“၂၀၁၀ ကမ္ဘာ့ လူအခွင့်အရေး၏ တိုက်ပွဲနှစ်” မြန်မာ့သွေးအနီရောင် မညစ်စေနဲ့ ။ စစ်ကျွန်ဘ၀လွှတ်မြောက်ကြဖို့  တော်လှနှ်ရေးသို့ အသင့်ပြင်

Saturday, September 18, 2010

န.အ.ဖ စစ်အုပ်စုရဲ့ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးတဲ့လား.

http://www.narinjara.com/detailsbur.asp?id=2742

မြန်မာနိုင်ငံရှိ တိုင်းရင်းသားပေါင်းစုံကို ဖမ်းဆီးနှိပ်စက် သတ်ဖြတ်၍ လူမျိုးရေးမုန်းတီးမူကို ဖန်တီးလုပ်ဆောင်နေသော န.အ.ဖ စစ်အစိုးရသည် ဗမာနှင့် ဗမာမဟုတ်သော လူမျိုးများကြားထဲရှိ ချစ်ကြည်ရင်းနှီးမူများကို ပျက်စီး အောင်ကြံစည်ပြီး ဗမာနှင့်ဗမာ မဟုတ်သော လူမျိုးများအချင်းချင်းကြားထဲတွင် နာကျည်းမူ၊ မုန်းတီးမူများ ဖြစ်ပေါ်လာအောင် တမင်တကာ လုပ်ဆောင်နေသည်။ ယခုအခါ ရခိုင်ပြည်နယ်အတွင်း ဖြစ်ပျက်နေသော စစ်အစိုးရ၏ လုပ်ဆောင်ချက်များသည် ရှိထားပြီးသော ရခိုင်-ဗမာ ချစ်ခင်ရင်းနှီးမူကို ပျက်စီးအောင် ရည်ရွယ်ချက်ဖြင့် ရခိုင်ပြည်နှင့် ရခိုင်ပြည်သူများအပေါ် ပို၍ အငြိုးထား လုပ်ဆောင် လာသည်များကို သာတွေ့ရသည်။ အတိတ်ကာလဖြစ်သော ၁၁၄၆ ခုနှစ်က ဘိုးတော်မောင်ဝိုင်း လည်း ရခိုင်ပြည်ကို စစ်မကြေညာဘဲ ၀င်ရောက် တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး ရခိုင်ပြည် မြောက်ဦး ရွှေနန်းတော်ကို အစအန မမြင်ရအောင် မီးရှို့ဖျက်ဆီးလိုက်သည်။
ရခိုင်ပြည်သူ၊ပြည်သား နှစ်သန်းကျော်ကို ရက်ရက်စက်စက် သတ်ဖြတ်လိုက်ပြီး ရဟန်းရှင်လူ ပညာရှိ မြောက်များစွာနှင့် ရွှေငွေရတနာ၊ ပစ္စည်းဥစ္စာများ အပါအ၀င် အဖိုးထိုက်တန်သော စာပေ၊ကျမ်းဂန် များစွာတို့ကိုလည်း တစ်ပါတည်း သိမ်းယူသွားခဲ့သည်။ ၄င်းလူမဆန်သော အဖြစ်အပျက်နှင့် အတူ အတိတ်ကို အတိတ်မှာ မထားခဲ့ဘဲ လက်ရှိအချိန် ကာလတိုင်အောင် အုပ်ချုပ်သူ ဗမာ စစ်ခေါင်းဆောင်များသည် လူမဆန်သော လုပ်ရပ်များကို ဆက်လက်ပြီး ရခိုင်ပြည်တွင် လုပ်ဆောင် နေဆဲဖြစ်သည်။ ပြီးခဲ့သော ဇူလိုင်လ ၂၇ရက်နေ့က စစ်တွေမြို့တွင် မိဘမဲ့ ကလေးငယ်များကို စောင့်ရှောက်၍ ပညာ သင်ပေးနေသော ဆရာတော် ဦးပညာစာရ ကို မိန်းမနှင့် ပတ်သက်၍ စွပ်စွဲပြီး ဟုတ်မဟုတ်ကို သေချာစွာ မစီစစ်ဘဲ ကျောင်းတိုက်မှ ဖမ်းဆီးခေါ်ဆောင်ကာ အတင်းအဓမ္မ လူဝတ်လဲစေခဲ့သည်။ ၄င်းအပြုအမူမှာ ဗုဒ္ဓ၏ ၀ိနည်းတော်နှင့် လုံးဝ ဆန့်ကျင်နေပြီး မှန်ကန်သည့်တိုင်အောင် ကာယကံရှင် ပုဂ္ဂိုလ်မှဝန်ခံပြီးမှ သာလျှင် ၄င်းအပြုအမူမျိုးကို လုပ်ပိုင်ခွင့် ရှိသည်။ မတရားသဖြင့် ဖမ်းဆီး၍ အတင်းအဓမ္မ လူဝတ် လဲစေခြင်းသည် န.