“၂၀၁၀ ကမ္ဘာ့ လူအခွင့်အရေး၏ တိုက်ပွဲနှစ်” မြန်မာ့သွေးအနီရောင် မညစ်စေနဲ့ ။ စစ်ကျွန်ဘ၀လွှတ်မြောက်ကြဖို့  တော်လှနှ်ရေးသို့ အသင့်ပြင်

Thursday, September 23, 2010

ကမ္ဘာငြိမ်းချမ်းရေး နေ့ ကျင်းပပုံ သတင်းမှတ်တမ်း

၂၀၁၀ ခုနှစ် စက်တင်ဘာလ ၂၁ ရက် အပြည်ပြည်ဆိုင်ရာ ကမ္ဘာ့ငြိမ်းချမ်းရေးနေ့ အထိမ်းအမှတ်အခမ်းအနားကို အလုံမြို့နယ် NLD လူငယ် ခေါင်းဆောင် ကိုလူမော်လတ် နေအိမ်တွင်ကျင်းပရာ NLD ပါတီ ဥက္ကဌကြီး ဘဘဦးတင်ဦး ကြွရောက်ချီးမြှင့်အားပေး

ယနေ့ စက်တင်ဘာလ ၂၁ ရက် အပြည်ပြည်ဆိုင်ရာကမ္ဘာ့ငြိမ်းချမ်းရေးနေ့အထိမ်းအမှတ်အခမ်းအနားကို အမှတ်(၁၄) နွယ်နီလမ်း စောရန်ပိုင် တောင် ရပ်ကွက်ရှိ အလုံမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လူငယ်ခေါင်းဆောင် ကိုလူမော်လတ်နေအိမ်တွင်ဒီမိုက ရေစီအင်အား စုများစွာဖြင့်ကျင်းပခဲ့ပါသည်။
နံနက် (၁၀) နာရီအချိန်တွင် ပင့်ဖိတ်ထားသော ဆရာတော်သံဃာတော်အရှင်သူမြတ်(၅) ပါးမှ (၅)ပါးသီလပေးပြီး၊ မေတ္တာသုတ် နှင့်ဗော ဇ္ဈင်သုတ်ပရိတ်တရားတော်များကိုရွတ်ဖတ်သရဇ္ဈာယ်ချီးမြှင့်တော်မူခဲ့ကြပါသည်။၊ထို့နောက် ဆရာတော်အရှင်သူမြတ်များ ကို ကိုလူမော် လတ်၊မ၀င်းမော်ဦး(၈၈ကျဆုံး)၏အဖွားဒေါ်နီနှင့်NLD ပါတီဝင်များကလှုဖွယ်ဝတ္ထုနှင့်သင်္ကန်းများကို ဆက်ကပ် လှုဒါန်းခဲ့ပါသည်။ ဒီမိုက ရေစီတိုက်ပွဲအတွင်းကျဆုံးသွားကြကုန်သော ရဟန်းရှင်လူ၊ကျောင်းသား/သူအပေါင်းကိုအမျှပေးဝေပြီး၊ မြန်မာနိုင်ငံတ၀ှမ်းရှိ အကျဉ်း ထောင်များ၌မတရားဖမ်းဆီးအကျဉ်းချထားခြင်းခံနေရသော ရဟန်းသံဃာတော်များ၊နိုင်ငံရေးသမားများနှင့် ကျောင်းသား လူငယ်မျိုး ဆက်သစ်များကိုအမြန်လွတ်ငြိမ်းချမ်းသာရပါစေခြင်းငှာဆုတောင်းမေတ္တာပို့သခဲ့ကြပါသည်။အဲ့ဒီနောက်မှာတော့ သံဃာတော်အ ရှင်သူ မြတ်များကို နေ့ဆွမ်းဆက်ကပ်လှုဒါန်းခဲ့ကြပါသည်။ကြွရောက်လာကြသောဒီမိုကရေစီအင်အားစုဧည့်ပရိတ်သတ်ကို
