“၂၀၁၀ ကမ္ဘာ့ လူအခွင့်အရေး၏ တိုက်ပွဲနှစ်” မြန်မာ့သွေးအနီရောင် မညစ်စေနဲ့ ။ စစ်ကျွန်ဘ၀လွှတ်မြောက်ကြဖို့  တော်လှနှ်ရေးသို့ အသင့်ပြင်

Wednesday, September 15, 2010

ဂျပန်ရောက် မြန်မာများက စစ်အစိုးရ၀ါဒဖြန့်သရုပ်ဆောင်များကို သပိတ်မှောက်ဟု ဆို

မိုးမခ အထောက်တော် ၀၀၃ နဲ့ မောင်ရှင် (ဘားမားမီဒီယာ) (မိုးသောက်ကြယ်)
စက်တင်ဘာ ၁၅၊ ၂၀၁၀
ဂျပန်ရောက် မြန်မာများ၏ အင်တာနက်သတင်းများအဆိုအရ - စစ်အစိုးရ၏ လုပ်ကြံဝါဒဖြန့်ကားဖြစ်သည့် “အရုဏ်ဦးမှာ ဖူးသည့်ကြာ” တွင် သရုပ်ဆောင်သူများကို ၎င်းတို့၏ ရန်ပုံငွေပွဲများတွင် ဖျော်ဖြေခွင့် မပြုတော့ကြောင်း ထုတ်ဖော် ပြောဆိုလိုက်သည်ကို တွေ့ရသည်။
ထိုလုပ်ကြံဝါဒဖြန့် သရုပ်ဆောင်များဖြစ်သည့် ခန့်စည်သူ၊ လွင်မိုး နှင့် အရိုင်းတို့ကို မူလစီစဉ်ထားသည်မှ ရုတ်သိမ်း လိုက်ပြီး ထိုရုပ်ရှင်ကားတွင် မပါဝင်ခဲ့သည့် သရုပ်ဆောင်များ၊ အနုပညာရှင်များကို ဖိတ်ခေါ်ပြီး စတိတ်ရှိုးနှင့် အငြိမ့်ကျင်းပရန် အချိန်မီ ပြင်ဆင်ခဲ့ကြသည်ဟု သတင်းများတွင် ရေးသားထားသည်။
ဖျော်ဖြေပွဲကို ယခုလ ၂၀ ရက် (စက်တင်ဘာ ၂၀ ရက်၊ တနင်္လာနေ့၌) ကျင်းပမည်ဖြစ်ပြီး “မြိတ်မြို့မိဘမဲ့ကလေးများ ရန်ပုံ ငွေပွဲ” အတွက် စီစဉ်ခြင်းဖြစ်သည်ဟုသိရသည်။ လာရောက် ဖျော်ဖြေကြမည့် အနုပညာရှင်များမှာ အကယ်ဒမီမေသန်းနု၊ ချောရ တနာ၊ ကင်းကောင်၊ ကုသိုလ်၊ ဒိန်းဒေါင်၊ Rဇာနည်၊ ဇော်ပိုင်၊ အောင်နိုင်၊ Waiလျံ။ Nကိုင်ရာနှင့် ကီးဘုတ် ဇေယျာမင်း တို့ဖြစ်ကြသည်။
ပွဲစီစဉ်သူများက ၀ါဒဖြန့်သရုပ်ဆောင်များကို ရုံသွင်းပါက မြန်မာဒီမိုကရေစီ လှုပ်ရှားတက်ကြွသူ မြန်မာမိသားစုများ၏ ကန့်ကွက် ဆန္ဒပြမှုများ၊ သပိတ်မှောက်မှုများကို ရင်ဆိုင်ခံရမည်ကို သိရှိသဖြင့် ယခုကဲ့သို့ ပြန်လည် ပြင်ဆင်ခဲ့သည်ဟု ဆိုသည်။
“အရုဏ်ဦးမှာဖူးသည့်ကြာ” ရုပ်ရှင်ဇာတ်ကားသည် တပ်မတော်စိတ်ဓာတ်စစ်ဆင်ရေး တွင် နှစ်ပေါင်း ၂ဝ ကျော် အမှုထမ်းခဲ့သော ဒု-ဗိုလ်မှူးကြီးဟောင်း ဒါရိုက်တာတင်သန်းဦးက နအဖ လက်ကိုင်တုတ် ကြံဖွတ်အသင်း နှစ်ပတ်လည်ဂုဏ်ပြု ဇာတ်ကားအဖြစ် ရိုက်ကူးခဲ့ခြင်းဖြစ်ပြီး မြန်မာ့သမိုင်းဖြစ်ရပ်မှန်များကို ပြောင်ပြောင်တင်းတင်းလိမ်ညာ၍ ရိုက်ကူးထားခြင်းဖြစ်သည်။ ထို့အတွက်ကြောင့် အဆိုပါဇာတ်ကားတွင် ပါဝင်သရုပ်ဆောင်ခဲ့သော အနုပညာရှင်များ ပြည်ပသို့ ဖျော်ဖြေရေးပွဲများ သွားရောက်ပြု လုပ်ပါက သမိုင်းမှန်လိုလားသူ ဒီမိုကရေစီရေး တက်ကြွသူ မြန်မာပြည်သူ/သားများက ပြည်တွင်းတွင် ရေငုံနှုတ်ပိတ် ဖိနှိပ် ထားခြင်း ခံရသူ မြန်မာမိသားစုများကိုယ်စား အဆိုပါဝါဒဖြန့်သရုပ်ဆောင်များ ရောက်လေရာနေရာတွင် ဆန့်ကျင်ကန့်ကွက်ပြမှုများ ပြုလုပ်နေလျက်ရှိသည်။ မြန်မာပြည်တွင်းက အဆိုပါသတင်းများကို ကြားသိသူများကလည်း ထိုကဲ့သို့ ပြုလုပ်ခြင်းကို ထောက်ခံ အားပေးကြောင်း၊ ၀မ်းသာအားရဖြစ်ကြောင်း ပြန်လည် တုန့်ပြန်ကြသည်ကို တွေ့ရသည်။
မိုးမခ၏ မိတ်ဆွေ ဂျပန်ပြည်က ၎င်းသဘောထားကို ပြောကြားရာတွင် …
“ပွဲသွင်းတဲ့သူတွေက စီးပွားရေး သက်သက်၊ ကိုယ်ကျိုးစီးပွားသက်သက်ကြည့်ပြီး ပွဲသွင်းတဲ့သူတွေ ဆိုရင် နောက်တခါမှာ သူတို့ ကိုယ်တိုင်ကလည်း အဲသည်သရုပ်ဆောင်တွေကို တမင်ရွေးပြီး သွင်းနေ ခေါ်နေမှာ မဟုတ်တော့ဘူး။ သူတို့အမြတ် ထိခိုက်တယ်။ နံမယ်လည်း ကြားထဲက ပိုပြီး ပျက်တယ်။ ဒါပေမယ့် အယင်တုံးက တော်လှန်ရေးတွေ၊ “၈၈ တွေ ၉၀၊ ၁၀၀ ဘာညာ ဘာညာ တွေ” (အရေးအခင်းများ ဖြစ်ပွားခဲ့သော နှစ်များကို ဆိုလိုဟန်ရှိ) ဘယ့်နှယ် ညာနှယ့် လုပ်ခဲတဲ့ ဒီမိုကရေစီ ဘက်တော် သား ဆိုသူတွေကပါ ပွဲသွင်းတဲ့အထဲမှာ ပါလာတာကတော့ အလွန်ရုပ်ဆိုးပါတယ်။ အဲဒါကို ရှေ့နေလိုက်ပြီး အကာအကွယ်ပေး၊ ဖာရ ထေးရလုပ်နေကြတာကလည်း ရှက်စရာ ကောင်းတယ်။ ဒီလိုလူမျိုးတွေကို အနာဂတ်မှာ ဒီမိုကရေစီအိမ်ဦးခန်းမှာ နေစရာ ပေးဖို့ မလိုတော့ဘူး။ အဲသလိုမျိုး သူတို့သဘောထားတွေကို သိလိုက်ရတာ ကျနော်တို့ အမြတ် ထွက်တယ် လို့ ပြောချင်တယ်။”
ဟု ပြောလိုက်သည်။
အင်တာနက်သတင်းတွင် ဂျပန်ရောက် မြန်မာနှစ်ကြီးသမားတစ်ဦး ဆိုသူ၏ အပြောမှာ
”ကျနော်တို့ဂျပန်မှာတော့ အရင်တုန်းက အခွန်ရုံး (မြန်မာသံရုံး)က စတိတ်ရှိုးပွဲတွေ၊ အငြိမ့်ပွဲတွေလုပ်ခဲ့ကြတယ်။ သို့ပေမယ့် ဒီမှာရှိတဲ့မြန်မာတွေက တညီတညွတ်တည်း ၀ိုင်းဆန္ဒပြကြတော့ အရှက်တွေကွဲပြီး ဘာပွဲမှ မလုပ်တော့ဘူး။ နောက်တော့ သူတို့နဲ့ (အခွန်ရုံး) နီးစပ်တဲ့လူတွေက မသိမသာသဘောမျိုးနဲ့ အကဲစမ်းပြီး ပွဲသွင်းခဲ့သေးတယ်။ ဒါလည်း ဒီက လူတွေက လုံးဝကို လက်မခံဘူး။ ပြင်းပြင်းထန်ထန်ကို ကန့်ကွက်ကြ၊ ဆန္ဒပြခဲ့ကြတာ။
