“၂၀၁၀ ကမ္ဘာ့ လူအခွင့်အရေး၏ တိုက်ပွဲနှစ်” မြန်မာ့သွေးအနီရောင် မညစ်စေနဲ့ ။ စစ်ကျွန်ဘ၀လွှတ်မြောက်ကြဖို့  တော်လှနှ်ရေးသို့ အသင့်ပြင်

Wednesday, May 25, 2011

စံနမူနာပြဖွယ် အဂတိလိုက်စားမှု အနည်းဆုံး နိုင်ငံ (သို့မဟုတ်) ဖင်လန်နိုင်ငံ

http://www.thanlwin.com/new/index.php?option=com_content&task=view&id=2156&Itemid=463(ပေးပို့ သူ eimmet mahotpar )
အဂတိလိုက်စားမှုနဲ့ ပတ်သက်ပြီး ရေးကြသမျှ အရာတွေဟာ မကောင်းသတင်းတွေချည်း
ဖြစ်နေတော့ ဘယ်လိုအကြောင်းအရာတွေက နိုင်ငံတစ်နိုင်ငံကို
အဂတိလိုက်စားမှုတွေ ရှိနေစေသလဲ ဆိုတာနဲ့ နိုင်ငံရေးကို ညစ်နွမ်းစေသလဲဆိုတာ
ကျွန်တော်တို့တတွေ အတော်လေး သိနေကြပါပြီ။ ဒါပေမယ့်

အဂတိလိုက်စားမှုကင်းတဲ့ နိုင်ငံတစ်နိုင်ငံ ဖြစ်အောင် ဘာလုပ်ရမလဲဆိုတာ
ကျွန်တော်တို့ သိကြပါသလား။ အဂတိလိုက်စားမှုကင်းတဲ့ နိုင်ငံဆိုတာ
ဘာနဲ့တူပါသလဲ။

နောက်ပြီး အဲဒီ အဂတိကင်းတဲ့နိုင်ငံဟာ ဘယ်လို နိုင်ငံရေးနည်းနာတွေနဲ့
အဂတိလိုက်စားမှု ပပျောက်အောင် ဆောင်ရွက်ခဲ့ကြသလဲဆိုတာကို အခြားနိုင်ငံတွေ

စံနမူနာယူနိုင်အောင် နည်းပေးလမ်းပြ လုပ်နိုင်ခဲ့မယ် ဆိုရင်
အကျိုးရှိနိုင်မလား စသဖြင့် မေးခွန်းများစွာ ထုတ်နိုင်ပါတယ်။

အဂတိလိုက်စားမှု ကင်းရှင်းတဲ့ နိုင်ငံအစိုးရတွေထဲမှာတော့ ဖင်လန်နိုင်ငံဟာ
အကောင်းဆုံး စံနမူနာ ပြစရာ နိုင်ငံတစ်ခုပါပဲ။ ကမ္ဘာ့ စီးပွားရေးဖိုရမ်ရဲ့

တိုးတက်ဖွံ့ဖြိုးမှုနှုန်းကိန်းအရ စီးပွားရေး အကောင်းဆုံးအနေအထားမှာ
ရှိနေတဲ့ နိုင်ငံတွေထဲမှာ အမြဲလိုလို ပါနေပြီး ၂၀၀၄ ကနေ ၂၀၀၈ အထိ ၅

နှစ်တာကာလအတွင်း Transparency Int'l က ပြုလုပ်တဲ့ စာရင်းမှာ ၃
နှစ်ဆက်တိုက် ကမ္ဘာ့ အဂတိလိုက်စားမှု အကင်းဆုံး နိုင်ငံ အဖြစ်
ရပ်တည်နိုင်ခဲ့ပါတယ်။

ဖင်လန်နိုင်ငံဟာ ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံ တစ်နိုင်ငံဖြစ်ပြီး Nokia လို
ကမ္ဘာကျော် ဆက်သွယ်ရေးကုမ္ပဏီကြီးနဲ့ အခြား ကော်ပိုရေးရှင်းကြီးတွေ
အများအပြား

