“၂၀၁၀ ကမ္ဘာ့ လူအခွင့်အရေး၏ တိုက်ပွဲနှစ်” မြန်မာ့သွေးအနီရောင် မညစ်စေနဲ့ ။ စစ်ကျွန်ဘ၀လွှတ်မြောက်ကြဖို့  တော်လှနှ်ရေးသို့ အသင့်ပြင်

Friday, May 27, 2011

ဒီမိုကရေစီဘက်တော်သားများသတိပြုကြစေလို

၂၇-၀၅-၂၀၁၁( ပေးပို့ သူ ကိုတိုးကြီး)
ယခုတစ်လော gmail password တွေခိုးတယ် (ဒီနေရာမှာ hack တယ်ဆိုတဲ့ စကားလုံးကိုတောင် အသုံးမပြုလိုပါဘူး)၊ facebook account တွေခိုးတယ်၊ ကိုယ်ရေးကိုယ်တာတွေ ဖော်ထုတ်တယ်၊ phishing page တွေနဲ့ ခိုးယူနေတယ်ဆိုပြီး facebook ပေါ်မှာ၊ blog တွေပေါ်မှာ ပြန့်နေပါတယ်။ gmail ကို အလကားရတယ်၊ လုံခြုံရေးအရ စိတ်ချရတယ်၊ ၀န်ဆောင်မှုကောင်းတယ်ဆိုပြီး ပြည်တွင်း ပြည်ပက user တော်တော်များများက အသုံးပြုခဲ့ကြပါတယ်။ ဒါပေမယ့် သိပ်မကြာသေးခင်က Blink Hacker Group ဆိုတဲ့ အဖွဲ့လေးတစ်ခုကနေပြီး gmail account တွေ၊ password တွေ၊ facebook account တွေ password တွေ သူတို့ ရထားကြောင်း သူတို့ website မှာကြေငြာခဲ့ကြပါတယ်။ အဲဒီနောက်ပိုင်းကစပြီး ဒီ gmail နဲ့ဆိုင်တဲ့ ပြဿနာတွေ တောက်လျှောက်တက်လာခဲ့ပါတယ်။

ပထမဆုံးလှုပ်လှုပ်ရှားရှားဖြစ်ခဲ့တာကတော့ ပြည်ပရောက် စစ်တပ်အရာရှိဟောင်းတစ်ဦးရဲ့ ကိုယ်ကျင့်တရားဆိုင်ရာ အတွင်းရေးတွေဖော်ထုတ်ခံရခြင်းပဲ ဖြစ်ပါတယ်။ မှားသည် မှန်သည် မဝေဖန်လိုသော်လည်း တော်တော်လေးတော့ အာရုံစားခဲ့ကြရတဲ့ ကိစ္စတစ်ခုဖြစ်ပါတယ်။ ဒါပေမယ့် သိပ်မကြာခင်မှာပဲ အဲဒီ အခိုးခံရတဲ့ ပြည်ပရောက်အရာရှိဟောင်းရဲ့ အီးမေးလ်ကို BHG အဖွဲ့က ပြန်လည်ခိုးယူနိုင်ခဲ့ကြောင်း ကြေငြာခဲ့ပါတယ်။ အဲဒီ အီးမေးလ်ကို ၀င်ရောက်ကြည့်ရှုခဲ့တဲ့ IP တွေအရ စတင်ခိုးယူသူတွေဟာ ပြည်တွင်းမှဖြစ်ကြောင်း၊ စစ်တပ်မှလုပ်တာဖြစ်တဲ့အကြောင်း ရေးသားခဲ့ကြပါတယ်။ ဒီနေရာမှာစဉ်းစားစရာဖြစ်လာတာက စစ်တပ်ဟာ အခုနောက်ပိုင်းမှာ ရုရှားကိုပညာတော်သင်စစ်ဗိုလ်တွေလွှတ်၊ IT နဲ့ပတ်သတ်တဲ့လေ့လာမှုတွေကျယ်ကျယ်ပြန့်ပြန့်လုပ်နဲ့ လှုပ်ရှားလာခဲ့တာ အားလုံးအသိပဲဖြစ်ပါတယ်။ ဒီလို အဖွဲ့အစည်းက အီးမေးလ်တစ်ခုကိုခိုးယူထားတယ်ဆိုရင် တစ်ချိန်ချိန်မှာ ခြေရာလက်ရာပေါ်နိုင်မယ့် အပြုအမူမျိုးကို လုပ်ပါ့မလားဆိုတာပါ။ အင်တာနက်နဲ့ပတ်သက်တဲ့သူ တော်တော်များများ Proxy ဆိုတာ ခြေရာဖျောက်နိုင်တဲ့ option တစ်ခုမှန်း သိကြပြီးသားပါ။ စစ်တပ်ကလူတွေကရော ဒါလောက်လေးတောင်မသိနိုင်လောက်အောင် ညံ့ကြပါ့မလား။ စစ်တပ်ဘယ်လောက်လည်တယ်ဆိုတာ လူတိုင်း သိပြီးသားပါ။

