“၂၀၁၀ ကမ္ဘာ့ လူအခွင့်အရေး၏ တိုက်ပွဲနှစ်” မြန်မာ့သွေးအနီရောင် မညစ်စေနဲ့ ။ စစ်ကျွန်ဘ၀လွှတ်မြောက်ကြဖို့  တော်လှနှ်ရေးသို့ အသင့်ပြင်

Wednesday, April 27, 2011

ကရင် နယ်ခြားစောင့် ၂၀ ကျော် KNU နှင့် ပူးပေါင်း

သန်းထိုက်ဦး Tuesday, 26 April 2011 17:35(ပေးပို့ သူ -ဗမာသွေး)
ကရင်နယ်ခြားစောင့်တပ် အမှတ် ၁၀၁၂ မှ တပ်ခွဲမှူး ဗိုလ် စောဖားမီး အပါအ၀င် တပ်ဖွဲ့ဝင် ၂၈ ဦးက လက်နက်များနှင့် အတူ ကရင်ပြည်နယ် ဖာပွန်ခရိုင်ရှိ ကရင် အမျိုးသား အစည်းအရုံး (KNU) တပ်မဟာ ၅ ထိန်းချုပ်ဒေသသို့ ယခု ရက်ပိုင်း အတွင်း လာရောက်ပူးပေါင်းခဲ့သည်။

ဗိုလ်ဖားမီးသည် ကရင်ပြည်နယ် လှိုင်းဘွဲ့မြို့ မြိုင်ကြီးငူ အထူးဒေသတွင် လှုပ်ရှားနေသော အခြား နယ်ခြားစောင့်တပ်ဖွဲ့ တဖွဲ့ ကို ပြီးခဲ့သည့် သောကြာနေ့ မွန်းလွဲပိုင်းက ၀င်ရောက်ပစ်ခတ်ခဲ့ပြီးနောက် KNU ဘက်သို့ လာရောက်ပူးပေါင်းခဲ့ကြောင်း ကရင် အမျိုးသား လွတ်မြောက်ရေးတပ်မတော်(KNLA) တပ်မဟာ ၇ မှ ဗိုလ်မှူးချုပ် စောဂျော်နီက ဧရာဝတီသို့ ပြောသည်။

ယင်း တပ်ဖွဲ့ဝင်၂၈ ဦးတို့က လက်နက် ကိုယ်စီ အပြင် အပိုလက်နက်များကို ယူဆောင်ပြီး လာရောက်ပူးပေါင်းခဲ့ခြင်း ဖြစ်သည် ဟုလည်း ၎င်းက ဆိုသည်။

ဗိုလ်စောဖားမီး အဖွဲ့က တိုက်ပွဲဖြစ်ပွားမှုကြောင့် တပ်ဖွဲ့ဝင် ၃ ဦး သေဆုံးခဲ့ကြောင်း၊ စစ်လက်နက် ပစ္စည်းများ သိုလှောင်ထား သော ဂိုဒေါင်တခုနှင့် စစ် တန်းလျား တခုကိုလည်း မီးရှို့ဖျက်ဆီးလိုက်ကြောင်း သိရသည်။

နောက်ဆုံး သတင်းအရ အလားတူပင် ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ် ကျိုက်ဒုံမြို့နယ်ခွဲရှိ ကျေးရွာများတွင် အစိုးရ စစ်တပ်နှင့် တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော်(DKBA) တပ်များ တိုက်ပွဲဖြစ်ပွားမှုကြောင့် ဒေသခံများ နီးစပ်ရာ အသိမိတ်ဆွေများထံသို့ ထွက်ပြေး တိမ်းရှောင် နေရကြောင်း ကြာအင်းဆိပ်ကြီး မြို့မှ ဒေသခံ တဦးက ဧရာဝတီသို့ ပြောသည်။