ရှိတဲ့ နိုင်ငံ ဖြစ်ပါတယ်။ နောက်ပြီး ဖင်လန်နိုင်ငံ Helsinki မြို့မှာ
၂၀၀၅ ခုနှစ်က ငြိမ်းချမ်းရေးဆွေးနွေးပွဲကို လက်ခံ ကျင်းပပေးခဲ့ပြီး
အင်ဒိုနီးရှားနိုင်ငံက

အာချေးသူပုန်တွေနဲ့ အင်ဒိုနီးရှား အစိုးရတို့ အကြား ငြိမ်းချမ်းရေး
ရစေဖို့ ကြားဝင်စေ့စပ် ပေးနိုင်ခဲ့ပါတယ်။

တကယ်လို့များ Helsinki မြို့မှာ လမ်းလျှောက်သွားမယ်ဆိုရင်
ထူးခြားမှုရှိတာကို ခံစားရမှာပါ။ မြို့လည်လမ်းမကြီး တလျှောက်က
စက်ဘီးရပ်နားစခန်းတွေမှာ

ရပ်ထားတဲ့ စက်ဘီးတွေမှာ သော့ခတ်ထားခြင်း မရှိပါဘူး။
စက်ဘီးပိုင်ရှင်တွေကတော့ Mannerheimintie လို့ ခေါ်တဲ့ စူပါမားကတ်ကြီးထဲ
အေးအေးလူလူ

ဈေးဝယ်ထွက်နေကြပါတယ်။ ဒီလို တရားဥပဒေစိုးမိုးမှု ရှိတဲ့ ဖင်လန်နိုင်ငံမှာ
နိုင်ငံသားတွေ ဥပဒေ ချိုးဖောက်ခဲ့ရင်လည်း ပြတ်သားထိရောက်တဲ့နည်းနဲ့

အရေးယူလေ့ ရှိပါတယ်။ ဥပမာ ပြောရရင် ၂၀၀၁ ခုနှစ် အောက်တိုဘာလက Nokia ရဲ့
အမှုဆောင်အရာရှိချုပ်တစ်ဦးဖြစ်သူ Anssi Vanjoki ဟာ သူ့ရဲ့

Harley-Davidson မော်တော်ဆိုင်ကယ်ကို Helsinki မြို့ ရဲ့ လမ်းမတွေပေါ်မှာ
အပြိုင်မောင်း ခဲ့တဲ့အတွက် ဒဏ်ငွေ အမေရိကန်ဒေါ်လာ ၁ သိန်း ၄ ထောင်

ပေးဆောင် ခဲ့ရပါတယ်။ တခြား တိုင်းပြည်တွေမှာ ဆိုရင်တော့ ဒဏ်ကြေး
သိပ်များလိမ့်မယ် မဟုတ်ပေမယ့် ဖင်လန်နိုင်ငံမှာတော့
အရှိန်မြှင့်မောင်းလို့

ပေးဆောင်ရတဲ့ ဒဏ်ငွေဟာ အဲဒီ ပြစ်မှုကျူးလွန်သူရဲ့ ၀င်ငွေနဲ့ အချိုးကျ
ပေးဆောင်ရတာမို့ပါ။

ဖင်လန်နိုင်ငံရဲ့ နိုင်ငံရေး အစဉ်အလာနဲ့ ဓလေ့ထုံးစံတွေကို
သေချာစူးစမ်းကြည့်မယ်ဆိုရင် အခြားသော နိုင်ငံတွေမှာ ဒီလို
အကြောင်းရင်းတွေကြောင့်

အဂတိလိုက်စားမှုတွေ ဖြစ်ရပါတယ်ဆိုတဲ့ ဆင်ခြေအတော်များများကို စိန်ခေါ်နေတာ
တွေ့ရမှာပါ။ ပထမဦးဆုံး ပြောရရင်တော့ တိုင်းပြည်တပြည်ဟာ

