“၂၀၁၀ ကမ္ဘာ့ လူအခွင့်အရေး၏ တိုက်ပွဲနှစ်” မြန်မာ့သွေးအနီရောင် မညစ်စေနဲ့ ။ စစ်ကျွန်ဘ၀လွှတ်မြောက်ကြဖို့  တော်လှနှ်ရေးသို့ အသင့်ပြင်

Tuesday, April 27, 2010

သန်းရွှေရဲ့ မျက်နှာဖုံး နောက်ကွယ်က..မူရင်း စိတ်အသွင် သဏ္ဍာန်

ဒီစာအုပ် ဟာ သန်းရွှေရဲ့  ဘ၀အကြောင်းကို ရေးသားထားတဲ့ “Than Shwe: Unmasking Burma's Tyrant “ စာအုပ် ပါ။ ရေးသားသူကတော့ Benedict Rogers ဖြစ်ပြီး၊ ချက်နိုင်ငံသမတဟောင်း Vaclav Havel ၊ Burma in Revolt စာအုပ်ရေးသားသူ Bertil Lintner ၊ Daughter and Karen political activist from Burma စာအုပ်ရေးသားသူ ဇိုရာဖန်းတို့ ကနေ သုံးသပ်ထားပါတယ်။

ဒီစာအုပ်ထဲမှာ - သန်းရွှေရဲ့  ညူကလီးယား အစီအစဉ်လုပ်ဆောင်မှု ရူးသွပ်မှု၊ ဓါတုလက်နက် အစီအစဉ်လုပ်ဆောင်မှုတွေ၊ မူးယစ်ဆေးဝါးထုတ်လုပ်ရေး လုပ်ဆောင်မှုတွေမှာ သန်းရွှေ ပယောဂတွေ ထိပ်ဆုံးက ပါဝင်ပတ်သက်နေကြောင်းတွေ ဖေါ်ပြထားပါတယ်။

ထို့ အပြင် ယုတ်မာကောက်ကျစ်သော ဖျံကျသော တကိုယ်ကောင်းဆန် အာဏာ မက်သော သန်းရွှေရဲ့  အကျင့်စရိုက်တွေကိုလည်း ဖေါ်ပြထားကြောင်းနဲ့  သန်းရွှေကဲ့သို့  အာဏာရူးတိုင်းဟာ သူရဲ့  အာဏာတည်မြဲဖို့ အတွက် မည်သူ့ ကိုမှ အလျှော့ပေး လိုက်လျော ညှိနှိုင်းတာတွေကို လုပ်မှာ မဟုတ်ကြောင်း သုံးသပ်ပြထားပါတယ်။ ဒါတွေကို မြန်မာပြည်သူတွေ နားလည် သိစေချင်တဲ့ စာရေးသူရဲ့ စေတနာပါ။
နအဖတွေဘက်ကများ လိုက်လျောညှိနှိုင်းမှုတွေ နိုင်ငံရေးအရ မျှော်လင့်ချက်တွေ ရနိုင်မလားဆိုပြီး နအဖနဲ့  တွဲဘက်ဆောင်ရွက်ရန် ခြေလှမ်းလှမ်းနေကြသူကို သတိပေးတဲ့အနေနဲ့  ဒီစာအုပ်ဖတ်ဖို့ သင့်ကြောင်းလည်း နှိုးဆော်လိုက်ရပါတယ်ခင်ဗျား

Than Shwe Unmasking Burma Tyrant

0 comments:

 
----------------------------------------- */ /* EOT ----------------------------------------- */