“၂၀၁၀ ကမ္ဘာ့ လူအခွင့်အရေး၏ တိုက်ပွဲနှစ်” မြန်မာ့သွေးအနီရောင် မညစ်စေနဲ့ ။ စစ်ကျွန်ဘ၀လွှတ်မြောက်ကြဖို့  တော်လှနှ်ရေးသို့ အသင့်ပြင်

Sunday, September 19, 2010

“ဆက်ပြောနေကြရဦးမည့် ဘုံရန်သူဦးတည်ရေး”

မောင်ချင့်ချိန်
စစ်အုပ်စုကား NLD ပါတီဖျက်သိမ်းကြောင်း ကြေငြာခြင်းနဲ့ နောက်ထပ်ခြေတစ်လှမ်း ရှေ့တိုးလိုက်ပြန်ပါပြီ ၊ ချိန်ခွင်ရှာတဘက် စောင်းနေတဲ့ နိုင်ငံရေးအခြေအနေမှာ မကြေမနပ် ဖြစ်ယုံကလွဲလို့ ကျွန်တော်တို့ ဘာမှမတတ်နိုင်သေး ၊ စစ်အုပ်စု တနေ့ဒီလို လုပ်မယ်ဆိုတာသိပြီးသားဖြစ်ပါလျက် ညီညီညွတ်ညွတ်နဲ့ ကြိုတင်ပြင်ဆင်မှု ကျွန်တော်တို့ ဒီမိုကရေစီ အင်အားစုတွေဘက်က လုပ်မှမလုပ်ထားနိုင်တာ ၊ စစ်အုပ်စုအနိုင်ကျင့်တာခံရတိုင်း (ထုံးစံအတိုင်း) အချင်းချင်းအပြစ်ဖို့ကြရင်း ပေါက်ကွဲချင်နေမှုတွေ ကိုအာသာဖြေကြတော့ စစ်အုပ်စုအကြိုက် ဖြစ်ပြီးရင်းဖြစ်ရင်း ဘုံရန်သူကိုလက်တွဲတိုက်ဘို့ ညီညွတ်ရေး မတည်ဆောက်နိုင် ဖြစ်နေခဲ့တာ ၂၂နှစ်သက်တမ်းကျော်ခဲ့ပါပြီ ။



ထင်တိုင်းကြဲနေနိုင်အောင် သန်းရွှေနဲ့စစ်ဝါဒီတွေမှာ ဘယ်လိုအရည်အချင်းတွေရှိလဲ ၊ ကျွန်တော် ခနခနတွေးကြည့် အဖြေရှာ ဘူးပါတယ် ၊ ပြည်သူတွေကို လက်နက်ပြခြိမ်းခြောက် အနိုင်ကျင့်ဖိနှိပ်ထားနိုင် လို့ဆိုတာတခုထဲကြောင့်မဟုတ်ပဲ တော်လှန်သူ အင်အားစုတွေကို ဖြိုခွဲနှိမ်နှင်းထားနိုင်လို့ ဆိုတဲ့အချက်ကိုလဲ သတိထားမိပါတယ်။ဒါဟာ မဆလခေတ် ဗိုလ်နေ၀င်းလက်ထက် ထဲက စစ်ထောက်လှမ်းရေးတွေသုံးတဲ့ စိတ်ဓါတ် စစ်ဆင်ရေးနည်းဗျူဟာကို စစ်အာဏာရှင် အဆက်ဆက်က အမွေဆက်ခံပြီး ကောင်းကောင်း ကျင့်သုံးခဲ့တာပဲဖြစ်ပါတယ် ။

