“၂၀၁၀ ကမ္ဘာ့ လူအခွင့်အရေး၏ တိုက်ပွဲနှစ်” မြန်မာ့သွေးအနီရောင် မညစ်စေနဲ့ ။ စစ်ကျွန်ဘ၀လွှတ်မြောက်ကြဖို့  တော်လှနှ်ရေးသို့ အသင့်ပြင်

Tuesday, January 25, 2011

တိုင်းပြည်အန္တရာယ် နေ၀င်းမောင်

နှစ်သစ်ကူးနေ့ဖြစ်တဲ့ ဇန်န၀ါရီလ ၁ ရက်နေ့မှာစတင်ဖို့စီစဉ်ထားပေမယ့် ဒီနေ့မှတင်ဖြစ်တာကို နားလည်ပေးကြပါ။
အစကတော့ ပုဂ္ဂိုလ်ရေးတွေမတင်ဘူးလို့စဉ်းစားထားပေမယ့် ရောက်ရောက်ချင်းဆောက်နဲ့ထွင်းဆိုသလို စနေနေ့က The Voice ဂျာနယ်မှာပါလာတဲ့ အောင်ထွဋ်ခေါ် ဒေါက်တာနေ၀င်းမောင်ရဲ့ ဆောင်းပါးတစ်ပုဒ်ကြောင့် ဒီအကြောင်းကို စတင်လိုက်ပါတယ်။

အခုပြောမယ့်အကြောင်းအရာကတော့ Eleven Media Group ရဲ့ Meeting Room ထဲကအကြောင်းအရာတစ်ခုကို သူတို့တိုက်က သတင်းထောက်တစ်ယောက်က ဖောက်သည်ချလို့ သူဖောက်သည်ချတဲ့အတိုင်းပြန်ရေးလိုက်ရပါတယ်။

သတင်းထောက်နာမည်ကိုတော့ သူ့ကို တစ်စုံတစ်ရာထိခိုက်မှာစိုးတဲ့အတွက် ထည့်မရေးတာခွင့်လွှတ်ပါ။

11 Media Group ရဲ့ CEO ဒေါက်တာသန်းထွဋ်အောင်နဲ့ သူ့ရဲ့ ၀န်ထမ်းတွေ အစည်းအဝေးတစ်ခုလုပ်နေတုန်း ဒေါက်တာ သန်းထွဋ်အောင်က The Voice ဂျာနယ်မှာပါတဲ့ အောင်ထွဋ်ခေါ် ဒေါက်တာနေ၀င်းမောင်ရဲ့ ဆောင်းပါးတစ်ပုဒ်ကိုဖတ်ပြီး သူတို့ငယ်ငယ် ၁၉၈၈ ခုနှစ်က အကြောင်းတစ်ခုကို သူ့ရဲ့ ၀န်ထမ်းတွေကို ဖောက်သည်ချပါတယ်။

"ငါက ထောက်လှန်းရေးတွေ လိုက်ဖမ်းလို့ နေ၀င်းမောင်အိမ်မှာသွားပုန်းနေတော့ ငါ့ကို မောင်းထုတ်တယ်။ ခင်ဗျားကို လက်ခံထားရင် ကျွန်တော့်အဖေ အလုပ်ပြုတ်မှာစိုးလို့ဆိုပြီး။ အခုမှ နိုင်ငံရေးလိုလို။ တိုင်းပြည်ချစ်သလိုလိုလျှောက်ပြောနေတယ်" ဒေါက်တာသန်းထွဋ်အောင်ပြောတဲ့အတိုင်း သူ့သတင်းထောက်က ပြန်ပြောတာကို ပြောတာပါ။

အဲဒီအချိန်မှာ ဒေါက်တာသန်းထွဋ်အောင်က လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီဝင် ကျောင်းသားခေါင်းဆောင်တစ်ဦး အဖြစ်လှုပ်ရှား နေခဲ့ပြီးတော့။ ဒေါက်တာနေ၀င်းမောင်ရဲ့ အဖေ ဦးသန်းမောင်ကတော့ စစ်တက္ကသိုလ်မော်ကွန်းတိုတ်မှူးအဖြစ်တာဝန်ထမ်းဆောင်နေ ချိန်ဖြစ်ပါတယ်။

စနေနေ့က The Voice ဂျာနယ်မှာ သူ့ကိုယ်သူ ဒီမိုကရေစီလိုလားသူ၊ နိုင်ငံကို ချစ်မြတ်နိုးသူ အမှန်တရားကို ချစ်မြတ်နိုးသူတစ်ယောက် လိုလိုဘာလိုလိုရေးထားလို့ ပြည်သူတွေမျက်စိမလည်အောင် ဒီအကြောင်းအရာကို တင်ပေးလိုက်ရခြင်းဖြစ်ပါတယ်။

