“၂၀၁၀ ကမ္ဘာ့ လူအခွင့်အရေး၏ တိုက်ပွဲနှစ်” မြန်မာ့သွေးအနီရောင် မညစ်စေနဲ့ ။ စစ်ကျွန်ဘ၀လွှတ်မြောက်ကြဖို့  တော်လှနှ်ရေးသို့ အသင့်ပြင်

Thursday, February 25, 2010

ရည်မှန်းချက် မပြောင်းလည်းကြပါနဲ့ 

မင်းမော်စိုး/Fight for freedom
ဒီနေ့ သတင်းတွေယူဖို့  သတင်းဆိုဒ်တွေလိုက်ဖတ်တော့ ဧရာဝတီမှာဦးသုဝေနှင့်ဒေါက်တာခင်ဇော်ဝင်းတို့  နှစ်ယောက်က ရွေးကောက်ပွဲ ဝင်ဖို့  ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့တွင် ပြုလုပ်နေသည့် စာနယ်ဇင်း ညီလာခံတခု မှာ ပြောတာကိုဖတ်လိုက်ရတယ် သူတို့ ဘာရည်မှန်းချက်နဲ့ ဘယ်လိုလုပ်ပြီး ဒီလိုစကား ကိုပြောတယ်ဆိုတာ တော့ ကျနော်မစဉ်းစားတတ်ဘူး ထင်တာကတော့ ပွဲလန့် တုန်းဖျာဝင်ခင်းချင်ကြတဲ့ နိုင်ငံရေးလုပ်စားသူတွေ အများသွေးချွေးတွေကျခဲ့တာကို မသိချင်ယောင်ဆောင်တဲ့လူတွေလို့ ပဲထင်ပါသည်။

လူကြီးတွေ ဝါရင့်နိုင်ငံရေးသမားကြီးတွေ လုပ်ခဲ့လို့ ပဲ တိုင်းပြည်ဖွတ်တက်ပြီး လူတွေခွေးဖြစ်နေရပြီ။ လူငယ်တွေ အရည်အချင်းရှိသူတွေ အများကြီးထောင်ထဲ ရောက်ခဲ့ရသည်။ ၈၈၈၈ ဖြစ်ပြီးမှ ထွက်လာလိုက်ကြ တဲ့ ဝါရင့်နိုင်ငံရေးသမားတွေ လူကြီးတွေ အခု အနှစ်(၂၀) ကျော်ပြီ ဘာတွေဖြစ်လာပြီလည်း ဆိုတာ သုံးသတ် ကြည့်ကြပါ အားလုံး လူထုပြည်သူဟာပိုပြီး ဆင်းရဲ ဒုက္ခတွင်းထဲ ရောက်ပြီးရင်းရောက်နေတာပါ။



ရွေးကောက်ပွဲဆိုမှ ဟိုကဒီက မိုးတွင်းဖားလေးတွေလိုပဲ အသံလေးတွေထွက်လာကြတာ ၂၀၀၇ သံဃာ လှုပ်ရှားမှုသပိတ်ကြီးတုန်းက ဘယ်ရောက်ပြီး ဘယ်ချောင်ကပ်နေကြလည်း ဆရာကြီး ဝါရင့်ကြီးတွေ မသိနားမလည်တဲ့ လူငယ်တွေ ပြည်သူလူထုကို ဦးဆောင်မှုပေးဖို့ ထွက်လာခဲ့ကြပါလား။

ယ္ခုရွေးကောက်ပွဲကို အယုံအကြည်ရှိရမှာလား၊၁၉၉၀ ရွေးကောက်ပွဲ ရလဒ်က ဘယ်ရောက်သွားပြီ လည်း အနိုင်ရခဲ့တဲ့ NLD ပါတီဝင်တွေ ထောင်ထဲရောက်တာပဲ အဖတ်တင်ပါတယ်၊ယ္ခုရွေးကောက်ပွဲ ပြီးသွားရင် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးကဖြစ်လာမှာလား၊ဗိုလ်ချုပ်အောင်ဆန်း ချုပ်ဆိုခဲ့တဲ့ ပင်လုံစာချုပ်က ၁၉၆၂ မှာထဲက ပြီးသွားပါပြီ။ဗိုလ်ချုပ်ကြီးနေဝင်း ဆိုတဲ့ အရူးတစ်ယောက် လုပ်ခဲ့တာ တိုင်းပြည်မှာ ဗြဟ္မစိုရ် တရား (၄)ပါး တောင်ပျောက်ဆုံးနေခဲ့ပါသည်။ဒီမိုကရေစီလူမှုစနစ် တည်ဆောက်ဖို့ ဆိုကျနော်တို့ အများကြီး ပြန်တည်ဆောက်ရဦးမှာပါ။

တိုင်းပြည်ကောင်းစားဖို့ လုပ်ကြမှာလား မိမိကောင်းစားရေး လုပ်ကြမှာလား ပြည်ပြေးတွေကတော့ မိမိကောင်းစားရေးလုပ်နေကြတာ ဝန်ကြီးချုပ်ဆိုတဲ့ ဒေါက်တာစိန်ဝင်းနဲ့ အပေါင်းအပါများအပါအဝင် ပြည်ပ အတိုက်အခံတွေ အားလုံး အလှုရှင်နဲ့ ရပ်တည်နေရတာ သူတို့ ကိုယ်တိုင်သိပါလိမ့်မည်။ပြည်တွင်းမှာ တော်လှန် ရေး အင်အားစုမရှိဘဲ လူစွာကျယ်လုပ်နေတဲ့ ပြည်ပက အတိုက်အခံဆိုတဲ့လူတွေ အသေအချာစဉ်းစားဖို့  သင့်သည်။ပြည်တွင်းက အတိုက်အခံအင်းအားစုကလည်း မိမိရည်ရွယ်ချက် မပျောက်ဘဲစစ်အစိုးရကို
တော်လှန်ဖို့ အတွက်လုပ်သင့်သည်။ပူးသတ်မည် ဆိုပြီး စဉ်းစားနေရင် ဘယ်တော့မှ ဖြစ်မှာမဟုတ်ဘူး၊

တော်လှန်ရေးဟာ တော်လှန်ရေးပီသစွာလုပ်မှာ လိုချင်တဲ့ ပန်းတိုင်ရောက်မှာပါ။ယ္ခုအချိန်က ပိုကောင်း ပါတယ် အုပ်ချုပ်သူဟာ သူ့ စနစ်ကိုပြောင်းဖို့ လုပ်နေချိန်မှာ ကျနော်တို့ ပိုပြီးကြိုးစား သင့်ပါသည်။အားလုံး ညီညွှတ်စွာ တော်လှန်ရေးရည်မှန်းချက်မပြောင်းဘဲ ဆက်လက်ချီတက်ကြပါ။

မင်းမော်စိုး

1 comments:

kokomaung said...

I support your subjection. All must be standby for democracy. outside strength is not effected for democracy.our inside strength is a real strength. enslave the malitery

 
----------------------------------------- */ /* EOT ----------------------------------------- */