“၂၀၁၀ ကမ္ဘာ့ လူအခွင့်အရေး၏ တိုက်ပွဲနှစ်” မြန်မာ့သွေးအနီရောင် မညစ်စေနဲ့ ။ စစ်ကျွန်ဘ၀လွှတ်မြောက်ကြဖို့  တော်လှနှ်ရေးသို့ အသင့်ပြင်

Monday, September 13, 2010

ထားခဲ့ရင်..ကြားကားဆွဲသွားမှာ ကြောက်လို့ 

သူရဦးရွှေမန်းနှင့် သီဟသူရ ဦးတင်အောင်မြင့်ဦးတို့ ကိုလုံခြုံရေးအရ ခေါ်သွားခြင်းသာဖြစ်

၂၀၀၈ ခုနှစ်က တရုတ်ပြည်သွားစဉ်က စစ်ဝတ်စုံဖြင့် တွေ့ ရ ကာ တရုတ်ခေါင်းဆောင် အချို့ နှင့် အတူတွေ့ ရသည့် သူရ ရွှေမန်း ယခု တစ်ခေါက် တွင် မူ အပြင် မထွက်ရဘဲ တရုတ် ရှိ မြန်မာ သံရုံး တွင် အစောင့်အကျပ် များ နှင့် နေရသည် ဟု ဆိုသည်။

ဗိုလ်ချုပ်မှုး ကြီးသန်းရွှေ၏ ငါးရက်ကြာ တရုတ် နိုင်ငံ ခရီးစဉ် အတွင်း ယခင် တပ်မတော်ကြည်း ရေ လေ ညှို နှိုင်း ရေး မှု ဟောင်း ဖြစ်သည့် ဗိုလ်ချုပ်ကြီး သူရ ရွှေမန်း နှင့် ဗိုလ်ချုပ်ကြီး သီဟ သူရ တင်အောင်မြင့် ဦး တို့ ကို ခေါ် သွား ခြင်းမှာ လက်ရှိ နေပြည်တော် ၏ အခြေအနေ အများ အရသူတို့ နှစ်ယောက် ကို ထားခဲ့ရန် မဖြစ်သည့် အတွက် အပါခေါ်သွား ရခြင်း ဖြစ်သည် ဟု သိရသည်။

မြန်မာ စစ်တပ်၏ ထိပ်တန်း ခေါင်းဆောင် နှစ်ဦး ဖြစ်သည့် သူတို့ နှစ်ဦးမှာ စစ်တပ် အပေါ်တွင် ထိုက်သင့်သလောက် သြဇာရှိ သောကြောင့် ဗိုလ်ချုပ်မှုး ကြီး သန်းရွှေ နေပြည်တော်တွင် မရှိ ခိုက် ပုန်ကန် အာဏာသိမ်း ရန် ကြံစည် ခြင်း ကို ကြောက်လန့် ၍ ခေါ်သွား ရခြင်း ဖြစ်သည် ဟု သံချပ်ကာ ယန္တယား တပ်မှအရာရှိ တစ်ဦး က Freedom News Group သို့ ပြောသည်။

နေပြည်တော်ရှိ ၀န်ကြီးဌာန များ တွင် ဗိုလ်သန်းရွှေ ၏ တရုတ်ခရီးစဉ် နှင့် ပတ်သက် ၍ ဝေဖန် ပြောဆိုနေကြမှု ကို သိရသည့် ဌာနမှုး တစ်ဦး က ‘ကျွန်တော်တို့ ဌာန မှာ တော့ ဗိုလ်ချုပ် ရွှေမန်း နဲ့ တင်အောင်မြင့်ဦး တို့ အာဏာသိမ်း မှာ ကြောက် လို့ ခေါ် သွား တာ ဦးရွှေမန်း ကို အိမ် ကို သိမ်းလိုက်ပြီ သူ့ မိသားစု တွေ ဘယ်မှာနေ လဲ မသိဘူး ၊ ဒီမှာ ပြောကြတာက တော့ သူတို့ နှစ်ယောက် စလုံး ကိုယ် မှာ ဗုံးတွေ ချဉ်ပေးထားတယ် တဲ့ တရုတ် ပြည်မှ ထွက်ပြေး မယ် မကြံနဲ့  သူ တို့ အစောင့် နဲ့  ကိုက်ငါးဆယ် ကျော်တာ နဲ့ ဗုံး က ပေါက်ပြီး ရွှေမန်း တို့ သေမှာ ပဲ ဟု ပြောဆို နေကြာသည် ဟု ဆိုသည်။

မြန်မာ စစ်ခေါင်းဆောင် သည် အသက်အရွယ် ကြီးရင့် လှပြီ ဖြစ်သော် လည်း မမောမပန်း ခရီးသွား နိုင်သည့်စစ်သား အိုကြီး တစ်ယောက် ဖြစ်သည် ဟု မော်စကို တွင် ပညာ သင်ယူနေသည့် မြန်မာ စစ်အရာရှိ များ၏ဘလောက် များ တွင် ရေးသား ထားသည်။ မော်စကို တွင် ပညာသင်ယူနေသည့် မြန်မာ စစ်အရာရှိ ငယ်များမှ ဗိုလ်သန်းရွှေ တရုတ်ပြည် သို့ သွားခြင်း ကို သဘောမကျ ဟု လည်း ရေးသား ထားသည်။ထိုသို့သဘောမကျခြင်းမှာ ရုရှား စစ်ဗိုလ် သင်တန်း ဆရာများ က ရှရုား မှ ရုရှား ဆို သည့် အတွေးအခေါ် ရိုက်ထည့်ပြီး ဦးဏှောက်ဆေး ထားသောကြာင့် ဖြစ် သည် ဟု သိရသည်။
http://freedomnewsgroup.com/ မှ

0 comments:

 
----------------------------------------- */ /* EOT ----------------------------------------- */