“၂၀၁၀ ကမ္ဘာ့ လူအခွင့်အရေး၏ တိုက်ပွဲနှစ်” မြန်မာ့သွေးအနီရောင် မညစ်စေနဲ့ ။ စစ်ကျွန်ဘ၀လွှတ်မြောက်ကြဖို့  တော်လှနှ်ရေးသို့ အသင့်ပြင်

Sunday, May 29, 2011

လူထုကျန်းမာရေး (ဝမ်းပျက်ဝမ်းလျှောခြင်း -Diarrhea)

**Public Health** (ပေးပို့ သူ eimmet mahotpar )
ဝမ်းပျက်ဝမ်းလျှောဖြစ်နေရင် ဝမ်းသွားတာ ကုန်စင်အောင် ဒီအတိုင်း
ထားလိုက်တာဟာ အကောင်းဆုံး ကုသမှုပါ။ ဝမ်းပျက်တာဟာ သင့်ခန္ဓာကိုယ်

စနစ်တွေအတွက် အနှောင့်အယှက် ဖြစ်နေတဲ့အရာကို စွန့်ထုတ်ပစ်တဲ့ ခန္ဓကိုယ်ရဲ့
အကောင်းဆုံး ခုခံမှု နည်းလမ်းပါ။ “ဝမ်းပျက်ဝမ်းလျှော ဖြစ်နေတဲ့

လူနာတစ်ယောက်ကို အရေးပေါ် ဝမ်းပိတ်အောင် လုပ်ရမယ့် အခြေအနေ (ဥပမာ -
အလုပ်ကိစ္စကြောင့် မသွားမဖြစ် အစည်းအဝေးပွဲတက်ရတာ) မျိုးကလွဲပြီး

ဝမ်းပိတ်ဆေး မပေးရပါဘူး” လို့ ဝါရှင်တန် ဆေးတက္ကသိုလ်မှ ဒါရိုက်တာ Lynn က
ပြောပါတယ်။ ဝမ်းပျက်ဝမ်းလျှောဖြစ်ရင် သက်သောင့်သက်သာရှိအောင်နဲ့

မြန်မြန်သက်သာသွားမယ့် နည်းလမ်းတွေကို အောက်မှာ ဖော်ပြပေးလိုက်ပါတယ်။

၁။ နွားနို့နဲ့ ဆက်စပ်မှုရှိမရှိ ဖော်ထုတ်ပါ။
ဝမ်းပျက်ဝမ်းလျှောဖြစ်ရတာဟာ နို့ကို ခံနိုင်ရည်မရှိတာကြောင့်
အဖြစ်များတာပါ။ နို့စို့ကလေးငယ်ဘဝကတည်းက နို့ကို ခံနိုင်ရည်မရှိတာ
ဖြစ်နိုင်ပေမယ့်

အသက်ကြီးလာမှ ရုတ်တရက် မခံနိုင်တာလည်း ဖြစ်တတ်ပါတယ်။ နို့သောက်ပြီး
နောက်တစ်နေ့မှာ လေပွ၊ ဗိုက်အောင့်ပြီး ဝမ်းပျက်နေရင် Lactose ပါတဲ့

အစာတွေကို ရှောင်ပါ။

၂။ နို့ကို ဘယ်လောက် ခံနိုင်ရည်ရှိသလဲလို့ စမ်းသပ်ပါ။
သင်ဝမ်းပျက်ဝမ်းလျှောတာဖြစ်ရင် နို့နဲ့နို့ထွက်ပစ္စည်းတွေကို တစ်ပတ်
ဒါမှမဟုတ် နှစ်ပတ်လောက်ရှောင်ပါ။ ဝမ်းပြန်မှန်သွားရင် နို့ထွက်ပစ္စည်းကို
တဖြည်းဖြည်းချင်း

စမ်းသုံးကြည့်ပြီး ဘယ်လောက်ပမာဏဆိုရင် ဝမ်းပျက်တာပြန်ဖြစ်သလဲကို
မှတ်သားထားပါ။ သင်ဟာ ဘယ်အဆင့်လောက်မှာ နို့ဒဏ်ကို မခံနိုင်သလဲဆိုတာ