၁၉၈၈ ခုနှစ်မတိုင်မှီကာလက နိုင်ငံရေးအရဖြစ်ဖြစ် ၊ စစ်ရေးအရဖြစ်ဖြစ် စစ်အာဏာရှင်တွေကို အထိရောက်ဆုံး တိုက်နိုင်ခဲ့တဲ့ ဗကပ ထဲကနေ ၀ တွေ ကိုးကန့်တွေ ကိုခွဲထုတ်ပြီးဖြိုခွဲခဲ့ပါတယ် ၊ ရှစ်လေးလုံးအရေးတော်ပုံကို ရက်ရက်စက်စက် ဖြိုခွဲခံရလို့ ကျောင်းသားလူငယ်တွေတော ခိုကြပြီး လက်နက်ကိုင်တော်လှန်ရေး အားကောင်းမဲ့အခြေနေမြင်တော့ မဖမ်းပါဘူး ၊ ပြန်လာ ကြပါဆိုတဲ့အကြောင်း စခန်းတွေရှိရာ ရဟတ်ယာဉ်နဲ့ စာရွက်တွေကြဲခဲ့သလို ကြိုဆိုရေးစခန်းတွေဖွင့်ကြိုဆိုပြပြီး ကျောင်းသား တွေကြားမှာ သွေးကွဲအောင်လုပ်ခဲ့ပါတယ်၊ ပြည်တွင်းမှာရှစ်လေးလုံးအရှိန်အဟုန်နဲ့ အားကောင်းကောင်းရှိနေတဲ့ ကျောင်းသား သမဂ္ဂကိုလဲ ဗကသ နဲ့ မကသလို့ အပြိုင်ဖြစ်အောင်ခွဲထုတ်ပြီး မကသကို မန္တလေးဆောင်မှာ တရားဝင်ခွပ်ဒေါင်းအလံထောင် ရုံးခန်းဖွင့်ခွင့်ပြုခဲ့ပါတယ် ၊ နောက်ပိုင်း လက်နက်ကိုင်အင်အားစုတွေထဲမှာ အားအကောင်းဆုံးနဲ့ သဘောထားအပြတ်သားဆုံး ပြောရမဲ့ KNU ကိုလဲ DKBA အပါအ၀င် နာမည်အမျိုးမျိုးနဲ့ငြိမ်းချမ်းရေးတပ်တွေဖြစ်ပြီး စိတ်ဝမ်းကွဲကုန်အောင် ခွဲထုတ်ခဲ့ပါ တယ်။

စစ်အုပ်စုက ကျွန်တော်တို့အင်အားစုတွေကို အဲသလိုခွဲထုတ်ခဲ့တာတွေပြောရရင် အများကြီးပါ ၊ ကျွန်တော်တို့ကြားမှာ တစ်ဦး ချင်းပုဂ္ဂိုလ်ရေးဖြစ်တဲ့ပြဿနာကို နိုင်ငံရေးပြဿနာပုံစံဖြစ်တဲ့ထိဆွဲယူပြီး အုပ်စုလိုက်ပြဿနာထိဖြစ်အောင်လုပ် ၊ ကျွန်တော် တို့ချင်းအားမလိုအားမရဖြစ်လို့ပြောရင် တဘက်ဝေဘန် ခံရသူဘက်ကနေနာသယောင် ၀င်ပြောရန်တိုက်ပေးပြီး ပြဿနာရဲ့ ရင်းမြစ်ပျောက်အောင်လုပ်ခဲ့တာ အကြိမ်ကြိမ်ရှိပါပြီ။ ကျွန်တော်တို့တွေရဲ့အားနည်းချက်ကလဲ တခုခုဆို ဘုံရန်သူဦးတည် တိုက်ရေးဆိုတာပျောက်ပြီး အချင်းချင်းစကားနိုင်လုကြ ၊ ငယ်ကျိုးငယ်နာတွေဖေါ်ကြ ၊ ကိုယ်ရည်အပြိုင်သွေးကြနဲ့ ညီညွတ်ရေးဝေးသထက်ဝေး ဖြစ်ခဲ့ရသည်ချည်းသာပါပဲ ။



ဒီကနေ့ကျွန်တော်တို့ကြားမှာလိုနေတာက အချင်းချင်းယုံကြည်လေးစားမှုပဲ ၊ ရှစ်လေးလုံးကာလ၀န်းကျင်က တကယ့်ကို ကိုယ်ကျိုးစွန့်လုပ်ခဲ့ကြသူတွေဖြစ်ခဲ့ကြပါလျက် နှစ်၂၀ကျော်ကာလရောက်မှ ပရော့ဂျက်တွေ ၊ ပရိုပိုဆယ်တွေ ၊ ကမ့်ပိန်းတွေ ၊ အလှုခံတာတွေ ၊ လူမှုရေးပညာရေးကျန်းမာရေးလုပ်ငန်းတွေယောင်ယောင်ပြောင်းသွားတာတွေ ၊ နိုင်ငံခြားထွက်သွားတာ တွေ ၊ အတိုချုပ်ပြောရရင် တစ်ဦးချင်းကိုယ်ကျိုးစီးပွားနဲ့နေထိုင်မှုတွေပြန်ဖြစ်ကုန်တဲ့အတွက် တစ်ဦးလုပ်တာတစ်ဦး သံသယ အမြင်နဲ့ပဲဝေဖန်ဆုံးဖြတ်ကြပြီး ယုံကြည်လေးစားမှုမဲ့နေကြတဲ့အခြေနေဖြစ်နေတာကို ပြန်ပြင်ယူနိုင်ကြဘို့လိုနေပါတယ်။

“ပုဂ္ဂိုလ်ခင်ရင်တရားမင်တယ်”ဆိုသလိုပဲ ၊ ကျွန်တော်တို့ ပုဂ္ဂိုလ်ရေးယုံကြည်မှုတွေ ရင်းနှီးမှုတွေပြန်တည်ဆောက်ကြမှ ဖြစ်ပါ လိမ့်မယ် ၊ အဲဒီကနေမှကျွန်တော်တို့အားလုံး ညီညွတ်ရေးဆိုတာကိုသွားနိုင်မှာပါ ၊ ပုဂ္ဂိုလ်ရေးယုံကြည်လေးစားမှုမရှိရင် ညီညွတ်ရေးတည်ဆောက်ရမှာမဟုတ်သလို ညီညွတ်ရေးမလုပ်နိုင်သေးသမျှလဲ စစ်အုပ်စုလုပ်သမျှခံနေရဦးမှာပါ ၊ မတရားတဲ့ အမိန့်အာဏာတွေနဲ့တည်ဆောက်ထားတဲ့ စစ်တပ်ကြီးက ညီညွတ်ခိုင်မြဲနေပြီး အမှန်တရားကိုဆုတ်ကိုင်တိုက်ပွဲဝင်နေပါတယ် ဆိုတဲ့ကျွန်တော်တို့က ရန်ဘက်စစ်တပ်လောက်တောင်မစည်းလုံးနိုင်တာ ရှက်လဲရှက်စရာကောင်းလွန်းပါတယ်ဗျာ။



ရန်သူ့အကြိုက်ဖြစ်စေမဲ့ အချင်းချင်းအပုတ်ချအပြစ်တင်ပြဿနာရှာမှုမျိုးတွေကိုတားဆီးကြရမှာဖြစ်သလို အကျိုးဖြစ်ထွန်းလို စိတ်နဲ့ ကြောင်းကျိုးညီဝေဘန်ထောက်ပြအကြံပြုမှုတွေကိုလဲ ၀ိုင်းစဉ်းစားကြသင့်ပါတယ် ၊ ဥပမာ ဒေါ်စုနဲ့ပါတ်သက်ပြီး တယောက်ယောက်ကတခုခုဝေဘန်တယ်ဆိုကြပါစို့ ၊ ဒေါ်စုကိုဝေဘန်ရမလားလို့ မျက်စိစုံမှိတ်မပြောပဲ ဝေဘန်တဲ့အချက် လက်ကဘာလဲ ၊ ဘာရည်ရွယ်ချက်နဲ့ဝေဘန်ရတာလဲ လေ့လာသင့်ပါတယ် ၊ ဒေါ်စုက တန်ခိုးရှင်မဟုတ်ပါဘူး ၊ လူပါ ၊ လူထု အတွက်ခေါင်းဆောင်ကောင်းတစ်ယောက်သာဖြစ်ပြီး လူသားသာဖြစ်တဲ့အလျောက် မှားတဲ့အခါဆိုတာရှိနိုင်ပါတယ် ၊ အဲဒါကို သတိထားမိသူတွေက ထောက်ပြဝေဘန်တဲ့အခါ ၀ိုင်းမစဉ်းစားပေးပဲ ဝေဘန်သူကိုပဲဝိုင်းတိုက်ခိုက်ကြရင် ဒေါ်စုလဲသူမှားတာ ပြန်မပြင်နိုင်ပဲသတိထားမိမှာမဟုတ်သလို ဗမာပြည် ပြည်သူလူထုအတွက်လဲ အရမ်းထိခိုက်နစ်နာသွားမယ်ဆိုတာ သတိပြုမိ ကြဘို့လိုပါတယ် ။



ဒေါ်စုက လူထုခေါင်းဆောင်နေရာကို ထိုက်ထိုက်တန်တန်ရောက်ခဲ့သူပါ ၊ ဗိုလ်ချုပ်အောင်ဆန်းအရှိန်ကြောင့်မဟုတ်ပဲ ကိုယ် ပိုင်အရည်အချင်းနဲ့ရောက်ခဲ့သူပါ ၊ မိသားစုတစ်ကွဲတစ်ပြားနဲ့ နေအိမ်ဝန်းထဲတင်ကာလတာရှည်နေပြီး ဗမာပြည်သူတွေ အတွက် အများကြီးအနစ်နာခံပေးဆပ်ခဲ့သူပါ ၊ အဲဒါကိုအသိမှတ်ပြုလက်ခံတဲ့သူတွေကပဲ ဒေါ်စုလွဲချော်ခဲ့တယ်လို့ထင်တာ တွေကို ဝေဘန်ထောက်ပြရင်လဲ သူဘာသာစဉ်းစားအဖြေရှာရမှာဖြစ်ပြီး တခြားသူတွေက ဒေါ်စုနေရာကနေလိုက်နာ ရန်လုပ် နေရမှာမဟုတ်ပါဘူး ။ ဒေါ်စုဘေးမှာက ဒေါ်စုကိုဝေဘန်ထောက်ပြအကြံကောင်းပေးရဲသူတွေမရှိပဲ (မျှောလိုက်ယုံ) နောက် လိုက်တွေပဲရှိခဲ့တဲ့အတွက် NLD ဒီနေ့လိုအခြေနေရောက်ခဲ့ရတာပါ ။



NLD ကိုကျွန်တော်တို့ ဂန္ဒီကစပြီးအားမလိုအားမရဖြစ်ခဲ့ကြတာ နှစ်၂၀ရှိပါပြီ၊ ဒါပေမဲ့ပြည်တွင်း NLD ကို နိုင်ငံရေးတိုက်ပွဲ နည်းလမ်းမှာ တပ်ဦးပါတီအဖြစ်တန်ဘိုးထားမပျက်ခဲ့ပါဘူး ၊ ပြည်ပရောက်NLD(LA)တွေနဲ့ အဝေးရောက်အစိုးရဖွဲ့တဲ့NLDတွေ ကို သူလိုငါလိုထူးမခြားနားပဲ သဘောထားခဲ့ကြပေမဲ့ ပြည်တွင်းNLD ကိုတော့ ၁၉၉၀ ရွေးကောက်ပွဲရလာဒ်ကိုဆုတ်ကိုင် ရပ်တည်နေတဲ့ လူထုဦးဆောင်ပါတီအနေနဲ့ မျှော်လင့်ချက်တွေထားခဲ့ကြတာပါ ၊ နစ်နစ်နာနာမဟုတ်ပေမဲ့ထိထိရောက်ရောက် လဲ အကြိမ်ကြိမ်ဝေဘန်ခဲ့ဘူးပါတယ် ၊ အဲဒီအတွက် NLD ကဘာမှမပြောင်းလဲမပြုပြင်ခဲ့ပေမဲ့ ကျွန်တော်တို့ချင်းကြားမှာ သဘောထားကွဲလွဲမှုတွေဖြစ်ပြီး စည်းလုံးမှုသာပျက်သထက်ပျက်ခဲ့ရပါတယ် ။



ခုတော့ စစ်အုပ်စုက တဘက်သတ်ဖိထိုးလာရာကနေ ပွဲသိမ်းလက်သီးတစ်ချက်ကို (NLDပါတီဖျက်သိမ်းကြောင်းကြေငြာခြင်း နဲ့) အပိုင်ထိုးချလိုက်ပါပြီ ၊ ဒါဟာ NLD ကိုထိုးချလိုက်တယ်ဆိုတာထက် ကျွန်တော်တို့ဒီမိုကရေစီအင်အားစုတွေအားလုံးကို အပိုင်ထိုးချလိုက်တာပါ၊NLD ပြန်မထနိုင်ရင် NLD လဲရင် ကျွန်တော်တို့ပါလဲပြီလို့ အပိုင်တွက်ထိုးချလိုက်တာပါ၊ ဟုတ်ပါတယ်၊ ခုချိန်မှာ NLD တကယ်လဲသွားခဲ့မယ်ဆိုရင် ကျွန်တော်တို့တလျှောက်လုံးဆုတ်ကိုင်လာခဲ့တဲ့ ၁၉၉၀ ရွေးကောက်ပွဲရလာဒ်ပါ လုံးဝပျက်ဆီးသွားမှာပါ ၊ တဖြည်းဖြည်းလျော့ကျနေတဲ့ ပြည်သူတွေရဲ့ယုံကြည်မှုကိုလဲ ထပ်ပြီးဆုံးရှုံးစေမှာပါ ၊ ဒီလိုပဲ ၊ ကျွန်တော်တို့ချင်း ရန်ဖြစ်စကားများနေကြရတဲ့ တော်လှန်သူတွေလိုလို ၊ NGO တွေလိုလို ၊ ဒုက္ခသည်တွေလိုလို ဖိနှိပ်ခံဘ၀ မှာလုံးချာပတ်ချာလည်နေဦးမှာပါ ။



ဒီတော့ ရန်သူရဲ့အနိုင်ကျင့်မှုကြောင့် ပြိုလဲမလိုဖြစ်နေတဲ့ NLD ကို ပြန်ခံမချရကောင်းလားလို့ အားမလိုအားမရဖြစ် အပြစ်ဖို့ မနေကြတော့ပဲ ၊ ၀ိုင်းထူကျားကန်ပေးကြသင့်ပါတယ် ၊ နောက်ဆုံး NLD ကမထနိုင်တော့လို့ လဲပါပြီဆိုရင်တောင် ကျွန်တော်

တို့က NLD နေရာကနေ တိုက်ပွဲဝင်ကြရမှာပါ ၊ နောက်ဆုံးတိုက်ပွဲမဟုတ်ပေမဲ့ ခုချိန်ဟာ ဗမာပြည်သမိုင်းအတွက် အရေး ကြီးတဲ့အချိုးအကွေ့ဖြစ်နေပါပြီ ၊ ကျွန်တော်တို့ချင်းရဲ့ ပုဂ္ဂိုလ်ရေးတွေ ၊အမုန်းတွေ ၊ အာဃာတတွေ ၊ အမြင်မတူတာတွေ ခနမေ့ထားပြီး ဘုံရန်သူကိုပဲ ဦးတည်တိုက်ပွဲဝင်ကြရမှာပါ ၊ “မင်းတို့ထင်သလိုလုပ်မရစေရဘူး” လို့ စစ်အာဏာရှင်တွေကို သံပြိုင်ဟစ်ကြွေး စိန်ခေါ်ကြရအောင်ပါ ။



တော်လှန်ရေးသစ္စာခိုင်မာမှုဖြင့်

မောင်ချင့်ချိန်Rest of your post

0 comments:

 
----------------------------------------- */ /* EOT ----------------------------------------- */