ကြက်သား၊၀က်သား၊ငါးဟင်း၊အသီးအရွက်အစိမ်းကြော်များ၊ ငါးပိကြော်၊တို့စရာမျိုးစုံတို့ဖြင့်တည်ခင်း ဧည့်ခံကျွေးမွေးခဲ့ပါသည်။ အဆိုပါကမ္ဘာ့ ငြိမ်းချမ်းရေးနေ့အထိမ်းအမှတ်ဆွမ်းကျွေးကပ်လှုပွဲအခမ်းအနားသို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌကြီး ဘဘ ဦးတင်ဦး၊ဒေါက်တာမျိုးအောင် (NLD ရန်ကုန်တိုင်းစည်းရုံးရေးမှုး)၊ ရဲရဲတောက်ဦးသိန်းအောင်(ရွှေပြည်သာ)၊ဦးအေး၊ ကဗျာဆရာ ဦးသူရဇ္ဈာန်၊ ကဗျာဆရာ ဦးဘုန်းကျော် နှင့် NLD ပါတီ(အင်္ဂါဝတ်ပြုဆုတောင်းအဖွဲ့ဝင်)များ၊ မ၀င်းမော်ဦး(၈၈ ကျဆုံး)၏ အဖွား ဒေါ်နီနှင့်သူမ၏ မိသားစုဝင်များ၊ လှိုင်သာယာမြို့နယ် NLD ပါတီဝင်များ၊ ရှေ့နေကြီး ဘဘဦးအုန်းမောင်၊ မမာမာဦး NLD ပါတီဝင်(ဗန်းမော်အကျဉ်းထောင်၌ထောင်ကျနေသူ)၏ဖခင်ဦးသိန်းမောင်၊ဒေါ်ရှုNLD၊ ကျောက်တန်းမြို့နယ် NLD ပါတီဥက္ကဌနှင့်ပါတီဝင်များ၊ စမ်းချောင်းမြို့နယ် NLD ပါတီဥက္ကဌ ဦးသက်ဝေ နှင့်ပါတီဝင်များ၊ရှေ့နေလေးကိုဖိုးဖြူ(အလုပ်သမားအကျိုးဆောင်)၊ ကြည့်မြင် တိုင်မြို့ နယ် NLD ပါတီဝင်များ၊ကုန်ဈေးနှုန်းကျဆင်းရေးလှုပ်ရှားမှုအဖွဲ့ဝင်များ၊ရန်ကုန်တိုင်း NLD အမျိုးသမီးအဖွဲ့များ နှင့် အခြားသောဒီမိုကရေ စီ အင်အားစုများက တက်ရောက်ချီးမြှင့်အားပေးခဲ့ကြပါသည်။ထို့နောက် အလုံမြို့နယ် NLD လူငယ်ခေါင်းဆောင် ကိုလူမော်လတ်မှ တစ်ကမ္ဘာလုံး၊ မြန်မာတစ်နိုင်ငံလုံးငြိမ်းချမ်းပါစေခြင်းအတွက် ဂျိုးငှက်လေးများကို အဆုံးအဆမဲ့ကောင်းကင်ထက် သို့လွှတ်ပေး ခဲ့ပါသည်။ယင်းအပြည်အပြည်ဆိုင်ရာ ကမ္ဘာ့ငြိမ်းချမ်းရေးနေ့အထိမ်းအမှတ်ပွဲတွင် ရဲရဲတောက်ဦးသိန်းအောင်(ရွှေပြည်သာ)က(ငြိမ်းချမ်း တေးနဲ့ ရွှေဂျိုးဖြူကူပါမှလေး)အမည်ရှိကဗျာကိုလည်း ကောင်း၊ ကဗျာဆရာဦးသူရဇ္ဈာန်က (ငြိမ်းချမ်းရေးတမန်တော်)အမည်ရကဗျာ ကိုလည်းကောင်း၊ကဗျာဆရာဘုန်းကျော်မှ(ပြည်သူတွေကိုညှာတာပါ)အမည်ရကဗျာ(၃)ပုဒ် ရွတ်ဖတ်ပြီးဂုဏ်ပြုခဲ့ပါသည်။
အပြည်ပြည်ဆိုင်ရာကမ္ဘာ့ငြိမ်းချမ်းရေးနေ့အထိမ်းအမှတ်ကျင်းပရခြင်းအကြောင်းနှင့်ပတ်သက်ပြီး၎င်းပွဲကိုဦးစီးကျင်းပ ပြုလုပ်သူ ကိုလူမော်လတ် ကို အနည်းငယ်မေးမြန်းခဲ့ပါတယ်။
BP။ ။ ကိုလူမော်လတ်ခင်ဗျား၊စက်တင်ဘာလ ၂၁ ရက်အပြည်ပြည်ဆိုင်ရာကမ္ဘာ့ငြိမ်းချမ်းနေ့အထိမ်း အမှတ်ပွဲကို ဘယ်လိုရည်ရွယ်ချက်နဲ့ကျင်းပပြုလုပ်ခဲ့တယ်ဆိုတာလေးသိပါရစေ။
