မြန်မာ့တပ်မတော်တခုလုံးအတွက် ဖွဲ့စည်းပုံအသစ်တွေ ချပေးတဲ့နေရာမှာ တပ်တွင်းဆန့်ကျင်မှုတွေ ဖြစ်လာ နေပါ တယ်၊၊ ဖွဲ့စည်းပုံအသစ်ဆိုတာက တပ်သား သစ်တွေကိုရတဲ့နည်းနဲ့ ထပ်မံစုဆောင်း ခိုင်းပြီးဖွဲ့စည်းပုံ အတိုင်းအင်အားဖြည့်ဆီး ထားဖို့ဖြစ်ပါတယ်၊၊
ဒီအစီစဉ်မှာ အထက်ကရံပုံငွေ ချပေးခြင်းမရှိဘဲ ကိုယ့်နည်းကိုယ့်ဟန်နဲ့အကောင်အထည် ဖေါ်ခိုင်းနေတဲ့အတွက် တပ်ဖက်က ဆန့်ကျင်လာနေတာ ဖြစ်တယ်လို့
တပ်တွင်းရဲဘော်တွေ ကဆိုပါတယ်၊၊
ဖွဲ့စည်းပုံအသစ်ဆိုရာမှာ ကိုယ့်တပ်ရဲ့ဖွဲ့စည်းပုံအတိုင်း အင်အားပြည့်နေစေဖို့ ရတဲ့နည်းနဲ့ တပ်သားသစ်တွေကိုထပ်မံစု ဆောင်းခိုင်းနေတဲ့ စစ်ရုံးချုပ်အမိန့်ညွှန်ကြားချက် ဖြစ်ပါတယ်၊၊ ဒါကြောင့် အင်အား (၅၅ဝ)လောက်ရှိတဲ့ ရန်ကုန် တိုင်းစစ်ဌာနချုပ်လက်အောက်ခံ ပင်မစစ်လက်နက်ခဲယမ်း နဲ့ သိုလှောင်ရေးတပ်က အဲဒီအမိန့်ကို ဆန့်ကျင်ကြောင်း တပ်မမှုးဗိုလ်ချုပ်စိန်လင်းထံ စာတင်ကြတယ်လို့ စာတင်တပ်ကြပ်ကြီးတဦးက ဘီဘီစီကိုပြောပြပါတယ်။
ညွှန်ကြားတဲ့အတိုင်းလိုက်မလုပ်နိုင်တဲ့တပ်တွေကိုတော့ အရေးယူသွားမယ်လို့ ဆိုပါတယ်၊၊ ဒါကြောင့် တပ်မ(၁ဝ၁)တပ်ဖွဲ့တွေဟာ ရန်ကုန်တိုင်းစစ်ဌာနချုပ်လက်အောက်ခံ ပင်မစစ်လက်နက်ခဲယမ်း နဲ့ သိုလှောင် ရေးတပ်နားမှာ နေရာယူထားပါတယ်၊၊
တကယ်တော့ အသက်ပြည့်သူတိုင်း စစ်မှုမထမ်းမနေရ ဥပဒေပြဌာန်းမယ်ဆိုတဲ့ ကိစ္စဟာတကယ်ဘဲ စစ်သားစုဆောင်းဖို့ ခက်လို့လား ဒါမှမဟုတ် အတင်းအကြပ်စစ်ထဲဝင်ခိုင်းရတဲ့ကိစ္စပြေလည်ရေးအတွက်လားဆိုတာ မေးစရာဖြစ်နေတယ်လို့ အကဲခတ်တွေကပြောနေကြပါတယ်။Rest of your post
Sunday, March 13, 2011
ပင်မလက်နက်ခဲယမ်း သိုလှောင်ရေးတပ် ဆန္ဒပြ
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment