“၂၀၁၀ ကမ္ဘာ့ လူအခွင့်အရေး၏ တိုက်ပွဲနှစ်” မြန်မာ့သွေးအနီရောင် မညစ်စေနဲ့ ။ စစ်ကျွန်ဘ၀လွှတ်မြောက်ကြဖို့  တော်လှနှ်ရေးသို့ အသင့်ပြင်

Thursday, May 26, 2011

ဒီပဲယင်းလုပ်ကြံမှုကြီး

http://moemaka.com/index.php?option=com_content&task=view&id=8927&Itemid=1 (ပေးပို့ သူ eimmet mahotpar )
မိတ်ဆွေများခင်ဗျာ ...
ဒီတပတ်ကျနော် ပြောချင်တာကတော့ မေလသမိုင်းတကွက်ပဲ ဖြစ်ပါတယ်။ အရင်တပတ်က
ပြောခဲ့တာ ကတော့ မေဒေးခေါ် အလုပ်သမားနေ့အကြောင်းတခုပဲဖြစ်ပါတယ်။ ခု
ကျနော်ပြော မယ့် မေလသမိုင်း တကွက် ကတော့ မေလုပ်ကြံမှုကြီးတစ်
ခုအကြောင်းဖြစ်ပါတယ်။ ၁၉ ဇူလိုင် မမေ့နိုင်ဆိုသလို၊ ၃၀ မေလ မေ့မရ။ မေလ ၃၀
မမေ့ဖွယ်ဆိုတဲ့ မေသမိုင်းတကွက်ပါ။ ၂၀၀၃ မေ ၃၀ က သွေးသံရဲရဲ
လုပ်ကြံပွဲကြီးတခုကို ဗိုလ်ချုပ် မှူးကြီးသန်းရွှေကိုယ်တိုင်ဦးဆောင်
စီစဉ်ညွန်ကြားခဲ့ပါတယ်။ ဒဗယင်းလုပ်ကြံမှုကြီးလို့ ရာဇ၀င်တွင်ပါလိမ့်မယ်။

၂၀၀၃ မေ ၃၀ ရက်နေ့က ဦးတင်ဦးနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ ဦးဆောင်တဲ့
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရဲဘော်မေများဟာ မန္တလေး မုံရွာကနေ
ရေဦးမြို့ဆီကို ကားတန်းကြီးနဲ့ ခရီးဆက်ခဲ့ကြပတယ်။ ဒပယင်း မြို့နား
ကိုရောက်တော့ အဖွဲ့ချုပ်ကားတန်းကြီးကို လူတစုက မယောင်မလည် မဟားဒရားနဲ့
တားဆီးပြီး ဒုတ်တွေ၊ ဓားတွေ ၀ါးချွန်တွေနဲ့ ရုတ်တရက်
ထိုးခုတ်လုပ်ကြံကြပါတော့တယ်။ ကျောင်းသား လူငယ်တစုက ဦးတင်ဦး နဲ့
ဒေါ်အောင်ဆန်းစုကြည်တို့ စီးနင်းလိုက်ပါလာတဲ့ကားတွေပေါ်မှာ
မှောက်ပြီးကာကွယ်ကြရှာပါသတဲ့။ လုပ်ကြံ သူ တွေကြောင့် လူပေါင်း ၁၀၀ ၊ ၂၀၀
လောက်ကျဆုံးခဲ့ရပါတယ်။ စာရင်းအတိအကျတော့ ဒီနေ့အထိမသိ ရသေး ပါဘူး။
အဲဒီတုန်းက တာဝန်ရှိတဲ့ စစ်အစိုးအရကလဲ တရားခံတွေကို
စစ်ဆေးစုံစမ်းဖော်ထုတ်တာမျိုး လုံးဝမလုပ်ခဲ့ပါဘူး။
ကမ္ဘာ့အံ့ဖွယ်ဖြစ်ရပ်ပါ။

ဦးတင်ဦးနဲ့ ဒေါ်အောင်ဆန်း စုကြည်တို့က သူတို့ရဲဘော်တွေ ရဲဘော်မတွေ
လက်နက်မဲ့လုပ်ကြံခံနေရတာကို မရှု့ဆိတ်လို့ ကားပေါ်က ဆင်းကြမယ်လုပ်ပေမဲ့
ကားမောင်း တဲ့လူငယ်တွေက မဆင်းနိုင်အောင် ကားကိုဇွတ်မောင်းပြီး
ထွက်ပြေးခဲ့လို့ လွတ်မြောက်သွားခဲ့ကြပါတယ်။

ဒါပေမဲ့ ရေဦးရောက်တော့ အာ ဏာပိုင်များက ဖမ်းဆီးထိန်းသိမ်းစေပြီး
ရန်ကုန်ကို ခေါ်သွားကြပါတယ်။ လုပ်ကြံခံရသူများကို ထိန်းသမ်းထားလိုက်တာ ၇
နှစ် ၈ နှစ် လောက်ကြာခဲ့ပါတယ်။ တရားခံတွေကိုတော့ ဖမ်းဆီး
စစ်ဆေးထိန်းသိမ်းတယ်လို့ မကြားမိလိုက်ပါဘူး။