ချမ်းသာကြွယ်ဝလာတဲ့အခါ အဂတိလိုက်စားမှု လျော့ပါးသွားတယ်ဆိုတဲ့ အဆိုပါ။
ပေးလေ့ရှိတဲ့ ဆင်ခြေကတော့ ဆင်းရဲလို့ အဂတိလိုက်စားမှု ဖြစ်ရတာပါတဲ့။

ဒါပေမယ့် အဲဒီအဆိုဟာ ဖင်လန်နိုင်ငံနဲ့တော့ ကိုက်ညီခြင်း မရှိပါဘူး။
ဖင်လန်ဟာ ပေါ်တူဂီလိုပဲ ဥရောပသမိုင်းမှာ အတော်လေး နွမ်းပါးခဲ့တဲ့
နိုင်ငံတစ်ခုဖြစ်ပြီး

အိုင်ယာလန်လို အခြား တတိယကမ္ဘာ့နိုင်ငံတွေလို အစာရေစာ ပြတ်လပ်မှုတွေ၊ အဟာရ
မပြည့်ဝမှုတွေကို ၁၈ ရာစုနဲ့ ၁၉ ရာစုနှစ်များမှာ ခံစားခဲ့ရတာပါ။

ဒုတိယကမ္ဘာစစ်ကြီး ပြီးတဲ့နောက်ပိုင်းမှာလည်း အကြွေးပင်လယ်ဝေခဲ့ပြီး
စီးပွားရေးမှာ နလံမထူနိုင်တော့မယ့်အလား ဖြစ်ခဲ့ရပါသေးတယ်။ ဒါပေမယ့်
စစ်ဒဏ်ကနေ

ရုန်းထနိုင်ခဲ့သလို တည်ငြိမ်ပြီး အဂတိလိုက်စားမှု ကင်းတဲ့ နိုင်ငံရေး
အစဉ်အလာကို ထူထောင်နိုင်ခဲ့ပါတယ်။ ဖင်လန်နိုင်ငံကို နမူနာယူပြီး
ကြည့်မယ်ဆိုရင်

ဆင်းရဲမွဲတေခြင်းကြောင့် အဂတိလိုက်စားမှု ဖြစ်တယ်ဆိုတဲ့ အဆိုကို
ဆန့်ကျင်နေပါတယ်။ နိုင်ငံက ကြွယ်ဝချမ်းသာလို့ အဂတိလိုက်စားမှု မရှိတော့ဘူး

ဆိုတာထက် အဂတိလိုက်စားမှု မရှိခြင်းဟာ နိုင်ငံကို ကြွယ်ဝချမ်းသာအောင်
ဆောင်ကျဉ်းပေးတယ်ဆိုတာကို တွေ့ရမှာပါ။ တနည်း ပြောရမယ်ဆိုရင်

အဂတိလိုက်စားမှု ပပျောက်အောင် ပိုက်ဆံအများကြီး သုံးလိုက်တာဟာ
အောင်မြင်မယ်လို့ အာမခံလို့ မရသလို စီးပွားရေးတိုးတက်ခြင်းနဲ့
အဂတိလိုက်စားမှု

လျော့ကျခြင်းဟာလည်း အလိုလို အပြန်အလှန်ဆက်စပ်မှု လုံးဝ မရှိပါဘူး။
ဆင်းရဲတဲ့ နိုင်ငံတွေဟာ တိုင်းပြည် စီးပွားတိုးတက်အောင် အရင်လုပ်မယ်။
ပြီးတော့မှ

အဂတိလိုက်စားမှုကို တိုက်ဖျက်မယ်ဆိုပြီး ဆောင်ရွက်တာဟာ
ဖွံ့ဖြိုးတိုးတက်ဖို့ရာ နှောင့်နှေးစေတဲ့ လမ်းကြောင်းကို ရွေးချယ်ခြင်းပဲ
ဖြစ်ပြီး အရင်းအမြစ်

