“၂၀၁၀ ကမ္ဘာ့ လူအခွင့်အရေး၏ တိုက်ပွဲနှစ်” မြန်မာ့သွေးအနီရောင် မညစ်စေနဲ့ ။ စစ်ကျွန်ဘ၀လွှတ်မြောက်ကြဖို့  တော်လှနှ်ရေးသို့ အသင့်ပြင်

Wednesday, May 25, 2011

အလှမ်းကျယ်၍ အလယ်မလပ်စေချင်ပါ

http://www.thanlwin.com/new/index.php?option=com_content&task=view&id=2355&Itemid=463(ပေးပို့ သူ eimmet mahotpar )
“သင် တံမြက်စည်းလှည်းသော အလုပ်ကိုရလျှင် တံမြက်စည်း
အကောင်းဆုံးလှည်းတတ်အောင် ကြိုးစားပါလေ”။ ထိုအဆိုအမိန့်ကို ကျွန်မ
အလွန်သဘောကျသည်။
တံမြက်စည်းလှည်းသူသည် တံမြက်စည်းမှ ကောင်းကောင်းမလှည်းတတ်လျှင် (သို့)
လှည်းတတ်အောင် မကြိုးစားလျှင် နောက်ထပ်တဆင့်သို့

မည်သို့တက်ပါမည်နည်း။ ကျွန်မ ပတ်ဝန်းကျင်တွင် တံမြက်စည်းမျှ ဖြောင့်အောင်
မလှည်းတတ်သူများသည် လက်ရှိရရှိထားသော အလုပ်ကို ပြစ်တင်ဝေဖန်ကာ

အမြှင့်ကိုသာ မျှော်မှန်းရော်ရမ်းနေကြသည်ကို တွေ့ရလေသည်။

“ အမ.. သမီးက ဦးဘယ်သူရဲ့  သမီးပါ။ စင်္ကာပူကို အလုပ်ရှာဖို့ လာတာပါ။
အဆင်ပြေတဲ့ အလုပ်ရှိရင် ပြောပါနော်”

“သြော်.. အေး.. အေး။ ညီမလေးက ဘာနဲ့ ကျောင်းပြီးတာလဲ၊ ဘာတွေ တက်ခဲ့လဲ။ ဘာလုပ်တတ်လဲ”

“Physics နဲ့ ကျောင်းပြီးတာပါ။ ကွန်ပြူတာ ကိုင်တတ်ပါတယ်။ လခ သိပ်မများရင်
နေပါစေ၊ သက်သက်သာသာ အလုပ်မျိုးရရင် ကောင်းတာပေါ့ အမရယ်”

“ကွန်ပြူတာ ကိုင်တတ်တယ်ဆိုတာ ဘာကို ပြောတာလဲဟုင်။ Auto cad drawing
ပုံဆွဲတတ်သလား။ Microsoft office-excel ကျွမ်းတာလား၊ Microsoft word

စာရိုက်ကျွမ်းတာလား”

ကျွန်မ ထိုသို့မေးသောအခါ ၂၁ နှစ်အရွယ် ကလေးမလေးသည် “ အိ..အိ.. အ..အ”
ဖြစ်ကုန်တော့သည်။ “ကွန်ပြူတာ ကိုင်တတ်သည်” ဟူသော စကားသည်

ယနေ့မြန်မာပြည်ရှိ မြန်မာလူငယ်လေးများကြားတွင် ခေတ်စားနေသည်လား မသိ။
လက်နှင့်ထိရုံကိုင်ရုံမျှကတော့ လူတိုင်း ကွန်ပြူတာကိုင်တတ်သည်ဟု
ပြောလျှင်

ရယ်စရောပြောသည် ထင်ပေမည်။ အဘယ် အတိုင်းအတာထိ သင်ယူထားသနည်း။ အဘယ်မျှ
ထဲထဲဝင်ဝင် သိသနည်း။ အလွန် အရေးကြီးပါသည်။

အပိုင်း(၁) - သင် ဘာအလုပ် လုပ်မည်နည်း သေချာ စဉ်းစားလာခဲ့ပါ။

စင်္ကာပူသို့ အလုပ်လာလုပ်သူ အများစုသည် “ဘာအလုပ်ရှာနေလဲ” ဟုမေးလျှင်
“ရရာပဲ” ဟုဖြေကြသည်။ ကဲ ရရာပဲဆိုလျှင် “ အိမ်သာသန့်ရှင်းရေး မှာ

လူလိုတယ်” ဟု ပြောကြည့်ပါ။ “ဟာ အမကလဲ ဘာတွေလာပြောနေတာလဲ၊
စဉ်းတောင်မစဉ်းစားထားဘူး” ဟု ပြောပေလိမ့်မည်။ ဒါဆိုလျှင် “ရရာပဲ”
ဆိုသည်မှာ

