဲများက ၀န်ထမ်းများ၏ အမည်နှင့် နေရပ်လိပ်စာများကို တိုက်ဆိုင်စစ်ဆေးကာ မဲစာရင်းနံပါတ်များ ရှာဖွေပြီး ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ကြံ့ဖွံ့) အတွက် ကြိုတင်မဲများအဖြစ် ပြင်ဆင်စုဆောင်းခြင်း ဖြစ်ကြောင်း နေပြည်တော်မှ လက်ထောက် ညွှန်ကြားရေးမှူးတဦးက ပြောသည်။

“ကျနော့်ရဲ့ သန်းခေါင်စာရင်းပါ လိပ်စာက တာမွေမြို့နယ်ထဲမှာ ပါတယ်။ ရွေးကောက်ပွဲနေ့ တာမွေပြန်ပြီး မဲပေးစရာ မလိုတော့ဘူး။ ကျနော့်နာမည်နဲ့ လိပ်စာ၊ မဲစာရင်းနံပါတ်နဲ့ ပြည်ခိုင်ဖြိုးပါတီအတွက် ကြိုတင်မဲစာရင်း ပါသွားပြီ” ဟု အဆိုပါ လက်ထောက် ညွှန်ကြားရေးမှူးက ရှင်းပြသည်။

ဗဟိုဝန်ထမ်း တက္ကသိုလ် (ဖောင်ကြီး) သင်တန်းသားတဦးက “ရွေးကောက်ပွဲကျင်းပမယ့် နိုဝင်ဘာ ၇ ရက်နေ့မှာ ဖောင်ကြီးသင်တန်း မပြီးသေးဘူး။ ဖောင်ကြီးမှာပဲ ရှိဦးမှာမို့လို့ ကြိုတင်မဲ ပေးလိုက်ရတာ။ ပြည်ခိုင်ဖြိုးပါတီကို ပေးလိုက်ရတာ။ ဖောင်ကြီးမှာတက်နေတဲ့ အစိုးရ၀န်ထမ်းအားလုံး ပြည်ခိုင်ဖြိုးကို ပေးရတာ” ဟု ပြောသည်။

ဗဟိုဝန်ထမ်းတက္ကသိုလ် (ဖောင်ကြီး) တွင် အစိုးရ၀န်ထမ်း အနည်းဆုံး ၁၅၀၀ ကျော်မှ ၃၀၀၀ ကြား ပုံမှန် တနှစ်ပတ်လုံး သင်တန်းတက်ရောက်နေကြောင်း အဆိုပါတက္ကသိုလ်မှ စုံစမ်းသိရှိရသည်။

ကြိုတင်မဲနှင့်ပတ်သက်ပြီး ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က တစုံတရာ ရှင်းရှင်းလင်းလင်း ပြောဆိုခြင်း မရှိကြောင်း နိုင်ငံရေးပါတီ တာဝန်ရှိသူများက ပြောသည်။

“ဥပဒေမှာ ပါတဲ့အတိုင်းဆိုရင် ဖျားနာသူ၊ ခရီးသွားမယ့်သူ၊ နိုင်ငံ့တာဝန် ထမ်းဆောင်ရင်း ရပ်ဝေး ရောက်နေတဲ့သူတွေသာ ကြိုတင်မဲပေးခွင့်ရှိမယ်။ ကြိုတင်မဲကို သံသယရှိတယ်။ ကြိုတင်မဲက ကြံ့ဖွံ့ပါတီရဲ့ ရွေးကောက်ပွဲမှာ အနိုင်ရမယ့် ၀ှက်ဖဲပဲ” ဟု ပြည်တွင်း နိုင်ငံရေးသမားတဦးက သုံးသပ်သည်။

လွှတ်တော် ကိုယ်စားလှယ်လောင်းများ အနေဖြင့် မဲဆန္ဒနယ်ရှိ မဲပေးခွင့်ရှိသူ အရေအတွက်စာရင်း မိတ္တူကို တမျက်နှာလျှင် ၂၀၀ ကျပ်ပေးပြီး မြို့နယ် ရွေးကောက်ပွဲ ကော်မရှင်ထံမှ ကူးယူရမည်ဖြစ်ရာ ငွေကြေးကုန်ကျမှု အလွန်များမည် ဖြစ်သောကြောင့် မဲစာရင်း မိတ္တူ မရယူနိုင်ကြောင်း၊ ထို့ကြောင့် ရွေးကောက်ပွဲနေ့တွင် ကြိုတင်မဲစာရင်းပေးသူ အရေအတွက်နှင့် မည်သူက ကြိုတင်မဲပေးသည်ကို မဲစာရင်းမိတ္တူနှင့် တိုက်ဆိုင်စစ်ဆေးရန် မဖြစ်နိုင်ကြောင်း အမျိုးသား ဒီမိုကရေစီ အင်အားစု (NDF) မှ လွှတ်တော် ကိုယ်စားလှယ်လောင်းတဦးက ပြောသည်။

“မြို့နယ်တခုမှာ မဲပေးနိုင်သူ အရေအတွက် သောင်းချီရှိတယ်။ မဲစာရင်းစာရွက်တရွက်မှာ မဲဆန္ဒရှင် ၁၀ ဦး နာမည်ပဲပါတယ်။ မြို့နယ်တခုလုံးရဲ့ မဲဆန္ဒရှင် သောင်းဂဏန်းစာရင်းကို မိတ္တူကူးရရင် အနည်းဆုံး ကျပ်သိန်း ၂၀ နဲ့ ၃၀ ကြားကုန်မယ်။ မဲစာရင်း မိတ္တူကူးဖို့ မဖြစ်နိုင်ဘူး” ဟု အဆိုပါ ကိုယ်စားလှယ်လောင်းက ဆိုသည်။

ရွေးကောက်ပွဲ ကော်မရှင်က ထုတ်ပြန်ထားသော လွှတ်တော်ရွေးကောက်ပွဲ နည်းဥပဒေပုဒ်မ ၁၅ (ခ) တွင် လွှတ်တော် ကိုယ်စားလှယ်လောင်းကဖြစ်စေ၊ ခိုင်လုံသော အကြောင်းပြချက် ပြနိုင်သူဖြင့် တခြားသူ တဦးဦးကဖြစ်စေ မဲစာရင်းမိတ္တူကို ကူးယူခွင့်ပြုရန် လျှောက်ထားပါက တစ်မျက်နှာလျှင် ငွေကျပ် ၂၀၀ နှုန်းဖြင့် သက်ဆိုင်ရာ မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲက စီစဉ်ပေးထားသည့်အတိုင်း ကူးယူခွင့်ပြုရမည်ဟု ဖော်ပြပါရှိသည်။

ရွေးကောက်ပွဲ၌ ပါဝင်ယှဉ်ပြိုင်မည့် နိုင်ငံရေးပါတီ ၃၇ ပါတီရှိပြီး ၃၅ ပါတီသည် ပါတီဝင်အင်အား စာရင်းကို ရွေးကောက်ပွဲ ကော်မရှင်ထံ တင်ပြထားပြီး ဖြစ်ကြောင်း သတင်းစာများတွင် ဖော်ပြထားသည်။Rest of your post

0 comments:

 
----------------------------------------- */ /* EOT ----------------------------------------- */