“၂၀၁၀ ကမ္ဘာ့ လူအခွင့်အရေး၏ တိုက်ပွဲနှစ်” မြန်မာ့သွေးအနီရောင် မညစ်စေနဲ့ ။ စစ်ကျွန်ဘ၀လွှတ်မြောက်ကြဖို့  တော်လှနှ်ရေးသို့ အသင့်ပြင်

Friday, May 27, 2011

KIA ရာဇသံအား မြန်မာအစိုးရ လစ်လျူရှု

Thursday, 26 May 2011 16:40 KNG
စစ်တပ်ကြိုးကိုင်သည့် သမ္မတ သိန်းစိန် ဦးဆောင်သော မြန်မာအစိုးရသည် ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) ၏ ရာဇသံကို လစ်လျူရှုကာ ယနေ့အထိ ၎င်းတို့တပ်များ KIA တပ်အနီးမှ ဆုတ်ခွာပေးခြင်း မ ရှိဟု KIA အရာရှိများဆိုသည်။

မေ ၂၅ ရက်အား ဆုတ်ခွာရန်နောက်ဆုံးရက်အဖြစ် သတ်မှတ်ခဲ့ခြင်းဖြစ်သည်။


မိုးညှင်းမြို့နယ်၊ ဆင်ဘိုမြို့နယ်ခွဲ၊ ပန်ခေါန်အခြေစိုက် KIA တပ်ရင်း ၅ အနီး နေရာယူထားသည့် မြန်မာတပ်စခန်း ၃ ခုနှင့် အခြား KIAတပ်စခန်းများအနီး ရောက်ရှိနေသည့် မြန်မာစစ်သားများအားလုံး မေ ၂၅ တွင် နောက်ဆုံးထားပြီး ဆုတ်ခွာပေးရန် KIA က မေလ ၁၉ ရက်နေ့တွင် စာဖြင့် အကြောင်းကြားခဲ့သည်။

“အစိုးရတပ်များဆုတ်ခွာခြင်းမရှိသည့်အတွက် ရှေ့တွင်ဖြစ်လာမည့် အကျိုးဆက်အားလုံးသည် မြန်မာအစိုးရ၌သာ တာဝန်ရှိမည် ဖြစ်သည်” ဟု KIA ရာဇသံတွင် သတိပေးထားသည်။Rest of your post

0 comments:

 
----------------------------------------- */ /* EOT ----------------------------------------- */