http://phopa-dwm.blogspot.com/2011/05/blog-post_3828.html#more(ပေးပို့ သူ eimmet mahotpar )
မြန်မာပြည်မှ ဝန်ထမ်းလောကရဲ့ လာဘ်ပေးလာဘ်ယူ ကဏ္ဍဟာ မုန့်လုံးစက္ကူကပ်
ပြောရပေမယ့် ပညာရေး လောကနဲ့ ဥပဒေဝန်ထမ်းတွေရဲ့ အခန်းကဏ္ဍကပိုလို့ အရေးပါ
အရာရောက်နေပါတယ်။ ဥပမာ ပြောရရင် သူငယ်တန်းမှ ဘွဲ့တခုတခုရဖို့အထိ ဆရာ
ဆရာမတွေကိုအဆင့်ဆင့် အမျိုးမျိုးပေးကမ်းပြီး မိဘတွေက ရင်းပေးရတယ်နော်
လူဆိုတာဘယ်နေ့ သေမလဲမသိတော့ မသေခင် အဲ့ဒီ့အရင်း မြန်မြန်ကြေအောင် အောက်
ဆိုက် များများ စားလို့ရတဲ့နေရာကို တခါပေးကမ်းပြီး အလုပ်နေရာတစ်ခုကို
ဝါသနာမပါပဲ ရအောင် ယူကြတယ်။ နေရာမျိုစုံမှာ ကဏ္ဍမျိုးစုံပေါ့နော်။
အဲ့ဒီလို လာဘ်စားလို့ အတိုင်ခံရ၊ အဖမ်းအဆီးခံရရင် နောက်ဆုံးအဆင့်
ဥပဒေဝန်ထမ်းကို လာဘ်ပေးလိုက်ရင် ကိစ္စငြိမ်းတယ်လေ။ အဲ့ဒီ့ လာဘ်စားတဲ့
ဥပဒေဝန်ထမ်းတွေထဲမှာ (ယခင် ရန်ကုန်ဗဟိုတရားရုံးချုပ်မှာ ဥပဒေဝန်ထမ်းအဆင့်
၁) ယခု နေပြည်တော် ဗဟိုတရားရုံးချုပ်မှာ ဥပဒေညွှန်ကြားရေးမှူး
ဦးသောင်းစိန် အများနဲ့ မတူတမူ ထူးပြီး လာဘ်စားနေတာပါ...။ ဥပဒေကို
ကုန်ပစ္စည်းလို သဘောထားနေသူပါ။ အမှုတစ်ခုကို အမျိုးအစားအလိုက် သိန်း၂၀ မှ
သိန်း ၁၆၀ အထိ အပေးအယူ အရောင်းအဝယ် လုပ်နေပါတယ်။ ၎င်းနေထိုင်ရာ တောင်ဥက္ကလာ
၁၁ ရပ်ကွက် ၁၂ လမ်းမှ နေအိမ်ကို အသစ်ပြန်တည်ဆောက်ရာတွင်လည်း မြို့နယ်
စည်ပင်သာယာ ခွင့်ပြုချက်မယူပဲ ဥပဒေမဲ့ ဆောက်လုပ်ခဲ့ပါတယ်။ ဥပဒေ
ကိုပြန်လိမ်တာတွေလုပ်ခဲ့သူပါ။
ဥပဒေအရာရှိ ဦးသောင်းစိန်ဟာ လာဘ်စားလို့ ရတဲ့ပိုက်ဆံတွေနဲ့ ၎င်းသားသမီးများ
အမည်ခံပြီး ရန်ကုန်မြို့မှာ အိမ်မြေ ၅ လုံးခန့် ဝယ်ယူပိုင်ဆိုင်ထားပါတယ်
(တောင်ဥက္ကလာတွင် ၃ လုံး) အရက်မူးတိုင်း ပြောတဲ့ စကားကတော့ ဥပဒေက
ငါ့လက်ထဲမှာရှိတယ် ဘယ်သူမှဂရုမစိုက်ဘူးတဲ့.. ဦးသန်း.... နဲ့ ဦးသိန်း….
ရေ ဦးသောင်း.... ကတော့မလွယ်ဘူးနော် ဘယ်လိုလုပ်မလဲ သက်ဆိုင်ရာက
ကြည့်ကြပါအုံးဗျာ။
ဘမင်း (နေပြည်တော်)
Rest of your post
Wednesday, May 25, 2011
နေပြည်တော်မှ ဥပဒေမဲ့ လုပ်စားနေသော ဥပဒေဝန်ထမ်းအရာရှိတစ်ယောက်အကြောင်း (တိုင်ကြားစာ)
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment