“၂၀၁၀ ကမ္ဘာ့ လူအခွင့်အရေး၏ တိုက်ပွဲနှစ်” မြန်မာ့သွေးအနီရောင် မညစ်စေနဲ့ ။ စစ်ကျွန်ဘ၀လွှတ်မြောက်ကြဖို့  တော်လှနှ်ရေးသို့ အသင့်ပြင်

Saturday, March 26, 2011

အခမဲ့ အင်္ဂလိပ်စာ သင်တန်း ဒေသခံအာဏာပိုင် အဖွဲ့က နှောက်ယှက်

2011-03-25 RFA
ဒေါ်အောင်ဆန်းစုကြည် အကြံပြုခဲ့တဲ့ အတိုင်း ပညာရေး ကွန်ယက် အကောင်အထည်ဖေါ် ဆောင်ရွက်တဲ့အနေနဲ့ ပဲခူးတိုင်း အရှေ့ခြမ်း ရေတာရှည်မြို့နယ် ရေနီမြို့မှာ မြို့နယ် NLD အဖွဲ့က စီစဉ်ပေးတဲ့ စေတနာ့ ၀န်ထမ်း သင်ကြားတဲ့ အင်္ဂလိပ်စာ အခြေခံ သင်တန်းကို ဒီကနေ့စတင်ရာမှာ သက်ဆိုင်ရာ အာဏာပိုင် အဖွဲ့အစည်းတွေက ဟန့်တား နှောက်ယှက်ခဲ့ကြတယ်လို့ သိရပါတယ်။

ရေနီမြို့က ဓမ္မာရုံမှာ ဒီကနေ့ စတင်တဲ့ အခြေခံ အင်္ဂလိပ်စာ သင်တန်းကို အလယ်တန်းအဆင့် ကျောင်းသူ ကျောင်းသား ၆၀ ခန့် စိတ်ပါဝင်စားစွာ တက်ရောက် သင်ကြားနေချိန် အာဏာပိုင်တွေ လာရောက် နှောက်ယှက်ခဲ့ပုံကို NLD ရေတာရှည် မြို့နယ် စည်းအဖွဲ့ဝင် ဦးသန်းအောင်က RFA ကို အခုလို ပြောပြပါတယ်။

"ကျတော်တို့သင်တဲ့နေရာက အသင်းတသင်းပိုင်တဲ့ ဓမ္မာရုံပေါ့ဗျာ။ အဲဒါကို အများပိုင်တဲ့ နေရာဆိုပြီး လာတားတယ်။ တားတာကလည်း ရ၀တ ဥက္ကဌက မ၀တရဲ့ အမိန့်တဲ့။ ကျတော်တို့က တားစာထုတ်ပေးရင် ဖယ်ပေးမယ်။ အဲဒါ မပေးတော့ ကျတော်တို့ကလည်း ဆက်သင်တယ်။ ကလေးတွေကလည်း ပျော်ပျော်ရွှင်ရွှင်နဲ့ သင်နေကြတာ မ၀တ ဥက္ကဌက လာတားတော့ စိတ်ညစ်သွားကြတာပေါ့ဗျာ"

အလားတူပဲ အင်္ဂလိပ်စာအခမဲ့ သင်ကြားပေးဖို့ အလွတ် ပညာသင် ဆရာဆရာမတွေနဲ့ ဆွေးနွေးပွဲကို တောင်ငူမြို့နယ် အမှတ် (၁) မဲဆန္ဒ နယ်မြေ NLD လွတ်တော် ကိုယ်စလှယ် ဦးအောင်စိုးမြင့်ရဲ့နေအိမ်မှာ ဒီကနေ့ ကျင်းပ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

သင်တန်းတွေကို မေလဆန်းမှာ စတင်မှာ ဖြစ်ပြီး ဆယ်တန်း ဘာသာရပ်တွေကို အလွတ် ပညာသင် ဆရာဆရာမတွေနဲ့ သင်ကြားပို့ချမှာ ဖြစ်သလို အင်္ဂလိပ် စကားပြော သင်တန်းတွေကိုလည်း ပို့ချသွားမယ်လို့ အဲဒီ အစည်းအဝေးမှာ ဆုံးဖြတ်ခဲ့ကြပါတယ်။Rest of your post

0 comments:

 
----------------------------------------- */ /* EOT ----------------------------------------- */