“၂၀၁၀ ကမ္ဘာ့ လူအခွင့်အရေး၏ တိုက်ပွဲနှစ်” မြန်မာ့သွေးအနီရောင် မညစ်စေနဲ့ ။ စစ်ကျွန်ဘ၀လွှတ်မြောက်ကြဖို့  တော်လှနှ်ရေးသို့ အသင့်ပြင်

Thursday, April 26, 2012

မင်းတပ်မြို့မှ ပရဟိတစိတ် ခေါင်းပါးသော ဆရာဝန်ကြီး

DVB ခင်ဗျား

ကျနော်တို့ ချင်းပြည်နယ်၊ မင်းတပ်မြို့၊ တောင်ပုလု တောင်တန်း သာသနာပြု ဆရာတော် ဘုရားကြီး ဦးပညာသီရိ ဦးဆောင်၍ ဖွဲ့စည်း ထားသော ဘာသာ ပေါင်းစုံ ကရုဏာ နာရေးကူညီမူ အသင်း အတွက် လူနာတင်ယာဉ် တစ်စီးနှင့် နာရေးတင်ယာဉ် တစ်စီးတို့ကို ဆရာတော်ဘုရာကြီးမှ အသင်းသို့ ပြီးခဲ့တဲ့ အပတ်က ပေးအပ် လှူဒါန်းခဲ့ပါသည်။ မင်းတပ်မြို့နယ် အတွင်း ဗုဒ္စဘာသာဝင်များရော၊ ခရစ်ယာန် ဘာသာဝင်များပါ ၀မ်းသာနေကြပါတယ်။

သို့သော်လည်း ၎င်း ယာဉ်နှစ်စီးကို လူမျိုး ဘာသာ မရွေး ကူညီနိုင်ရန် အတွက် ဆရာတော် ဘုရားကြီးမှ မင်းတပ်မြို့ ခရိုင် ပြည်သူ့ ဆေးရုံကြီး ၀င်းအတွင်း ထားရှိရန် ပြည်နယ် ၀န်ကြီးချုပ်၏ သဘောတူ ခွင့်ပြုချက် ရထားပြီး ဖြစ်သော်လည်း ဆေးရုံအုပ်ကြီး ဒေါက်တာ ဦးမျိုးမင်းမှ လက်မခံသည့်အတွက် ဆရာတော်နှင့် တကွ ဒါယိကာ ဒါယိကာမများ အားလုံး စိတ်မကောင်း ဖြစ်နေကြရပါသည်။ ဆေးရုံမှ အခြား ဆရာဝန်၊ ဆရာမများနှင့် ၀န်ထမ်းများ အားလုံးလည်း အံ့သြ စိတ်မကောင်း ဖြစ်နေကြပါတယ်။

ဗုဒ္စဘာသာဝင် ခေတ်ပညာတတ် ဆရာဝန်ကြီး တစ်ဦးရဲ့ အယူသီးမူ၊ ပရဟိတစိတ် ခေါင်းပါးမူ များကို သက်ဆိုင်ရာမှ ၀ိုင်းဝန်း ကူညီ ဖြေရှင်း ပေးပါရန် တင်ပြ အပ်ပါသည်။

ရုပ်ပုံပေါ် ကလစ်နှိပ်၍ အကြီးကြည့်ပါ။

မင်းတပ်မြို့သား တစ်ဦး

0 comments:

 
----------------------------------------- */ /* EOT ----------------------------------------- */