“၂၀၁၀ ကမ္ဘာ့ လူအခွင့်အရေး၏ တိုက်ပွဲနှစ်” မြန်မာ့သွေးအနီရောင် မညစ်စေနဲ့ ။ စစ်ကျွန်ဘ၀လွှတ်မြောက်ကြဖို့  တော်လှနှ်ရေးသို့ အသင့်ပြင်

Friday, March 25, 2011

အီဂျစ်တော်လှန်ရေးသမား လုပ်နည်းကိုင်နည်း

Posted by admin on March 24, 2011 0 Comment

၂၀၁၁ ခု ဇန်နဝါရီ ၁၄ ရက်မှာ တူနီးရှားတော်လှန်ရေး အောင်ပွဲခံပြီးနောက်မှာ အီဂျစ်ဒီမိုကရေစီသမားတွေကလဲ အာ ဏာရှင် မူဘာရတ်ကို လူထုတော်လှန်ရေးနဲ့ ဖြုတ်ချဖို့ ပြင်ဆင်ခဲ့ကြပါတယ်။ ဒီလိုပြင်ဆင်ရာမှာ ဖေ့(စ်)ဘွတ်ခ် နဲ့ ထွစ်တာ အင်တာနက်ကွန်ယက်တွေနဲ့ လှုပ်ရှားခဲ့ကြတယ်လို့ အခုအခါ ယေဘုယျသိထားကြပါတယ်။ ဒါပေမဲ့ အဲဒီကွန်ယက်နှစ် မျိုးကိုမသုံးဘဲ အဓိကကျတဲ့ပြင်ဆင်မှုတခုကို လုပ်ခဲ့တာရှိပါသေးတယ်။ အဲဒါကတော့ “အီဂျစ် တော်လှန်ရေးလက်စွဲ” လို့ ခေါ်တဲ့ စာမျက်နှာ ၂၆ မျက်နှာပါ လူထုတိုက်ပွဲနည်းနာ အသေးစိတ်အစီအစဉ်တွေကို အီးမေးနဲ့လဲ ဖြန့်၊ ပုံနှိပ်ပြီး လူကိုယ် တိုင်လဲဖြန့်ခဲ့တာ ဖြစ်ပါတယ်။ အဲဒီကနေ ဇန်နဝါရီ ၂၅ ရက် အီဂျစ်တော်လှန်ရေးကို စနစ်တကျ ဖောက်ခွဲဆင်နွှဲခဲ့ပါ တော့တယ်။

ဒီစာတမ်းကို အာရဘီ ဘာသာနဲ့ရေးထားတဲ့အတွက် တိုက်ရိုက်မြန်မာပြန်ဖို့ ခက်ပေမဲ့ အမေရိကန်နိုင်ငံထုတ် အတ္တလ တ္တိတ် စာစောင်က စာမျက်နှာ ၁၊ ၂၊ ၃၊ ၄၊ ၁၀၊ ၁၂၊ ၁၃၊ ၂၂ နဲ့ ၂၆ ကို အင်္ဂလိပ်ဘာသာ ပြန်ဆိုပေးခဲ့တာကြောင့် အဲဒီ ၉ မျက်နှာကို အခု မြန်မာလိုထပ်ဆင့်ပြန်ဆိုပြီး လက်စွဲစာအုပ်ပါ မူရင်းကိုင်ရိုမြို့မြေပုံတွေ သရုပ်ဖော်ပုံတွေကို ဖြည့်စွက်ဖော်ပြလိုက်ပါတယ်။

အီဂျစ်တော်လှန်ရေးလက်စွဲ

(ဦးနှောက်ရှိရှိဆန္ဒပြနည်း)

