“၂၀၁၀ ကမ္ဘာ့ လူအခွင့်အရေး၏ တိုက်ပွဲနှစ်” မြန်မာ့သွေးအနီရောင် မညစ်စေနဲ့ ။ စစ်ကျွန်ဘ၀လွှတ်မြောက်ကြဖို့  တော်လှနှ်ရေးသို့ အသင့်ပြင်

Friday, September 17, 2010

ရွာထဲ ကျောက်စိမ်းတူးမည့် အစီအစဉ်ကြောင့် ဖားကန့်ဒေသခံများ အခက်အခဲကြုံ

ကချင်ပြည်နယ် ဖားကန့်မြို့နယ် မှော်မောင်းလျံရွာအတွင်း ကျောက်စိမ်းတူးရန် ရွာရှိ အိမ်ခြံများကို ငွေစည်ဟိန်းကုမ္ပဏီနှင့် ဒေသအာဏာပိုင်များပူးပေါင်း ၀ယ်ယူနေရာ ပြန်လည်နေရာချပေးခြင်း မရှိသဖြင့် အဆိုပါ ရွာသားများ ရွေ့ပြောင်းရာတွင် အခက်အခဲ ဖြစ်နေကြောင်း စုံစမ်းသိရသည်။

စက်တင်ဘာလ ၁ ရက်နေ့မှ စ၍ အိမ်တစ်လုံး ကျပ်သိန်း ၄၀ ၀န်းကျင်ခန့် ဈေးပေးဝယ်ယူနေခြင်းဖြစ်ပြီး ယနေ့အထိ မှော်မောင်းလျံရွာ ချင်း ၁ ရပ်ကွက်၌အိမ်အလုံး ၅၀ ကျော်ရှိသည့် အနက် ၃၀ ကျော်ကို ၀ယ်ယူငွေရှင်းပြီးဖြစ်ကြောင်း သိရသည်။


ဖားကန့်ကျောက်စိမ်းတွင်း
လတ်တလောတွင် ဘေးပတ်ဝန်းကျင် တောင်ကုန်းများသို့ ရွေ့ပြောင်းရာတွင် အခက်အခဲဖြစ်နေသော အဆိုပါ ရွာသားများက မကျေနပ်သဖြင့် သက်ဆိုင်ရာသို့ ပြန်လည်တင်ပြရန် စီစဉ်နေကြောင်း အဆိုပါရွာသား တစ်ဦးက သျှမ်းသံတော်ဆင့်ကို ဤကဲ့သို့ ပြောပြသည်။

“ရပ်ကွက်ရာအိမ်မှူးက ပွဲစားလုပ်တယ် အိမ်ရောင်းတာကိုလည်း သဘောတူကြောင်း လက်မှတ်ထိုးပေးရတယ် တချို့က ရောင်းတော့ ဒီနေရာကျောက်စိမ်းတူးရင် ကျန်တဲ့လူဘယ်နေလို့ရမလဲ အဲတော့မရောင်းချင်လည်း ရောင်းလိုက်ရတာတွေ လည်းရှိတယ် အခုနေရာအစားမပေးတော့ အဲဒီကိစ္စကို တင်ပြဖို့လုပ်နေတယ်” ဟု သူက ဆိုသည်။

နေရာအစားပြန်လည်ရရှိရေးကိစ္စ နေအိမ်ရောင်းချသူများ စုပေါင်း လက်မှတ်ထိုး၍ သက်ဆိုင်ရာ သတ္တုတွင်းဝန်ကြီးဋ္ဌာနသို့ တင်ပြရန် စီစဉ်နေသည်ဟု သူက ဆိုသည်။

0 comments:

 
----------------------------------------- */ /* EOT ----------------------------------------- */