ကိုလူမော်။ ။ ဟုတ်ကဲ့ ကျွန်တော်ဒီ ငြိမ်းချမ်းရေးပွဲလေးကို အကြောင်းမဲ့၊ရည်ရွယ်ချက်မရှိပဲလုပ်တာမဟုတ်ပါဘူး။ တစ်ကမ္ဘာလုံး မှာရှိတဲ့လူတွေ၊ မြန်မာပြည်အတွင်းမှာရှိနေကြတဲ့ပြည်သူပြည်သားတွေ၊နောက်ပြီးတော့ ဒီမိုကရေစီတိုက်ပွဲအတွင်းမှာ ကျဆုံးသွားခဲ့ကြတဲ့ညီအစ်ကို မောင်နှမတွေ၊နောက် ကျွန်တော်တို့အားလုံးရဲ့အမေလို့ သတ်မှတ်ပြီး၊ဒီမိုကရေစီလမ်းပြကြယ်လို့ နှလုံးသားထဲမှာစွဲမြဲနေတဲ့အန်တီ ဒေါ်အောင်ဆန်းစုကြည်နှင့်တကွ၊ မြန်မာနိုင်ငံတစ်နိုင်ငံလုံးမှာရှိတဲ့ အကျဉ်းထောင်တွေမှာ ဒီမိုကရေစီအတွက်တိုက်ပွဲဝင်ရင်း အကျဉ်းချခံထားရတဲ့နိုင်ငံရေးအကျဉ်းသားတွေကို အမြန်ဆုံးလွတ်မြောက်ငြိမ်းချမ်းစေချင်တဲ့ဆန္ဒနဲ့ သံဃာတော်တွေကိုပင့်ဖိတ်ဆွမ်းကပ်လှုပြီး မေတ္တာပို့သ၊အမျှပေးဝေချင်လို့ပါ။ကျွန်တော့်အဖေလည်းခု ဗန်းမော်ထောင်မှာ အနှစ်(၂၀) အကျဉ်းချခံထားရပါတယ်။ကျွန်တော့်အဖေ က အလုံမြို့နယ် အမျိုးသားဒီမိုကရေစီဥက္ကဌ ဦးဘမြင့်ပါ။ ခုဒီပွဲကို ကျွန်တော် မဖြစ်ဖြစ် အောင်လုပ်မယ် လို့ဆုံးဖြတ်ခဲ့တယ်။အဲ့အတွက် ကျွန်တော့်အဖေဆီတောင်၊ထောင်ဝင်စာသွားမတွေ့ရသေးပါဘူး။ ကျွန်တော် ပြောချင်တာ က ခုလက်ရှိအုပ်ချုပ်နေတဲ့ နိုင်ငံတော်လူကြီးများကို အန်တီဒေါ်အောင်ဆန်းစုကြည်နှင့်တကွ နိုင်ငံရေးအကျဉ်းသားများကို အမြန်ဆုံး လွှတ်ပေးပါလို့တောင်းဆိုပါတယ်။သူတို့တွေက အကြမ်း ဖက်သမား တွေလည်းမဟုတ်၊ နိုင်ငံတော်ကို လုပ်ကြံကြတဲ့သူတွေ လည်းမ ဟုတ်ဘူး၊သူပန်သူကန်တွေလည်းမဟုတ်ပါဘူး။
ကျွန်တော့်ဆန္ဒကထောင်ချထားခံရတဲ့သူတွေအမြန်ဆုံးပြန်လွတ်ပြီးမိသားစုတွေနဲ့နွေးထွေးစွာပြန်လည်တွေ့ဆုံစေဆန္ဒပါ။ကျွန်တော်
တို့မိသားစု လည်း တကွဲတပြားဖြစ်နေတော့ ကျွန်တော်ကိုယ်တိုင်ခံစားနေရတာကိုစာနာပြီး သူတို့တွေအတွက်၊အားလုံးအတွက်ရည်ရွယ်
ပြီး ကျင်းပခဲ့တာပါဗျာ။
(ကိုလူမော်လတ်ဟာသူရေစက်ချနေစဉ် ဘဘဦးတင်ဦးရောက်လာချိန်မှာ မျက်ရည်တွေ၊တွေတွေကျခဲ့သလို၊ ကျွန်တော် အင်တာဗျူး နေစဉ် မှာလည်း မျက်ရည် များကျခဲ့ပါတယ်။ မြန်မာနိုင်ငံသူနိုင်ငံသား အားလုံးအမြန်ငြိမ်းချမ်းမှုရပါစေ လို့ကျွန်တော်ဒီနေရာကပဲ ဆုတောင်းမေတ္တာပို့သ လိုက်ပါတယ်။)

လေးစားဦးညွှတ်လျှက်
Burma Paparazi

0 comments:

 
----------------------------------------- */ /* EOT ----------------------------------------- */