အရေးကြီးအချက်အလက်များနှင့် နည်းနာများ

ကျေးဇူးပြု၍ အီးမေး၊ ပုံနှိပ် နှင့် မိတ္တူကူးခြင်းများဖြင့်သာ ဖြန့်ဝေပါရန်။

တွစ်တာ နှင့် ဖေ့စ်ဘွတ်ကို စောင့်ကြည့်ထောက်လှမ်းနေပါတယ်။ ရဲ သို့မဟုတ် လုံခြုံရေး (ထောက်လှမ်းရေး) လက်ထဲ ဒီလက်စွဲ စာအုပ် ရောက်မသွားအောင် သတိပြုပါ။

အီဂျစ်ပြည်သူတို့၏တောင်းဆိုချက်များ

၁။ ဟော့စနီမူဘာရတ်နဲ့ သူ့ဝန်ကြီးတွေပါဝင်တဲ့ အာဏာရှင်အစိုးရ ပြုတ်ကျရေး

၂။ အရေးပေါ်ဥပဒေ ထုတ်ပြန်ထားမှု အဆုံးသတ်ရေး

၃။ လွတ်လပ်ရေး

၎။ တရားမျှတရေး

၅။ အီဂျစ်ပြည်သူတို့ရဲ့အကျိုးစီးပွားကို ဦးထိပ်ထားတဲ့ စစ်အစိုးရမဟုတ်သော အစိုးရသစ် ပေါ်ထွန်းရေး

၆။ အီဂျစ်နိုင်ငံရဲ့ အရင်းအမြစ်တွေအားလုံးကို အကျိုးရှိရှိစီမံခန့်ခွဲရေး



အာဏာဖီဆန်ရေး၏ မဟာဗျူဟာရည်မှန်းချက်များ

၁။ အရေးကြီးအစိုးရအဆောက်အဦးများကို သိမ်းပိုက်ရန်

၂။ ရဲ နဲ့ စစ်တပ်ကို ပြည်သူ့ဘက်ပါအောင် ကြိုးစားစည်းရုံးရန်

၃။ တော်လှန်ရေးအတွင်း မိမိတို့ ညီအစ်ကိုများ ညီအစ်မများကို ကာကွယ်စောင့်ရှောက်ရန်



အစီအစဉ်အကောင်အထည်ဖော်ဖို့ ခြေလှမ်းများ

၁။ လုံခြုံရေးတပ်ဖွဲ့များနဲ့ အလှမ်းဝေးတဲ့ လူနေရပ်ကွက်လမ်းတွေပေါ်မှာ ကိုယ့်သူငယ်ချင်းတွေ မိတ်ဆွေတွေ အိမ်နီး နားချင်းတွေနဲ့ စုဝေးပါ။

၂။ အီဂျစ်ပြည်အကျိုး၊ ပြည်သူ့လွတ်လပ်ရေးအကျိုးကို ဖော်ဆောင်တဲ့ ကြွေးကြော်သံတွေတိုင်ပါ (အပြုသဘေ positive ကြွေးကြော်သံ ဖြစ်ရမယ်)။

၃။ ရပ်ကွက်ထဲက တခြားလူတွေ ဆန္ဒပြပွဲထဲပါဝင်ဖို့ အားပေးလှုံ့ဆော်ပါ (ဒီမှာလဲ အပြုသဘော positive စကားအသုံး အနှုန်းဖြစ်ရမယ်)။

၎။ ဖြစ်နိုင်သမျှအကြီးဆုံး လူစုလူဝေးဖြစ်လာစေဖို့ အင်အားအင်မတန်များတဲ့ အုပ်စုတေဖြစ်လာတဲ့အခါ အဓိက လမ်းမ ကြီးတွေပေါ် ထွက်ပါ။

၅။ အစိုးရအဆောက်အဦတွေကို သိမ်းပိုက်နိုင်ဖို့အတွက် အပြုသဘောကြွေးကြော်သံတွေတိုင်ရင်း အရေးကြီးအစိုးရ အ ဆောက်အဦတွေဆီ ဦးတည်ချီတက်ပါ။

http://www.facebook.com/l/5f301xiWBxKVmA8XmlYB8ujeOgg/www.naytthit.net/?p=11025Rest of your post

0 comments:

 
----------------------------------------- */ /* EOT ----------------------------------------- */