Manager (သို့) Director (သို့) Supervisor တစ်ခုခုကို ရရာပဲဟု
ဆိုလိုတာများလားဟု ရယ်စရာ တွေးမိသည်။ ဘာအလုပ်ဖြစ်ဖြစ် လုပ်မည်ဟု
မစဉ်းစားထားလျှင်

“ရရာပဲ” ဟု မပြောပါနှင့်။ မိမိကျွမ်းကျင်ရာ နယ်ပယ် ၃ခုမျှကို
ပထမဦးစားပေး၊ ဒုတိယဦးစားပေး၊ တတိယဦးစားပေး ဟူ၍ ရွေးချယ်လာပါ။ ဥပမာ-
ပထမဦးစားပေး

ရုံးအလုပ်၊ ဒုတိယဦးစားပေး စားသောက်ဆိုင်အလုပ်၊ တတိယဦးစားပေး
စက်ရုံအလုပ်။ ထိုသို့ ရွေးချယ်လာပြီးလျှင် ပထမဦးစားပေးအလုပ်အတွက်

ဝမ်းစာပြည့်အောင် ပြင်ဆင်လာခဲ့ပါ။

အမှန်တကယ်တော့ မြန်မာပြည်တွင်တက်သော သင်တန်းများသည် မြန်မာလိုပြော၍
သင်ယူရသောကြောင့် ပို၍အတတ်မြန်သည်။ ပို၍လည်း

ကုန်ကျစရိတ်သက်သာသည်။ စင်္ကာပူရှိသင်တန်းများ၊ ကျောင်းများတွင် မသင်ပေးသော
Short cut အတိုနည်းများကိုပင် သင်ကြားနိုင်သည်။

တတ်သင့်တတ်ထားရန်လိုသော သင်တန်းများကို မြန်မာပြည်တွင် သေသေချာချာ
ဖိဖိစီးစီး သင်ကြားလာသင့်သည်။ မဖြစ်မနေသင်လာရန် လိုသည်မှာ

အင်္ဂလိပ်စကားပြော ဖြစ်သည်။ ကျွန်မတို့ မြန်မာလူမျိုးများသည် သူငယ်တန်းထဲက
အင်္ဂလိပ်စာ ABCD ကို စတင် သင်ယူခဲ့ကြသည်။ ထို့ကြောင့် “EAT”ဟု

ရေးပြလျှင် စားရမှန်း မသိသူများ မဟုတ်ကြပါ။ သို့သော် ကျောင်းပြီးလျှင်
ကျောင်းမှစာများကို ကျောင်းတွင်ပင် ထားခဲ့ကြသည်။
အိမ်ရှင်မများဖြစ်သွားလျှင်

ပိုဆိုးသည်။ ကလေးက စာမေးလျှင်ပင်“ ပိုက်ဆံပေးပြီး ဆရာငှားပေးထားတာ
ကိုယ့်ဆရာကိုယ်မေး” ဟု ပြောကြတော့သည်။ ထို့ကြောင့် နိုင်ငံရပ်ခြားကို

ထွက်မည်ဆိုလျှင် အနည်းဆုံး ထိုနိုင်ငံတွင် သုံးသော စကားကိုတော့ သင်ယူလာသင့်ကြသည်။

အပိုင်း(၂) - သင်လုပ်သော အလုပ်ကို သင်ချစ်အောင်ကြိုးစားပါ။

အမှန်တကယ်တော့ Human Natureအရ လူသည် အလွယ်တကူ ကျေနပ်တတ်သော
အမျိုးအစားမဟုတ်ပါ။ တိုက်နှစ်လုံးရှိသူသည် တိုက်ဆယ်လုံးရှိသူကို

ကြည့်၍ ဒီတစ်သက် ငါတော့ သူ့လောက် ဘယ်တော့မှ မချမ်းသာတော့ပါဘူးဟု
စိတ်ဆင်းရဲနေတတ်သည်။ ကျွန်မတို့၏စိတ်ကို ပျော်ရွှင်အောင်

ကျွန်မတို့ကိုယ်တိုင်မှလွဲ၍ မည်သူမျှမလုပ်ပေးနိုင်ပါ။ အစဉ်အမြဲ
မကျေမနပ်ဖြစ်နေသူသည် ဘ၀တွင် နေရရှုံးနေသူဖြစ်သည်။ အလုပ်သည် ကျွန်မတို့၏
နေ့စဉ်

အချိန်များများကို ယူထားလေ၏ ။ တနေ့ ၂၄ နာရီတွင် အချိန်နာရီ ၈နာရီမှ ၁၂
နာရီခန့် အထိသည် အလုပ်ထဲတွင် အချိန်ကုန်ကြရသည်။ ထို့ကြောင့်

အလုပ်ထဲတွင် ပျော်ရန်မှာ အလွန်အရေးကြီးပါသည်။

အလုပ်ထဲတွင် ပျော်အောင် မည်သို့လုပ်မည်နည်း။ သင်လုပ်နေသော အလုပ်ကို
သင်ချစ်အောင်ကြိုးစားပါ။ “၀ါသနာမပါဘူး” ဟူသည်

အကြောင်းပြချက်သက်သက်သာ ဖြစ်ပါသည်။ ကျွန်မအတွက်တော့ “ကိုယ်လုပ်နေသော
အလုပ်တိုင်းသည် ကိုယ့်ဝါသနာသာဖြစ်သည်”။ အလုပ်တစ်ခုသည်

သင့်ကို ဆိုးဆိုးရွားရွား စိတ်ဒုက္ခပေးနေပါက ဘာကြောင့်ဆိုတာ အဖြေရှာပါ။ “
မန်နေဂျာ မကောင်းလို့၊ သူဌေး ကပ်စေးကုပ်လို့၊ လုပ်ဖော်ကိုင်ဖက်များက

ချောက်တွန်းလို့ စသည့် တပါးသူများရဲ့အပြစ်အပြင် ငါခိုကပ်နေသလား၊
ငါသိပ်များတွက်ကပ်နေသလား၊ ငါအမှားတွေ အများကြီး လုပ်မိနေသလား၊ ငါက

ဒီကုမ္မဏီအတွက် ဘယ်အတိုင်းအတာအထိ အကျိုးဆောင်နိုင်သလဲ” စသည်ဖြင့်
မိမိကိုယ်ကို ပြန်မေးကြည့်ပါ။ ငါသာ သူဌေးဖြစ်လျှင်
ဘယ်လိုအလုပ်သမားမျိုးကို

လိုချင်လဲ ဟူသော မေးခွန်းဖြင့် အဆုံးသတ်လိုက်လျှင် သင်ဘာတွေ
ပြင်ရန်လိုအပ်သနည်းဆိုသည်မှာ ကွင်းကွင်းကွက်ကွက် ပေါ်လာပေလိမ့်မည်။

(၃) အလုပ်ကို လေးစားပါ။

ကျွန်မတို့ Poly တက်စဉ်က ကျောင်းသား/သူများသည် အချိန်ပိုင်း (part-time)
အလုပ်လုပ်ကြလေ့ရှိသည်။ Orchard တွင် စာရွက်ကလေးများ ကမ်းသော

အလုပ်သည် တစ်နာရီ စင်္ကာပူ ၅ ဒေါ်လာရသည်။ တောက်လျှောက်
မတ်တပ်ရပ်နေရသည်မှလွဲ၍ အခြားအရည်အချင်း ရှိရန်မလိုပေ။

ခက်သောအလုပ်ကို ခက်သည်ဟု အကြောင်းပြသူများသည် လွယ်သောအလုပ်များကိုလည်း
မလေးစားကြကုန်။ ကျွန်မတို့နှင့်အတူလုပ်သူများထဲမှ

ငယ်ငယ်ဆိုသည့် မိန်းကလေးတစ်ယောက်ဆိုလျှင် နံနက် ၁၀ နာရီ စရမည့်အလုပ်ကို
အပတ်တိုင်းလိုလို နောက်ကျလေသည်။ နောက်ကျ၍ မြန်မြန်ဆန်ဆန်

သုတ်သုတ်ပြာပြာ လာသည်မဟုတ်။ ၁၀နာရီခွဲ ၁၁နာရီလောက်မှ သက်သက်သာသာ
တရွေ့ရွေ့ ဆင်မယဉ်သာ လာခြင်းဖြစ်သည်။ ဆူပါဗိုက်ဇာအဘိုးကြီးမှ

နောက်ကျ၍ပြောလျှင် “အန်ကယ်ကလည်း ငါအိပ်ရာထ နောက်ကျလို့၊
ကားမမှီလိုက်လို့” စသည့် အကြောင်းပြချက် အမျိုးမျိုးပေး၏။ “အလှပြင်နေလို့
ကြည့်စမ်း..