“ကျိုက်ဒုံမြို့ အခြေအနေ တော်တော်လေးကို ဆိုးနေတယ်၊ လူတောင် မရှိတော့ဘူး၊ ကျိုက်ဒုံဘက်မှာ စနေနေ့ညက စပြီးဖြစ် တာ ဒီနေ့ အထိပဲ၊ ညပိုင်းဆို ပစ်နေကြပြီ၊ အဲဒီလိုမျိုး ဖြစ်နေတယ်”ဟု ၎င်းက ဆိုသည်။

“ကျိုက်ဒုံက အစိုးရ၀န်ထမ်းတွေဆိုလည်း သူတို့ နီးစပ်ရာ ကြာအင်းဆိပ်ကြီးမြို့ကို ပြန်လာကြတယ်၊ ကျိုက်ဒုံမြို့ထဲက လူတွေ ကလည်း မြို့ထဲမှာ မနေကြတော့ဘူး၊ လုံခြုံမယ်လို့ထင်တဲ့ ဘေးနားကရွာတွေမှာ လိုက်နေကြတယ်”ဟု ကြာအင်းဆိပ်ကြီး ဒေ သခံက ဆက်ပြောသည်။

အစိုးရတပ်နှင့် DKBA တပ်ဖွဲ့ဝင်များ ဖြစ်ပွားခဲ့သော တိုက်ပွဲများတွင် အစိုးရဘက်မှ ၁၉ ဦး သေဆုံးပြီး ၁၇ ဦး ထိခိုက် ဒဏ်ရာ ရရှိခဲ့ကြောင်း KNU တပ်မဟာ ၇ မှ ဗိုလ်မှူးချုပ် စောဂျော်နီက ပြောသည်။

တိုက်ပွဲကြောင့် သေဆုံးသူများထဲတွင် စစ်အစိုးရတပ်မှ ဒု ဗိုလ်အဆင့်ရှိသူ တဦးနှင့် တပ်ကြပ်ကြီးတို့ ပါဝင်ကြောင်း ၎င်းက ဆို သည်။ DKBA တပ်ဖွဲ့ဝင်များက အစိုးရတပ် စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်(စကခ) ၅ လက်အောက်ခံ ခြေမြန်တပ်ရင်း (ခမရ) ၅၄၃ တပ်ဖွဲ့ဝင်များကို ၀င်ရောက်တိုက်ခိုက်ခြင်း ဖြစ်ကြောင်း သိရသည်။

ကရင်ပြည်နယ် ဖာပွန်မြို့နယ်ရှိ ကမမောင်းမြို့တွင်လည်း ပြီးခဲ့သည့် စနေနေ့ကပင် DKBA တပ်မဟာ ၅ မှ တပ်မဟာမှူး ဗိုလ် မှူးကြီး နှုတ်ခမ်းမွေး (စောလားပွယ်) ဦးဆောင်သောတပ်ဖွဲ့ဝင် တချို့က အစိုးရတပ်များကို သွားရောက်တိုက်ခိုက်ခဲ့သေး သည်။

ယင်းတိုက်ပွဲတွင် အစိုးရတပ် ခြေမြန်တပ်ရင်း(ခမရ) ၂၁၂ တပ်ရင်းမှ စပါးကျီတလုံးနှင့် လက်နက်ခဲယမ်းများ သိုလှောင် ထား သော အဆောက်အအုံတခုကို မီးရှို့လိုက်ကြောင်း သိရသည်။

ပြီးခဲ့သည့် နှစ်က DKBA တပ်ဖွဲ့ဝင်များက မြို့ပေါ်၌ ပြောက်ကျား စနစ်ဖြင့် ပြန်လည်တိုက်ခိုက်သွားမည်ဟု ထုတ်ပြန်ကြေညာ ခဲ့ပြီးနောက် မြို့ပေါ်တိုက်ပွဲများ ပိုစိတ်လာသည်။ ယင်း DKBAတပ်ဖွဲ့ဝင်များကိုလည်း နားလည်မှုဖြင့် KNLA တပ်ဖွဲ့ များက ကူ တိုက်ပေးကြောင်း သိရသည်။Rest of your post

0 comments:

 
----------------------------------------- */ /* EOT ----------------------------------------- */