“၂၀၁၀ ကမ္ဘာ့ လူအခွင့်အရေး၏ တိုက်ပွဲနှစ်” မြန်မာ့သွေးအနီရောင် မညစ်စေနဲ့ ။ စစ်ကျွန်ဘ၀လွှတ်မြောက်ကြဖို့  တော်လှနှ်ရေးသို့ အသင့်ပြင်

Saturday, March 12, 2011

တိုက်ပွဲနှင့် လူ့အခွင်းအရေးချိုးဖောက်မှု့သတင်း

တပ်မဟာ ( ၂ )
နအဖ ၏ ယနေ့ ပုံရိပ်
၁၄-၂-၂၀၁၁ ထန်းတပင်မြို့ နယ် ( မြို့နယ်မှုး ဦးသန်းဝင်း ) ဘော၈လိ ကားလမ်းပြုပြင်ရန် စေခိုင်းသဖြင့် စောဆာလယ်မူး အသက် ( ၂၃ ) နှစ် သည် မြေပြိုကျ၍ ဆေးရုံသို့ တင်ပို့ ရာ ယနေ့တိုင် ဆေးကုနေရဆဲ ဖြစ်နေပါသည်။
၇-၃-၂၀၁၁ ( မြို့ နယ်မှုး ဦးသန်းဝင်း ) သည် တရပ်ကွက်တွင် လူဦးရေ ( ၂၅ ) ဦးဖြင့် ဘောဂလိ ကားလမ်းကို တည်ဆောက်ရာ ကားလမ်းမှာ မပြီးမြောက် ဘဲ ရွာသားများ၏ လုပ်ငန်းကိုင်ငန်းများ
သာထိခိုက် နစ်နာလျက် ရှိပါသည်။

တပ်မဟာ ( ၆ )
နအဖ ချေမုန်းရေးသတင်း
၎-၃-၂၀၁၁ ရက်နေ့  နံနက် ၀၇၀၀ နာရီတွင် တပ်မဟာ ( ၆ ) မှ တိုက်ကင်းလှည့်လည်စဉ် စကခ ( ၅ ) လက်အောက်ခံ ခမရ ( ၅၆၂ ) နှင့် ရင်ဆိုင်တိုက်ပွဲဖြစ်ပွားရာ စခန်းထိုင် လက်ဖြောင့်တပ်မှ ဗိုလ်အဆင့်ရှိသူ ၁ ဦး ကျဆုံးပြီး တနေ့ တည်းတွင် ၀၉၀၀ အချိန်စစ်ကြောင်းမှုး ဇော်ဝင်း ဦးဆောင်သော ခမရ ( ၅၆၂ ) ကို မယ်ကလာခီး နှင့် သဝေါသော ကြားတွင် ( ၁၀ ) မိနစ်ကြာ တိုက်ပွဲဖြစ်ပွားရာ မိမိတို့ မှ ထိခိုက်မှုမရှိဘဲ ရန်သူမှ ၁ဦး ကျဆုံးပြီး ၁ ဦး ဒဏ်ရာရရှိကြောင်း ရှေ့တန်းဆက်သွယ်ရေးမှ သတင်းရရှိပါသည်။

၅-၃-၂၀၁၁ ညနေ ၁၅:၃၀ နာရီတွင်လည်း ကျောက်ကူး ရွာအနီးတွင် မိမိတို့ ၏ တပ်ရင်း ( ၁၆ ) တပ်ခွဲ (၂ ) အဖွဲ့ နှင့် ခလရ ( ၂၈၅ ) တို့ ရင်ဆိုင်တိုက်ပွဲဖြစ်ပွားရာ ရန်သူမှ ၁ ဦး ကျဆုံးကြောင်း ရှေ့ တန်းဆက်သွယ်ရေးမှ သတင်းရရှိပါသည်။

တပ်မဟာ ( ၇ )
နအဖ ချေမုန်းရေးသတင်း

၎-၃-၂၀၁၁ တွင် မိမိတို့ မှ BGF တပ်ရင်း (၁၀၁၉ ) ဗိုလ်ကြီးအဆင့်ရှိ စောတင်ဝင်း အား ထီးဖိုးကျိုး တွင် ဖမ်းဆီးရမိ
ပြီး ပွိုင့် ( .၄၅ ) ပစ္စတို တလက်နှင့်အတူ စကားပြောစက် တစ်လုံးကို သိမ်းဆည်းရမိပါသည်။
၆-၃-၂၀၁၁ ရက်နေ့  ကွီးလော်ဖလိုး နှင့် ခလယ်ဒေး ကြားတွင် ရန်သူပစ္စည်းများဖြစ်သော ခမရ ( ၅၈၆ ) ၏ ခစာ ငွေ ပမာဏ (၈၈၂၂၀၀ ) ကျပ် ၊ စစ်သုံးမြေပုံ တစ်ချပ် ၊ ဆက်သွယ်ရေးကြိုး နှင့် ရိက္ခာများသိမ်းဆည်း ရမိပါသည်။
၁၀-၃-၂၀၁၁ ရက်နေ့ တွင် မိခင် KNU တပ်သို့  BGF မှ မြိုင်စိန် ( ၁၈ နှစ် ) ၊ ကျော်ခွ ( ၂၂ နှစ် ) ၊သိန်းထိုက်ဦး ( ၂၃ နှစ် ) တို့ သည် ( AR ဒင်ခေါက် ...AR M-16 ) တစ်လက်၊ ကျည် ( ၂၅၀ တောင့် ) ကျည်ကဒ် တစ်ကဒ် နှင့် လာရောက်လက်နက်ချကြောင်း ရှေ့ တမ်းဆက်သွယ်ရေးမှ သတင်းရရှိပါသည်။

တပ်ရင်း ( ၂၀၁ )
နအဖ ချေမုန်းရေးသတင်း
၁၀-၃-၂၀၁၁ ရက်နေ့  နံနက် ၁၀း၃၀ နာရီတွင် မိမိတို့ မှ ၇န်သူကို ကနဲလေး ထီးဘောကော် ( ကနဲလေးချောင်း ) တွင် ပြောက်ကျား တိုက်ခိုက်ရာ ရန်သူမှ ၂ ဦး ကျဆုံးပြီး ၃ဦး ဒဏ်ရာရရှိပါသည်။
တနေ့ တည်းတွင် ကနဲလေး ကားလမ်းတွင် ရန်သူနှင့် ( ၆ )မိနစ်ကြာတိုက်ပွဲ ဖြစ်ရာရန်သူမှ ၅ ဦးကျဆုံးပြီး ၂ ဦး ဒဏ်ရာရရှိပါသည်။ သေဆုံးသူထဲတွင်အရာရှိ ငယ် ၁ ဦးပါဝင်ကြောင်း နှင့် ၁၈၁၅ နာရီ ဖေါမူဘောထာ့ တွင် ရန်သူနှင် (၁၅ မိနစ် ) တိုက်ပွဲဖြစ်ပွားရာ ရန်သူမှ ၉ ဦး ကျဆုံးသည့်အထဲတွင် တပ်ရင်းမှုး ၁ ဦး ။ဒုအရာခံ ဗိုလ် ၁ ဦး ။တပ်ကြပ် ၁
ဦး ကျဆုံးပါသည်။ ဒဏ်ရာရသူ ၁၂ ဦးထဲတွင်လည်း တပ်ခွဲမှုး ၁ ဦး ၊ တပ်ကြပ်ကြီး ၁ ဦး ၊ ဒုတပ်ကြပ် ၁ ဦး ဖြစ်ပါသည်။

တပ်မဟာ (၈) ဗိုလ်ဆောမီး ဘာသာပြန်ပေးပို့သည်။

0 comments:

 
----------------------------------------- */ /* EOT ----------------------------------------- */