အ.ဖ စစ်အစိုးရမှ ဗုဒ္ဓဘာသာကို မထီမဲ့မြင်ပြု၍ ဗြောင်ကျကျ စော်ကားလိုက်ခြင်း ဖြစ်ပြီး ဗုဒ္ဓဘာသာကို ရိုသေကိုင်းရှိုင်းကြသော ရခိုင်ပြည်နှင့် ရခိုင်သူ၊ရခိုင်သားများကို လုံးဝ စော်ကား လိုက်ခြင်းသာ ဖြစ်ပေသည်။ ဆရာတော်ကို ဖမ်းဆီးလိုက်ပြီးနောက် န.အ.ဖ စစ်အစိုးရသည် ကျောင်းတိုက်ရှိ ဆရာတော်၏ နှစ်ပေါင်းများစွာ အချိန်ယူ၍ စုဆောင်းထားရှိသော ရခိုင်ပြည်သုံး ရှေးဟောင်း ရွှေဒင်္ဂါးများ၊ ငွေဒင်္ဂါများ ဓည၀တီခေတ်မှ မြောက်ဦးခေတ်ထိ ရခိုင်ဗုဒ္ဓရုပ်ပွားတော်နှင့် ပုံတော်များ၊ ဆေးကျမ်း၊စာစောင်များကို သိမ်းယူသွားခဲ့သည်။ ၄င်းနောက် ဆရာတော်၏ ကျောင်းတိုက်ကို သော့ပိတ်လိုက်ပြီး ကျောင်းတွင် ရှိနေကြသော မိဘမဲ့ကလေးငယ်များအားလုံးကို ခေါ်ဆောင်သွားပြီး မြန်မာနိုင်ငံအလယ်ပိုင်း မန္တလေးနှင့် မကွေးမြို့များသို့ ပို့ဆောင် လိုက်သည်။ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီး တစ်ပါးကို အကြောင်းမဲ့စွာ ဖမ်းဆီးပြီးအကျဉ်းချခြင်း၊ ကျောင်းတိုက်ရှိ ဘာသာရေး အမွေအနှစ်များနှင့် ရခိုင်ရိုးရာရှေးဟောင်းအမွေအနှစ်များကို မတရားသိမ်းပိုက်ယူခြင်း၊ ကျောင်းတိုက်တွင် လုံခြုံစွာနေထိုင်၍ စာပေသင်ကြားနေသော မိဘမဲ့ကလေးငယ်များကို တစ်ကွဲတစ်ပြားစီ ဖြစ်အောင် လုပ်ဆောင်ခြင်းတို့သည် ရခိုင်လူမျိုးများနှင့် ဗမာလူမျိုးများအကြား အထင်အမြင် လွဲအောင် လုပ်ဆောင်လာခြင်းပင်ဖြစ်ပြီး ရခိုင်-ဗမာ မုန်းတီးရေးကို ဖန်တီးလုပ်ဆောင် လိုက်ခြင်းပင်ဖြစ်သည်။ယခုလက်ရှိ န.အ.ဖ စစ်အစိုးရသည် အရှက် သိက္ခာကင်းမဲ့စွာဖြင့် “တိုင်းရင်းသားစည်းလုံးညီညွတ်ရေး-ဒို့အရေး” ဟုကြွေးကြော်နေပြီး အမှန်တကယ်တွင် တိုင်းရင်းသား စည်းလုံးညီညွတ်ရေးကို နည်းမျိုးစုံဖြင့် ဖျက်ဆီးနေပြီး ဗမာနှင့် ဗမာမဟုတ်သော တိုင်းရင်းသားများကြား သွေးကွဲ မုန်းတီးမူ ဖြစ်ပေါ်လာစေရေးကို ဦးတည် လုပ်ဆောင် နေခြင်းသာဖြစ်သည်။ မြန်မာနိုင်ငံရှိ ရှမ်း၊ကချင်၊ကရင် အပါအ၀င် တိုင်းရင်းသား လူမျိုး များသည် မိမိတို့၏ နေရပ်ဒေသများတွင် နေထိုင်၍ ကောင်းမွန်စွာ လုပ်ကိုင်စားသောက် နေထိုင်ရခြင်း မရှိဘဲ ရွာပြေး၊ ရွာရှောင် ဘ၀များဖြင့် န.အ.ဖ စစ်အစိုးရ၏ ဖိနှပ်ရက်စက်မူများကို တိမ်းရှောင်၍လွတ်မြောက်ရာ ဒေသများတွင် နေထိုင်နေကြရသည်။ လူငယ် အများစုသည်လည်း မိမိတို့၏ နေရာဒေသများတွင် ပညာသင်ကြားခွင့်၊ အလုပ် လုပ်ကိုင်နိုင်ခွင့်တို့ ဆုံးရှုံး၍ အိမ်နီးနားချင်း နိုင်ငံများတွင်ဆင်းရဲ ပင်ပန်းစွာဖြင့် အနိုင်ကျင့်ခံ၊ အောက်ကျို့ခံ၍ နေထိုင် လုပ်ကိုင်နေကြရသည်မှာ န.အ.ဖ စစ်အစိုးရ၏ လူမဆန်သော ရက်စက် ယုတ်မာမူများကြောင့် ဖြစ်ပေါ်လာသော အကျိုးဆက်များပင် ဖြစ်သည်။ န.အ.ဖ စစ်အစိုးရသည် တစ်ဘက်တွင် နိုင်ငံတကာက အမြင်ကောင်းအောင် အတွက် ရွေးကောက်ပွဲ ကျင်းပပြီး ဒီမိုကရေစီ စနစ်ကို ဖေါ်ဆောင်မည်ဟု အသံကောင်းဟစ်၍ တစ်ခြား တစ်ဘက်တွင်ကား ပြည်သူ လူထုတို့၏ အသက်၊အိုးအိမ်၊ စည်းစိမ် ဥစ္စာတို့ကို မတရားသဖြင့် သိမ်းယူ ဖျက်ဆီးပြီး ၄င်းတို့ အာဏာတည်မြဲရေးနှင့် စစ်တပ် အခန်းကဏ္ဍကြီးမား လာစေရေးကိုသာ ဆောင်ရွက်နေသည်။ ဘာသာရေးကိုလည်း မထီမဲ့မြင်ပြု၍ နိုင်ငံတကာ အလယ်တွင် မြန်မာနိုင်ငံ၏ ဗုဒ္ဓဘာသာကိုးကွယ် ယုံကြည်မူကို အရှက်ရအောင် လုပ်ပြခဲ့ခြင်းဖြစ်သည်။ ယခုလည်း အကြောင်းမဲ့စွာဖြင့် ဗုဒ္ဓဘာသာ ဘုန်းတော်ကြီး တစ်ပါးကို မတရား ဖမ်းဆီးပြီး ညှဉ်းပန်းနှိပ်စက်ကာ အကျဉ်းချ နိုင်ရန် အတွက် ကြံစည်နေခြင်းဖြစ်သည်။ သို့ဖြစ်ပါ၍ ကမ္ဘာ့တိုင်းပြည်အသီးသီးတွင် ရောက်ရှိနေကြသော ရခိုင်သူ၊ ရခိုင်သားများ အနေဖြင့် သွေးစည်း ညီညွတ်မူရှိ၍ လက်ရှိရခိုင်ပြည်တွင် ဖြစ်ပေါ်နေသော အဖြစ်အပျက်များကို တားဆီး ကာကွယ်နိုင်ဖို့ အတွက် အားထုတ် ကြိုးပမ်းကြရန် အလွန်အရေးကြီးနေပြီ ဖြစ်ပေသည်။ ချစ်ကြည်ညီညွတ်ရေးကိုတည်ဆောက်ပြီး မိမိတို့ ရည်မှန်းထားသော ပန်းတိုင်ကို ၀ိုင်းဝန်းလုပ်ဆောင်ကြပါလို့ တိုက်တွန်း လိုက်သည်။ ညီညွတ်မူရှိလျှင် အောင်မြင်ရမည်။ အားလုံးတိုင်းရင်းသား ပေါင်းစုံ ညီညွတ်မူနှင့် တိုက်ပွဲဝင်ပြီး အောင်ပွဲခံနိုင်ကြပါစေ ။

http://www.narinjara.com/detailsbur.asp?id=2742

ဦးသုမန

0 comments:

 
----------------------------------------- */ /* EOT ----------------------------------------- */