“၂၀၁၀ ကမ္ဘာ့ လူအခွင့်အရေး၏ တိုက်ပွဲနှစ်” မြန်မာ့သွေးအနီရောင် မညစ်စေနဲ့ ။ စစ်ကျွန်ဘ၀လွှတ်မြောက်ကြဖို့  တော်လှနှ်ရေးသို့ အသင့်ပြင်

Sunday, March 27, 2011

ရန်ကုန်က မြေငတ်နေသူ အာဏာရှင်နဲ့ အပေါင်းအပါတစု အကြောင်း

ရွှေပြည်သာက မြေကွက်တွေကို ကြံ့ခိုင်ရေးပါတီက မြို့တော်ဝန်ကြီးကတော့ ပါတီဝင်တွေ၊ သူနဲ့ နီးစပ်သူတွေကို ချပေး နေပါတယ်။ အခုရက်ပိုင်းအတွင်းမှာပဲ ကြံ့ခိုင်ရေးပါတီက ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ကြီး ဦးတင်မောင်ဦး ရဲ့ တောင်းရမ်းပေးမှုကြောင့် ရွှေပြည်သာကွေ့ အမှတ် (၄) လမ်းမပေါ်က မြေကွက်တွေကို ချပေးနေပြန်ပါတယ်။


ဒါပေမယ့် သူထက်ဦးသူလည်း ရှိပါသေးတယ်။ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီး သူရရွှေမန်းရဲ့သားက နေစရာမရှိလို့ (၆၀) ပတ်လည် မြေကွက် (၅) ကွက်ကို အကောင်းဆုံးနေရာမှာ လက်ဦးမှုယူထားပါတယ်။ သူ့မြေကွက်ဘေးမှာတော့ ရွှေပြည် သာ မယက ဥက္ကဋ္ဌကြီးမြေကွက်၊ ဆက်တိုက်ဆိုသလိုပဲ ကြံ့ဖွံ့မြို့နယ် အတွင်းရေးမှူး၊ ပြီးတော့ ပြည်သူ့လွှတ်တော်ကိုယ် စားလှယ်ကြီး ဦးတင်မောင်ဦးကလည်း အားကျမခံပေါ့၊ နောက်တယောက်ကတော့ သူကအမတ်မဖြစ်ခင် စစ်မှုထမ်း ဟောင်း ဥက္ကဋ္ဌလေ၊ ဒီတော့ စစ်မှုထမ်းဟောင်းက ၅ ကွက်ပေါ့ဗျာ။ ဒါတင်ပဲလားဆိုတော့ ရှိသေးတယ်ဗျ ကြံ့ခိုင်ရေးပါတီ ရဲ့ မြို့နယ်ကော်မတီဝင်ကြီး (၇) ဦးက အစဉ်လိုက်။

သူရရွှေမန်းသားမြေကွက်ပေါ်မှာ လက်ဖက်ရည်ဆိုင်လေးဖွင့်ပြီး မိသားစုဝမ်းရေးဖြေရှင်းနေရသူ ဆိုင်ရှင်လေးခမျာမှာ တော့ တငိုငိုတရီရီနဲ့ပေါ့။ ကြံ့ခိုင်ရေး ကိုယ်စားလှယ်ကြီးရဲ့ ပြည်သူ့အကျိုးပြုလုပ်ငန်းတွေကို ခံစားနေရရှာပါတယ်။ ကိုယ် စားလှယ်ဖြစ်မှ ဦးတင်မောင်ဦး ခမျာ ရွှေတွင်းတွေ၊ ရော်ဘာခြံတွေ၊ မြေကွက်တွေကို လူကြီးတွေပေးသမျှ ယူနေရရှာပါ တယ်။

နိုင်ငံတော်ပိုင် စီးပွားးရေးလုပ်ငန်းမှန်သမျှ အာဏာရှင်တစု ရရှိပိုင်ဆိုင်ရေးဆိုတဲ့ မူဝါဒနဲ့အညီပေါ့လေ။ ဒါပေမယ့် ပြည်သူ တွေနဲ့ သူတို့ဖြီးသမျှ ခံနေရတဲ့ ကြံ့ဖွံ့ပါတီဝင်တွေကတော့ ပြည်သူ့အကျိုးပြုမယ့် ကိုယ်စားလှယ်ကြီးတွေက ပြည်သူတွေ ကို အကျိုးပြုမှာလား၊ ပြည်သူတွေက သူတို့ကို အကျိုးပြုရမှာလား မကွဲပြားပေမယ့်၊ လက်ရှိနေရာရထားတဲ့ လွှတ်တော် အခွင့်အရေး ကော်မတီဝင်ရာထူးနဲ့ လုပ်ရပ်များကိုက်ညီမှုကို လေးစားနေကြပါတယ်။