အဲဒါဒီပဲယင်းခေါ် ဒဗယင်းရဲ့သမိုင်းတကွက်ပါ။ ဗမာ့ဆိုရိုးစကားတခုရှိပါတယ်။
အရိုးတွန်တတ်တယ်တဲ့။ အရိုးဆို တာ အရေးအသားလို
ဆွေးမြေ့ကြေပျက်သွားရိုးမရှိပေဘူး။

အဲ ..အဲဒီ ဒဗယင်းဟာ သမိုင်းလှခဲ့တဲ့ နယ်မြေတခုပါ။ ပုဂံခေတ် ကျောက်စာထဲမှာ
‘‘ထိဗေအံသျှင်” လို့ရေးထိုး ခဲ့ပြီး ဒီခေတ်မှာတော့ ဒီပဲယင်း လို့
ရေးလေ့ရှိပေမယ့် ကျနော်တို့ အညာဒေသမှာ ဒဗယင်းလို့ပဲ ခေါ်ပါတယ်။
ခုခေတ်စစ်ဗိုလ်ချုပ်ကြီးတွေ မော်ဖူးရတဲ့ ဗမာ့ဂုဏ်ဆောင်စစ် သူကြီး
မဟာဗန္ဓုလဆိုတာ ဒဗယင်းမြို့ တော်ဝန်ဖြစ်ခဲ့ ဖူးပေသည်။ ငယ်နာမည်က
မောင်ရစ်တဲ့။ မောင်ရစ်ရဲ့ဖွားရာဇာတိကလဲ ဒဗယင်းနား က ငပယင်းဆို
တဲ့ရွာဖြစ်ပါတယ်။

ဗမာ့စာပေသမိုင်းကို နည်းနည်းလေးစူးစမ်းလေ့လာဖူးသူတွေတောင် ကြား သိဖူး တဲ့
ရဟန်းစာဆို ရှင်အဂ္ဂ သမာဓိအကျော်ရဲ့ဖွားရာဇာတိကလဲ ဒဗယင်းအနီးက
ကန်ဖျားရွာတဲ့ခင် ဗျ။

ခေတ် သစ်ဗုဒ္ဓဘာသာသမိုင်းမှာ ရိုးရိုးရှင်းရှင်း ဗမာစကားပြေနဲ့
ဗုဒ္ဓအဘိဓမ္မာတွေကို ဖြန့်ချိခဲ့ကြတဲ့ လယ်တီ ဆရာေ တာ် ဘုရားကြီးက
ဒဗယင်းနားက စိုင်းပြင်ရွာဇာတိပါတဲ့။

ဒဗယင်းဆရာတော်လို့ နာမည် ကျော် ကြား တဲ့ ဒုတိ ယေ ရွှ
ကျင်သာသနာပိုင်ဆရာတော်ကြီးကလဲ ဒဗယင်းနားက ကန်ဖျားရွာဇာတိပါ ခင်ဗျ။

ခုခေတ်တောင် တန်းသာသနာပြု သမိုင်းမှာ ထိပ်ဆုံးကကျော်ကြားတဲ့
အရှင်ဦးဥတ္တမသာရ ဆရာတော်ကြီးကလဲ ဒဗယင်းနယ် မှာ ဆရာတော်ကြီး တပါးပါပဲတဲ့။

ဗမာ့တော်လှန်ရေးသမိုင်းမှာ အထင်ရှားဆုံးဖြစ်တဲ့လယ်သမားသူပုန်ကြီးလို့
မော်ကွန်းရသူ ဂဠုန်ဆရာစံရဲ့ ဖွားရာ ဇာ တိကလဲ ဒဗယင်းနားက သရက်ကန်ရွာတဲ့။

အဲ့သလို အဖက်ဖက်က ထင်ရှားသူ ပုဂ္ဂိုလ်ေ ကျာ်ကြီးေ တွ ပေါ်ထွန်းရာ
ဒဗယင်းနယ်ရဲ့ ထွန်းပြောင်ခဲ့တဲ့သမိုင်းဟာ ၂၀၀၃ မေ ၃၀ မှာ အမဲကွက်ကြီး
တကွက်စွန်း ထင်းသွားခဲ့ရပါပြီ။ ဒီသမိုင်းဟာ
တရားဝင်မော်ကွန်းမတင်ရသေးပေမယ့် တနေ့တော့ အရိုးတွန် တာကို ကြား ရမှာပါ။
စောင့်မျှော်နားဆင်ကြပါစို့။ ကျနော်မောင်စွမ်းရည်ပါ။Rest of your post

0 comments:

 
----------------------------------------- */ /* EOT ----------------------------------------- */