“၂၀၁၀ ကမ္ဘာ့ လူအခွင့်အရေး၏ တိုက်ပွဲနှစ်” မြန်မာ့သွေးအနီရောင် မညစ်စေနဲ့ ။ စစ်ကျွန်ဘ၀လွှတ်မြောက်ကြဖို့  တော်လှနှ်ရေးသို့ အသင့်ပြင်

Wednesday, July 21, 2010

အာဇာနည်ဗိမာန်သို့ နိုင်ငံရေးပါတီများ ခွဲခြား၍ တက်ရောက်ခဲ့ရ

ဝီရ / ၁၉ ဇူလိုင် ၂၀၁၀ -- ရန်ကုန်မြို့၊ ဗဟန်းမြို့နယ် ရွှေတိဂုံစေတီတော် မြောက်ဘက်မုခ်ရှိ အာဇာနည်ဂူဗိမာန်၌ (၆၃) နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားသို့ ရွေးကောက်ပွဲဝင် နိုင်ငံရေးပါတီတို့က မြန်မာစစ်အစိုးရ၏ အခမ်းအနားသို့ တက်ရောက်ခွင့် ရရှိခဲ့သော်လည်း အခမ်းအနားခွဲကာ ကန့်သတ်ချက်များဖြင့် တက်ရောက်ဂါရဝပြုခွင့် ရရှိခဲ့ကြောင်း သိရသည်။

“ဟိုရောက်တော့ အခမ်းအနားထဲကို ဝင်ခွင့်မပေးသေးဘူး။ (၈) နာရီ အခမ်းအနားက အာဏာပိုင်တွေအတွက်သက်သက်။ (၁၀) နာရီလောက်ကစပြီးတော့ ကျနော်တို့လို နိုင်ငံရေးပါတီတွေကို သက်သက်ခွဲပြီး အလေးပြုခွင့်ပေးတယ်။ (၁၀) နာရီကျော်မှ ဆိုတော့ အပေါ်မှာ လုံခြုံရေးတပ်တွေပဲ ရှိတယ်။ တက်သွားပြီး ဦးညွှတ်၊ ဂါရဝပြုပြီးတော့ ပြန်ဆင်းပေါ့။ ဒါပဲ” ဟု အဆိုပါ ဂူဗိမာန်သို့ တက်ရောက်ဂါရဝပြုခဲ့သည့် နိုင်ငံရေးပါတီ ခေါင်းဆောင်တဦးက ပြောသည်။

ထို့အပြင် အခမ်းအနား တက်ရောက်လာသည့် နိုင်ငံရေးအဖွဲ့အစည်းများသည် အခမ်းအနားသို့ အလံကိုင်ဆောင်ခွင့်နှင့် ဓာတ်ပုံရိုက်ကူးခွင့်တို့ တားမြစ်ခံခဲ့ရကြောင်း သိရသည်။

အဆိုပါ ပုဂ္ဂိုလ်က “ကျနော်တို့အဖွဲ့ရောက်သွားတော့ ရုပ်သံအဖွဲ့ကိုလည်း မတွေ့ရတော့ဘူး။ ကိုယ်ပိုင်ဓာတ်ပုံတွေတောင် ရိုက်ခွင့်မပေးဘူး။ ကိုယ်ပေါ်မှာ ပါသွားတဲ့ ခဲတံ၊ ဖောင်တိန်၊ နာရီ အားလုံး ဖြုတ်ပြီးမှ ဝင်ခွင့်ရတယ်။ ဓာတ်ပုံက သူတို့လူတွေပဲ ရိုက်တာ” ဟု ပြောသည်။

နိုင်ငံရေးပါတီများအနေဖြင့် အခမ်းအနား တက်ရောက်နိုင်ကြောင်း မြန်မာစစ်အစိုးရက ရန်ကုန်တိုင်း ရွေးကောက်ပွဲ ကော်မရှင်ရုံးမှတဆင့် ဖိတ်ကြားခဲ့ခြင်းဖြစ်ပြီး ယနေ့အခမ်းအနားသို့ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ (တစည)၊ ဒီမိုကရက်တစ်ပါတီ(မြန်မာ) ၊ ပြည်ထောင်စု ဒီမိုကရေစီပါတီ၊ မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေးပါတီ၊ ခေတ်သစ်ပြည်သူ့ပါတီ၊ အမျိုးသားဖွံ့ဖြိုးတိုးတက်ရေး ဒီမိုကရက်တစ်ပါတီ၊ ကမန်အမျိုးသားတိုးတက်ရေးပါတီ စသည့် နိုင်ငံရေးပါတီ (၁၅) ဖွဲ့ထက်မနည်း တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ရန်ကုန်မြို့အတွင်း ရုံးစိုက်သည့် နိုင်ငံရေးပါတီ အဖွဲ့ပေါင်း (၂၁) ဖွဲ့အား အခမ်းအနားတက်ရောက်ရန် ရန်ကုန်တိုင်း ရွေးကောက်ပွဲကော်မရှင်က ဖိတ်ကြားထားသည်။