မယက ဥက္ကဋ္ဌကြီးခမျာလဲ ၀န်ထမ်းဆိုတော့က နေရာမမြဲလို့ သူ့ခမျာ နေစရာအိမ်မ၀ယ်တာပါ၊ ရွှေပြည်သာရောက်မှ (၅) ရပ်ကွက်မှာအိမ် တလုံးဆောက်ဆဲ၊ တခါ (၅) ရပ်ကွက် သံလမ်းဘေးက မြေကွက်တွေမှာ တကွက်အရယူထားတဲ့ အ ပြင်၊ အခု တကွက်ဆိုတော့ ၀န်ထမ်းတွေအပေါ်ထားရှိတဲ့ နိုင်ငံတော်အကြီးအကဲတွေရဲ့ စေတနာကို လေးစားကြည်ညို မဆုံး ဖြစ်နေရှာပါတယ်။

ဥက္ကဋ္ဌရယ် ကြံ့ဖွံ့အတွင်းရေးမှူးရယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ကြီးရယ်က သူတို့မြေကွက်တွေကို တကွက်ကို သိန်း ၆၀၀ နဲ့ ရောင်းချဖို့ ဈေးခေါ်ထားပြီး စစ်မှုထမ်းဟောင်းတွေနဲ့ ကြံ့ဖွံ့ အခွင့်အရေးကော်မတီဝင်များက တကွက်ကို သိန်း ၂၅၀ ခေါ်ထားပါတယ်။

ကြံ့ဖွံ့ပါတီက ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးတင်မောင်ဦး ယူထားတဲ့မြေကွက်တွေက အမှတ် (၅) ရပ်ကွက် သံ လမ်းဘေးမှာ မြေကွက်ပေ ၁၀၀ x ၈၀၀ လောက်ရှိတယ်။ ပြီးတော့ ရွှေပြည်သာ VIP ရပ်ကွက် အမှတ် (၂)၊ ဗိုလ်ချုပ် အောင်ဆန်း လမ်းမကြီးဘေးက မြက်စိုက်တဲ့နေရာမှာလည်း တကွက်၊ အခုရွှေပြည်သာ အမှတ် (၄) လမ်းမကြီးဘေးမှာ
သူရရွှေမန်းသား မြေကွက်ဘေးမှာ သူက (၁) ကွက်၊ သူ့ မိန်းမနံမည်နဲ့ (၁) ကွက်၊ သူ့ သမီးနာမည်နဲ့ (၁) ကွက်။

စစ်မှုထမ်းဟောင်းဥက္ကဋ္ဌ ဗိုလ်ကြီးမိုးဇော်လှိုင် ကလည်း သူရော၊ သူ့မိန်းမရော (၂) ကွက်ရတယ်။ ပြည်သူတွေအတွက် လုပ်မှာပါလို့ အသံကောင်းဟစ်နေတဲ့ ကြံ့ဖွံ့ပါတီက လွှတ်တော်ကိုယ်စားလှယ်ကြီးရဲ့ ကိုယ်ကျိုးစီးပွားရှာနေတာတွေကို
ပြည်သူတွေနဲ့ သူ့ကို ယုံကြည်နေတဲ့ ကြံ့ဖွံ့ပါတီဝင်လေးတွေသိအောင် ဖြစ်တဲ့နည်းနဲ့ ကူညီပါဦး။ ကိုယ်စားလှယ်ဖြစ်မှ သူ ရတာ ရွှေတွင်းတွေ၊ ရော်ဘာခြံတွေ၊ မြေကွက်တွေ၊ သူအခုနေတာကလည်း ရွှေပြည်သာ VIP ရပ်ကွက်မှာ။ စီးပွားလည်း ပြည့်စုံနေပေမယ့် စစ်တပ်ကလူတွေဟာ ဟောင်းဟောင်းသစ်သစ် ပြည်သူပိုင်တွေကို သူတို့ပိုင်လုပ်တဲ့ အရှက်ကင်းမဲ့တဲ့ လုပ်ရပ်ကို ကမ္ဘာကသိအောင် ဖြန့်ပေးကြပါ။

ပြည်သူတွေကို ခင်းလက်စလမ်းတွေ တန်းလန်းထားပြီး ရစရာရှိတာတွေ လိုက်တောင်းခံ စံစားနေကြတဲ့ ကြံ့ဖွံ့ကိုယ်စား လှယ်ကြီးကို စန္ဒီမြင့်လွင်ရဲ့ သီချင်းထဲကလိုပဲ …

“ရူးနေပါပြီ ကိုအာဖျံကွီး ရဲ့” လို့

ပြည်သူများက ဂုဏ်ပြုနေကြောင်းပါခင်ဗျာ။

ပေးပိုသူ… ရန်ကုန်သားတဦး

0 comments:

 
----------------------------------------- */ /* EOT ----------------------------------------- */