“၂၀၁၀ ကမ္ဘာ့ လူအခွင့်အရေး၏ တိုက်ပွဲနှစ်” မြန်မာ့သွေးအနီရောင် မညစ်စေနဲ့ ။ စစ်ကျွန်ဘ၀လွှတ်မြောက်ကြဖို့  တော်လှနှ်ရေးသို့ အသင့်ပြင်

Friday, May 27, 2011

ရှေ့ကိုဆက်ပါ့မယ်

http://myanmarchildrenhelp.blogspot.com/ (ပေးပို့ သူ eimmet mahotpar )
ကျွန်တော် နွမ်းပါးကလေးတွေနဲ့ ကလေးအခွင့်အရေး ရရှိဖို့ကျွန်တော်
လုပ်ဆောင်နေတာတွေနဲ့ ပါတ်သက်ပြီး ကျွန်တော်ကို မေးမြန်လာတာလေးတွေ ရှိသလို
ကျွန်တော်ကလည်း ကျွန်တော့ရဲ့ အမြင်လေးတစ်ချိုကိုလည်း
တင်ပြလိုပါတယ်။ကျွန်တော့်ကို အရမ်းအားပေးကြတဲ့ နိုင်ငံပေါင်းစုံက
ညီအကိုတွေ အထူးသဖြင့် မလေးရှားက ညီအကိုတွေကို အထူးဘဲ
ကျေးဇူးတင်ပါတယ်။ပြီးတော့ ကျွန်တော့်ကို သွန်သင် ပေးကြတဲ့ သူတွေနဲ့
နေစဉ်မှန်မှန်လေး ဆဲဆိုပေးကြတဲ့ မိတ်ဆွေများကိုလည်း မမေ့ပါဘူးလို့ ဦးစွာ
ပြောပါရ စေ။

ကျွန်တော်ကတော့ ကျွန်တော့်ရဲ့ (၃၁) နှစ်တာ ဘ၀ဖြတ်သန်း လာခဲ့တဲ့ နေရာမှာ
ကြုံတွေလာရတဲ့ အချိန်တွေ ကို ပြန်ပြီး တွေးနေမိ့ပါတယ် ကျွန်တော်လူလို့
ကိုယ်ဘာ သာ ကို စသိလိုက်တဲ့ အချိန်(၈)နှစ် သား လောက် ကပေါ့ (၈၈၈၈) လုံး
အေ ရးတော် ပုံ ကြီး ဆိုတာကို သိခဲ့ရတယ် ကျောင်းတွေ ပိတ် လို့ ပျော်လိုက်
တာ လူတွေဆိုတာက လည်း ပွဲလိုပါဘဲ ။ဒီလိုနဲ့ ကျွန်တော်တို့ ရဲ့ ဘကြီး၊
ဦးလေး၊ နောက်တော့ အကို အမတွေ နောက်တော့ ကျွန်တော်တို့တွေ အထိ ဆယ်စုနှစ်
(၂)ခုကျော် တိုင်အောင် ကျော်ဖြတ်ရင်း ကျွန်တော့်ရင်မှာ အသိ့တစ်ခု
ဖြစ်ခဲ့ရပါ တယ်။ ကျွန်တော့်ထက် အသက်တွေ ၀ါတွေကြီးတဲ့ သူတွေပြောတဲ့