“ကော်မရှင်ရုံးက ပထမတော့ (၈) နာရီခွဲ အရောက်လာဖို့ အစီအစဉ်ကို ဖျက်ခိုင်းပြီး (၁၀) နာရီကျမှ လာခဲ့ဖို့ပြောတယ်။ ရုပ်ဆိုးတာက အစီအစဉ်တွေကို အနီးကပ်ကျမှ အဲ့လို ပြောင်းလိုက်တာ။ ကျနော်တို့ကို ပထမ အခမ်းအနားမှာ ဝင်ခွင့်မပေးတော့ တမျိုး ခံစားရတာပေါ့ဗျာ။ ဒါက မပါစေချင်လို့ စီစဉ်တာလားလို့တောင် သံသယဖြစ်ရတယ်။ ဒါပေမယ့် ဒီလိုဂါရဝပြုခွင့် ပေးတာကိုပဲ ကျေးဇူးကြီးလှပါတယ်လို့ ပြောရမှာပဲလေ။ ကျနော်တို့အဖွဲ့တွေ ပါလား၊ မပါဘူးလားဆိုတဲ့ နိုင်ငံတော်ရဲ့ တုံ့ပြန်မှု စေတနာကိုတော့ ဒီည တီဗွီက သတင်းကြည့်မှပဲ သိလိမ့်မယ်ထင်တယ်” ဟု တက်ရောက်ခဲ့ရသည့် အခြားနိုင်ငံရေးပါတီတခုမှ အထွေထွေအတွင်းရေးမှူးက ပြောကြားသည်။

မြန်မာစစ်အစိုးရက နိုင်ငံရေးပါတီများအား အာဇာနည်နေ့အခမ်းအနား တက်ရောက်ရန် ဖိတ်ကြားသည်မှာ ယခုအကြိမ်သည် နှစ်ပေါင်း (၂၀) အတွင်း ပထမဆုံးအကြိမ်ဖြစ်သည်။

အဆိုပါ အခမ်းအနား တက်ရောက်ခွင့်ရရန် နိုင်ငံရေးပါတီများသည် တက်ရောက်သူ အမည်စာရင်းများနှင့်တကွ ပြီးခဲ့သည့် ဇူလိုင်လ (၁၆) ရက်နေ့က နောက်ဆုံးတင်ပြခဲ့ရပြီး လွမ်းသူ့ပန်းခွေအတွက် (၁) ရက်ကြိုတင် ပို့ဆောင်ခဲ့ရကြောင်း သိရသည်။

မြန်မာစစ်အစိုးရဝန်ကြီးများ ဦးဆောင်သည့် ကြံ့ခိုင်ရေးပါတီနှင့် ပတ်သက်၍ အခမ်းအနားတက်ရောက်ခဲ့သူ နိုင်ငံရေးသမားတဦးက “ကြံ့ဖွံ့ပါတီကျတော့ အရှေ့ပိုင်းလုပ်တဲ့ အခမ်းအနားမှာ အင်အားအလုံးအရင်းနဲ့ တက်သွားတယ်လို့ ကြားတယ်။ ကျနော်တို့ပါတီတချို့ကိုကျတော့ (၁၀) နာရီမှ လာခဲ့ဖို့ အကြောင်းကြားသေးတယ်တဲ့။ ဒါပေမယ့် တချို့အဖွဲ့တွေက (၈) နာရီကတည်းက ရောက်နေကြတော့ အောင့်သက်သက်နဲ့ပေါ့” ဟု ဆိုသည်။

ပထမအပိုင်း အခမ်းအနားတွင် မြန်မာစစ်အစိုးရ၏ အမြင့်ဆုံးအဆင့်အဖြစ် ရန်ကုန်မြို့တော်ဝန် ဦးအောင်သိန်းလင်းက တက်ရောက်ဂါရဝပြုခဲ့ပြီး ဗိုလ်ချုပ်အောင်ဆန်း၏ သားကြီးဖြစ်သူ ဦးအောင်ဆန်းဦးနှင့် ဇနီးတို့တက်ရောက်ခဲ့ကြသကဲ့သို့ သခင်မြ၊ ဦးဘဝင်း၊ မန်းဘခိုင်၊ မိုင်းပွန်စော်ဘွား၊ ဒီးဒုတ်ဦးဘချို၊ ဦးရာဇတ်၊ ဦးအုန်းမောင်နှင့် ရဲဘော် ကိုထွေးတို့၏ မိသားစုဝင်များကလည်း လွမ်းသူ့ပန်းခွေချ၍ အသီးသီး ကန်တော့ခဲ့ကြကြောင်း သိရသည်။
X
Your Name
Your Email
Your Friend Email
Your Messages