သယံဇာတတွေကို မလိုအပ်ဘဲ ပိုသုံးလိုက်ရတာပဲ အဖတ်တင်ပါလိမ့်မယ်။

ဒုတိယ အဆိုကတော့ နိုငံငံတစ်နိုင်ငံမှာ လူမျိုးစုကွဲတွေ အများကြီး
မရှိခြင်းဟာ အဂတိလိုက်စားမှု ကင်းဝေးတဲ့ နိုင်ငံရေး အခြေအနေကို

ဆောင်ကျဉ်းပေးပါတယ်တဲ့။ ဘာလို့လဲ ဆိုတော့ တူညီတဲ့
လူမှုဓလေ့ထုံးစံတွေကြောင့် အချင်းချင်း ယုံကြည်မှု ပိုပေးနိုင်လို့
ဖြစ်ပါတယ်တဲ့။ ဖင်လန်နိုင်ငံရဲ့ လူဦးရေ

၅ သန်းကျော် အနက် ၉၂ ရာခိုင်နှုန်းဟာ ဖင်လန်ဘာသာစကားကို ပြောကြသူတွေ
ဖြစ်ပြီး ကျန်သူတွေထဲက ၅ ရာခိုင်နှုန်းလောက်ကတော့ ဆွီဒင်ဘာသာစကားကို

ပြောကြသူတွေပါ။ ဒါပေမယ့် လူမျိုးစုကွဲ အများကြီး မရှိလို့
ဖင်လန်နိုင်ငံဟာ အဂတိလိုက်စားမှု ကင်းတယ်လို့တော့ ကောက်ချက်ချလို့
မရပါဘူး။

ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ကြည့်မယ် ဆိုရင် ဘင်္ဂလီလူမျိုး ၉၈ ရာခိုင်နှုန်း
ရှိပေမယ့် အဂတိလိုက်စားမှုတွေကတော့ ဆိုးဆိုးရွားရွား ရှိနေပါတယ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ

ဆင်းရဲလို့ အဂတိလိုက်စားမှုတွေ ရှိနေတယ်လို့ ပြောမယ်ဆိုရင်
ချမ်းသာကြွယ်ဝတဲ့ တောင်ကိုရီးယားနိုင်ငံမှာတော့ ဘင်္ဂလားဒေ့ရှ်လောက်
မဆိုးရွားပေမယ့်

အဂတိလိုက်စားမှုက ရှိနေဆဲ ဖြစ်ပါတယ်။

တတိယ အဆိုကတော့ တိုင်းတပါးကိုလိုနီ အဖြစ် ကျရောက်ဖူးတဲ့ တိုင်းပြည်တွေမှာ
အဂတိလိုက်စားမှုကို ဆိုးမွေအဖြစ် ရလိုက်တယ်ဆိုတာပါ။ အဲဒီ

ဆင်ခြေကိုတော့ ဥရောပတိုက်သားတွေရဲ့ ကိုလိုနီ အဖြစ် ကျရောက်ခဲ့ဖူးတဲ့
အိန္ဒိယ၊ ဇင်ဘာဘွေစတဲ့ နိုင်ငံတွေက ကြားရလေ့ ရှိပါတယ်။
ဖင်လန်နိုင်ငံဟာလည်း

သမိုင်းတလျှောက် သူတပါးအုပ်စိုးမှုကို ဆက်တိုက် ခံခဲ့ရတဲ့ နိုင်ငံ
တစ်ခုပါ။ ၁၃၂၃ ခုနှစ်မှာ ဆွီဒင်နိုင်ငံရဲ့ တစိတ်တဒေသ ဖြစ်ခဲ့ပြီး ၁၈၀၉
ခုနှစ်မှာတော့

ရုရှားလက်အောက်ကို ကျရောက်ခဲ့တာဟာ ၁၉၁၇ ခုနှစ် အထိပါပဲ။ အခြား
တိုင်းတပါးကိုလိုနီတွေ ဖြစ်ဖူးကြတဲ့ အာရှနဲ့ အာဖရိက နိုင်ငံတွေလောက်
တိုင်းတပါး

