“၂၀၁၀ ကမ္ဘာ့ လူအခွင့်အရေး၏ တိုက်ပွဲနှစ်” မြန်မာ့သွေးအနီရောင် မညစ်စေနဲ့ ။ စစ်ကျွန်ဘ၀လွှတ်မြောက်ကြဖို့  တော်လှနှ်ရေးသို့ အသင့်ပြင်

Wednesday, February 24, 2010

ဗမာပြည်မြေပုံအစစ် True Burma Map

တိုင်းရင်းသားတွေ တောင်းဆိုနေတဲ့  သူ့ တို့ ကိုယ်ပိုင် နယ်မြေတွေအကြောင်းစဉ်းစားဖြစ်ရင်းနဲ့  ဗမာပြည်မြေပုံ ကို အစိတ်စိတ်အမွှာမွှာ လုပ်ကြည့်ဖြစ်ပါတယ် ။ သဘောကတော့ ဗိုလ်ချုပ်အောင်ဆန်း လွတ်လပ်ရေးရပြီးရင် ကတိအတိုင်း ပေးရမယ့်  လွတ်လပ်ရေးနယ်မြေတွေပါ။ ဗိုလ်ချုပ်အောင်ဆန်း အနေနဲ့  ဗမာနဲ့ တိုင်းရင်းသား စည်လုံး ညီညွတ်စွာတိုက်ခိုက်နိုင်မှ ဗမာပြည်လွတ်လပ်ရေးရမယ်ဆိုတာ သိခဲ့လို့ ပါဘဲ ။ တကယ်တမ်း တိုင်းရင်းသား ပြည်နယ်ပေါင်းစုံနဲ့ တိုက်ခိုက် အောင်မြင်ပြီး ဗမာပြည်လွတ်လပ်ရေးရခဲ့ ပေမယ့် အာဏာရှင်နေ၀င်းရဲ့ စစ်တပ်အာဏာမက်မောမှုကြောင့်  ဗိုလ်ချုပ်ပေးခဲ့တဲ့ ကတိ ဟာ ပျက်ပြားခဲ့ရပြီး တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ အစည်းများ ပေါ်ပေါက်ခဲ့ ကာ ဗမာပြည် အစိုးရကို တော်လှန်တာ မဆန်းပါဘူး ၊ကလေးစကားနဲ့ ပြောရရင် မင်း ကတိမတည်တဲ့ ကောင် ငါချ မယ် ပေါ့။ တကယ်လို့ ဗမာပြည် တကယ်လွတ်လပ်ရေးရပြီး သစ္စာရှိစွာနဲ့ ပြည်နယ်တွေ ပေးခဲ့ မယ်ဆိုရင် ဤပုံအတိုင်းဗမာပြည်ဟာ ယ္ခုလိုတွေ့ မြင်ရမှာပါ။




သန်းရွှေကို ဒီအတိုင်းလွှတ်မထားကြဖို့  တိုက်တွန်းပါရစေ။

ခွေးညိုကြီးလွတ်နေသည်ပေါ့ဗျာ။

1 comments:

Unknown said...

ဒီပို့စ်ကိုဖတ်ပြီး တမျိုးခံစားရတယ်၊ တမျိုးကြီးပဲဗျာ၊ မပြောဘဲလဲ ဖတ်မိသူတိုင်းခံစားမိကြမှာပါ၊ ဗိုလ်ချုပ်ပြောခဲ့တဲ့အထဲမှာ ဒီတိုင်းရင်းသားတွေကို ကျုပ်ပေးထားတဲ့ကတိအချိန်အတွင်းမှာ ကျုပ်တို့က ယုံကြည်မှုရအောင်ဦးမဆောင်နိုင်ရင် ကျုပ်တို့ညံ့လို့ပေါ့ဗျာ(ဆိုလိုရင်းကိုမှတ်မိသလိုရေးပါတယ်) လို့ပြောခဲ့ပါတယ်၊ အဲဒါက ဗမာတဦးတည်းကိုရည်ရွယ်ပြောခဲ့ပေမယ့် တိုင်းရင်းသားအားလုံး အဲဒီစိတ်မျိုးထားဖို့လိုကြောင်းလဲ ဖြန့်ကျက်တွေးသင့်ပါတယ်၊ ပြည်ထောင်စုဆိုတာ ပြည်ထောင်တွေစုပေါင်းထားမှဖြစ်တာပါဆိုတာ ဗမာရော တိုင်းရင်းသားတိုင်းရော သိကြပါစေ၊မြေပုံအတိုင်းဖြစ်မှာဆိုးလို့ ဆိုတဲ့အကြောင်းပြချက်နဲ့ အာဏာသိမ်းခံခဲ့ရတာပါ၊ဒီလိုမဖြစ်ဖို့ အကျိုးစီးပွားအခွင့်အရေးအချိုးညီမျှစေတဲ့စံနစ်တရပ်အောက်မှာ စုစည်းနိုင်အောင်လုပ်သင့်ကြောင်းလေးများ အဲဒီပို့စ်ထဲမှာပါခဲ့ရင်သိပ်ကောင်းမယ်ထင်ပါတယ်

 
----------------------------------------- */ /* EOT ----------------------------------------- */