သိသွားရင် နို့ထွက်ပစ္စည်းတွေကို လျှော့စားပြီး ဝမ်းမပျက်အောင် ကာကွယ်ပါ။

၃။ သင်သောက်နေကျ ဆေးဝါးတွေကို စဉ်းစားပါ။
သင်ဟာ အစာမကြေ ရင်ပူတာအတွက် အစာကြေဆေးတွေ သောက်နေရရင် ဝမ်းပျက်
နိုင်ပါတယ်။ မဂ္ဂနီဆီယမ် ဟိုက်ဒရောဆိုက်ပါဝင်တဲ့

အစာကြေဆေးတွေဟာ Milk of Magnesia ဆေးလို ဝမ်းပျက်တတ်ပါတယ်။ ပဋိဇီဝဆေး၊
ငှက်ဖျားဆေး (Quinidine) နဲ့ Colchicine ဆေးတွေဟာလည်း

ဝမ်းပျက်စေတတ်ပါတယ်။ ဗီတာမင် C ကို ပမာဏ များများ သောက်မိရင်လည်း
ဝမ်းပျက်တတ်ပါတယ်။ ဗီတာမင် C ၆၀ မီလီဂရမ်ထက် ပိုသောက်မိရင်

တချို့သူတွေမှာ ဝမ်းပျက်တတ်ပေမယ့် တစ်နေ့လုံးအတွက် ဗီတာမင် C ၂၀၀၀
မီလီဂရမ်ကို အကြိမ်ခွဲပြီးသောက်ရင် အများစုက ဝမ်းမပျက်တတ်ပါဘူး။

၎။ အရည်ကျဲကျဲသောက်ပါ။
ဝမ်းပျက်ခါစမှာ ကြက်စွပ်ပြုတ်ရည်လိုမျိုး အရည်ကျဲကျဲသောက်ပေးပါ။
ဝမ်းပျက်နေစဉ် အူမကြီးအနားရစေနိုင်ပါတယ်။ နောက်မှ တဖြည်းဖြည်းချင်း
ဆန်ပြုတ်၊

ငှက်ပျောသီး ဒါမှမဟုတ် ဒိန်ချဉ်စားသွားပါ။

၅။ အရည်များများသောက်ပါ။
ဝမ်းပျက်လို့ အစာမစားနိုင်ဖြစ်နေတာကို စိတ်မပူပါနဲ့။ အဓိကအနေနဲ့
အရည်များများ သောက်ပေးဖို့ပါ။ ဝမ်းပျက်ဝမ်းလျှောဖြစ်တာကြောင့်
ဆုံးရှုံးသွားတဲ့

ရေနဲ့ဓာတ်ဆားတွေကို ပြန်လည်ဖြည့်ပေးရပါမယ်။ ဓာတ်ဆားထုပ်ဝယ်ပြီး
ဓာတ်ဆားဖျော်ရည် ဖျော်သောက်ပါ။ အလွယ်တကူဝယ်လို့မရရင် ရေတစ်လီတာကို

သကြားလေးဇွန်းနဲ့ ဆားအနည်းငယ် ထည့်ဖျော်ပြီး သောက်ပါ။
၆။ အောက်ပါအစာတွေကို ရှောင်ပါ။
ဝမ်းပျက်နေစဉ်မှာ ပဲအမျိုးမျိုး၊ ဂေါ်ဖီထုပ်နဲ့ ရွက်လိပ်ဂေါ်ဖီတွေကို
မစားပါနဲ့။ ခန္ဓာကိုယ်က စုပ်ယူမှုအားမကောင်းတဲ့ ကာဗိုဟိုက်ဒရိတ်တွေဟာလည်း

ဝမ်းပိုမိုပျက်စေတတ်ပါတယ်။ ပေါင်မုန့်၊ ပါစတာနဲ့ ဂျုံနဲ့ပြုလုပ်ထားတဲ့
မုန့်၊ ပန်းသီး၊ ပန်းသစ်တော်၊ မက်မန်းသီး၊ ဆီးသီး၊ ပြောင်းဖူး၊
အုတ်စပါးနဲ့ အာလူးတို့ကို

ရှောင်ပါ။

၇။ အချိုရည်တွေရှောင်ပါ။
Gas ပါဝင်တဲ့ အချိုရည်တွေဟာ ဝမ်းပျက်တာကို ပိုဆိုးစေနိုင်ပါတယ်။