အရမ်းနက်နဲတယ် မင်းတို့မသိပါဘူး ဆိုတဲ့ အရာတွေကိုလည်း ကျွန်တော် ဒီနေ့အထိ
မသိပါဘူး။ကျွန်တော်ကတော့ ဆယ်စုနှစ်(၂)ခုအတွင်းမှာ အရမ်းနက်နဲတဲ့ အရာကြီး
ဘာဖြစ်တယ် မဖြစ်တယ် ဘာဖြစ်သွားလည်း မသိပါဘူး လက်တွေ့မျက်စေ့အောက်မှာတော့
နယ်စပ်က ကျွန်တော် တို့လူမျိုးတွေ ကို တွေ့ရတာ ကတော့ အရမ်းဘဲ ခံစားရတယ်လေ
ကျွန်တော်နားလည်တာက “လူ”ဆိုရင် အားလုံးက တန်းတူရည်တူ ဖြစ်ရမယ် ဆိုတာကိုပါ
ဒါကိုတော့ ကျွန်တော်သိတယ်၊ပြီးတော့ ဒီဆယ်စုနှစ်တွေ အတွင်း
ပြည်တွင်းနဲ့အကြောင်းအမျိုးမျိုးကြောင့် မိသားစုဘ၀တွေကို ကြေကွဲစွာ
စွန့်ခွာပြီး နယ်စပ်ဒေ သတွေ ကိုရောက်လာတဲ့ ကျွန်တော်တို့ လူမျိုးတွေရဲ့
ဘ၀တွေ သူတို့ သား သမီးတွေရဲ့ အနာဂတ် ဘ၀တွေကိုလည်း ကျွန်တော်
မြင့်တင်ပေးလိုပါတယ်။ ဒါက ကျွန်တော်ကို ဘယ်သူကမှ မပေးပေမယ့် ကျွန်တော်ရဲ့
နှလုံးသားက ပေးတဲ့ တာဝန်ပါ ဘာလိုလည်းဆိုတော့ ကျွန်တော်မျက်စေ့အောက် က
အောက်ခြေ သိမ်း အလုပ်လေးတွေကိုဘဲ ကျွန်တော် စပြီး လုပ်ကြည့်တာပါ
ကျွန်တော်နားမလည်တဲ့ အရာတွေ လက်လမ်းလို့ မမှီတာတွေကို ကျွန်တော်
မလုပ်ပါဘူး လုပ်လည်း မလုပ်နိုင်သေးပါဘူး။ဒါကြောင့် ကျွန်တော်က
လေလွင့်နေရပြီး အရမ်းနွမ်းပါတဲ့ ကလေးတွေကို ကျောင်းထားပေးမယ် ဆိုတဲ့
အစီအစဉ်လေးကို လုပ်တာပါ ကျွန်တော်မှာရည်ရွယ်ချက်က ကျွန်တော်သူတို့ကို
စာတတ်စေချင်တယ် ပြီးတော့ သူတို့အနာဂတ်အတွက် လုံခြုံစိတ်ချရတဲ့သူတွေ
ဖြစ်စေ ချင်တာပါဘဲ။
ကျွန်တော်က လက်တွေ့လုပ်ချင်တဲ့သူပါ ဒါပေမယ့် ကျွန်တော် ကိုယ် တိုင်ကလည်း
အရမ်းမ ချမ်းသာတော့ မလုပ်နိုင်တာပါ ၀ိုင်းဝန်းတဲ့ အားနဲ့ လုပ်မှ
အောင်မြင့်နိုင်မှာပါ ။ကျွန်တော်လုပ်နေတဲ့ အလုပ်က မကြီးမာပါဘူး အဖွဲအစည်း
အကြီး ကြီးလည်း မဟုတ်ပါဘူး။ ကျွန်တော်က မြန်မာလူမျိုးတစ်ယောက် ဖြစ်ပြီး
ဒီလို ဖြစ်နေရတဲ့ လူမျိုးတူတွေကို တတ်နိုင်သလောက် ကူညီမယ် သူတို့ဘ၀တွေကို
လူတန်းစေပြီး သူတို့ရဲ့ သားသမီးတွေကို ပညာတတ်အောင် အနာဂတ်လှအောင်
ကျွန်တော်နဲ့ အတူတူ မိတ်ဆွေတို့လည်း အတူတူပါဝင် ကြမယ် လို့
ကျွန်တော်ယုံကြည်ပြီး ရှေ့ကိုဆက်ပါ့မယ်

ကျော်လေး
Rest of your post

0 comments:

 
----------------------------------------- */ /* EOT ----------------------------------------- */