“၂၀၁၀ ကမ္ဘာ့ လူအခွင့်အရေး၏ တိုက်ပွဲနှစ်” မြန်မာ့သွေးအနီရောင် မညစ်စေနဲ့ ။ စစ်ကျွန်ဘ၀လွှတ်မြောက်ကြဖို့  တော်လှနှ်ရေးသို့ အသင့်ပြင်

Wednesday, January 26, 2011

ပြည်သူတွေ တောင်းစားစရာခွက် မရှိ ၊ဒီပုပ်ထဲက ဒီပဲက သမ္မတ ရှေ့ ပြေးတဲ့  ကဲ..

ဗုဒ္ဓဟူး, ၂၆ ဇန်နဝါရီ ၂၀၁၁ Mizzima Burmese သမ္မတနေရာ ဦးရွှေမန်း တစ်ပြေး
မျိုးသိဏ်း | အင်္ဂါနေ့၊ ဇန်နဝါရီလ ၂၅ ရက် ၂၀၁၁ ခုနှစ် ၁၆ နာရီ ၅၄ မိနစ်
နယူးဒေလီ (မဇ္ဈိမ) ။ ။ နေပြည်တော်မှလာသော အထူးသတင်းတရပ်အရ လာမည့်လွှတ်တော်တွင် စစ်ဘက်မှတင်သွင်းမည့် ဒုသမ္မတနေရာအတွက် ကာကွယ်ရေးဝန်ကြီးဌာနမှ ဗိုလ်ချုပ်ကြီးဟောင်း သူရ ဦးရွှေမန်း အလားအလာ အကောင်းဆုံး ဖြစ်နေကြောင်း သိရသည်။

အရပ်သားဝေစုတွင် အမတ်နေရာ အများဆုံးရထားသော စစ်တပ် ကျောထောက်နောက်ခံ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက ဝန်ကြီးချုပ် ဦးသိန်းစိန်ကို ပြည်သူ့လွှတ်တော်မှ တင်သွင်းသော ဒုသမ္မတ အဖြစ် ရွေးလိမ့်မည်ဟု သီးခြားသတင်းရပ်ကွက်တခုက ပြောသည်။

shwemannတိုင်းရင်းသားပါတီများက ဒုသမ္မတ တနေရာ တောင်းဆိုနေသော်လည်း အမျိုးသားလွှတ်တော်က စီးပွားရေး လုပ်ငန်းရှင် တဦးကို ဒုသမ္မတ တင်မြောက်ရန် ကြံ့ဖွံ့ဘက်က လျာထားသည်ဟုလည်း ပြောသည်။

သို့သော် ပြည်နယ်နှင့် တိုင်းအချို့တွင် တိုင်းရင်းသား အမတ်များကို ပြည်နယ် သို့မဟုတ် တိုင်းဒေသကြီး ဝန်ကြီးချုပ် သို့မဟုတ် လွှတ်တော်ဥက္ကဋ္ဌ အဖြစ် ရွေးချယ်နိုင်လိမ့်မည်ဟု ပါရှိသည်။

ကြံ့ဖွံ့မှာ ပြည်သူ့လွှတ်တော်တွင် ၅၉ ရာခိုင်နှုန်း၊ အမျိုးသားလွှတ်တော်တွင် ၅၇ ရာခိုင်နှုန်း လွှမ်းမိုးထားသဖြင့် ကြံ့ဖွံ့ ထောက်ခံသူမှာ ဒုသမ္မတနှင့် သမ္မတ ဖြစ်လိမ့်မည်။

ဒုသမ္မတ ၃ ယောက်အနက် သမ္မတဖြစ်ရန် အလားအလာ အကောင်းဆုံးမှာ သူရဦးရွှေမန်းဖြစ်ပြီး တပ်မတော်တွင်း သူ့ကို ထောက်ခံမှု အားကောင်းနေသည်ဟုလည်း စစ်တပ်သတင်းရပ်ကွက်တခုက ပြောသည်။

နံပါတ် ၂ စစ်ခေါင်းဆောင် ဒုတိယကာကွယ်ရေးဦးစီးချုပ် ဒုဗိုလ်ချုပ်မှူးကြီး မောင်အေး အနားယူမည်ဖြစ်ပြီး ဗိုလ်ချုပ်မှူးကြီးသန်းရွှေမှလွဲ၍ ကာကွယ်ရေး ဦးစီးချုပ်အပါအဝင် စစ်တပ်ခေါင်းဆောင်များ အငြိမ်းစားယူရမည့် အသက်ကို ပြန်လည် ပြဋ္ဌာန်းလိမ့်မည်ဟု ဆိုသည်။

ဒုဗိုလ်ချုပ်ကြီး မြင့်အောင်နှင့် ဒုဗိုလ်ချုပ်ကြီး ကိုကိုတို့ကို ကာကွယ်ရေးဦးစီးချုပ်နှင့် ဒုကာကွယ်ရေး ဦးစီးချုပ်ရာထူးများ လျာထားပြီးဖြစ်သော်လည်း မည်သည့်အချိန် တရားဝင်လွှဲပြောင်းမည် မသိနိုင်ဘဲ ဖြစ်နေသည်။

အလားတူပင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ မည်သည့်နေရာ ဆက်ကိုင်ထားမည်ဆိုသည်ကို စစ်ဘက် အကဲခတ်များ အပါအဝင် တပ်တွင်း အရာရှိကြီးများပင် မပြောနိုင် ဖြစ်နေသည်။

အများစုထင်ကြေးတွင် ဗိုလ်ချုပ်မှူးကြီးရာထူးကို ဆက်ကိုင်ထားပြီး ကာကွယ်ရေး ဦးစီးချုပ်သစ်ထက် ရာထူးအမြင့်ယူ၍လည်းကောင်း၊ ကြံ့ဖွံ့ နာယကအဖြစ်လည်းကောင်း ဆက်ကိုင်နိုင်ဖွယ်ရှိသည်ဟု ဆိုသည်။

ကြိုတင် ရေးဆွဲထားသည့် စစ်မှုမထမ်းမနေရ စနစ်ကိုလည်း လွှတ်တော်က အတည်ပြုရန် တပ်ကိုယ်စားလှယ်များ တင်ပြသွားလိမ့်မည်ဟု စစ်တပ်အရာရှိတဦးက ပြောကြားသည်။

ယခုရက်ပိုင်းအတွင်း လာမည့်လွှတ်တော်အတွင်း အာဏာခွဲဝေမှုနှင့် ပတ်သက်ပြီး ဆုံးဖြတ်ချက်များ ချသွားမည်ဟု သတင်းရင်းမြစ်ကဆိုသည်။

စီးပွားရေးမြို့တော် ရန်ကုန်၌ တိုင်းဒေသကြီး ဝန်ကြီးချုပ်အဖြစ် ရွေးကောက်ပွဲတွင် ဆိပ်ကြီးခနောင်တိုမှ ကြံဖွံ့ကိုယ်စားပြု အနိုင်ရထားသည့် ဦးမြင့်ဆွေ (ယခင် ကစထမှူးဟောင်း ဒုဗိုလ်ချုပ်ကြီး မြင့်ဆွေ) ကို ယာယီ အတည်ပြုထားကြောင်းလည်း သတင်းရင်းမြစ်က ဆိုသည်။

0 comments:

 
----------------------------------------- */ /* EOT ----------------------------------------- */