Email to friends | Print | Bookmark Share
Related News

* နိုင်ငံရေးပါတီ (၂) ခုကို ပါတီတည်ထောင်ခွင့် စတင်ချပေး
* နိုင်ငံရေးပါတီအဖြစ် လျှောက်ထားသည့်ပါတီ (၁၁) ခု ရှိပြီ
* ဗိုလ်ချုပ်အောင်ဆန်းကို ပြည်သူများ မမေ့ အာဇာနည်နေ့တွင် ကုသိုလ်ကောင်းမှုများပြုလုပ်
* အာဇာနည်နေ့မတိုင်မီ လုံခြုံရေးများ စတင်ချထား
* (၆၃) ကြိမ်မြောက်အာဇာနည်နေ့ သတင်းယူခွင့် ကန့်သတ်ခံရ

Comments (2)
moe

ဝမ်းမနည်းပါနဲ့ ။ကြံ့ဖွတ်ဆိုကတဲကလူမဟုတ်ဘူးေ လ။သူတို့ မျိုးတူချင်းသတ်သတ်‌ပေါင်းမှာ‌ပေါ့။ဒါ‌လေးေ တာင်သ‌ဘောမ‌ပေါက်ဘူးလား။

မင်းသစ္စာ

တကယ်တော့ အဲဒီဖိတ်ကြားခံရတဲ့ နိုင်ငံရေးပါတီတွေက အာဇာနည်နေ့အခမ်းအနားမှာ သူတို့ ပါတီတွေ ကြော်ငြာဖို့  အာဇာနည်ဗိမ္မာန်ကို စင်မြင့်တခုလို သဘောထားပြီး ရောက်လာရုံလောက် န၀တက တက်ခွင့်ပေးခဲ့တယ်နဲ့  တူတယ်။ ဒါကြောင့် အဲဒီပါတီတွေက လူတွေရဲ့ ရင်ထဲမှာ အာဇာနည်ခေါင်းဆောင်ကြီးတွေအပေါ် ရိုးသားစွာနဲ့  တကယ့်လေးစားချစ်ခင်မှုတွေရှိခဲ့ရင်တောင် န၀တရ့  ကစားကွက်ကြောင့် ပြည်သူတွေရဲ့  ယုံကြည်မှု ထက် အထင်အမြင်သေးခံရတောင်ပို ရသွားအုံးမယ်။ ခင်ဗျားတို့  အတွက် စာနာမိပါတယ်။ ဘာတတ်နိုင်မှာလဲ အဲဒီပါတီတွေက သူတို့ န၀တတွေကို အခုလို သွားပြိး လက်ခံတာကိုး “ ကြံ့ဖွံ့ပါတီကျတော့ အရှေ့ပိုင်းလုပ်တဲ့ အခမ်းအနားမှာ အင်အားအလုံးအရင်းနဲ့ တက်ခွင့်ပေးတယ်ဆိုတော့ မပူပါနဲ့  ဗျာ။ နောက်ဒီထက်ဆိုးတဲ့ ခွဲခြားဆက်ဆံခံရမှာတွေ လာအုံးမှာပါ။ ရွေးကောက်ပွဲမှာ မဲတွေ ကလိမ်ကကြစ်လုပ်ပြီး အာဏာကို တရားဝင်ယူပြိးရင် ပိုဆိုးမှာဘဲ။ မဲတွေကို ကလိမ်ကကြစ် သေချာပေါက်လုပ်မှာ မပူပါနဲ့ ဗေဒင်လဲ မမေးနဲ့ ။ ဆန်ကုန်တယ် ပြည်သူတွေကလဲ ခင်ဗျားတို့ ကိုရော န၀တကိုပါ မဲပေးမှာ မဟုတ်ဘူး ဒါပေမဲ့ န၀တက နည်းမျိုးစုံနဲ့ နိုင်အောင်လုပ်မယ် အော် ဒုက္ခဘဲ ခင်ဗျားတို့ ပါတီတွေတော့  ပြည်သူတွေကတော့ ပြောစရာကို မလိုတော့ဘူး Rest of your post

0 comments:

 
----------------------------------------- */ /* EOT ----------------------------------------- */