“၂၀၁၀ ကမ္ဘာ့ လူအခွင့်အရေး၏ တိုက်ပွဲနှစ်” မြန်မာ့သွေးအနီရောင် မညစ်စေနဲ့ ။ စစ်ကျွန်ဘ၀လွှတ်မြောက်ကြဖို့  တော်လှနှ်ရေးသို့ အသင့်ပြင်

Friday, March 18, 2011

လူထုပေါက်ကွဲ လာစေရန် စစ်ခေါင်းဆောင်များ က မီးထိုးပေးနေ

FNG နိုင်ငံတွင်း လူထု မငြိမ်မသက်မှု များ ဖြစ်အောင် ဗိုလ်ချုပ်မှုးကြီး နှင့် စစ်ခေါင်းဆောင် အချို့  စီစဉ် နေ သည် ဟု ပူပူနွေးနွေး လွှတ်တော် အမတ် များ က သုံးသပ် ကြကြောင်း တိုင်းရင်း သား ကိုယ်စား လှယ် တစ်ဦး က Freedom News Group သို့  ပြောသည်။

” အခု ဘာဖြစ်သလဲ ဆိုတော့ အပြင်မှာလေ အခုလိုလို စုစု နဲ့ ပြောနေကြတာ ပေါ့ လူထုအုံ ကြွမှု ဖြစ်ရင် ဘယ်လို လုပ်မလဲ ၊ လွှတ်တော် က ရော ဘယ်လို လဲ ၊ တစ်ချို့ ကလည်း စစ် တပ် အမာ ခံ တွေ နဲ့  ဗိုလ်ချုပ်မှုးကြီး က လူတွေ ကို ဒေါသ ပေါက်ကွဲ အောင် လုပ် နေတယ် တဲ့ ပြောကြတယ် ဗျာ ၊ လွှတ်တော် အမတ်တွေ လည်း သူတို့ ဒါမျိုး ရှောင်လွှဲ ချင်ကြတယ်။

တစ်ချို့ ကတော့ လူထု အုံကြွမှု ဖြစ်ရင် တန်ပြန် ဆန္ဒပြ မယ် ဆိုကြတာလဲ ရှိတယ်။ လွှတ် တော် ဖျက် ရင် ဆန္ဒပြ မယ် ဆိုတဲ့ လူရော ရှုပ်နေတာ ပဲ ဗျာ” ဟု လွှတ်တော် အမတ်များ၏ ငိုအားထက် ရီအား သန် ပုံ ကို ပြောပြသည်။

မြန်မာ နိုင်ငံ ၏ လွှတ်တော်သစ် သည် စစ်တပ် က ကျောထောက် နောက်ခံ ပေးသူများ စစ်သားများ ၊ စစ်ဗိုလ်ချုပ် ဟောင်းများ လွှမ်း မိုးထား သောကြောင့် ပြည်သူများ ၏ ဘ၀ လုံခြုံရေး ၊ တိုးတက် ဖွံ့ ဖြိုးရေးများ အတွက် ဆောင်ကြဉ်းပေး နိုင်ခြင်း မရှိ သေးချေ။

စစ်ဗိုလ်ချုပ် ဟောင်းများဘ၀ မှ လွှတ်တော်အမတ် ဖြစ်လာသည့် သူများ က လူ တိုင်းပြည် တွင်း လူထု အုံကြွမှု များ ဖြစ်ပြီး မငြိမ်မသက် ဖြစ်နေအောင် ဒေါ်ကြိုင်ကြိုင် နှင့် သူမ၏ မြေး ဖြစ်သူ နေရွှေသွေး အောင် တို့ မှ ကြိုးကိုင် စီစဉ် နေသည် ဟု သုံးသပ်ကြသည်။

လွှတ် တော် သစ် မှ အစိုးရ သစ် ကို ရွေးချယ်ပြီး သော် လည်း ထို အစိုးရသစ် သည် ဗိုလ်ချုပ်မှုးကြီး သန်းရွှေ နှင့် စစ်ခေါင်းဆောင် တစ်စု ၏ အာဏာစက် အောက် တွင်သာ ရှိသည်။
မြန်မာ နိုင်ငံတွင် စားဝတ်နေရေး နှင့် ပြည်သူတို့ ၏ အထွေထွေ မကျေနပ်မှု များ များပြား လားသောကြောင့် လူထု အုံကြွမှု များ ပေါ်ပေါက်ရန် အခြေအနေ ရှိသည် ဟု နိုင်ငံ၏ ထင် ရှားသော နိုင်ငံရေး ခေါင်းဆောင် များ သုံးသပ် ထားကြသည်။
ထင်ရှားသော လွှတ်တော် အမတ် တစ်ဦးက မူ လူထု အုံကြွမှု များ ဖြစ်လာ နိုင်စရာ အကြောင်း ရှိသည် ဟု ထင်မြင် သည် ဟု ဆိုသည်။
လူထု အုံကြွမှု ပေါ်ပေါက်စေရန် မည် သည့် အင်အားစု များ ကဆောင်ရွက် နေကြသည်လည်း ဆိုသည်မှာ သူ့ အနေဖြင့် မူ ပြောကြားရန် မလွယ်ကူ ဟု ဆိုသည်။

နိုင်ငံတကာရေးရာ သုံးသပ် ချက်များ ကို ဘာသာ ပြန်ဆိုသည့် ဆရာဝန် တစ်ဦး က မူ “ဒီ မိုကရေစီ လိုလား တဲ့ ဗိုလ်ချုပ် တွေ လည်း ဖြစ်နိုင်တယ်။ ပိုတန်ရှယ် တစ်ခုခု ပေါ့ ဗျား အသေ အချာ အကွက် ချပြီး စီစဉ် နေ ပုံ ပဲ ၊ လှိုင်းက လာတော့ မှာ လေ အားလုံး သိတယ် ဒီလှိုင်း ကို ဦးရာလူ တက် စီးကြ မယ် ထင်တယ်၊ လှိုင်းစီး ကျွမ်း ဖို့ လိုတယ် ၊ ရှောင်လို့ မရတော့ တဲ့ လှိုင်း ကို အားလုံး တက်စီး ကြဖို့  စီစဉ် နေ ပုံရတယ် ဟု Freedom News Group သို့ ပြောသည်။

Freedom News Group မှ

0 comments:

 
----------------------------------------- */ /* EOT ----------------------------------------- */