တစ်ဖက်မှာ နေ၀င်းမောင်ရဲ့ The Voice ဂျာနယ်ကသတင်းထောက်နဲ့ အယ်ဒီတာတွေဟာ စစ်အစိုးရကို ထောက်ခံရေးသားပြီး အခွင့်အ ရေး တွေယူနေသလို ပြည်ပအခြေစိုက်သတင်းဌာနအချို့ကိုလည်း သတင်းတွေပေးပို့ပြီး ငွေကြေးအကျိုးအမြတ်တွေ ရယူနေပါတယ်။

ဒါကိုလည်း ဒေါက်တာနေ၀င်းမောင်က သိပေမယ့် မသိကျိုးကျွန်ပြုနေပါတယ်။ တစ်ချို့ဆိုရင် သူကိုယ်တိုင်ချိတ်ဆက်ပေး တာမျိုးတွေရှိ ပါတယ်။

ပြည်ပသတင်းဌာနအချို့မှာလည်း သူတို့ ဂျာနယ်တိုက်က ထွက်သွားသူတွေ အလုပ်လုပ်နေတာအများကြီးရှိပါတယ်။

ကျွန်မတင်တဲ့ အကြောင်းအရာတွေ မမှန်ဘူးဆိုရင် ငြင်းနိုင်ပါတယ်။ ဒီလိုငြင်းလာတယ်ဆိုရင်တော့ ကျွန်မက ဘယ်ပြည်ပသတင်းဌာနမှာ ဘယ်သူက ဘယ်ကလောင်နာမည်နဲ့ ရေးတယ်။ အယ်ဒီတာချုပ် ဦးကျော်မင်းဆွေက ဘယ်ပြည်ပသတင်းဌာနက အယ်ဒီတာနဲ့ သင်တန်းအတူတူတက်ခဲ့တယ်။

နေ၀င်းမောင်က ဘယ်သတင်းဌာနကို သူပြောချင်တဲ့အကြောင်းအရာတွေပေးပို့ပြီး ၀ါဒဖြန့်နေတယ်ဆိုတာတွေကို နာမည်တွေနှင့်တကွ အတိအကျ ဆက်လက်ဖော်ပြပေးသွားပါမယ်

ဒီလိုရေးသားရတာကတော့ ကိုယ်ကျိုးစီးပွားအတွက် ဆိတ်ဝှေးစေ့ လိုပဲ ဟိုကပ်ဒီကပ်လုပ်ပြီး ကိုယ်ကျိုးစီးပွားရှာနေသူ နေ၀င်းမောင်နဲ့ သူ့တပည့်တစ်သိုက်အကြောင်းကို မိတ်ဆွေသူငယ်ချင်းတွေကို မျှဝေချင်လို့ပဲဖြစ်ပါတယ်။

ချိန်းခြောက်တယ်ပဲပြောပြော။ တားဆီးတယ်ပဲပြောပြော တကယ်လို့ နေ၀င်းမောင်နဲ့ တပည့်တစ်သိုက် တိုင်းပြည်အကျိုးပျက်ဆီးရာ ပျက်ဆီးကြောင်းအတွက် အဆိပ်သင့်စာတွေ ဆက်ပြီး ရေးသားနေမယ်ဆိုရင် ဒီထက်မကတဲ့ အတွင်းရေးတွေကို ဆက်ပြီးတင်ပြပေး သွားပါမယ်။

နောက်တစ်ချက်က ဒေါ်အောင်ဆန်းစုကြည်ကြောင့် လူမှုရေးလုပ်ငန်းလုပ်ကိုင်နေသူတွေ လုပ်ငန်းတွေ အနှောင့်အယှက်ဖြစ်တယ်ဆိုပြီး ကုလအထူးသံတမန်ကိုပြောတာကို သူမပြောပါဘူးဆိုပြီး နေ၀င်းမောင်က သူ့ဆောင်းပါးမှာ ငြင်းချက်ထုတ်သွားပါတယ်။ ဒါပေမယ့် သူ့ရဲ့ ဂျာနယ်ထဲမှာ မောင်စူးစမ်းရဲ့ လှုပ်ရှားတက်ကြွသူ နိုင်ငံရေး ခေတ်ကုန်သွားပြီ၊ ရွေးကောက်ပွဲကို သပိတ်မှောက်သူတွေ အဆင့်အတန်း မရှိသူတွေ နိုင်ငံတော်ကို ဖျက်ဆီးနေသူတွေဆိုပြီး ရေးသားနေတာတွေကို အစဉ်ဖော်ပြပေးနေတာတွေကိုရော ဒေါက်တာနေ၀င်းမောင် ဘယ်လိုရှင်းချက်ထုတ်မလဲဆိုတာ သိချင်ပါတယ်။
အဆိပ်သင့်စာတွေရေးပြီး လူထုကို ဒုက္ခပေးနေသူ နေ၀င်းမောင်ရဲ့ ဓာတ်ပုံကို အများပြည်သူ တွေ့ရင် ခေါင်း`ရိုက်ခွဲလို့ရအောင် ဖော်ပြပေးလိုက်ပါတယ်။

http://www.yeyintnge.com/2011/01/blog-post_170.html
မေးလ်မှရရှိသည်ကိုဖေါ်ပြပေးပါတယ်။

0 comments:

 
----------------------------------------- */ /* EOT ----------------------------------------- */