ဒီဖြစ်ရပ်ဖြစ်ပြီး မကြာခင်မှာပဲ www.phonenwe.net ဆိုတဲ့ ဆရာတော်တစ်ပါးကို ပူဇော်လွှင့်တင်ထားတဲ့ website ကို အသုံးချပြီး ရုရှပြန်စစ်ဗိုလ်တစ်ဦးက gmail password တွေ ၊ facebook password တွေ ခိုးနေကြောင်း ထပ်ဖွခဲ့ကြပါတယ်။ ဒါလည်းတော်တော်လေး လှုပ်လှုပ်ရှားရှားဖြစ်ခဲ့ပြန်ပါတယ်။ အစွပ်စွဲခံရတဲ့ကာယကံရှင်က သူမဟုတ်ရပါကြောင်းကို အထောက်အထားအခိုင်အမာနဲ့ပြန်ရှင်းခဲ့ရပါတယ်။ ဒီအဖြစ်ပျက်မှာကြတော့ ဆရာတော်တစ်ပါးကို ပူဇော်ထားတဲ့ website ကိုမှ မဆင်မခြင်ခိုးလုပ်ခဲ့ကြတာကို မခံမရပ်နိုင်ဖြစ်ခဲ့ကြတဲ့ IT ကျွမ်းကျင်ပညာရှင်လူငယ်လေးတွေက ၀ိုင်းဝန်းသက်သေပြခဲ့ကြလို့ ဒီလို gmail password တွေ၊ facebook password တွေခိုးယူနေသူဟာ Blink Hacker Group အဖွဲ့ဝင်တစ်ယောက်ဖြစ်ကြောင်း လက်သည်ပေါ်လာခဲ့ပါတယ်။ BHG အဖွဲ့ကို အသိအမှတ် ပြုလောက်စရာမဟုတ်လို့ မသိကျိုးကျွန်ပြုနေခဲ့ကြတဲ့ IT ကျွမ်းကျင်သူပညာရှင်အများအပြားဟာ ဒီလို အဆင်အခြင်မဲ့အပြုအမူမျိုးကို လက်သင့်မခံတော့တဲ့အတွက် BHG နဲ့ပတ်သက်တဲ့ သူတို့ရရှိထားတဲ့ အချို့သော သတင်းအချက်အလက်တွေကို ဖော်ထုတ်လာကြပါတယ်။ ဥပမာ - Blink Hacker Group အဖွဲ့ကို စတင် organize လုပ်တဲ့ blinkhackergroup@gmail.com ပိုင်ရှင်ဟာ စစ်တပ်ကအရာရှိဟောင်းတစ်ဦးဖြစ်ကြောင်း၊ ယခုအခါမှာတော့ ပြည်ပကိုရောက်ရှိနေသူတစ်ဦးဖြစ်ကြောင်း စတာတွေပါပဲ။ အတိအကျကိုတော့ ပုဂ္ဂိုလ်ရေးမထိခိုက်စေလိုသေးတာကြောင့် ထည့်မရေးတော့ပါဘူး။

နောက်ပြီး ဗုဒ္ဓဘာသာကိုစော်ကားရေးသားနေတဲ့ blog တစ်ခုရဲ့ ပိုင်ရှင်ကိုလည်း တိတိကျကျမသိပါဘဲနဲ့ သူဟာသူနေနေတဲ့ ဘာသာခြားတစ်ယောက်ကို ခပ်တည်တည်နဲ့ ချောက်တွန်းခဲ့ပါသေးတယ်။ ဘာသာတရားနဲ့နွယ်ပြီး ရှုပ်ထွေးလာမှာစိုးလို့ အသေးစိတ်ကို မရေးတော့ပါဘူး။

