“၂၀၁၀ ကမ္ဘာ့ လူအခွင့်အရေး၏ တိုက်ပွဲနှစ်” မြန်မာ့သွေးအနီရောင် မညစ်စေနဲ့ ။ စစ်ကျွန်ဘ၀လွှတ်မြောက်ကြဖို့  တော်လှနှ်ရေးသို့ အသင့်ပြင်

Sunday, May 29, 2011

Myanmar (or) Burma

http://oothandar.blogspot.com/2011/05/myanmar-or-burma.html#more
မြန်မာနိုင်ငံရဲ့အမည်ကို အင်္ဂလိပ်လို ခေါ်ဝေါ်သုံးစွဲရာမှာ မူလ အသုံးအနှုန်း
ဖြစ်တဲ့ Burma ကနေ Myanmar လို့ စစ်အစိုးရက အဓမ္မ ပြောင်းလဲခဲ့တာဟာ
ဒီမိုကရေစီ နည်းလမ်းမကျတဲ့အတွက် မိမိတို့ အသိအမှတ်မပြုခြင်း ဖြစ်တယ်လို့မြန်မာ့ဒီမိုကရေစီခေါင်းဆောင်
ဒ်ါအောင်ဆန်းစုကြည်က ပြောဆိုလိုက်ပါတယ်။


“NLD နဲ့ ကျွန်မက မူအရ မြန်မာနိုင်ငံကို အင်္ဂလိပ်လို Burma လို့ပဲ
ပြောပါတယ်။ မူအရလို့ဆိုရတာကတော့ နိုင်ငံတနိုင်ငံရဲ့ အမည်ကို ကမ္ဘာ့အလယ်မှာ

ပြောင်းပြီးခေါ်တဲ့ ကိစ္စဆိုတာ ပြည်သူများရဲ့ ဆန္ဒကို မရယူပဲ လုပ်သင့်တဲ့အရာ
မဟုတ်ပါဘူး။ ဒါ့ကြောင့် နဝတက မိမိတို့ ဆန္ဒတခုတည်းနဲ့သာ ပြောင်းပြီး
ခေါ်ခဲ့တဲ့

အင်္ဂလိပ်လို Myanmar ဆိုတာကို ကျွန်မတို့ လက်မခံတာ ဖြစ်ပါတယ်။”

RFA က တင်ဆက်နေတဲ့ လူထုနဲ့ ဒေါ်အောင်ဆန်းစုကြည် အစီအစဉ်အတွက်
သောတရှင်တဦးရဲ့ မေးမြန်းချက်ကို ဒေါ်အောင်ဆန်းစုကြည်က ခုလို ဖြေကြားခဲ့တာ

ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း အမေရိကန် ဒုတိယလက်ထောက်
နိုင်ငံခြားရေးဝန်ကြီး ဂျိုးဇက်ယွန် မြန်မာနိုင်ငံကို လာရောက်စဉ်မှာ
ဦးသိန်းစိန်အစိုးရက အမေရိကန်

ပြည်ထောင်စုအနေနဲ့ မိမိတို့နဲ့ ဆက်ဆံရေး တိုးတက်ချင်ရင် Burma လို့
ဆက်လက် သုံးစွဲခြင်းမပြုဘဲ Myanmar လို့ ပြောင်းလဲ ခေါ်ဝေါ်စေချင်ကြောင်း

ပြောဆိုခဲ့ပါတယ်။

အမေရိကန် ပြည်ထောင်စုဟာ အန်အယ်လ်ဒီနည်းတူ မြန်မာနိုင်ငံကို အင်္ဂလိပ်လို
ခေါ်ဆိုရာမှာ Burma လို့ပဲ ဆက်လက် သုံးစွဲပါတယ်၊ နိုင်ငံတကာ

စာနယ်ဇင်းကြီးတွေနဲ့ လူ့အခွင့်အရေး အဖွဲ့အစည်းကြီးတွေ၊ RFA ၊ VOA ၊ BBC
စတဲ့ အဖွဲ့အစည်းတွေမှာလည်း မြန်မာဌာနကို အင်္ဂလိပ်လို ပြောဆိုရာမှာ

Burmese Service လို့ပဲ သုံးနှုန်းပါတယ်။

ဒီတပတ်အစီအစဉ်အတွက် ဒေါ်အောင်ဆန်းစုကြည်က မေးခွန်းတခုကို ဖြေကြားရာမှာ
အာဆီယံအဖွဲ့အတွင်း မြန်မာ့ဒီမိုကရေစီရေးအတွက် ဆောင်ရွက်ဖို့

ဦးသိန်းစိန်အစိုးရကို ပိုမို တိုက်တွန်း ပြောဆိုလာတာတွေဟာ
တိုးတက်မှုဖြစ်ကြောင်း ဝေဖန်သုံးသပ်ပြောဆိုလိုက်ပါတယ်။

“အာဆီယံအဖွဲ့က အခု မြန်မာအစိုးရကို ဘယ်လို သဘောထားလဲ ဆိုတာကို ကျွန်မ
ရှင်းရှင်းလင်းလင်း မသိပါဘူး။ အစဉ်အလာအားဖြင့်တော့

အပြုသဘောဆောင်တဲ့ ချဉ်းကပ်မှု မူဝါဒကို အာဆီယံက စွဲကိုင်ခဲ့ပါတယ်။ အချို့
အာဆီယံနိုင်ငံတွေကတော့ ခုနောက်ပိုင်းမှာ မြန်မာနိုင်ငံအတွင်း
လူ့အခွင့်အရေးနဲ့

ပတ်သက်လို့ လိုအပ်ချက်တွေကို ထောက်ပြလာတာတော့ တွေ့ရပါတယ်။ ဒါဟာ
တိုးတက်မှုလို့ ပြောနိုင်မယ် ထင်ပါတယ်။”

RFA (လွတ်လပ်တဲ့ အာရှအသံ) မှ ကူးယူဖော်ပြပါတယ်။

http://www.photayokeking.org/truewords/ownexperiences/280-depeyin
ဒီပဲယင်း (၆) နှစ်မြောက် အထူး ဆောင်းပါး
စာဖတ်ပရိတ်သတ်များ ခင်ဗျား-

ယနေ့ ကျရောက်တဲ့ ဒီပဲယင်း (၆) နှစ်မြောက်မှာ စစ်အာဏာရှင် တစ်စုရဲ့
အဆုံးစွန်ထိ ယုတ်ညံ့ပုံကို သိရှိခဲ့ရတဲ့ တပ်မတော် အရာရှိ တစ်ဦးမှ
ကျွန်တော်

ကိုဖိုးတရုတ်ထံ ဆောင်းပါး တစ်ပုဒ် ရေးသား ပေးပို့လာပါတယ်။
ဆောင်းပါးရှင်ရဲ့ စိတ်ဓာတ်နဲ့ ဆုံးဖြတ်ချက်ကို အထူး ကျေးဇူးတင်
လေးစားပါကြောင်း ပြန်ကြားရင်း

ယခုလို ပေးပို့လာတဲ့အတွက် “စည်းလုံးခြင်းရဲ့အင်အား” ၀က်ဘ်ဆိုဒ်မှ
မှတ်တမ်းတင် ဂုဏ်ပြုဖေါ်ပြပါကြောင်း ဗိုလ်အောင်မြေအား လေးစားစွာ ပြန်ကြား

အပ်ပါတယ် ခင်ဗျား။
Rest of your post

0 comments:

 
----------------------------------------- */ /* EOT ----------------------------------------- */