၈။ မီးဖိုချောင်မဝင်ပါနဲ့။
သင် ဒါမှမဟုတ် သင်မိသားစုဝင်ထဲက ဝမ်းပျက်သူတွေဟာ မီးဖိုချောင်ဝင်ပြီး
ထမင်းဟင်း မချက်သင့်ပါဘူး။ ဝမ်းပျက်တာ ပျောက်ကင်းသွားမှသာ မီးဖိုချောင်ထဲ

ပြန်ဝင်သင့်ပါတယ်။ လက်ဆေးတဲ့အကျင့်ဟာလည်း ဝမ်းပျက်ရောဂါ မပျံ့နှံ့အောင်
ကာကွယ်နိုင်ပါတယ်။ ဒါ့အပြင် ထမင်းဆိုင်မှာ စားဖိုမှူးလုပ်သူ၊

အစားအသောက်ကို ကိုင်တွယ်ပြီး ရောင်းချသူတွေအနေနဲ့ ဝမ်းပျက်စဉ်မှာ
အလုပ်ကနေ ခေတ္တအနားယူထားသင်ပါတယ်။

၉။ လိုအပ်ရင် ဆေးသောက်ပါ။
ဝမ်းပျက်ဝမ်းလျှောနေရင် ဆေးမသောက်ဘဲ ဒီအတိုင်းထားတာဟာ အကောင်းဆုံးပါ။
ဒါပေမဲ့ သင်မသွားမဖြစ် သွားရမယ့်နေရာကို သွားဖို့လိုပြီး ဝမ်းပိတ်အောင်

မဖြစ်မနေ လုပ်ရမယ်ဆိုရင် Attapulgite ဒါမှမဟုတ် Imodium ဆေးသောက်ပါ။
Attapulgite ဟာ အူထဲမှာရှိနေတဲ့ မကောင်းတဲ့အရာတွေကို

စုပ်ယူသန့်ရှင်းပေးပါတယ်။ Imodium ဟာ အူတွေရောင်ရမ်းစေပြီး အူလှုပ်ရှားမှု
နည်းစေပါတယ်။ Kaopectate ဆေးလည်း သောက်နိုင်ပါတယ်။

၁၀။ ဆရာဝန်နဲ့ ဘယ်အချိန်ပြမလဲ။
ပုံမှန်အားဖြင့် ဝမ်းပျက်ဝမ်းလျှောဖြစ်တာဟာ သူ့ဘာသာသူ ပြန်လည်ကောင်းမွန်
တတ်ပါတယ်။ နို့စို့ကလေး၊ ကလေးငယ်၊ အသက်ကြီးသူ ဒါမှမဟုတ်

တခြားရောဂါကြောင့် ရေဓာတ်ဆုံးရှုံးနေသူတွေဟာ ဝမ်းပျက်ဝမ်းလျှောဒဏ်ကို
မခံနိုင်တဲ့အတွက် ဆရာဝန်နဲ့ ချက်ချင်းကုသမှုခံယူဖို့ လိုအပ်ပါတယ်။

ဝမ်းပျက်ဝမ်းလျှောဖြစ်တာဟာ တစ်ရက်နှစ်ရက် အတွင်း မသက်သာခဲ့ရင်၊
ကိုယ်အပူချိန်တက်တာနဲ့ မခံမရပ်နိုင်အောင် ဝမ်းဗိုက်နာကျင်တာ နဲ့
တွဲဖြစ်ရင်

ဒါမှမဟုတ် အသားဝါတာ၊ အဖုအပိမ့်ပေါက်တာနဲ့ အတူတူတွဲဖြစ်ရင် ဒါမှမဟုတ်
အလွန်အမင်း အားနည်းနေရင်လည်း ဆရာဝန်နဲ့ပြပါ။ သင့်မစင်ထဲမှာ ချွဲ၊ သွေး

ဒါမှမဟုတ် ပြည်တွေပါလာရင်လည်း ဆရာဝန်နဲ့ ပြသရပါမယ်။ ရုတ်တရက်
ဝမ်းပျက်တာကြောင့် ရေဓာတ်ဆုံးရှုံးမှုရှိခဲ့ရင် စိုးရိမ်ရပါတယ်။ သင်ဟာ
အလွန်အမင်း

ဝမ်းပျက်နေပြီး အရည် ဒါမှမဟုတ် အစာမစားနိုင်ဘူးဆိုရင် အရေးပေါ် ဆေးကုသမှု
ခံယူဖို့လိုအပ်ပါတယ်
Rest of your post

0 comments:

 
----------------------------------------- */ /* EOT ----------------------------------------- */