ကျွန်တော့်အနေနဲ့ ပြည်ပရောက် ဒီမိုကရေစီအရေးလှုပ်ရှားသူများကို သတိပြုမိစေလိုပြီး တိုက်တွန်းလိုတာကတော့ ဖြစ်ခဲ့တဲ့ကိစ္စတွေကိုပြန်ကြည့်ရင် ဒီ BHG အဖွဲ့ရယ်၊ စစ်တပ်က အရာရှိဟောင်းတွေရယ် တစ်နည်းမဟုတ်တစ်နည်း ပါဝင်ပတ်သက်နေတာကို တွေ့ရမှာဖြစ်ပါတယ်။ BHG အဖွဲ့ဟာ စ၀င်လာကာစတုန်းကတော့ စစ်အစိုးရကို ဆန့်ကျင်မယ်၊ DDoS နဲ့ကိုင်လှုပ်မယ်တွေဆိုပြီး ကြွေးကြော်ဝင်လာခဲ့တာပါ။ အခုအချိန်အထိကတော့ သူတို့လုပ်ရပ်တွေက လူမသိသူမသိ website လေးတွေကို defacement လုပ်တာရယ်၊ မထိတထိ DDoS လုပ်တာလေးတွေရယ်လောက်ပဲရှိပါတယ်။ Defacement လုပ်တာတောင်မှ အခြား security အဖွဲ့တွေက တွေ့ပြီးသား security hole ကိုသာ အချောင်ဝင်လုပ်တဲ့ အဆင့်ပဲရှိနေပါသေးတယ်။

ဒါတွေကိုဖော်ပြနေရတာကတော့ ကျွန်တော်တို့ဒီမိုကရေစီအရေး လှုပ်ရှားသူတွေ သတိထားမိနိုင်အောင်ပါ။ အခုဆိုရင်ကျွန်တော်တို့ရဲ့ အာရုံတွေဟာအနည်းနဲ့အများဆိုသလို ဒီဖြစ်ရပ်တွေအပေါ်ရောက်နေကြပါတယ်။ ဒါဟာစစ်တပ်နဲ့သူတို့ရဲ့ ဒလန်တွေရဲ့ လှည့်ကွက်တွေလား ??? စစ်တပ်ကအရာရှိဟောင်းတစ်ယောက် ဦးဆောင်နေတဲ့ BHG ဆိုတာကိုရော ဘယ်အတိုင်းအတာအထိ ယုံကြည်ရနိုင်ပါသလဲ ??? တိုက်တွန်းချင်တာကတော့ ဒီမိုကရေစီဘက်တော်သားများအားလုံး သတိရှိသင့်ပါပြီ။ စစ်တပ်ကိုဆန့်ကျင်ပြီး ပြည်ပကိုရောက်လာပါတယ်ဆိုတဲ့ အဖွဲ့တွေကို သတိထားသင့်ပါပြီ။ ကျွန်တော်တို့ရဲ့ ရည်မှန်းချက်ဖြစ်တဲ့ ဒီမိုကရေစီပန်းတိုင်ကိုလျှောက်လှမ်းတဲ့ခြေလှမ်းတွေမှာ လုံခြုံရေးအသိတွေ တိုးမြှင့်သင့်ပါပြီလို့ တိုက်တွန်းအကြံပြုလိုက်ပါတယ်ခင်ဗျာ။





ကိုတိုးကြီး



ကျွန်တော်ဒီစာကိုရေးနေတဲ့ အချိန်မှာပဲ Blink Hacker Group ဟာ သူတို့ website ကို ဖျက်သိမ်းထားကြောင်းတွေ့ရပါတယ် (www.blinkhackergroup.net) ။ ဒီလိုမျိုးဖြစ်ပျက်နေချိန်ကြမှ under construction ဆိုတာ စဉ်းစားစရာပါ။

Rest of your post

0 comments:

 
----------------------------------------- */ /* EOT ----------------------------------------- */