ငါမလှဘူးလား” စသည့် ဟိုမရောက်ဒီမရောက် စကားများကိုလည်း ကလေးလိုလိုလုပ်၍
ပြောတတ်၏။ ထိုအခါ မိန်းမငယ်လေးများကို လိုက်လျောတတ်သော

ယောက်ျားအဘိုးကြီးတို့ ထုံးစံအရ ဆူပါဗိုက်ဇာကလည်း လျှော့ပေးလိုက်သည်သာ။
နေ့လည် ထမင်းစားချိန်ဆိုလျှင်လည်း ထိုသို့ပင်။ ၁ နာရီ ပေးသော

ထမင်းစားချိန်ကို ၁နာရီခွဲ ၂ နာရီမျှ ယူပစ်၏။ ထို့ကြောင့်
အတူတွဲလုပ်သည့်သူများက ငယ်ငယ်နှင့်ဆိုလျှင် မလုပ်ချင်ကြ။ ခိုသူ ကပ်သူ
အဖြစ် ငြိုငြင်ကြသည်။

ငယ်ငယ်ကတော့ သူမနောက်ကျလာသော်လည်း အချိန်တန် သူများနည်းတူ
လစာအပြည့်ရသည်ကိုပင် အထူးအခွင့်အရေးတစ်ရပ်အဖြစ် ပျော်နေသည်။

အလွန် မှားယွင်းသော စိတ်ဓာတ်ဖြစ်ပါသည်။ ကိုယ့်အလုပ်ကို
ကိုယ်မလေးစားခြင်းဖြင့် တပါးသူများကလည်း ကိုယ့်ကို မလေးစားကြတော့ပါ။
ပေါ့ပေါ့နေ

ပေါ့ပေါ့တွေးသော အလေ့အထသည် တစ်သက်စာ ခေါင်းထဲ စွဲသွားတော့သည်။

တခါက ကျွန်မ အလုပ်မဆင်းနိုင်၍ သူငယ်ချင်း ကျော်ဇင်ကို လူစားထိုးသည်။
အသေအချာသွားပေးမည်ဟု ပြောထားသော ကျော်ဇင်သည် သေသေချာချာ

မသွားပါ။ ဆူပါဗိုက်ဇာက ကျွန်မကို ဖုံးတွေခေါ်၊ ကျွန်မက ကျော်ဇင့်ကို
ဖုန်းတွေခေါ်။ နောက်မှ သိရသည်က ကျော်ဇင်သည် ဘောလုံးပွဲနှင့်သောက်ပွဲ ရောကာ

အရက်နာကျ၍ နံနက်မထနိုင်တော့ခြင်း ဖြစ်သည်။ ဆူပါဗိုက်ဇာက ကျွန်မကို
ဆူသောအခါ ကျွန်မကလည်း အားကျမခံ ကျော်ဇင့်ကို ပြန်ဆူသည်။ ကျော်ဇင်

ပြန်ပြောလိုက်သည်က “နင့် ပိုက်ဆံလေး ၂ပြား ၁ပဲတန် အလုပ်များ
ရေးကြီးခွင်ကျယ်လုပ်လို့.. ငါ့ကို လာဆူမနေနဲ့” ဟူ၏။ အလွန်လွဲမှားသော
စိတ်ဓာတ်ဖြစ်သည်။

သူ့ကို ဘယ်သူမှ အတင်းအကျပ် စေခိုင်းသည်မဟုတ်။ “သွားနိုင်သလား” ဟုသာ
ကျွန်မက သူ့ကို မေးခဲ့သည်။ သူသည် ကျွန်မ ရည်းစားလည်းမဟုတ်၍ “သွားကို

သွားရမည်”ဟု ဗီတိုအာဏာသုံး၍လည်း မရ။ ကိုယ်သဘောတူလက်ခံထားသော
အလုပ်ဖြစ်လျှင် ပြီးပြတ်အောင် လုပ်ပေးရမည်မှာ ကိုယ့်တာဝန်သာ ဖြစ်သည်။

ဤအလုပ် ဤ၀င်ငွေ မတန်၍ လျှော့လုပ်သည်၊ နောက်ကျလုပ်သည်၊ ခိုလုပ်သည်၊ ဟူ၍
မရှိသင့်။ မတန်ဘူးထင်လျှင် အစကတည်းက ထိုအလုပ်ကို

သင်လက်မခံပါနှင့်။ ဘာမှမပေးချင်ပဲနှင့်တော့ ဘာမှရမည် မဟုတ်ပါ။

အမြင့်ကို ရောက်ရန် လှေကားထစ်များကို တစ်ထစ်ချင်း နင်းကျော်ဖြတ်ရမည်။
ခုန်ကျော်တက်၍ မရ။ ခုန်ကျော်အတက်မှာ မှောက်လဲလျှင် ပို၍ အကျနာပေမည်။

သင်ယခုလုပ်နေသော အလုပ်ကိုမျှ အကောင်းဆုံးဖြစ်အောင် သင်မလုပ်နိုင်လျှင်
(သို့) ရှိနေသော လှေကားထစ်ပေါ်တွင်မျှ ခြေ ခိုင်ခိုင် မရပ်နိုင်လျှင်

နောက်တစ်ထစ်ကို မည်သို့ ဆက်၍ တက်နိုင်ပါမည်နည်း။



ခရေဖြူRest of your post

0 comments:

 
----------------------------------------- */ /* EOT ----------------------------------------- */