“၂၀၁၀ ကမ္ဘာ့ လူအခွင့်အရေး၏ တိုက်ပွဲနှစ်” မြန်မာ့သွေးအနီရောင် မညစ်စေနဲ့ ။ စစ်ကျွန်ဘ၀လွှတ်မြောက်ကြဖို့  တော်လှနှ်ရေးသို့ အသင့်ပြင်

Saturday, March 12, 2011

ဂျပန်ငလျင် နောက်ဆက်တွဲ

  • https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj5uyJx-jE-Rylqy8H69nWk_rT77ik_0rd7g7Hr8EBL0nu8zxbdU6PDMlfN1lkXebehGrSsG8cdXVfpFVj20vBS9mOQI-Xee0YiWs9SnzJicWt_ZN9Jfw1UjKaVKKJvUKMH50tybqkiO5bi/s1600/article-1365229-0D92D24D000005DC-184_634x403.jpg
 အမေရိကန် ဘူမိဗေဒပညာရှင် Dr. Dave Applegate မှ ငလျင်လှုပ်ရခြင်းမှာ အလျား မိုင် ၁၈ဝ အနံ မိုင် အကျယ်ရှိတဲ့ မြေလွှာ ပျက်ရွေ့ခြင်းကြောင့် ဖြစ်တယ်လို့ ဆိုပါတယ်။
 ၈.၉ ပြင်းထန်မှု့အင်အားရှိသောငလျင်လှုပ်ခတ်မှု့အပြီးမှာ နောက်ဆက်ပြီး ၅ မဂ္ဂနီကျူ့ခန့် ပြင်းအားရှိသော ငလျင်ငယ်များ အကြိမ် ပေါင်း တစ်ရာကျော် ဆက်လက်လှုပ်ခတ်ခဲ့တယ်လို့ သိရပါတယ်။
ထိုငလျင်ဒါဏ်ကြောင့် ကမ္ဘာ့ဝင်ရိုး ၁၂ လက္မရွေ့သွားခဲ့သလို ဂျပန်ကမ်းရိုးတန်းလည်း ရာသက်ပန် ၂.၄ မီတာ ရွေ့သွားခဲ့ပါတယ်။
ငလျင်လှုပ်ခတ်မှု့မှာ တရုတ်နိုင်ငံ အထိ အဖျားရိုက်ခဲ့ပါတယ်။
ငလျင်လှုပ်ခတ်မှု့ကြောင့် ဖြစ်ပေါ်လာသော ဆူနာမီ ရေလှိုင်းများမှာ အမြင့် ၃၂ ပေ  ရှိပါတယ်။
လူဦးရေ သေဆုံးမှု့ကတော့ ယနေ့မှာ ၁ဝဝဝ ကျော် အထိရှိပြီလို့ ထုတ်ပြန်ထားပါတယ်။ 
တိုကျိုမြို့တစ်ခုတည်း မှာတော့ လူ ၄ သန်းလောက် လျှပ်စစ်မီးပျက်တောက်ခြင်းခံနေရပါတယ်။ (မြန်မာပြည်မှာက ဘာ ငလျင်မလှုပ်ဘဲ ၅၅ သန်း ကတော့ မီးမရတာ ကြာပေါ့)
ကမ္ဘာ့သမိုင်းမှာတော့ လှုပ်ခဲ့သမျှ ငလျင်အားလုံးထဲမှာ အဆင့် (၆) အင်အားအပြင်းဆုံး ဖြစ်ပါတယ်။


မှတ်တမ်းများအရ ကမ္ဘာအပြင်းထန်ဆုံး ငလျင် လှုပ်ခတ်မှု့နှင့် ပြင်းအား များကတော့
၁။  ချီလီနိုင်ငံ Valdivia ဒေသ ၂၂ရက် မတ်လ၊ ၁၉၆ဝ (ပြင်းအား ၉.၅ မဂ္ဂနီကျု့)
၂၊  အမေရိကန်နိုင်ငံ Prince William Sound, Alaska ပြည်နယ် ၂၇ရက်၊ မတ်လ ၁၉၆၄  (ပြင်းအား ၉.၂ မဂ္ဂနီကျု့)
၃၊ အင်ဒိုနီးရှား နိုင်ငံ ဆူမားတြား ကျွန်း ၂၆ရက် ဒီဇင်ဘာလ ၂ဝဝ၄ ခုနှစ်  (ပြင်းအား ၉.၁ မဂ္ဂနီကျု့)
၎။ ရုရှား နိုင်ငံ Kamchatka ပြည်နယ် ၄ရက် နိုဝင်ဘာ ၁၉၅၂ ခုနှစ် (ပြင်းအား ၉.ဝ မဂ္ဂနီကျု့)
၅၊ ချီလီနိုင်ငံ အာရီကာ ဒေသနှင့် တစ်ဆက်တည်း ပီရူးနိုင်ငံထိ ၁၃ ရက်နေ့ သြဂုတ်လ ၁၈၆၈ခုနှစ် (ပြင်းအား ၉.ဝ မဂ္ဂနီကျု့)
၆။ ဂျပန်နိုင်ငံ တိုကျိုမြို့ ၁၁ရက် မတ်လ ၂ဝ၁၁ ခုနှစ်  (ပြင်းအား ၈.၉ မဂ္ဂနီကျု့) တို့ဖြစ်ပါတယ်။ 


Summary Rest of your post

0 comments:

 
----------------------------------------- */ /* EOT ----------------------------------------- */