အဆိုတော် ဇော်ဝင်းထွဋ်ဆိုရင် နာဂစ်ရန်ပုံငွေ လို့ ခေါင်းစဉ်တပ်ပြီး ဂျပန်မှာလာဖျော်တာတောင် ဒီကလူတွေက လုံးဝကို လက်မခံ ဘူးလေ။ ဘာကြောင့်လည်းဆိုတော့ ဇော်ဝင်းထွဋ်ဆိုတာ နအဖကို ဖော်လံဖားလုပ်နေတဲ့သူ မို့လို့တဲ့။ ဒါကြောင့် ဂျပန်မှာ မြန်မာအ နုပညာရှင်တွေ၊ အဆိုတော်တွေ လာဖျော်ဖြေတော့မယ်ဆိုရင် ဘယ်သူတွေ စီစဉ်တာလဲ၊ နအဖ အသိုင်းအ၀ိုင်းနဲ့ ကင်းရှင်းရဲ့လား။ လာဖျော်ဖြေမယ့်သူတွေထဲမှာရော နအဖကို ဖော်လံဖားတဲ့သူတွေ ပါလား … ဒါတွေအားလုံးကို ဒီမှာရှိတဲ့လူတွေက စနည်းနာပြီးမှ သွားအားပေးကြတာ များပါတယ်။ တခြားနိုင်ငံတွေမှာလို ပွဲဖြစ်ပြီးရော၊ ငွေရရင်ပြီးရောဆိုပြီး မလုပ်ရဲကြဘူးဗျ”
ဟု ပြောလိုက်ပါသည်။
မိုးမခသို့ အယ်လ်အေမှ ဆန္ဒပြသူတဦးက အထက်ပါဖြစ်ရပ်များအပေါ် မူတည်ပြီး သဘောထားကို ပြောကြားရာတွင်
“အခုနှစ်မှာ စစ်အစိုးရက သူတို့လုပ်ကြံထားတဲ့ ရွေးကောက်ပွဲနဲ့ အာဏာရှင်စနစ်ကို အုတ်မြစ်ချ ထူထောင်တော့မယ်။ အဲဒီအချိန်မှာ သူတို့ရဲ့ လုပ်ကြံဖန်တီးထားတဲ့ ၀ါဒဖြန့်ကားနဲ့ ဒီမိုကရေစီစနစ်နဲ့ ဒီမိုကရေစီ လိုလားသူတွေကို သရော်စော်ကားလိုက် တယ်။ ပြည်တွင်းက အနိုင်ကျင့်ခံနေရသူတွေ ကိုယ်စား ပြည်ပရောက်နေ သူတွေက နအဖစစ်အစိုးရကို ဆန့်ကျင်တယ်။ သူတို့ ရွေးကောက်ပွဲကို ဆန့်ကျင်တယ်။ ကုန်ကုန်ပြောရရင် နအဖ အလိုတော်ရိ တွေ၊ လက်ကိုင်ဒုတ်တွေ၊ သူတို့ရဲ့ ပြည်ပက ကြံ့ဖွံ့တွေ စွမ်းအားရှင်တွေကို ကန့်ကွက် ဆန့်ကျင်ကြောင်း ပြသရတဲ့ အချိန်အခါ၊ အခြေအနေ ဖြစ်ပါတယ်။ ကျနော်တို့ တတ်နိုင်၊ လုပ်နိုင်တာနဲ့ ကျနော်တို့ ၀ိုင်းပြီး တသွေးတည်း တသံတည်း ပြသရတာ ဖြစ်တယ်။ ဂျပန်က၊ သြစတြေးလျက မြန်မာတွေအတွက် အလွန် ဂုဏ်ယူပါတယ် လို့ ပြောပေးပါ”
ဟု ဆိုလိုက်သည်။
“ဆရာဦးဝင်းတင်ရဲ့ အင်တာဗျုးမှာ ပြောသလိုပေါ့။ တိုင်းပြည်မှာ အုံကြွမှုတခု ဖြစ်လာရင် နိုင်ငံရေးလုပ်နေပါတယ်ဆိုတဲ့ သူတွေက မဦးဆောင်နိုင်ရင်တောင် ၀င်ပြီး ပါဝင် ပတ်သက်ရတယ်။ မသိချင်ယောင် ဆောင်နေလို့ မရဘူး။ ဆင်ခြေတွေ ပေးပြီး ရှောင်လွှဲနေ လို့ မရဘူး။ အခုကိစ္စကလည်း မှတ်ကျောက် တင်တာပဲ။ အကြောက်ပြိုင်နေတာ၊ အဖားပြိုင်နေတာ မဟုတ်ဘူး” ဟု မှတ်ချက်ပေးသည်။
ပြည်ပရောက် မြန်မာများအတွင်း ၀ါဒဖြန့်သရုပ်ဆောင်များ၏ စတိတ်ရှိုး ဂယက် ထကြွနေချိန်တွင် စစ်အစိုးရ၏ ၂၀၁၀ ရွေး ကောက်ပွဲ ကော်မရှင်က တိုင်းပြည်၏ အတိုက်အခံနိုင်ငံရေး အင်အားစုကြီးဖြစ်သော အင်န်အယ်ဒီပါတီကို ပျက်ပြယ်သွားပြီ ဖြစ်ကြောင်း ယမန်နေ့ ညနေ သတင်းတွင် ကြေညာလိုက်သည်။


မိုးမခ မှ

0 comments:

 
----------------------------------------- */ /* EOT ----------------------------------------- */