“၂၀၁၀ ကမ္ဘာ့ လူအခွင့်အရေး၏ တိုက်ပွဲနှစ်” မြန်မာ့သွေးအနီရောင် မညစ်စေနဲ့ ။ စစ်ကျွန်ဘ၀လွှတ်မြောက်ကြဖို့  တော်လှနှ်ရေးသို့ အသင့်ပြင်

Saturday, January 08, 2011

ကမ္ဘာ့ ထိပ်တန်း အမျိုးသမီး ၁၀၀ အတွက် အဆိုပြုရန်


Summary
နိုင်ငံတကာ အမျိုးသမီးနေ့အား ဂုဏ်ပြုရန်အတွက် ကမ္ဘာပေါ်ရှိ အစွမ်းဆောင် နိုင်ဆုံးဖြစ်သော အမျိုးသမီး ၁၀၀ ကို ဂါးဒီယန်း သတင်းစာကြီးက စာရင်းပြုစု ရာတွင် နိုင်ငံတကာ မိသားစုကို ၀ိုင်းဝန်း အဆိုပြုဖို့ ယနေ့ဖိတ်ခေါ်လိုက်ပါတယ်။

နှစ် ၁၀၀ ပြည့်ကျရောက်တော့မယ့် နိုင်ငံတကာ အမျိုးသမီးများနေ့ အတွက် ထင်ရှား ကျော်ကြား အစွမ်းဆောင် နိုင်ဆုံးသော အမျိုးသမီး ၁၀၀ ဦး ရွေးချယ်ရာမှာ မြန်မာ ဒီမိုကရေစီ သူရဲကောင်း ဒေါ်အောင်ဆန်းစုကြည်၊ အိုပရာဝင်းဖရေး၊ တင်နီဂရေး-သွန်ပဆင်၊ဂျေကေ ရိုးလင်းနှင့် မာဂရက်သက်ချာ အပါအ၀င် မည်သူ့ကို ရွေးချယ်သင့်ကြောင်း အဆိုပြု ရွေးချယ်ပေးဖို့ ဂါဒီယန် သတင်းစာက ဆော်သြ ထားပါတယ်။

အောက်မှာ ဖေါ်ပြပါရှိတဲ့ မိမိတို့ ရွေးချယ်လိုတဲ့ စွမ်းဆောင်ရှင် အမျိုးသမီးကို အဆိုပြုဖို့ ပုံစံမှာ မိမိရဲ့ အီးမေးလ်၊ နာမည်၊ မိမိရွေးချယ်သူကို ဘာကြောင့် ရွေးချယ်ရသလည်း ဆိုတာကို ဖြည့်စွက်ပြီး မတ်လ ၈ရက်နေ့ နောက်ဆုံးထားပြီး ပို့ရမှာ ဖြစ်ကြောင်း ကြေငြာထားပါတယ်။
အဆိုပြုရန် အတွက် ဂါဒီးယန်း ဆိုင်ဘာနက် သို့ ဤနေရာမှ ကလစ် နှိပ်၍ သွားပါ ။

Copy from _freedomnewsgroup.com

0 comments:

 
----------------------------------------- */ /* EOT ----------------------------------------- */