အုပ်ချုပ်မှုဒဏ်ကို ခံရချင်မှ ခံရလိမ့်မယ်လို့ တချို့က သံသယ
ရှိပါလိမ့်မယ်။ ဖင်လန်နိုင်ငံသားတွေဟာလဲ သူတို့ကို အုပ်ချုပ်တဲ့
ကိုလိုနီနိုင်ငံတွေရဲ့ ဖိနှိပ်၊

ဂုပ်သွေးစုပ်မှုဒဏ်ကို ကောင်းကောင်းကြီး ခံစားခဲ့ရတာပါ။ ဒါဆိုရင်
ကိုလိုနီလက်အောက်က လွတ်မြောက်ခဲ့ကြတဲ့ နိုင်ငံချင်းအတူတူ ဖင်လန်နိုင်ငံဟာ
အိန္ဒိယလို၊

ဘင်္ဂလားဒေ့ရှ်လို အဂတိလိုက်စားမှုတွေ အကြား ရုန်းကန်မနေရဘဲ ဘာကြောင့်
အဂတိလိုက်စားမှုကင်းတဲ့ နိုင်ငံရေးကို ဖန်တီးနိုင်ခဲ့သလဲ။ အဖြေကတော့

ကိုလိုနီလက်အောက်ခံနိုင်ငံ ဖြစ်ခဲ့ခြင်းထက် လွတ်လပ်ရေး အပေါ် ဘယ်လို
သဘောထားခဲ့သလဲဆိုတာပေါ်မှာ ပိုပြီး မူတည်နေပါတယ်။ တခြား တိုင်းပြည်တွေလို

အတိတ်က အရိပ်ဆိုးတွေ အပေါ် အာရုံစိုက် မနေဘဲ အနာဂတ်ရဲ့
အလားအလာကောင်းတွေမှာ အာရုံစိုက်ခဲ့တာမို့ ဖင်လန်နိုင်ငံဟာ မတူညီတဲ့
လမ်းကြောင်းပေါ်

ရောက်ခဲ့တာပါ။

ဖင်လန်နိုင်ငံရဲ့ အစိုးရ ဖွဲ့စည်းမှု ပုံသဏ္ဍာန်ဟာ တကယ်တော့
သိပ်ထူးခြားဆန်းပြားလှတာ မဟုတ်ပါဘူး။ ဒါပေမယ့် ၂ နေရာမှာတော့ အတော်လေးကို
အတုယူ

အားကျဖို့ ကောင်းပါတယ်။ ပထမ တစ်ခုကတော့ အမျိုးမျိုးအစားစားသော
လူမှုအဖွဲ့အစည်း (Civil Society) တွေကို ဖန်တီးနိုင်ခြင်း ဖြစ်ပြီး ဒုတိယ
တစ်ခုကတော့

ပြည်သူတွေကို ဥပဒေပြုသူတွေနဲ့ ထိရောက်မြန်ဆန်တဲ့ နည်းလမ်းတွေ သုံးပြီး
တိုက်ရိုက်ထိတွေ့ခွင့်ပေးထားသလို သူတို့ရဲ့ လုပ်ရပ်တွေကို ထောက်ပြဝေဖန်

ပြောဆိုခွင့် ပေးထားလို့ပါ။ ဖင်လန်နိုင်ငံမှာ အဂတိလိုက်စားမှု ကင်းနေတာဟာ
နိုင်ငံရေးသမားတွေ လာဘ်စားမှု မရှိလို့ မဟုတ်ပါဘူး။ လူထဲက လူတွေမို့
သူတို့လဲ

လွယ်လွယ်ရတဲ့ လာဘ်ငွေကို ယူချင်ကြမှာ မလွဲပါဘူး။ ဒါပေမယ့်
သာမန်ပြည်သူတွေရဲ့ စောင့်ကြည့်မှုကို ခံနေရတာရယ်၊ လုပ်မိရင် ချက်ချင်း
ထိရောက်တဲ့

