“၂၀၁၀ ကမ္ဘာ့ လူအခွင့်အရေး၏ တိုက်ပွဲနှစ်” မြန်မာ့သွေးအနီရောင် မညစ်စေနဲ့ ။ စစ်ကျွန်ဘ၀လွှတ်မြောက်ကြဖို့  တော်လှနှ်ရေးသို့ အသင့်ပြင်

Sunday, July 25, 2010

ဘင်္ဂလာပိုင်နက်ထဲ ကျူးကျော် ၀င်ရောက်သူ နစက ၂ ဦး ဖမ်းဆီးခံရ


7/25/2010 မောင်သန်းစိန် Burmese Nasaka
၂၀၀၇ က ဘင်္ဂလာတွင် ဖမ်းဆီးခံခဲ့ရသော နစက ၂ ဦး
ဘင်္ဂလာဒေခ်ျ့ နိုင်ငံ ပိုင်နက်ထဲ ကျူးကျော် ၀င်ရောက်လာသူ မြန်မာနိုင်ငံ နယ်ခြားစောင့် တပ်ဖွဲ့ နစကမှ အကြပ်အဆင့် အရာရှိ ၂ ဦးကို ဘင်္ဂလာဒေခ်ျ့ နယ်ခြားစောင့် တပ်ဖွဲ့ ဘီဒီအာရ်က ယမန်နေ့က ဖမ်းဆီးလိုက်သည်။

ဖမ်းဆီးခံရသူ ၂ ဦးမှာ တပ်ကြပ်ကြီး တင်အောင်စိုးနှင့် ဒုတပ်ကြပ် အောင်မျိုးသောင်း တို့ ဖြစ်ကြပြီး ယမန်နေ့ နံနက် ၁၁ နာရီတွင် သက်ဟေရမန် ရွာတွင် ဖမ်းဆီးခံရခြင်း ဖြစ်သည်။

သူတို့ နှစ်ဦးသည် တခြား နစက တပ်ဖွဲ့ ၅ ဦးခန့်နှင့် အတူ မောင်တောမြို့နယ် မြောက်ပိုင်း တောင်ပြို- ခေါင်းတုံး နယ်စပ်မှ တဆင့် ဘင်္ဂလာဒေခ်ျ့ နိုင်ငံအတွင်းသို့ ကိုက် ၁၂၀ ကျော်ဝင်ရောက်ပြီး သက်ဟေရမန်ရွာတွင် အရက်သောက်နေစဉ် ဘီဒီအာရ်များ၏ ဖမ်းဆီးခြင်းကို ခံခဲ့ရခြင်း ဖြစ်သည်။

ကျန်နစကများမှာ ထွက်ပြေး လွှတ်မြှောက်သွားကြောင်း သိရသည်။

ဘီဒီအာရ် သတင်းအရ နစကများသည် မိုင်တိုင် အမှတ် ၃၇ အနီး နယ်စပ်တွင် ဖွင့်လှစ်ထားသော အကောက်ဂိတ်မှ ဖြစ်ပြီး ရလာသည့် ပိုက်ဆံနှင့် ဘင်္ဂလာဒေခ်ျ့နိုင်ငံတွင်းသို့ ၀င်ရောက်ပြီး အရက် သောက်နေကြောင်း သတင်းအရ သွားရောက် ၀ိုင်းဝန်း၍ သူတို့ ဖမ်းဆီးခဲ့ခြင်း ဖြစ်ကြောင်း ပြောကြားသည်။

ယခုအခါ သူတို့ကို ဘင်္ဂလာဒေခ်ျ့ အာဏာပိုင်များက စစ်ဆေးမေးမြန်းမူများ ပြုလုပ်နေကြောင်း သိရသည်။

အဆိုပါ နစကများ ဖမ်းဆီးခံရခြင်းနှင့် ပတ်သက်ပြီး မြန်မာဘက်မှ အခုအချိန်ထိ တစုံတရာ တုန့်ပြန်မူ မရှိသေးကြောင်း သိရသည်။

: ----------------------------------- ----------------------------------- ----------------------------------- :

(နိရဉ္စရာ သတင်းများကို မည်သူ မဆို လွတ်လပ်စွာ ကူးယူ အသုံးပြုနိုင်ပါသည်။ သို့သော် သတင်းရင်းမြစ်နေရာတွင် နိရဉ္စရာ နာမည်ကို ဖေါ်ပြပေးစေလိုပါသည်။)Rest of your post

0 comments:

 
----------------------------------------- */ /* EOT ----------------------------------------- */