“၂၀၁၀ ကမ္ဘာ့ လူအခွင့်အရေး၏ တိုက်ပွဲနှစ်” မြန်မာ့သွေးအနီရောင် မညစ်စေနဲ့ ။ စစ်ကျွန်ဘ၀လွှတ်မြောက်ကြဖို့  တော်လှနှ်ရေးသို့ အသင့်ပြင်

Wednesday, January 05, 2011

မြန်မာနိုင်ငံရဲ့အထီးတည်းဖြစ်တည်မှုကိုအဆုံးသတ်ချိန်တန်ပြီ

ဦးသန့်၏ မြေးတော်သူ သန်းမြင့်ဦးနှင့့််စထရိတ်တိုင်းမ်အင်တာဗျူး )
သန်းမြင့်ဦးနှင့်စထရိတ်တိုင်းမ်အင်တာဗျူး

သန့်မြင့်ဦးသည် သမိုင်းပညာရှင်တစ်ဦးဖြစ်ပြီး ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်ဟောင်းဦးသန့်၏ မြေးတော်သူလည်းဖြစ်သည်။ ၂၀၀၆ခုနှစ်က The River of Lost Footsteps: A History of Burma အမည်ရှိ စာအုပ်အား ရေးသားထုတ်ဝေခဲ့သူ လည်းဖြစ်သည်။ စင်ကာပူမှ စထရိတ်တိုင်းမ်သတင်းစာက သန့်မြင့်ဦးနှင့် တွေ့ဆုံမေးမြန်းခဲ့သည်များကို ဖလားဝါးနယူးစ်ဂျာနယ်မှ ပြန်လည် ဘာသာပြန်ဆို၍ ဖော်ပြအပ်ပါသည်။
Q: မကြာသေးမီက မြန်မာနိုင်ငံမှာ ကျင်းပ ခဲ့တဲ့ ရွေးကောက်ပွဲဟာ ဟန်ပြလုပ် ဆောင်မှုမျိုးဖြစ်ပါသလား။
A: အသေအချာ ရှုမြင်ခြင်းမရှိဘဲ အလွယ်တကူ ပြောဖို့ကတော့ ခက်ခဲ ပါတယ်။ မြန်မာနိုင်ငံဟာ လူဦးရေ သန်း ၆၀နီးပါးရှိပြီး ကမ္ဘာ့အဆင်းရဲ ဆုံးနိုင်ငံတွေထဲက တစ်နိုင်ငံဖြစ်ပါ တယ်။ ဒီနိုင်ငံဟာ ဆယ်စုနှစ်အတန် ကြာအောင် လက်နက်ကိုင်ပဋိပက္ခ တွေနဲ့ တွေ့ကြုံခံစားခဲ့ရတယ်။ ပြင်ပ ကမ္ဘာနဲ့ နှစ် ၃၀လောက် အဆက် ပြတ်ပြီး အထီးတည်းရှိနေတဲ့နိုင်ငံ လည်းဖြစ်ပါတယ်။ ၁၉၆၂ခုနှစ်ကတည်း က စစ်အစိုးရရဲ့ စိုးမိုးအုပ်ချုပ်မှုအောက် ရှိနေခဲ့တာလည်းဖြစ်တယ်။ ဒီလိုနိုင်ငံ တစ်နိုင်ငံအနေနဲ့ နောက်ဆုံးတော့ တောင်ကိုရီးယား ဒါမှမဟုတ် အင်ဒို နီးရှားလို ဒီမိုကရေစီလမ်းကြောင်းရှိ ရာ ဦးတည်မသွားနိုင်ဘူးလို့ ဘယ်သူ မှမပြောနိုင်ဘူး။
ဒါပေမဲ့ အစိုးရက ရှေ့ကို ခြေနှစ် လှမ်းတိုး လှမ်းတိုင်း နောက်ကိုလည်း ခြေလှမ်းပြန်ဆုတ်လေ့ရှိတယ်။ ပြော ရမယ်ဆိုရင် မြန်မာနိုင်ငံရဲ့ အစိတ် အပိုင်းအတော်များများမှာ ခက်ခဲရှုပ် ထွေးမှုတွေရှိနေတာကို တွေ့ရမှာဖြစ် ပါတယ်။ စစ်ဘက်ထိပ်တန်းခေါင်း ဆောင်တွေက ၁၉၉၀ပြည့်နှစ်က ဖြစ် ပျက်ခဲ့တာမျိုးကို ထပ်မံဖြစ်ပွားခွင့် ပေးမှာမဟုတ်ဘူး။ ဆိုရရင် စနစ် တကျ အသွင်ကူးပြောင်းထားတဲ့အရပ် သားအစိုးရမျိုးကိုသာ ခွင့်ပြုမှာဖြစ် တယ်။ ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာ ပါတီပေါင်းတစ်ဒါဇင်လောက်ပါဝင် ယှဉ်ပြိုင်ခဲ့ကြတယ်။ နှစ် ၂၀အတွင်း ပထမဦးဆုံးအကြိမ်အဖြစ် မဲဆန္ဒရှင် ပေါင်းသန်းနဲ့ချီပြီး မဲပေးခဲ့ကြတယ်။ ရွေးကောက်ပွဲနဲ့ပတ်သက်လို့ ဝေဖန် စွပ်စွဲမှုတွေလည်း ရှိခဲ့တယ်။ ရွေး ကောက်ပွဲမှာ အတိုက်အခံပါတီတွေ က အမတ်နေရာ အနည်းစုကိုသာ ရရှိခဲ့ကြတယ်။ အဓိကကတော့ စစ် အစိုးရက ထောက်ခံတဲ့ပါတီကသာ အနိုင်ရရှိခဲ့တယ်။ ဒီလိုအနေအထား အရ ဒါဟာ ဒီမိုကရေစီရှိရာ ခြေလှမ်း ၀င်ခဲ့တယ်လို့ ပြောနိုင်မလားဆိုရင် တော့ အချိန်က စကားပြောလာလိမ့် မယ်လို့သာ ဆိုရမှာဖြစ်ပါတယ်။
Q: ယေဘုယျအားဖြင့် နောက်ထပ် ဘာ တွေဖြစ်လာမှာလဲ။
A: ရွေးကောက်ပွဲအပေါ်မှာ အခြေခံပြီး နားလည် သဘောပေါက်မယ်ဆိုရင် တော့ အလွန်ကျယ်ပြန့်တဲ့ နိုင်ငံရေး အသွင်ကူးပြောင်းမှုလို့ဆိုရမှာပါ။ စစ် အစိုးရအဖွဲ့ဝင်အားလုံးနီးပါး သူတို့ရဲ့ စစ်ဘက်ဆိုင်ရာ ရာထူးတာဝန်တွေ ကနေ နုတ်ထွက်ပြီး ရွေးကောက်ပွဲ မှာ ၀င်ရောက်ယှဉ်ပြိုင်မှုပြုတဲ့အတွက် အချို့ကတော့ အရပ်သားအစိုးရ အဖွဲ့မှာ ပြန်လည်ပါဝင်လာမှာ ဖြစ် ပါတယ်။ မျိုးဆက်သစ်စစ်တပ်အရာ ရှိတွေ အားလုံးနီးပါးလောက်ကိုလည်း ခေါင်းဆောင်ပိုင်းနေရာတွေကို မကြာ သေးမီက ရာထူးတိုးမြှင့်ပေးခဲ့ပါ တယ်။ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ ဖြိုးရေးပါတီတွေဟာ ရွေးကောက်ပွဲ မှာ အနိုင်ရရှိခဲ့ပြီး သူတို့က မြို့ငယ် လေးတွေက ဒေသခံစီးပွားရေးလုပ် ငန်းရှင်တွေကို အဖွဲ့ဝင်အဖြစ် စည်း ရုံးခဲ့တဲ့အတွက် ဒီလုပ်ငန်းရှင်အတော် များများဟာ ပါလီမန်အဖွဲ့ဝင်တွေ ဖြစ်လာပါလိမ့်မယ်။ ဖွဲ့စည်းပုံဥပဒေ သစ်အရ အစိုးရအဖွဲ့ကို ဘယ်သူက ကြီးမှူးတာဝန်ယူမလဲဆိုတာဟာ မေး စရာတွေပဲဖြစ်တယ်။
Q: လက်နက်ကိုင်ပဋိပက္ခတွေအကြောင်း ပြောပြပေးပါလား။
A: မြန်မာနိုင်ငံမှာ ၁၉၉၀ပြည့်နှစ် အစော ပိုင်းလောက်ကတည်းက စစ်တပ်နဲ့ လူမျိုးစုအခြေခံတဲ့ သောင်းကျန်းသူ တွေကြားမှာ အပစ်အခတ်ရပ်စဲထား ခဲ့တာဖြစ်ပါတယ်။ ဒီလိုအပစ်အခတ် ရပ်စဲမှုကနေ ငြိမ်းချမ်းရေးစေ့စပ် ညှိနှိုင်းမှုဆီပဲသွားမလား။ ဒါမှမဟုတ် စစ်ပွဲရှိရာကိုပဲ ပြန်သွားမလားဆိုရင် ခံနိုင်ရည်ရှိတဲ့ ငြိမ်း ချမ်းရေးမျိုးမရှိဘဲ ဒီမိုကရေစီအသွင်ကူးပြောင်းဖို့ဆိုတာ အလွန်တွေးရခက်တဲ့ အရာပဲဖြစ်ပါ တယ်။
Q: ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက် လာမှုက အပြောင်းအလဲကို ဖြစ်ပေါ် စေမှာပါလား။
A: ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက် လာတာဟာ အလွန်ကောင်းတယ်ဆို ပေမယ့် ဘယ်လိုအကျိုးသက်ရောက် မှုရှိလာမလဲဆိုတာကတော့ သဲသဲကွဲ ကွဲ မသိရသေးပါဘူး။ ဒေါ်အောင် ဆန်းစုကြည်ဟာ ၁၉၉၅ခုနှစ်နဲ့ ၂၀၀၀ ပြည့်နှစ်ကလည်း ဒီလိုမျိုး နှစ်ကြိမ် လွတ်မြောက်ခဲ့ဖူးတာကို အမှတ်ရဦး မှာ ဖြစ်ပါတယ်။ အဲဒီနှစ်ကြိမ်စလုံးမှာ အာဏာပိုင်တွေနဲ့အတူ ပြောဆိုဆွေး နွေးမှုပြုခဲ့တဲ့အတွက် ဘာတွေဖြစ် လာမလဲဆိုပြီး မျှော်လင့်ခဲ့ကြပေမယ့် နောက်ဆုံးတော့ ဘာတစ်ခုမျှ ဖြစ် လာခဲ့ခြင်းမရှိပါဘူး။
သေချာတာကတော့ ဒေါ်အောင်ဆန်း စုကြည်က အခြားသော နိုင်ငံရေး အကျဉ်းသားတွေကို လွှတ်ပေးဖို့ တိုက်တွန်းမှာဖြစ်ပါတယ်။ ဒါ့အပြင် သူမအနေနဲ့ အနောက်ရဲ့ အရေးယူ ပိတ်ဆို့မှုတွေကို ဆန့်ကျင်ပြောဆို မယ်လို့လည်း မျှော်လင့်မိပါတယ်။ ဒေါ် အောင်ဆန်းစုကြည်နဲ့ သူမရဲ့ အခြား အဖွဲ့ဝင်တို့ရဲ့ အဆိုအရ သူတို့အနေနဲ့ အရေးယူပိတ်ဆို့ရေးပစ်မှတ်ထားတာ ကို ထောက်ခံပေမယ့် သာမန်ပြည် သူတွေကို ထိခိုက်နစ်နာစေမယ့် စီး ပွားရေးပိတ်ပင်မှုမျိုးကို ထောက်ခံမှာ မဟုတ်ဘူးလို့ ပြောခဲ့ကြပါတယ်။
Q: စီးပွားရေးဆိုင်ရာဆောင်ရွက်မှု ဒါမှ မဟုတ် ကုန်သွယ်မှုကနေ အစိုးရကို ချမ်းသာကြွယ်ဝစေမှာလား။
A: အစိုးရအနေနဲ့ သဘာဝဓာတ်ငွေ့နဲ့ အခြားသော သဘာဝအရင်းအမြစ် တွေ ရောင်းချွမှုကနေ တစ်နှစ်ကို ဒေါ်လာဘီလီယံနဲ့ချီပြီး ရရှိနေခဲ့တာ ဖြစ်ပါတယ်။ တရုတ်နိုင်ငံကို ပိုက် လိုင်းသွယ်တန်းတည်ဆောက်မှု ပြီး ဆုံးတဲ့အချိန်မှာ ဒီ့ထက်ဝင်ငွေပိုလာ ဦးမှာဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ အခုဆိုရင် အရင်ကလောက်တော့ ဖိနှိပ်ချုပ်ချယ်တာမျိုးမရှိတော့ပါဘူး။ ဒါပေမဲ့ ပြင်ပဖိအားပေးမှုတွေရှိနေ သေးတဲ့အတွက် မြန်မာနိုင်ငံရဲ့ နိုင်ငံ ရေးအပြောင်းအလဲကို ရှုမြင်ချင်တယ် ဆိုရင်တော့ မြန်မာနိုင်ငံအနေနဲ့ အထီး တည်းဖြစ်တည်နေမှုကနေ လျော့ပါး အောင် မဖြစ်မနေလုပ်ဆောင်ရမှာ ဖြစ်ပါတယ်။
http://www.baymyanmar.com/2011/01/blog-post_04.html

0 comments:

 
----------------------------------------- */ /* EOT ----------------------------------------- */