ပြစ်ဒဏ်ကို ခံရမှာရယ်ကို စိုးရိမ်တဲ့အတွက်ကြောင့် ဖြစ်နိုင်ပါတယ်။ ဥပမာ
တစ်ခု ပြောရရင် ဖင်လန်နိုင်ငံ ၀န်ကြီးချုပ် Anneli Jäätteenmäki ဟာ

ဝန်ကြီးချုပ်ဖြစ်ပြီး ၆၉ ရက်အကြာ ၂၀၀၃ ခုနှစ် ဇွန်လ ၁၈ နေ့မှာ ရာထူးကနေ
နုတ်ထွက်ဖို့ ဖိအားပေးခံခဲ့ရပြီး ထွက်ခဲ့ရပါတယ်။ အကြောင်းရင်းကတော့

ရွေးကောက်ပွဲကာလမှာတုန်းက ပါလီမန်လွှတ်တော်ကို မရိုးမသား
လုပ်ခဲ့မှုကြောင့်ပါ။ ဖင်လန်နိုင်ငံသားတွေနဲ့ သူတို့ရဲ့ ကိုယ်စားလှယ်
နိုင်ငံရေးသမားများဟာ

ပွင့်လင်းမြင်သာမှုကို အလွန် တန်ဖိုးထားကြတယ် ဆိုတာ ဒီဖြစ်ရပ်ကနေ တွေ့နိုင်ပါတယ်။

အခုဆိုရင် Nokia ဖုန်းတွေ၊ သဘာဝသစ်တော ထိန်းသိမ်းမှုဆိုင်ရာ
နည်းပညာတွေသာမက ဖင်လန်နိုင်ငံဟာ ပွင့်လင်းမြင်သာမှုနဲ့ အဂတိတိုက်ဖျက်ရေး

ပေါ်လစီတွေကိုပါ နိုင်ငံတကာဆီ ဖြန့်ဖြူးနေပါပြီ။ Helsinki မြို့ထဲမှာ
လျှောက်သွားမယ် ဆိုရင် သံတမန် တစ်ယောက်ယောက်၊ ဒါမှမဟုတ် ၀န်ကြီး

တစ်ယောက်ယောက်၊ ဒါမှမဟုတ် ပြည်သူ့ဝန်ထမ်းအုပ်စု တစ်ခုခုနဲ့ မတိုက်မိအောင်
လျှောက်သွားဖို့ ဆိုတာတောင် မဖြစ်နိုင်လောက်အောင်ကိုပဲ

ကမ္ဘာအရပ်ရပ်ကသူတွေဟာ ဖင်လန်နိုင်ငံကိုလာပြီး အဂတိကင်းရှင်းရေး
နည်းနာတွေကို လေ့လာနေကြရပါပြီ။


ညီညီ(သံလွင်)

အထက်ပါ ဆောင်းပါးသည် မတ်လ ၃၁ ရက် ၂၀၁၁ ခုနှစ်ထုတ် ပြည်သူ့ခေတ်ဂျာနယ်
အတွဲ ၁ အမှတ် ၃၈ တွင် ဖော်ပြခဲ့ပြီး ဖြစ်ပါသည်။

မူရေး စာရေးသူ Darren C. Zook သည် အမေရိကန်ပြည်ထောင်စု
ကာလီဖိုးနီးယားပြည်နယ် တက္ကသိုလ်(ဘာကလေ) တွင် နိုင်ငံရေးသိပ္ပံ သင်ကြားနေသူ

ဖြစ်သည်။
(ကိုးကား။ ။ "Curious case of Finland's Clean Politics" by Darren C.
Zook ၊ ၂၀၀၉ ခုနှစ် ဇန်န၀ါရီလထုတ် ဒီမိုကရေစီဂျာနယ် အတွဲ ၂၀၊ အမှတ် ၁)Rest of your post

0 comments:

 
----------------------------------------- */ /* EOT ----------------------------------------- */