“၂၀၁၀ ကမ္ဘာ့ လူအခွင့်အရေး၏ တိုက်ပွဲနှစ်” မြန်မာ့သွေးအနီရောင် မညစ်စေနဲ့ ။ စစ်ကျွန်ဘ၀လွှတ်မြောက်ကြဖို့  တော်လှနှ်ရေးသို့ အသင့်ပြင်

Tuesday, September 21, 2010

ဗမာတွေ... အနှစ် ၆၀ ကျော်ဆိုတဲ့  သင်္ခန်းစာ ယူတတ်မယ်ဆိုရင်

စာကြွင်း။ ကျောက်တုံး အရည်ခွံချွတ်ရင်တောင် သွေးစသွေးန တွေ့ ဦးမယ်... ဒီလိုဖွတ်တွေ ပြောသလိုယုံပြီး ကိုယ့် လည်ပင်ကိုယ်တော့ တရစ်ရစ်မလှီးကြစေလို ။ အော်ရင်လေး ပါဘိ ပြည်မြန်မာ။


ကြံ့ဖွံ့ပါတီ ကိုယ်စားလှယ်များကို မဲဆွယ်ရေး သင်တန်းပေးမည်
စည်သူ Tuesday, September 21, 2010
ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ (ကြံ့ဖွံ့ပါတီ) က ၎င်းတို့၏ ကိုယ်စားလှယ်လောင်းများကို ရွေးကောက်ပွဲအကြို မဲဆွယ်ရေး သင်တန်းပေးရန် စီစဉ်လျက်ရှိကြောင်း သိရသည်။


လွှတ်တော်အသီးသီးအတွက် ဝင်ရောက်ယှဉ်ပြိုင်မည့် ကြံ့ဖွံ့ပါတီ ကိုယ်စားလှယ်လောင်းများကို နေပြည်တော်၊ ဒက္ခိဏသီရိ မြို့သစ်ရှိ ကြံ့ဖွံ့ပါတီ ရုံးချုပ်၌ မဲဆွယ်ရေး ရက်တိုသင်တန်း ပေးမည်ဖြစ်ကြောင်း ကြံ့ဖွံ့ပါတီနှင့် နီးစပ်သူတဦးက ပြောသည်။

“သင်တန်းကို အခုရက်ပိုင်းအတွင်း စမယ်ကြားတယ်။ လူကြီးတွေကတော့ မကြာခဏဆိုသလို လိုအပ်ရင် သင်တန်းပေးမယ် ပြောတယ်။ ဘယ်နေ့မှာ စမယ်တော့ မပြောတတ်ဘူး” ဟု ၎င်းက ဆိုသည်။

ကြံ့ဖွံ့ပါတီ ကိုယ်စားလှယ်လောင်းများကို အသုတ်လိုက်ခွဲ၍ သင်တန်းပေးမည် ဖြစ်ကြောင်းလည်း သိရသည်။

စစ်အစိုးရသည် မဲအပြတ်အသတ်ဖြင့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ကို ရှုံးနိမ့်ခဲ့သော ၁၉၉၀ ရွေးကောက်ပွဲကို သင်ခန်းစာယူကာ ငွေအား၊ လူအား၊ မီဒီယာအင်အားအပြင် အာဏာကိုပါ အသုံးချ၍ ရွေးကောက်ပွဲ အနိုင်ရရှိရေးအတွက်
ဆောင်ရွက်နေကြောင်း ပြည်တွင်းမှ နိုင်ငံရေးလေ့လာသူတဦးက ဆိုသည်။

နိုင်ငံရေး စိတ်ဝင်စားသူ လူငယ်တဦးက “ကျနော်တို့ကတော့ ဒီမိုကရေစီ ပါတီတခုခုကိုပဲ မဲပေးမယ်။ ကြံ့ဖွံ့နဲ့ တစည (တိုင်းရင်းသား စည်းလုံး ညီညွတ်ရေးပါတီ) ကတော့ NO ပဲ။ ကျနော်တို့နယ်မှာ အဲဒီပါတီ ၂ ခုတည်း ရှိနေရင် ဘယ်ပါတီမှ
မဲမထည့်ဘူး”ဟု ပြောသည်။

ပဲခူးတွင်လည်း ကြံ့ဖွံ့ပါတီ ကိုယ်စားလှယ်လောင်းများကို ၅ ရက်ကြာ ရွေးကောက်ပွဲ အကြို မဲဆွယ်မှု သင်တန်း ပေးကြောင်း သိရသည်။

ကြံ့ဖွံ့ပါတီသည် နိုင်ငံသား စိစစ်ရေးကတ်များထုတ်ပေးခြင်း၊ လမ်းခင်းပေးခြင်း၊ စာသင်ကျောင်းများသို့ ငွေလှူဒါန်းခြင်း၊ အတိုးနှုန်းနည်းနည်းဖြင့် ငွေထုတ်ချေးခြင်း၊ လျှပ်စစ်မီးသွယ်ပေးခြင်းနှင့် မျက်မှန်များ အခမဲ့ဝေခြင်း အပါအဝင် နောက်ဆုံးရရှိသည့် သတင်းများအရ ၁၅ သိန်းတန် CDMA ဖုန်းများကိုပါ အခမဲ့ပေး၍ နည်းလမ်းမျိုးစုံဖြင့် မဲဆွယ်လျက်ရှိကြောင်း သတင်းဖော်ပြချက်များအရ သိရသည်။Rest of your post

0 comments:

 
----------------------------------------- */ /* EOT ----------------------------------------- */