“၂၀၁၀ ကမ္ဘာ့ လူအခွင့်အရေး၏ တိုက်ပွဲနှစ်” မြန်မာ့သွေးအနီရောင် မညစ်စေနဲ့ ။ စစ်ကျွန်ဘ၀လွှတ်မြောက်ကြဖို့  တော်လှနှ်ရေးသို့ အသင့်ပြင်

Wednesday, July 21, 2010

ခံတွင်းကင်ဆာ ဖြစ်ပွားသူအားလုံး၏ ၉၀ ရာခိုင်နှုန်းခန့်မှာ ကွမ်းယာထဲ သို့ဆေးရွက်ကြီး ထည့်စားသူများဖြစ်ကြောင်း သိရ


ခံတွင်းကင်ဆာရောဂါ ဖြစ်ပွားသူ အားလုံး၏ ၉၀ ရာခိုင်နှုန်းခန့်မှာ ကွမ်းယာအတွင်းသို့ ဆေးရွက်ကြီး ထည့်စားသူများ ဖြစ်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)၏ အစီရင်ခံစာ တစ်စောင်တွင် ဖော်ပြထားချက်အရ သိရသည်။

ကွမ်းအများဆုံးစားသည်ဟု ယူဆရသည့် အိန္ဒိယနိုင်ငံနှင့် အရှေ့တောင်အာရှ ဒေသများတွင် ပြုလုပ်သည့် သုတေသနမှတ်တမ်းများတွင်လည်း အဆိုပါနိုင်ငံများတွင် အများဆုံး တွေ့ရှိရသည့် ကင်ဆာရောဂါ ၁၀ မျိုးအနက် ခံတွင်းကင်ဆာမှာ ပဉ္စမအဆင့်တွင်ပါဝင်ပြီး အဖြစ်အများဆုံး စာရင်းတွင် ပါဝင်ကြောင်း သိရသည်။

ဖြစ်ပွားမှုနှုန်းကို ကြည့်မည်ဆိုပါက ကင်ဆာဖြစ်သူအားလုံး၏ ၁၀ ရာခိုင်နှုန်းသည် ခံတွင်းကင်ဆာရောဂါ ဖြစ်နေကြောင်း သိရှိရပါသည်။

"ကွမ်းစားခြင်းရဲ့ ဆိုးကျိုးတွေဟာ ယေဘုယျအားဖြင့် ပြောရရင် အချိန်ကုန်၊ ငွေကုန်၊ ကရိကထ များတဲ့အပြင် ကျန်းမာရေးကိုပါ ထိခိုက်စေပါတယ်။ ကွမ်းစားလို့ ခံတွင်းမှာဖြစ်တတ်တဲ့ ဆိုးကျိုးတွေကို ကြည့်မယ်ဆိုရင် ကွမ်းစွဲနေသူတွေရဲ့ သွားမျက်နှာပြင်တွေမှာ ကွမ်းချိုးတွေ စွဲကပ်နေပြီး နီညိုရောင် ဖြစ်နေတာကို တွေ့ရပါတယ်။ ရုပ်ပိုင်းဆိုင်ရာ တင့်တယ်မှု လျော့ပါးစေတဲ့အပြင် ကွမ်းစွဲနေသူတွေမှာ သွားဖုံးရောဂါ အဖြစ်အများဆုံးကိုလည်း တွေ့ရပါတယ်။ မာကျောတဲ့ ကွမ်းသီးစေ့တွေကို ကြိတ်ချေရတဲ့အတွက် သွားရဲ့ကြွေလွှာတွေ ပျက်စီးဆုံးရှုံးမှုတွေ ဖြစ်လွယ်တာကို တွေ့ရပါတယ်။ အဲဒီကြွေလွှာတွေ ပျက်စီးဆုံးရှုံးသွားရင် အတွင်းမှာရှိတဲ့ ဆင်စွယ်နှစ်ရောင်တွေ ပေါ်လာပြီး အအေး၊ အချဉ်နဲ့ အပူစာတွေ စားတဲ့အခါမှာ သွားကျဉ်တဲ့ ဝေဒနာတွေကို ခံစားရတတ်ပါတယ်"ဟု သွားဘက် ဆိုင်ရာ ဆရာဝန်တစ်ဦးက ပြောပြခဲ့ပါသည်။

ဆေးရွက်ကြီးပါဝင်သည့် ကွမ်းယာများကို အချိန်ကြာမြင့်စွာ ၀ါးငုံထားခြင်းသည် ခံတွင်းအမြှေးပါးများ၏ ဇီဝဖြစ်စဉ် ပြောင်းလဲမှုများကိုပါ ဖြစ်ပေါ်စေနိုင်ကြောင်း သိရှိရသည်။

"ကွမ်းစားတာက အင်မတန် အန္တရာယ်များပါတယ်။အခုအချိန်မှာ ကွမ်းစားတဲ့သူတွေ များလာတာကို၊ ကွမ်းယာဆိုင်တွေ တိုးလာတာကို ကြည့်ပြီး သတိပြုမိကြပါလိမ့်မယ်။ မြို့ကြီးတွေမှာ ကွမ်းယာမရောင်းရ နယ်မြေတွေ သတ်မှတ်ပြီး ပြည်သူတွေ ကွမ်းစားတတ်တဲ့ အန္တရာယ်က လျော့ပါးသွားဖို့၊ အများပြည်သူနဲ့ ပတ်ဝန်းကျင်သန့်ရှင်းဖို့ အထူးလိုအပ်တဲ့ ဆေးရုံ၊ ကျောင်း၊ရုပ်ရှင်ရုံတွေမှာ ဆေးလိပ်သောက်တာကို ခွင့်မပြုသလိုဘဲ ကွမ်း စားတာကိုလည်း တားမြစ်ဖို့လိုပါတယ်။ ကွမ်းကိုလျော့စားပြီး အာခံတွင်းမှာ ကွမ်းစားလို့ ဖြစ်ပေါ်လာတဲ့ အန္တရာယ်တွေ ရှိ၊ မရှိကို သွားဘက်ဆိုင်ရာပညာရှင်တွေနဲ့ ပြသစစ်ဆေးသင့်ပါတယ်။ လိုအပ်လာလို့ရှိရင်လည်း ကွမ်းစားတာကို အချိန်မီရပ်ဆိုင်းပြီး ကုသမှု ခံယူရပါမယ်။ ဂရုမပြုဘဲ ဆက်စားနေမယ်ဆိုရင် အချိန်မရွေး ခံတွင်းကင်ဆာရောဂါအဖြစ် ပြောင်းလဲသွားပြီး အသက်အန္တရာယ် ဆုံးရှုံးတဲ့အဖြစ်ပါ ရောက်ရှိသွားနိုင်ပါတယ်"ဟု ၎င်းက ဆက်လက်ရှင်းပြ ခဲ့ပါသည်။ Rest of your post

0 comments:

 
----------------------------------------- */ /* EOT ----------------------------------------- */