“၂၀၁၀ ကမ္ဘာ့ လူအခွင့်အရေး၏ တိုက်ပွဲနှစ်” မြန်မာ့သွေးအနီရောင် မညစ်စေနဲ့ ။ စစ်ကျွန်ဘ၀လွှတ်မြောက်ကြဖို့  တော်လှနှ်ရေးသို့ အသင့်ပြင်

Sunday, July 25, 2010

ဗုဒ္ဓဂါယာမှာ သန်းရွှေကို ဆန့်ကျင်နေကြပြီ


ဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ့ ဇူလိုင် ၂၅ ကနေ ၂၉ ရက်ထိ အိန္ဒိယခရီးစဉ်ကို ဗုဒ္ဓဂါယာမှာရှိတဲ့ သံဃာတချို့က ဆန့်ကျင်ကန့်ကွက်နေကြပါတယ်။ ဗုဒ္ဓမြတ်စွာ ပွင့်တော်မူရာ အိန္ဒိယနိုင်ငံ ဘီဟားပြည်နယ် ဗုဒ္ဓဂါယာအရပ်က မဟာဗောဓိစေတီနဲ့ မြန်မာကျောင်းသွားတဲ့ လမ်းတွေမှာ ဗုဒ္ဓသားတော်တွေကိုသတ်တဲ့ ငသန်းရွှေ အလိုရှိသည် ဖမ်းပေးနိုင်သူ ဆုတော်ငွေ ၂၀၀၇ ရူပီး ပေးမယ်ဆိုတဲ့စာ သာ့း he who is kill of sons of buddha than shwe ...go to hell....wanted Rs 2007 ငရဲသွားမဲ့ လူသတ်သမားသန်းရွှေနဲ့ အပေါင်းပါ ခွေးတွေ Muderer than shwe & his Dogs go to hell ဆိုတဲ့ စာသားပါ ၂၀၀၇ စက်တင်ဘာတုန်းက သံဃာတွေကို နှိမ့်နင်းတဲ့ ဓါတ်ပုံတွေကို လိုက်ကပ်ထားပါတယ်။

မနက်ဖြန်မှာ ဘုရားဒကာ အယောင်ဆောင် သန်းရွှေနဲ့ ၀ံကြီး စိုးသာ မောင်သောင်းတို့ လိုက်ပါမဲ့ ငရဲသွားဖို့ ရိက္ခာလာယူတဲ့ အဖွဲ့ရောက်မှာပါ။ ဒီနေ့ မှာတော့ ရှေ့တော်ပြေး သီလရှင်နဲ့ ထောက်လှမ်းရေး တအုပ် သူတို့ရဲ့ လူသတ်ခေါင်းဆောင် သွားမဲ့လာမဲ့နေရာတွေကို လိုက်လံစစ်ဆေးပြီး စီစဉ်နေပါတယ်။

သံဃာသတ်တဲ့ ငသန်းရွှေ့ရဲ့ ကျွန်ယုံတော်တွေက တချို့နေရာတွေက ပုံတွေတော့ လိုက်ခွာနေပါတယ်။ လူစည်ကားတဲ့ နေရာ အိန္ဒိယလူမျိုးများတဲ့နေရာတွေက ပုံတွေတော့ မခွာနိုင်သေးပါဘူး။ ဘာပဲဖြစ်ဖြစ် သံဃာသတ်တဲ့ ငသန်းရွှေ အုပ်စုကိုတော့ မှတ်လောက်အောင် ပညာပေးကြရမှာ မျိုးချစ်သူရဲကောင်း သံဃာတော်တွေ ဒီမိုကရေစီရေးလှုပ်ရှားသူတွေ တာဝန်ပါပဲ ။ နောက်ရက်တွေ သန်းရွှေခရီးစဉ် ဆန့်ကျင်ရေးပုံတွေ ဆက်တင်ပေးပါ့မယ်။

ငသန်းရွှေဟာ အိန္ဒိယမှာ ရှိတဲ့ စာသင်သားသံဃာတော်တွေကို လှူဖွယ်ဝတ္တုတွေ လှူဦးမယ်ဆိုတာသိရတဲ့အတွက် ဂါယာမှာ စာသင်ကြားနေတဲ့ စာသင်သား သံဃာတော်တပါးကို သူတို့ သဘောထားဘယ်လိုရှိလဲလို့ စပ်စုကြည့်တဲ့ခါ

ဒီကိုသန်းရွှေလာတာကိုဦးဇင်းတော့လုံးဝသဘောမကျဘူး ဒီကိုလာပြီးသံဃာတွေစည်းရုံး လှူဒါန်သွားလည်းး ဦဇင်းတော့လက်မခံနိုင်ဘူး ကိုယ့်လဘ်လာဘတစ်ခုကြည့်ပြီး သူတို့ရဲ့လှူဒါန်းမှုမှာ သာယာနေမယ်ဆိုရင် လက်ခံလိုက်ရင်ရွှေဝါရောင်တော်လှန်ရေးမှာ ကျဆုံးတဲ့ နောင်တော်ကြီးတွေ အကျဉ်းကျခံနေရတဲ့နောင်တော်ကြီးတွေရဲ့ကြိုးပန်းမှုတွေ ကိုစော်ကားရာရောက်မယ် တခြားနောင်တော်ညီတော်ဦးဇင်းတွေမြန်မာပြည်တွင်း မှာရှိတဲ့ ဆရာတော်တွေစဉ်းစားစေချင်တယ်

အညာနွေ တမာမြေ ဘလော့ခ်ဂ်မှ ကူးယူတင်ပြပါသည်။

0 comments:

 
----------------------------------------- */ /* EOT ----------------------------------------- */